welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

၈၈၈၈ အရေးတော်ပုံခေါင်းဆောင် ကိုမိုးသီးဇွန် နှင့် တော်လှန်ရေးအင်အားစု ဆွေးနွေးပွဲ

Saturday, August 29, 2009

ကျနော်တို့ မှာလက်သီးတွေ

ရှိတယ်ဗျာ ဘာလုပ်ဖို့ ထားလဲ

မိုးသီးဇွန်

၂၀၁၀ က ၀င်လို့ ရတဲ့ပွဲမဟုတ်ဘူး

ကိုယ်တိုင်ကဖွင့်မပေးဖို့ လို့ တယ်
ရဲဘော်သံခဲ





ဒီကနေ့  မြန်မာပြည်နယ်စပ်တနေရာမှာ စည်းဝေးဖြစ်ခဲ့တဲ့ မြန်မာပြည်ရဲ့ လက်၇ှိနိုင်ငံရေးသုံးသပ်ဆွေးနွေးပွဲအ
ကြောင်းတင်ပြပါမယ်။ အစည်းအဝေးတက်ရောက်လာသူတွေကတော့အများအားဖြင့် Activistတွေလို့ပြောရမဲ့
ဲ့powerlessတွေအများစု လို့ ပြောမယ်ဆိုရပါတယ် ။တက်ရောက်လာသူ ၇၀ နီးပါး ရှိပြီး ထဲမှာ ကိုမိုးသီးဇွန် ၊ ကိုမြတ်စိုး၊ဦးပီတာလင်းပင်(ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)ဦးချစ်တင်(ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)
နိုင်ဥဿ(မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်)ဦးဇော်ငြိမ်းလတ်(မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ)
ကိုသံခဲ(၈၈၈၈ ကျောင်းသားတစ်ဦးအနေနှင့် ABSDF ဥက္ကဌ) ဒေါက်တာကျော်ညွန့့်(DAB အတွင်းရေးမှုး) တို့ နဲ့အတူ ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ရဲဘော် အများစုဖြစ်ပါတယ် ။ Powerless လို့ ဘာ့ကြောင့်
ပြောရလဲဆိုရင် လာရောက်သူအသီးသီးဟာ ပွင့်လင်းလွတ်လပ်စွာ လက်ရှိ အခြေအနေအပေါ်မှာဖလှယ်ကြဆွေး
နွေးကြတာဖြစ်တာကြောင့် အားမနာတမ်းပြင်းပြင်းထန်ထန်ဝေဖန် တာမို့ ပြီးတော့ တစ်ဦးချင်းစီရဲ့စွမ်းအားကိုသာ
အခြေခံတာပဲဖြစ်ပါတယ်။စစချင်းဆွေးနွေးရတဲ့ အကြောင်းရင်းကတော့ ပြည်ပမှာလမ်းပျောက်နေတယ်လို့ ပြော
လို့ ရတဲ့ နိုင်ငံရေး နဲ့ သံတမန်ရေးဆိုင်ရာ ကို စဉ်းစားကြတာပါ။ ဘာကြောင့် ဒီဆွေးနွေးပွဲ ဖြစ်ရလဲပြောရင်တော့
ပြီးခဲ့တဲ့ ဂျကာတာ အစည်းအဝေး ကို အောက်ခြေက တော်လှန်ရေးအင်အားစု အများစု သဘောထားမပါတာ
ကြောင့် ပွက်လောရိုက်သွားတဲ့ နိုင်ငံရေးဖြစ်စဉ်ကြောင့်ပဲဆိုရင် မမှားပါဘူး
ဒီမှာ ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ဦးပီတာလင်းပင် ကအဖွင့်အမှာစကားပြောပြီး လူငယ်
တွေတိုင်းပြည်ရဲ့အနာဂတ်အတွက် စစ်တပ်ပြုတ်ကျရေးကိုဆက်လက်တိုက်ပွဲဝင်ဖို့  အနူးအညွှတ်တောင်းပန်
တယ်လို့ ပြောသွားပါတယ်။ဦးချစ်တင်မင်းလှအမတ်ကတော့နှစ်နှစ်ဆယ်ကြာပြီ ဘာ့ကြောင့်မအောင်မြင်သေး
တာလဲဆိုတာအဖြေရှာဖို့ ဆွေးနွေးသွားပါတယ် ။ ကိုမိုးသီးဇွန်ကတော့ လက်၇ှိအခြေအနေမှာစိန်ခေါ်မှုတွေရှိ
နေသလိုအခက်အခဲတွေလည်း၇ှိနေတယ် လက်ဦးမှုရှိမှအောင်ပွဲခံနိုင်မယ်ဆိုတာကိုပမာဏတင်ပြသွားပြီး
စစ်ရေးနဲ့သံတမန်ရေး ကို ဘယ်လို ပုံဖော်သွားကြမယ် ဆိုတာကို နောက်ထပ်အသေးစိတ်ဆွေးနွေးကြဖို့ 
ပမာဏပြောသွားပါတယ်။
ABSDF မှကိုလွမ်းဏီကလည်း ကျနော်တို့ မျော်မြင်ခဲ့တဲ့ နိုင်ငံရေးနဲ့တော်လှန်ရေးဟာနအဖလမ်းပြမြေပုံနောက်
လိုက်မှာလား အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလမ်းစဉ် တခုတော့ လို ပြီ -ပြီးခဲ့တဲ့ ဒပ်ဖရင် ကိစ္စ ဂျကာတာကိစ္စ-
တပ်ပေါင်းစု ၇ ဖွဲ့  -- ဘယ်မှာလဲ ညီညွတ်ရေး ဘယ်လိုတိုက်မလဲ ဘယ်လိုဦးဆောင်မလဲ ကြေညာချက်ထုပ်ရုံ
နဲ့ပြီးမလား တိကျခိုင်မာတဲ့ ရလဒ် စုဖွဲ့ မှု ဖြောင့်စင်းတဲ့ နိုင်ငံရေးပစ်မှတ်တွေ ၇ှာဖွေရမယ် လို့  ဆွေးနွေးပါတယ်
ကိုလွဏ်းဆွေ ရဲ့ လူထုတိုက်ပွဲ နဲ့ ပွဲ သိမ်းရမယ်ဆိုတာတွေ ကိုထက်အောင်ရဲ့ ဒီမှာ၇ှိနေတဲ့သူတွေ အသီးသီးဟာ
၈၈ ကစ ဟိုး ၆၂ ထဲက ပါဝင်တိုက်ပွဲဝင်သူတွေ က အစ အဖွဲ့ အစည်းအရေခွံတွေ ခွါချလိုက်ရင် သာမာန် ပြည်သူ
တွေပါပဲ ကျနော်တို့ ရဲ့ သဘော ထားလေးတွေ ကိုတော့ ပြည်သူသဘောထားလေးတွေ ဆိုပြီး ယူဆောင်ဖို့ တော့
လိုပါတယ် ဆိုတဲ့ သဘောထား တပ်ပေါင်းစုခေါင်းဆောင်များကို မတ်ဆိတ်ပေးလိုက်ပါတယ် အဓိက က ကတော့
ဂျကာတာ မှာ ထိပ်သီးများသဘောတူပြီးတင်တဲ့စာတန်း ဟာ စဉ်းစားစရာဖြစ်ခဲ့လို့ ပါပဲ ။။ အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် (ပြည်တွင်း) လူငယ်တာဝန်ခံဟောင်း ဖြစ်ခဲ့တဲ့ အိရွှေစင် ကတော့ တဦးတည်းသဘော နဲ့ ဂျကာတာကို
သဘောမတူဘူးဦးဝင်းတင်ပြောပြီးပြီဒေါ်စုမပါတဲ့ဘာညှိနှိုင်းရေးမှမဖြစ်သင့်ဖူးဆိုတာရယ်ဒေါ်အောင်ဆန်း
စုကြည် ကိုယ်တိုင်ကလည်း ညှိနှိုင်းရေးဆိုတာပြည်တွင်းကပဲ စသင့်တယ် ပြောထားတဲ့အတွက် ကျမတဦးတည်း
သဘော နဲ့ တော့ ဒီလုပ်ရပ်ကိုလက်မခံဘူး ။ ၂၀၁၀ လို့ အမည်တပ် တာကလည်း န အ ဖ တီးနေတဲ့ ဆိုင်းနောက်
ကနေ လိုက်နေတာမဟုတ်ဘူး ၂၀၁၀ ကို စစ်အုပ်စု ကဇွတ်မလုပ်ခင် မှာ ကျမ တို့ တိုက်ရတာ စစ်အာဏာရှင်
ဖြစ်တယ် ၂၀၁၀ ပြီးလို့ စစ်အုပ်စု ကသူ့ ဖာသာ ဘယ်လို ပင် လိမ်လိမ် ကျမတို့ တော်လှန်ရေးအင်အားစုတစ်ရပ်
ကတိုက်ရမှာ တရားမမျှတပဲ အနိုင်ရတဲ့ နိုင်ငံရေးပါတီတခု သာဖြစ်မယ် ဒါ့ ကြောင့် ၂၀၁၀ ကို ကျမ တို့ ဖျက်နိုင်ဖို့ လိုတယ် ။ ကန့်ကွက်မဲ သွားထဲ့ ဖို့ တိုက်တွန်းခဲ့ တဲ့ အမှားမျိုးကိုလည်း ပြည်ပအင်အားစု မှားခဲံပြီးပြီ စစ်အုပ်စုရဲ့
လမ်းပြမြေပုံ အချက်တိုင်းကိုပြင်းပြင်းထန်ထန်ကန့် ကွက် ဖို့  မပတ်သတ်ဖို့ သဘောထားပဲကျမမှာရှိတယ် ဒါ့
ကြောင့် စစ်အုပ်စု ကို ညှိနှိုင်းတာဆွေးနွေးတာ ကို ကျမ မယုံကြည်ဘူး လက်မခံဘူး အပြတ်တိုက်မယ်ဆို ဘယ်
သူဦးဆောင်ဦးဆောင် ကျမတို့ နောက်ကလိုက်မယ် ။ ဟု ဆွေးနွေးပါတယ် ။ကိုသိန်းစန်းကိုအောင်ခိုင် မန်းမျိုးမြင့်
စသဖြင့်အသီးသီး က ၄င်းတို့ သဘောထား အောက်ခြေလူတန်းစားသဘောထား များကိုဆွေနွေးပြီး ကိုသံခဲ မှ
နိုင်ငံရေးဆိုတာတိုက်တာ နိုင်ငံတကာလွှတ်မြောက်ရေးတိုက်ပွဲ တိုင်းပူးခွါ တိုက်ရတယ် ရဲဘော်ရဲဘက်စိတ်နဲ့ 
ဘယ်နေရာမဆိုလက်တွဲလုပ်ဖို့ လိုတယ် မိတ်ဖက် ပဌိပက္ခ အဆင့် ကတော့ရှိကြမှာပါပဲ ။ တသမတ်ထဲ ချီတက်
နိုင်မဲ့ အရည်အချင်း၇ှိဖို့ တော့ လိုတယ် ။
စဦးစားတဲ့နေရာမှာ ပထမ ပြည်တွင်းအား
ဒုတိယ -ဒုတိယနိုင်ငံ ထဲကအား
တတိယ တတိယနိုင်ငံထဲကအား အဓိက ကကျပါတယ် ။ ကျနော်တို့ ကတော့ အလယ်အ
လတ်အားပဲ တံတားပဲထိုးလို့ ရတယ် ပွဲသိမ်း တိုက်ဖို့ က ပြည်တွင်းပဲဖြစ်တယ်။ စသဖြင့် ကျယ်ပြန့် တဲ့ လက်တွေ့ 
ကျတဲ့ နိုင်ငံရေး နည်းနာတွေ ဆွေးနွေးသွားပါတယ် ။ အဆုံးသတ်မှာ ကိုမိုးသီး ကတော့ ရှေ့လုပ်ငန်းစဉ်တေံ နဲ့
ပတ်သတ်တာတွေ ဆွေးနွေးညှိနှိုင်းသွားတဲ့ အတွက် နောင်လည်း ယခု ကြွရောက်လာတဲ့ နိုင်ငံရေးနယ်ပယ်ထဲ
ကအမှန်တကယ် ရပ် တည်ဆောင်ရွက်နေသူတွေ နဲ့ ဆက်လက် တိုက်ပွဲဝင်သွားဖို့ လမ်းစဉ်တွေ ရှိနေပါတယ် ။

မှတ်ချက် ။ ။ ဆွေးနွေးညှိနှိုင်းမှု အဖြေနှင့် ရှေ့လုပ်ငန်းစဉ်များကို ချန်ရစ်၍ တင်ပြထားခြင်းဖြစ်
သည် ။အထူးသဖြင့် နိုင်ငံရေး စစ်ရေး သံတမန်ရေး နည်းဗျူဟာများ ချန်လှပ်ထား ခဲ့ခြင်းကို နားလည် နိုင်ပါစေ ။။

ကျမနဲ့ စကားအခြေအတင် နှင့် နိုင်ငံရေးစစ်ရေးပညာရှင်များ--ဟူသည်

Friday, August 28, 2009

ကျမ လွန်ခဲ့တဲ့နှစ်ရက်လောက်က အမေရိကန် က ကျမတို့ ရဲ့ရဲဘော်တစ်ဦးနဲ့ စကားအခြေအတင်ပြော ဖြစ်ခဲ့ကြ ပါတယ်။သူနဲ့ကျမလူခြင်းခုမှတွေ့ ဖူးပေမဲ့ ကျမတို့တတွေကလူရင်း တွေပဲပေါ့ နင်ဘာလုပ်ခဲ့လဲငါဘာလုပ်ခဲ့လဲလို့ မေးခွန်းနှစ်ခုကြားမှာပဲ လူရင်းတွေဖြစ်သွားပါတယ် ၈-၈-၈၈ထဲက ခင်လာခဲ့တဲ့သူတွေပမာပေါ့ ဒါဟာဒီမိုကရေစီ အရေးပုံကာလမှာ တိုက်ပွဲဝင်ရဲဘော်အားလုံးရဲ့ သွေးကစကားတွေ လို့ ပြောလို့ ရပါတယ်။

ဒါပေမဲ့ ဖြတ်သန်းခဲ့တဲ့ပုံစံခြင်းခြားနားတဲ့အပေါ်မှာကျမကို အဲဒီ့ရဲဘော်က စေတနာစောဒက တွေနဲ့ နင်နိင်ငံခြား
ကိုသွား ///သွားသင့်တယ် လို့ စတင်တိုက်တွန်းတော့တာပါပဲ ။ သူကိုယ်တိုင်က မြန်မာပြည်မှာ ဦးဆောင်ခဲ့တဲ့
ကျောင်းသားခေါင်းဆောင်တွေထဲကတစ်ဦးအပါအ၀င်ဖြစ်သလို တောထဲတောင်ထဲမှာလည်းသေနတ်ဆွဲပြီးငတ်
ခဲ့သူပေပဲဆိုတော့ သူ့ စေတနာစကား ကျမလက်ခံနားကြားနိုင်ပါသေးတယ်။ဒီနေရာမှာ အာပလာလို့ ကျမပြော
လေ့ရှိတဲ့ နိုင်ငံရေးအတုအယောင် ၊ခိုလုံခွင့်အတွက်နိုင်ငံရေးဟန်ပြ၊ဘ၀ရပ်တည်ရေးအတွက် နိုင်ငံရေးလို့ ကြွေး ကျော်သူကများ လာပြောရင် ဖြင့် ကျမ ပါးစပ်ပေါက် နဲ့  တွေ့ ဦးမှာ --တွေ့ ကို တွေ့ ဦးမှာ --ပေါ့

အကြေအလည် ဆွေးနွေးခဲ့ရပုံများကဖြင့် သူပြောတာ'' ငါတို့ တွေ နိုင်ငံခြားမထွက်ခင်က ငါတို့ ကိုယ်င့တို့ သိတ်
ဟုတ်လှချည် ထင်ခဲ့တာဟ ဟိုလည်းရောက်ရော ငါ တို့ သိထားတက်ထားတာတွေ ဘာမှမဟုတ်မှန်း သိတော့
တယ်။ နင်တို့ လည်း ကိုယ်ထင်ထားတဲ့ ကိုယ်မြင်တဲ့ ခြုံပုတ်လေးလောက် ကိုကြီးတယ်ထင်မနေနဲ့  သွား နိုင်ငံ
ခြား တိုင်ပြည်တခုခု သူတို့ ဘာသာစကားတွေ မသင်ရတဲ့ အမေရိကန် ကနေဒါ လို မျိုး နိုင်ငံတွေ သွားစမ်းပါ
နင့်သမီးတွေ ခုချိန် ထက်ထက်မြတ်မြတ်နဲ့ ပညာ သင်နေရမဲ့အရွယ် ''--- တဲ့
"ကျမ ပြန်ပြောဖြစ်ပါတယ် နိုင်ငံခြား ဆိုတာကျမလည်းမက်ပါတယ် တိုးတက်မယ် ခေတ်မှီမယ် ကျမမှာ မရှိတဲ့
ပညာရပ်တွေလည်းရမယ် ကျမသမီးလေးတွေလည်း ဖွံ့  ဖြိုးတိုးတက်မှုပိုမယ် ဆိုတာကိုပေါ . ဒါပေမဲ့ ကျမငယ်
စဉ်ကတည်း က ဒီ ဒီမိုကရေစီဆိုတဲ့ လမ်း ကိုလျောက်ခဲ့တယ် နိုင်ငံရေးဆိုတာသိခြင်း နားလည်ခြင်းမရှိပဲကိုယ့်
ရှေ့လူတွေ အတုံးအရုံးသေတာတွေ တွေ့  ပြီး မခံချင်စိတ်ဖြစ်ခဲ့ရာက ခု ထိကျမမှာမပြီးသေးတဲ့တာဝန်တွေအ
လားခံစားနေရတုန်းပဲ -ကျမ လိုပဲ ရဲဘော်အသီးသီးကဖွံ့ ဖြိုးတိုးတက်ဖို့ နိုင်ငံခြားသွားသူတွေ ကြည့်ပဲ ဆိုရင်?''
အဲဒီ့မှာ သူက ထပ်ပြောပါတယ် ''ညီမတို့ မှာ CAPACITY & EDUCATION အများကြီးလိုသေးတယ် အကို
တို့ တိုင်းပြည်အတွက် ဒါတွေ အရေးကြီးတာ သူများနိုင်ငံတွေ ကြည့်အကိုတို့ တွေ သိတ်ကိုနောက်ကျနေတာ''
ဆိုပြီး ကျမ ကို တိုးတက်စေ့ချင်တဲ့စေတနာ ထပ်ပြောပြန်ပါတယ်
ကျမ ကနောက်ထပ် ထပ်ပြီးအကြောင်းပြချက်ပေးပါတယ် "ကျမတို့ ရဲ့ရည်ရွယ်ချက်ဟာဒီမိုကရေစီရဖို့ ရည်ရွယ်ခဲ့တာပါ ပညာရှင်ကြီးဖြစ်ရမယ် ငါတို့ ဘ၀တွေ တိုးတက်မြင့်မားရမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ 
ဒီလမ်းကိုလျောက်ခဲ့တာမဟုတ်ပါဘူး" ကျမသမီးတွေ ပညာရေး သူတို့ ဖာသာကြိုးစားရပါလိမ့်မယ် အကြီး
ကိုလည်းကျမအသိတွေပေးထားတယ် အငယ် ကို လည်း ဒီနိုင်ငံမှာပဲပြုစုပျိုးထောင်ပါမယ် အလင်းမ၀င် လက်
နက်မချရတဲ့နည်း နဲ့  ပြန်ဝင်ရမယ် ဆို မြန်မာပြည်ပဲပြန်မှာပါ ။ ၂၀၁၀ ကို မဆိုလိုပါဘူး ကျမတို့ ပြန်ရမဲ့နေ့ ရှိ
လာဦးမှာပါလို့  ကျမ ယုံကြည်ပါတယ် ဘာ့ကြောင့်လဲ ဆိုရင် မြန်မာပြည် က ကိုယ်ပြည် ကိုး ဒါ့အပြင်တဆက်
တည်း စကားကျွံခြင်းမဖြစ်ရအောင် နေလို့ ရသရွေ့  အကြပ်အတည်းမကြီးမားသရွေ့ ကျမ နေနေဦးမှာပါ လို့ 
ပြောဖြစ်ခဲ့ပါတယ် ။အဲဒီ့လို့ပြောတဲ့ အခါ သူလက်လျော့ သွားတယ်ထင်ပါတယ် ကျမ ကအယူအဆ နဲ့ပြောနေ
တာ မဟုတ်ပါဘူး ယုံကြည်ချက်နဲ့ ပြောနေတာပါ ။
ဒါကတော့ကျမယုံကြည်ချက်ထဲက ပြည်ပနိုင်ငံတစ်ခု ကိုထွက်သွားပြီး ကျမကိုယ်ကိုယ်ဖြည့်ဖို့ ထက်တော်လှန်
ရေးအပြီးသတ်ဖို့ သာ ပို လို အပ်တယ်ဆိုတဲ့ တစ်ချက်ပေါ့ ။နေမရလို့ ရပ်တည်ဖို့ မပြေလည်လို့ နိုင်ငံခြားထွက်
ရသူတွေ ကို စာနာနားလည်ပေးနိုင်ပေမဲ့ ငါတို့ တော်လှန်ရေးဝေးသေးပါတယ်ကွာ မပြီးနိုင်သေးပါဘူး ဒီတော့
တို့ ပညာရေးနဲ့ ဘ၀မြင့်ရေးအဓိက လို့  ပြောလာမဲ့ / တဲ့ သူတွေ အတွက်တော့ အားတော့နာပါတယ် --
တိုင်းပြည်ကိုပြန်မလာတာအကောင်းဆုံးပါပဲ ။ အဲဒီ့ရဲဘော်တစ်ဦး နဲ့ဆွေးနွေးခန်း ကတော့ ဒီမှာပဲပြီးပါတယ် ။။
သူလည်းကျမ ရဲ့ပွင့်လင်းမှုကိုလေးစားသလို သူ့ ရဲ့ ရပ်တည်ချက်နဲ့ ယနေ့ တာဝန်ယူမှုတချို့ ကိုလည်းသိထား
တဲ့အတွက် လေးစားပြီးသားပါ။

ကျမဆက်ပြီးတင်ပြချင်တာက ဒီကိစ္စ နဲ့ ဆက် -ဆက် နေတဲ့  ပညာရှင်များရဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာပါ ။။
ကျမတို့ တိုင်းပြည်ဟာ ပညာမတက်သူတွေ အုပ်စိုး လို့  ချွတ်ခြုံကျတယ်ပညာတက်တွေ နဲ့ပဲ ခေတ်မှီ တဲ့နိုင်ငံ
တော်သစ်တည်ဆောက်ရ မယ် ဆိုတာ ငြင်းမရတဲ့ ၀ိသေသ ပါ အဲ --ငြင်းလို့ ရတဲ့ အရာကတော့ တော်လှန်
ရေးတစ်ခုအောင်မြင်ဖို့ ဒီဘ၀မှာပညာရှင် ဖြစ်ကာမှရမယ်ဆိုတဲ့ အယူအဆကတော့ကျမပြတ်ပြတ် သားသား
ငြင်းပြလိုက်ချင်တာပါပဲ ။ ပညာတက်ဆိုရာမှာ ခု တော်လှန်ရေးအင်အားစုများ ပြောနေတဲ့ PHD ဘွဲ့ များ ကို
ဆိုလိုတာပါ မြန်မာပြည်က ရိုက်သတ်လို့ မကုန်တဲ့ သာမာန် အတန်းရ ဘွဲ့ ရ တွေ ကိုမဆိုလိုပါဘူး။ ပညာဆို
တာ လူခိုးလို့ မရတာကြောင့် ကိုယ့်ဆီမှာခိုင်မာတယ် ပညာရွှေအိုးလူမခိုးလို့ ရှေးကစာဆိုရှင်များ မိန့်ခဲ့တာပါ။
ကျမလည်းပညာတက် ဘွဲ့ ရ ပညာရှင်ကြီးဖြစ်ချင်တာပေါ့ ဘယ်သူမဖြစ်ချင်ပဲရှိပါ့မလဲ ဒါပေမဲ့ တော်လှန်ရေး
တခုမှာတော့ ကိုယ့်ကိုယ်ကိုယ်တည်ဆောက်မယ်ဆိုတဲ့ အတ္တသတ်သတ်ကြည့်နဲ့တော့ ပညာရှင် တွေဖက်ခုန်
မကူးသွားကြပါနဲ့ ။ တွေးခေါ်မျော်မြင်မှု နဲ့ နိုင်ငံတကာစံနှုန်းတွေ ဟာလေ့လာကျတ်မှတ်ရင်ရနိုင်ပါတယ် ။
ဒါကို အစွန်းရောက်ပြီး တော်လှန်ရေး ကိုကျောခိုင်းသွားမယ် ဆို ဘယ်လို ပညာရှင်ကြီးတွေ ဖြစ်သွားပါစေ
တော်လှန်ရေး ရဲ့ ဒဏ်ခတ်တာတော့ခံရပါလိမ့် မယ် ။

ကျမကြားနေသိနေရပါတယ် အရေးတော်ပုံကြီး မှာဘယ်တုန်းကမှာဘယ်နေရာမှာမှ မတွေ့ ဘူး မကြားဖူးတဲ့
သူတွေ က တစ်ခါတစ်ရံ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုများဝေဖန်လိုက်ရင်ဖြင့် စာထဲကသင်ရိုး ညွန်းတန်းတွေအတိုင်းပါပဲ ဘာတဲ့ နိုင်ငံရေးသိပ္ပံ ဆိုသည်ကများ ကျမ ကတစ်ခါတစ်ရံ ဟား တိုက်
မိပါတယ် စစ်ရေးကျွမ်းကျင်သူ နိုင်ငံရေး ကျွမ်းကျင်သူ ဘယ့်နှယ့် သူ့ တို့ နောက်က ဘွဲ့ တက်လည်း
တက်နိုင်ရိုးရဲ့ သူတို့ သာတကယ်ကျွမ်းရင် မြန်မာပြည်ဒီမိုကရေစီရတာကြာပါပကော --

တော်လှန်ရေးမှာ နောက်မှပဲပါပါ ရှေ့ကပဲပါပါ တော်လှန်ရေးမှာ ပါဝင်လာပြီဆိုကတည်းကတိုင်းပြည်အတွက်
ပေးဆပ်မဲ့ တိုင်းပြည်အကျိုးကို ဆောင်ရွက်မဲ့ ပုဂိုလ်ကြည့် ပါပဲ သတိထားရမှာက အတွေ့ အကြုံနဲ့ ကျော်ဖြတ်
မှုအားကောင်းသူသာလျှင် တော်လှန်ရေးရဲ့ အားနည်းချက် အားသာချက်ကို ပုံဖော် သုံးသပ် နိုင်တာပါ ။ပညာ
ရှင်တွေ ကတော့ စာအုပ်ထဲကအတိုင်း အခြားနိုင်ငံတွေ ရဲ့ဖြစ်စဉ်တွေ အတိုင်းသုံးသပ်မယ်ဆိုရင် အဲဒီ့သူတွေ
မှာရှိတဲ့ပညာရပ်တွေ ကို ပိုက်ထားပြီး အတွေ့ အကြုံတွေ ကို ကျော်ဖြတ် ဖို့ လို့ အပ်ပါတယ် ။ ဒါ့ကြောင့် တိုင်း
ပြည်ပြန်လည်တည်ဆောက်ရေးမှာ နည်းနာကောင်းတဲ့ နိုင်ငံကြီးတွေ ၇ဲ့ စံနမူနာကိုယူပြီး ပညာရှင်တွေ နဲ့ပေါင်း
ပြီး တိုင်းပြည်တည်ဆောက်ရမှာ ဖြစ်ပေမဲ့ တော်လှန်ရေးကာလ မှာတော့ သတ္တိရှိရှိ ပြတ်ပြတ်သားသား တိုက်
ရဲတဲ့ စေတနာမှန်တဲ့ တော်လှန်ရေးသမား တွေ များများရှိနေဖို့  သာအဓိက ကျတယ် ဆိုတဲ့  ကျမအယူအဆ
ကို တင်ပြလိုက်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် ဥပဒေ အရ သုံးသပ်ချက်

Thursday, August 27, 2009







လူထုခေါင်းဆောင်ရှေ့နေများနှင့် တွေ့ ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့်ရှေ့နေများ တွေ့ဆုံခဲ့
နေအိမ်အကျယ်ချုပ်ကျနေတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာသူမရဲ့ရှေ့နေများနှင့် ယနေ့နေ့
လည် ၁၂ နာရီ မှ နေ့လည် ၂နာရီ ၃၅အထိ တွေ့ဆုံ ခွင့်ရခဲ့ပါတယ်။ သူမရဲ့ရှေ့နေတဦးအပြင် NLD ရဲ့ပြော
ရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ ဦးဥာဏ်ဝင်းကသူတို့ ရှေ့နေ၄ဦးလုံး တွေ့ဆုံခွင့် ရခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်
အပေါ် ထောင်ဒဏ် သုံးနှစ်ချထားတဲ့ အမှုအတွက် လာမယ့်တနင်္လာနေ့မှာ တရားရုံးချုပ်ကိုအယူခံတင်သွင်း
မှာ ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ်
၃နှစ်ချမှတ်ခဲ့တာဖြစ်ပြီးထိုပြစ်ဒဏ်ကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ ၁နှစ်ခွဲသို့ပြောင်းလဲပေးခဲ့ပြီးနောက်
အင်းယားကန်စောင်းကသူမရဲ့အိမ်မှာပြန်လည်နေထိုင်စေခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာစီရင်ချက်
ချပြီးနောက်တရက်ဖြစ်တဲ့ သြဂုတ်လ၁၂ရက်နေ့မှာ သူမရဲ့ရှေ့နေတွေကို အဲဒီ အင်းယားကန်စောင်းကအိမ်
မှာတွေ့ ဆုံစဉ်ကတည်းက သူမအပေါ်ချမှတ်တဲ့ စီရင်ချက်အပေါ် ကျေနပ်မှု မရှိတဲ့ အကြောင်းပြောဆိုခဲ့ပြီး ရှေ့နေများကို အယူခံအတွက် ပြင်ဆင်ရန် အမိန့်ပေး ခဲ့ပါသည်။အဲဒီ ပြစ်ဒဏ် လျှော့ပေါ့မှု အမိန့်ထဲမှာသူမ
ဟာ လိုအပ်သလို ကျမ်းမာရေး စောင့်ရှောက်မှုခံယူခွင့်ရှိကြောင်းပါခဲ့ပါတယ်။ဒါပေမယ့် ၂၀၀၃ ခုနှစ်မေလ
၃၀ရက် ထပ်မံ ထိမ်းသိမ်းခံခဲ့ ရစဉ်ကတည်းက ၆နှစ်ကျော် ကျမ်းမာရေးစောင့်ရှောက် ကုသမှု ပြုလုပ်ပေး
ခဲ့တဲ့ သူမရဲ့ သမားတော် ဒေါက်တာတင်မျိုးဝင်းနှင့် ပြသခွင့်ကို တောင်းဆိုခဲ့သော်လည်း ယခုအချိန် အထိ အကြောင်းပြန်ကြားခြင်းမရှိသေးဟုလည်း ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။ထိုသို့ နှစ်နာရီခွဲကျော်တွေ့ဆုံ
ခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ဆီနိတ်တာ မစ္စတာဂျင်ဝက်၏ ဆောင်းပါးပါ မြန်မာ
နိုင်ငံ အပေါ်စီးပွါးရေး ပိတ်ဆို့ထားမှု အကြောင်း ရေးသားချက်များနှင့် ပါတ်သက်၍ သူမဟာ လွန်ခဲ့ သော
၁၅ နှစ် ကတည်းက ဒီကိစ္စတွေကို ဝိုင်းဝန်း ဆွေးနွေး အဖြေရှာဖို့ နအဖ ခေါင်းဆောင်များကို အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုခဲ့ကြောင်းကိုလည်း ဦးဥာဏ်ဝင်းက ပြောပြသွားပါတယ်။

မေး(လ်) ပို့ ပေးသော အားကျေးဇူးတင်ပါသည်။

ABSDF ၏ ပထမဦးဆုံးဥက္ကဌဖြစ်သူ ဦးထွန်းအောင်ကျော်(အမေရိက) ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းကြောင်းဖြစ်နိုင်ပါ့ မလား?

Monday, August 24, 2009














































မလေ့လာပဲ ရမ်းသမ်း မပြောမိကြဖို့ 

Sunday, August 23, 2009

ကြေငြာချက်များ၊ပြောခွင့်ရှိသူတို့ပြောစကားများမှသိရှိရသောNLD ၏ နိုင်ငံရေးလမ်းစဉ်

ယနေ့ထက်တိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေး ရေး ကို အစဉ်တစိုက် ဆုပ်ကိုင်တောင်းဆိုဆဲဖြစ်သည်။
ညွှန်း-၂၀၀၉ ခုနှစ် ဧပြီလ (၂၈-၂၉) ရက်နေ့များတွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် အဖွဲ့နှင့် ပြည်နယ်နှင့်တိုင်းစည်းရုံးရေးအဖွဲ့များမှကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ တွေ့ဆုံညှိနှိုင်းအစည်ဆးအဝေးပွဲသို့တင်သွင်းသည် နိုင်ငံရေးအစီရင်ခံစာ

အနှစ်ချုပ်-
အဆုံးအဖြတ်ပေးနိုင်မည့်သက်ဆိုင်သူများပါဝင်သောကြိုတင်စည်းကမ်းသတ်မှတ်မထားသည့်တွေ့ဆုံဆွေးနွေးပွဲကိုအပြန်အလှန်ယုံကြည်လေးစားမှုနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအခြေခံ၍အမြန်ဆုံးကျင်းပရန်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားကို အောက်ပါအတိုင်းတွေ့ရှိရသည်။
ညွှန်း-၂၀၀၉ ခုနှစ် ဧပြီလ (၂၈-၂၉) ရက်နေ့များတွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် အဖွဲ့နှင့် ပြည်နယ်နှင့်တိုင်းစည်းရုံးရေးအဖွဲ့များမှကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲသို့တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာ

အနှစ်ချုပ်-
အာဏာပိုင်တို့က ၄င်းတို့ကိုယ်တိုင် အတည်ပြုပြဌာန်းထားသည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ-၃ နှင့်အညီ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သော အနိုင် ရပါတီများမှ လွတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို အမြန်ဆုံးခေါ်ယူဖွဲ့စည်းပေးရန်။
ယင်း ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီကို ၁၉၉၀ ပြည့် နှစ် ရွေးကောက်ပွဲ အနိုင်ရပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကျွမ်းကျင်သူပညာရှင်များဖြင့် ဖွဲ့စည်းပေးရန်။
ယင်းသို့အတည်ပြုပြီးသော သဘောတူညီချက်များမှ ထွက်ပေါ်လာမည့် အနာဂတ်လမ်းကြောင်းအ တိုင်း၊ သက်ဆိုင်သူများသည် ပြည်သူလူထုနှင့်လက်တွဲလျောက်လှမ်းကြရန်။

၂၀၁၀ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ သဘောထားကိုအောက်ပါ အ တိုင်း တွေ့ရှိရသည်။
ညွှန်း- ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့ ရွှေဂုံတိုင်ကြေငြာစာတမ်း
အနှစ်ချုပ်-
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက နောင်ဖြစ်ပေါ်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိအစီအစဉ်ဖြင့်တဖက်သတ်ကျင်းပမည်ဆိုပါက-
အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိပြန်လွှတ်ပေး မည်ဆိုလျှင်-
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေမှ ဒီမိုကရေစီ နှုန်းစံများနှင့်မကိုက်ညီသည့် အချက်များကိုပြင်ဆင်ပေး လျှင်-
အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့် ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင်-
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူတရပ်လုံး၏ အကျိုးစီးပွားကိုသယ်ဆောင် နိုင်ရေး ရည်မျှော်၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ရွေးကောက်ပွဲဥပဒေတို့ကိုလေ့လာပြီး အထူးကိစ္စ တစ်ရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကြောင်း။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေမှ ဒီမိုကရေစီ နှုန်းစံများနှင့် မကိုက်ညီသည့် အချက်များ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ အောက်ပါအတိုင်း ထုတ်ဖေါ်ကြေငြာထားသည်ကိုတွေ့ရှိရသည်။
ညွှန်း- ၂၀၀၉ ခုနှစ် ဧပြီလ (၂၈-၂၉) ရက်နေ့များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်းစည်းရုံးရေးအဖွဲ့များမှ ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သတ်၍ အဖွဲ့ချုပ်မှထုတ်ပြန် ခဲ့ပြီးသောအချက်များကို ပြန်လည်သုံးသပ်တင်ပြခြင်း။
အနှစ်ချုပ်-ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီ နှုန်းစံများနှင့် ညီညွတ်ခြင်းမရှိဘဲ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေအားပြန်လည်ဖျက်ဆီးမည့် မျိုးဥများမပါရှိစေရပါ။
အခြေခံဥပဒေသစ်သည်တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်ရေး၊ တန်းတူရည် တူအခွင့်အရေးများခံစားရရှိရေး၊အပြန်အလှန်ရိုင်းပင်းကူညီပူးပေါင်းရေး၊ စိတ်ဓာတ်တို့ဖြင့် ဒီမိုကရေစီပြည် ထောင်စုကြီး အဓွန့်ရှည်ကြာစွာ တည်တံခိုင်မြဲရေးအတွက် တိုင်းရင်းသားလူမျိုးအားလုံး၏တသွေးတသံတစိတ် တ၀မ်း၊လက်တွဲမဖြုတ်စတမ်း ပူးပေါင်းရပ်တည်နိုင်ရေးကို အာမခံနိုင်စေရမည်။
(၁)နိုင်ငံတော်၏ အခြေခံမူများ၌ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကိုအစဉ်တစိုက် ဦးတည်သည်ဟု ချမှတ်ထားခြင်း၊
ကို အစဉ်တစိုက် ကန့်ကွက်ခဲ့ပါသည်။
(၂)နိုင်ငံတော်သမ္မ တနှင့် ဒု သမ္မတ အရည်အချင်းများတွင်စစ်ရေးအမြင် ရှိရမည် ဟူသော အချက်ကို ထည့်သွင်းထားခြင်း--- မှာ သမ္မတရွေးချယ်ရေးအတွက် ကန့်သတ်ဘောင်ကျဉ်းသွားစေပါသည်။ နိုင်ငံတော်သမ္မတ နှင့် ဒုသမ္မတ အတွက်ချမှတ်ထားသည့် လိုအပ်သောအရည်အချင်း များနှင့်ပြည့်စုံပါလျှင်- ကျား/မ မရွေး ရွေးချယ်ခံပိုင်ခွင့် ရှိကြရပါမည်။
(၃)ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော် သား(၂၅%) ပါဝင်နေခြင်း- စပ်လျဉ်း၍ ပထမဦးစွာ ပြည်သူများက ၄င်းတို့ကိုယ်တိုင်ရွေးကောက်တင်မြောက် တာဝန် အပ်နှင်းလိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းသင့်သည်ဟု ခံယူသည်။သို့သော် လက်ရှိအခြေအနေတွင် ကုလသမဂ ၏ တောင်းဆိုချက်ဖြစ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရေးလုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်သူအားလုံးပါဝင်ခွင့် ရှိ ရမည်ဟူသောအချက်နှင့်အညီ လွှတ်တော်အသီးသီး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်းတင် သွင်းမည့် တပ်မတော်သား(၂၅%) ကိစ္စကို တွေ့ဆုံဆွေးနွေး၍နိုင်ငံရေးအဖြေရရှိရန် သက်ဆိုင်သူအားလုံးအ ပေါ်၌ တာဝန်ကျရောက်နေပါသည်။
(၄)လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးအဖြစ် တာ ၀န်ပေးအပ်ခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပြီးဖြစ်သည်ဟု သတ်မှတ်ထားပြီး၊ ပြည်ထဲရေး၊ ကာကွယ်ရေး နယ်စပ်ရေးရာဝန်ကြီးများအတွက် ခန့်အပ်ထားသောတပ်မတော်သားကိုယ်စား လှယ်များကိုမူ နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း-မှာ တရားနည်းလမ်းမကျပါ။ ပါတီစုံဒီမိုကရေစီစနစ် တွင် အစိုးရအဖွဲ့သည် ပြည်သူ့ကိုယ်စားလှယ်များသာဖြစ်ရပါမည်။
(၅)ကာကွယ်ရေး၊ပြည်ထဲရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့်တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတ ကလက်ခံ ရယူခြင်း၊---နှင့်စပ်လျဉ်း၍ပြည်သူတို့၏သဘောဆန္ဒသည်သာ အစိုးရအာဏာ၏ အခြေခံဖြစ်ရမည် ဆိုသည့် မူ နှင့်အညီ အစိုးရအဖွဲ့ဖွဲ့စည်းရာတွင် လူထုရွေးကောက်တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များ နှင့်သာ ဖွဲ့စည်းရမည်ဖြစ်ပါသည်။
(၆)ရာထူးမှနှုတ်ထွက်ရမည့် အထက်ပါ တပ်မတော်သားဝန်ကြီးနှင့် ဒုတိယ၀န်ကြီး တို့နှင့် ပတ်သတ်လျှင် နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်နှင့်ညှိနှိုင်းဆောင်ရွက်ရမည်။--- မှာ မူအနေဖြင့် ဆိုလျှင်ဝန်ကြီး ဒုတိယ၀န်ကြီးတို့သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသာ ဖြစ်ရပါမည်။သမ္မတက ၄င်း တို့အားနှုတ်ထွက်စေလိုလျှင် မည်သူနှင့်မျှ ညှိနှိုင်းဆောင်ရွက် ရန်မလိုအပ်ပါ။
(၇) အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတိုင်းဒေသကြီးပြည်နယ် ပြည်ထောင်စုနယ်မြေ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ခြင်း--- မှာ ပြည်ထောင်စုတိုင်းဒေသကြီး ပြည်နယ် ပြည်ထောင်စုနယ်မြေ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင် စုတို့တွင်လည်း ပြည်သူများက တိုက်ရိုက်ရွေးကောက်တင်မြောက်လိုက်သော ကိုယ်စားလှယ်များသာပါဝင် ရမည်ဖြစ်သည်။
(၈)အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို(၁၁) ဦးဖြင်ဖွဲ့စည်းထားရာ ဒုတိယ သမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး စုစုပေါင်း (၆)ဦးတို့ဖြင့် အများစုမဲကို တပါတည်း ရယူထားခြင်း၊---
မှာ နိုင်ငံတော်၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သော လွှတ်တော်၏ ကြီးကြပ်ကွပ်ကဲမှုအောက်မှ ကင်း လွတ်၍ သီးခြားရပ်တည်သော အခြားနိုင်ငံတော်အဖွဲ့အစည်းများ၊ ယန္တရားများမရှိစေရပါ။
(၉)တပ်မတော်သည်တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကိုလွတ်လပ်စွာစီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင့် ရှိ ခြင်း--မှာ တပ်မတော်သည် ပြည်ထောင်စု လွှတ်တော်ကပြဌာန်းသော ဥပဒေများ၊ နည်း ဥပဒေများ၊ ဆုံးဖြတ်ချက်များနှင့် အညီဆောင်ရွက်ရမည်ဖြစ်ပါသည်။
(၁၀)တပ်မတော်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး သည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟု ထည့်သွင်းထားခြင်း-- မှာ ပြည်ထောင်စုလွှတ်တော် သည် နိုင်ငံတော်၏အချုပ်အခြာအာဏာကိုခံယူကျင့်သုံးသော အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်သောကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများအပါအ၀င် ၀န်ထမ်းအဖွဲ့အစည်းများဖွဲ့စည်းရေးကို ပြည်ထောင်စုလွှတ်တော် ၏ ဥပဒေပြဌာန်းချက်အရသာ ဆောင်ရွက်စေသင့်ပါသည်။
(၁၁)အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံ တော်အာဏာကိုဤ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း--မှာ ပြည်ထောင်စုလွှတ်တော်ကသာ စစ်ကြေငြာခြင်း၊ စစ်ပြေငြိမ်းခြင်း၊စစ်စည်းရုံးခြင်း၊နိုင်ငံတော်၏ တစိတ်တဒေသ ကိုလည်းကောင်း၊ နိုင်ငံတော်တ၀ှမ်းလုံးကိုလည်းကောင်းအရေးပေါ်အခြေအနေကြေငြာခြင်း၊စစ်အုပ်ချုပ်ရေး အာဏာလွှဲအပ်ခြင်းတို့ကိုဆုံးဖြတ်ခွင့်နှင့် တာဝန်ပေးပိုင်ခွင့်ရှိရမည်။ထို့ပြင်အရေးပေါ်အခြေအနေကို အ ကြောင်းပြုပြီး မည်သည့်ပုဂိုလ်အဖွဲ့အစည်းကမှ ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာလွှတ်တော်များ၊ ယင်းလွှတ်တော်များကတာဝန်ပေးအပ်ထားသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဦးစီးအဖွဲ့အစည်းများကို ရပ် ဆိုင်းထားခွင့်မရှိပါ။
(၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်များအားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်း ပမည် ဟု မည်သို့မျှပြင်ဆင်ခွင့်မရအောင်သတ်မှတ်ထားခြင်းဖြစ်သည်။

အထက်ဖေါ်ပြပါအချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် စပ်လျဉ်းသော သဘောထားရပ်တည်ချက်၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသောသဘောထားရပ် တည်ချက်များကို ထင်ထင်ရှားရှားတွေ့ရမည်ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးဖြစ်စဉ်ထဲတွင် နိုင်ငံရေး အင်အားစုအားလုံးကြီးမားကျယ်ပြန့်စွာ ပူးပေါင်းပါဝင်နိုင်သည့်၊ ၀န်းရံရပ်တည်နိုင်သည့် အမြော်အမြင်ကြီးမား လှသော ဘုံလုပ်ငန်းစဉ်ကြီးဖြစ်သည်ဟုလည်းငြင်းဆန်နိုင်ရန်ခဲယဉ်းပေလိမ့်မည်။
ထို့ပြင် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၏ Interaction အပေါ် အမြင်နှင့် စပ်လျဉ်း ၍လည်းကောင်း၊ Sanction အပေါ်အမြင် နှင့် စပ်လျဉ်း၍လည်းကောင်း၊ (၁၈.၈.၂၀၀၉) ပြောခွင့်ရ ဦးဥာဏ်ဝင်း ၏ VOA သတင်းဌာန သို့ပြောကြားချက်မှာ -
ပထမအချက်က Interaction လုပ်ဖို့ဆိုတာ အဲဒါပြည်တွင်းမှာ အရင်လုပ်ရမှာ။ တခြားနိုင်ငံနဲ့အရင်လုပ်ရမှာ မဟုတ်ဘူး။ပြည်တွင်းမှာ Interaction မလုပ်ဘဲနဲ့ တခြားနိုင်ငံနဲ့လုပ်လို့ဘာမှအကျိုးမရှိဘူး ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြကြောင်း ဦးဥာဏ်ဝင်း က VOA သတင်းဌာနသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။
ဒေါ်အောင်ဆန်းစုကြည် ပထမရှင်းပြတာကတော့ တွေ့ဆုံဆွေးနွေးရေး (ဒိုင်ယာလောခ့်) အရေးကြီးတယ် ဆိုတဲ့အကြောင်း၊ ဒိုင်ယာလော့ခ်ကမှ ကိစ္စရပ်တွေအားလုံးကို ဖြေရှင်းနိုင်မယ်ဆိုတဲ့အကြောင်း၊ တကယ် လုပ်ကြည့်မှ ဒီဥစ္စာအကျိုးရှိတယ် ဆိုတာကို သိမယ့်အကြောင်း၊ အဲဒီလိုပြောပါတယ်။ နောက်တခုက ဆီးနိတ်တာက ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ မ၀င်ဖို့ ကိစ္စကိုမေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က ဒါဟာ ပါတီဝင်တွေနဲ့ အကျေအလည်ညှိနှိုင်း ဆုံးဖြတ်ရမယ့် ကိစ္စ။ တကယ်လို့ ဆုံးဖြတ်ခဲ့ရင် လည်း ပထမဆုံးအသိပေးရမှာ အာဏာပိုင်တွေကိုပဲဆိုတာ သူပြောပြခဲ့တယ် ဟု အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ် ၀ပ် နှင့်တွေ့ဆုံဆွေး နွေးမှု ၌ဒေါ်အောင်ဆန်းစုကြည် ပြော ဆိုခဲ့သည်များကို ဦးဥာဏ်ဝင်း က သတင်းဌာန များသို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပါတီဝင်များ၏ သဘောထားသည်လည်း ရွှေဂုံတိုင်ကြေငြာချက်တွင် ရှင်းရှင်းလင်းလင်း ဖေါ်ပြထားပြီးဖြစ်သည်။
န.အ.ဖ အစိုးရ နှင့် ပတ်သတ်သော သတင်းများလည်းအမျိုးမျိုးထွက်ပေါ်လျက်ရှိသည်။ အထူးသဖြင့် ကြားဖြတ်အစိုးရဖွဲ့ စည်းမည်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည် စသည်အားဖြင့် သတင်းများထွက်ပေါ်လာပြီဖြစ် သည်။
လာရီဂျေဂင် ၏ ဆောင်းပါးတွင်
အဆုံးတွင်မတော့ စစ်အစိုးရက သူတို့၏ စည်းကမ်းရှိသည့် ဒီမိုကရေစီဆိုသော စီစဉ်ထားသည့် လမ်းကြောင်း အတိုင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်လိုထင်ထင် ဆက်သွားမည်သာဖြစ်သည်။ သို့သော် ဝက်ဘ်၏ ခရီးစဉ်က ပြသခဲ့သည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဤဖြစ်စဉ်ကို ရှေ့ဆက်လှမ်းရန် အဆင်သင့် ဖြစ်နေသည်ဆိုသည့် အချက်ပင်ဖြစ်သည်။ အကြီးတန်း မြန်မာစစ်အရာရှိများ သတင်းရပ်ကွက်အဆိုအရ နောက်တဆင့်ခြေလှမ်းမှာ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဖြစ်သည်။ ယင်းကို မကြာမီ ကြေညာရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြင်ဆင်ထားပြီး စက်တင်ဘာလလောက်မှစ၍ တနှစ်ကြာမျှ အစိုးရလုပ်ငန်းများကို ထိန်းချုပ် လုပ်ကိုင် သွားမည်ဟု မြန်မာအရာရှိတဦးက မဇ္ဈိမကို ပြောသည်။ မကြာမီအတွင်း အစိုးရသစ်တရပ် ပေါ်ထွန်း လာမည်ဖြစ်ကြောင်းနှင့် သူလည်း ဝန်ကြီးဖြစ်တော့မည်မဟုတ်ကြောင်း မကြာသေးမီက ဗိုလ်ချုပ်မှူးကြီး၏ လူယုံ တပည့်ရင်းနှင့် ဝန်ကြီးဖြစ်သူ ဦးအောင်သောင်းက သူ့လက်အောက် ဝန်ထမ်းများကို ပြောကြားခဲ့သည်။ အခြား ဝန်ကြီး အများအပြားကလည်း ယခုနှစ်ကုန်ပိုင်းတွင် သူတို့ ဤရာထူးများတွင် ရှိတော့မည် မဟုတ်ကြောင်း သူတို့ဝန်ထမ်းများကို ပြောကြားခဲ့ကြသည်။
ဟုဖေါ်ပြထားပေသည်။ အထက်ပါ သတင်းများထွက်ပေါ်လာခြင်းသည်ပင် နိုင်ငံရေးအင်အားစုများ အတွက် ရှေး ကထက်ပင်ပိုမို စိုးရိမ်ဖွယ်ကောင်းသော အခြေအနေ များ ဖြစ်ပေါ်လာနိုင်ကြောင်းသတိပေးသကဲ့သို့ဖြစ် နေသည်။ အထူး သဖြင့် အမြင်အမျိုးမျိုး အတွေးအခေါ်အယူ အဆ အသီးသီးဖြင့် အစိတ်စိတ်အမွာမွာကွဲပြား သွားနိုင်မည့် အခြေအနေများပင်ဖြစ်သည်။
ကြားဖြတ်အစိုးရဖွဲ့စည်းရေးနှင့်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးနှင့်လည်း ကောင်း အတွေးအခေါ်အယူအဆများ ကွဲပြား၍ နိုင်ငံရေးအင်အားစုများ ယခုတကြိမ်ပြိုကွဲမည်ဆိုပါ မြန် မာ့ဒီမိုကရေစီအရေးသည် လုံးဝ အဖတ်ဆည်၍ ရနိုင်တော့မည် ဟူ၍ ကံသေကံမ တွက်ဆနိုင်ကြတော့မည် မဟုတ်ပါ။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းပါမည်ဟု ထွက်ပေါ်လျက်ရှိသော သတင်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး စသည်တို့နှင့် စပ်လျဉ်း၍လည်းကောင်း အထက်တွင်ဖေါ်ပြခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ကြေငြာ ချက်များ၊ ပြောခွင့်ရှိသူတို့ပြောကြားခဲ့သော သဘောထားများ မှရရှိသည့် နိုင်ငံရေး လမ်းစဉ် သည် မြန်မာ့ ဒီမို ကရေစီ ရေး တွင် ခိုင်မာတောင့်တင်းသည့် ရပ်တည်ချက် လမ်းစဉ်များ ဟုတ်၏ မဟုတ်၏ ဆိုသည်ကို မြန်မာ့ ဒီမိုကရေစီရေး ကို အမှန်တကယ်လိုလား လုပ်ဆောင်နေကြပါသည်ဆိုသည့် မိမိတို့ကိုယ်တိုင်သာ စဉ်းစားဆုံး ဖြတ်ကြရမည်ဖြစ်ပေတော့သည်။

စောကျော်ကျော်မင်း

ကန့်ကွက် စရာရှိတာ ကန့်ကွက်ရမှာပဲ၊

Saturday, August 22, 2009

''ရွေးကောက်ပွဲမ၀င်ရလို့ NLD ဘေးမကလို့အစွန်အဖျားရောက်ပါစေ

ကျနော်တို့ ပြောနေတာက ကန့်ကွက် စရာရှိတာ ကန့်ကွက်ရမှာပဲ''


ICG ရဲ့ သဘောထားကို ကျမ ပြင်းပြင်းထန်ထန် ဆန့် ကျင်ကန့် ကွက်ပါတယ် အမှန်တကယ်ပဲ ဒီအဖွဲ့ဟာ
ပဋိပက္ခ လေ့လာရေးအဖွဲ့  အနေနဲ့ အပြည်ပြည်ဆိုင်ရာမှာလှုပ်ရှားဆောင်ရွက်နေတယ်ဆိုရင် မြန်မာနိုင်
ငံရဲ့အရေးကို သေသေချာချာမသိရုံမက အပေါ်ယံကြောနဲ့ သုံးသပ် နေတာလို့ ကျမစွပ်စွဲချင်ပါတယ် ။
ကျမတို့ တိုင်းပြည်ရဲ့အရေးမှာ ကုလသမဂ္ဂသည်ပင်လျှင် အမှားတွေ သုံးသပ်ပြီးအကြံပေးတက်ခဲ့လို့ အစိုး
ရမဟုတ်တဲ့သာမာန် အဖွဲ့ အနေနဲ့  မှားယွင်းသုံးသပ်ပြီးအကြံပေးနေတာ သိတ်တော့အပြစ်မဆိုချင်ပါဘူး။
ဒါပေမဲ့ သူများနိုင်ငံရဲ့အရေးကိုစေတနာနဲ့ ဝင်စွပ်ဖက်မယ် ဆိုရင်တောင် အတိအကျခန့် မှန်းပြောဆိုတာ
မျိုးလုပ်ရင် သတိနဲ့လုပ်သင့်ပါတယ် ။
ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့လှမ်းခဲ့တဲ့ခြေလှမ်းတိုင်းမှာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
ဟာ စစ်အုပ်စု ဟင့်အင်း ငြင်းသမျှ ကိုရွှေတံတားခင်းပြီးကမ်းလှမ်းခဲ့ပေါင်းလည်းမနည်းတော့ပါဘူး။
ခုစစ်အုပ်စုစိတ်တိုင်းကျရေးဆွဲထားတဲ့အခြေခံဥပဒေဟာ ပြည်သူကို သတ်မဲ့ ပြည်သူကိုကျွန်သက်ရှည်စေ
မဲ့ လူမိုက်တွေရဲ့လက်နက် ဖြစ်နေတယ် ဆိုတာ ကိုတော့ နိုင်ငံတကာက သုံးသပ် သင့်ပါတယ် ။ ခုတော့
မကူညီပဲနှောက်ယှက်နေတဲ့ အနေအထားတွေ များလွန်းလှပါတယ် ။
ကျမတို့ ကငြင်းနေတာလား စစ်အုပ်စုကငြင်းနေတာလားဆိုတာလည်း လေ့လာကြည့်ကြဖို့ လိုပါတယ် ။။
ကျမ ကအင်္ဂလိပ်စာညံ့လို့  နိုင်ငံတကာ ကိုစာမရေးတက်ပါဘူး ဒါပေ မဲ့ လောဘီ လုပ်နေတဲ့ဆိုတဲ့ ပညာ
ရှင်ကြီးများ ကိုယ်တိုင် က မြန်မာပြည်အရေးကို နိုင်ငံတကာကို တင်ပြတဲ့အခါ ကိုယ်တွေ အလင်းဝင်ချင်
တာနဲ့ ရောပြီး NLD ကိုတော့ ပုံမချလိုက်ကြပါနဲ့ အလင်းဝင်ချင်သူ မြန်မာပြည်ပြန်ပြီးနိုင်ငံရေးဝင်လုပ်ချင်
သူတွေ က ကိုယ့်သမိုင်းကိုယ်ရေးပြီးအေးအေးဝင်သွားပါ ။ နောက်တနှစ်လောက်နေမှထောင်ထဲထဲ့ခံလိုက်
ရမှ ကုန်းအော်အနေနဲ့လို့ တော့ ကျမသတိပေးချင်ပါတယ် ။။ ဒါနဲ့အတူ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒနဲ့ လောဘီ
လုပ်တာလေးနဲ့တော့ ခွဲ ခြားတက် ဖို့ လိုပါတယ် ။
ဘန်ကီမိုး မြန်မာပြည်မသွားခင် ဘန်ကီမိုးကို ဘယ်ကောင်လော်ဘီလုပ် ပြီး ကီးလိုက်လဲမသိ ဘန်ကီမိုး
က ၂၀၁၀ ကို တရားမျှတအောင်လုပ်ပါလို့  သွားပြောပြန်ရော ခုကော ဒီ အဖွဲ့ တွေ ကို ဘယ်သူကလော
ဘီလုပ်လိုက်ပြန်ပြီလဲမသိ NLD ရွေးကောက်ပွဲမ၀င်ရင် စစ်အစိုးရအကြိုက် လုပ်သွားမယ်ပြောပြန်ပြီ ၀င်
ရင် လွတ်လွတ်လပ်လပ် စည်းရုံးခွင့် လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်နဲ့  အာဏာဟာပြည်သူ့ အာဏာပဲ
ဖြစ်ရမယ်လို့ ဘယ်သူတာဝန်ခံပေးမလဲ ၂၅ ရာနှုန်းစစ်တပ်အပြင် ယူနီဖောင်းချွတ်တွေရဲ့ နေရာယူမှု
နောက် NLD လိုက်ရမှာလား ။ဆောရီးပါ ကျမတို့ ပါတီက ခိုင်ခန့် တယ် သတ္တိရှိတဲ့ ပါတီဝင်တွေနဲ့ နှစ်
နှစ်ဆယ်လုံးတောင် ကြံ့ကြံ့ခံနိုင်ရက် နဲ့ ဒီအခြေအနေကျမှ မလျော့တော့ပါဘူး ။ ဒါ့ကြောင်ါ ဘဘဦးဝင်း
တင်ပြောတဲ့စကားကျမ အပြည့်အ၀ထောက်ခံပြီး ယုံကြည်တယ်ဆိုတဲ့အကြောင်း တင်ပြရင်း
အိုင်စီဂျီ ရဲ့သဘောထား ကို လေ့လာကြည့်ပြီး ပြန်လည်တုန့် ပြန်နိုင်ကြစေရန်တင်ပြထားပါတယ် ။။
(International Crisis Group- ICG)
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ခြင်း မရှိပါက ရွေးကောက်ပွဲ ၀င်ရောက်မည် မဟုတ် ဟူသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD၏ သဘောထားသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို တားဆီး နိုင်မည် မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (International Crisis Group- ICG) က
ပြော ဆိုလိုက်သည်။
NLD အနေဖြင့် ယင်းသဘောထားကို ကိုင်စွဲ၍ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင် ခြင်း မပြုပါက နိုင်ငံရေး
ကို စစ်အစိုးရစိတ်ကြိုက်ကစားသွားနိုင်ကြောင်း ICG ၏ သြဂုတ်လ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင် သုံးသပ်
ထားသည်။
NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကမူ ရွေးကောက်ပွဲကို ငြင်းဆိုခြင်း မဟုတ်ကြောင်းနှင့် ပြည်သူ၏ အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။
“ကျနော်တို့က ရွေးကောက်ပွဲကို ငြင်းဆိုတာ မဟုတ်ဘူး၊ ရွေးကောက်ပွဲဟာ ၀င်သင့်တယ်၊တိုင်းသူပြည်သား ရဲ့ဆုံးဖြတ်ချက်ကို ခံရမယ်၊ သို့သော်ရွေးကောက်ပွဲဟာ ဘယ်လို အခြေခံနဲ့ လုပ်တဲ့ ရွေးကောက်ပွဲလဲ၁၉၉၀ နဲ့တော့ယှဉ်လို့မရဘူး၊ကျနော်တို့ ငြင်းပယ် နေတာက ဒီအခြေခံဥပဒေနဲ့ မဖြစ်ဘူး၊ကျနော်တို့ ကန့်ကွက်သင့် ကန့်ကွက် နေတာတောင် ချယ်လှယ်နေတာ သူတို့ဆီ ၀င်သွားတော့ တပည့် အဖြစ် က ရုံပဲရှိမှာပေါ့” ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။
NLDအနေဖြင့်ရွေးကောက်ပွဲကိုမ၀င်ဟုဇွတ်ပြောဆိုနေခြင်းမဟုတ်ကြောင်း၊အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း မရှိဘဲ ၀င်ရောက်ယှဉ်ပြိုင်ပါက အခြေအနေသည် ယခုထက် ပိုဆိုးမည် ဖြစ်ကြောင်း၊ စစ်အစိုးရ အနေဖြင့် အခြေခံ ဥပဒေကို ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း၊ သို့သော်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနိုင်သည့် အနေအထားသို့ရောက်ပါက အားလုံးဆွေးနွေး၍ရကြောင်းလည်း ၎င်း
က ပြောသည်။
“ရွေးကောက်ပွဲ မ၀င်ရလို့ NLD ဘေးမက လို့ အစွန်အဖျားရောက်ပါစေ၊ ကျနော်တို့ ပြောနေတာက ကန့်ကွက် စရာရှိတာ ကန့်ကွက်ရမှာပဲ၊ အခြေခံ ဥပဒေ ပြင်ပါဆိုတာ သက်သက်နဲ့လည်း ပြင်လို့မရ
နိုင်ဘူး၊ ညှိနှိုင်းပွဲနဲ့တော့ ပြင်လို့ရတယ်၊အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ ဆွေးနွေးဖို့ပေါ့ဗျာ”
ဟု ဦးဝင်းတင်က ဆက်လက်ပြော ဆိုသည်။
ICG ၏ ထုတ်ပြန်ချက်တွင်၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်သည့် အတွက် ထွက်ပေါ် လာမည့် ရလဒ်သည် အပြုသဘောဆောင်မည် မဟုတ်သော်လည်း နိုင်ငံရေး အခင်းအကျင်းမှာ ပြောင်းသွားနိုင် ကြောင်း၊ အာဏာ ဆက်လက် တည့်တံခိုင်မြဲရေးအတွက် စစ်အစိုးရက ရွေးကောက်ပွဲကို အသုံးချနိုင်ဖွယ်ရှိသည့် အတွက် အတိုက် အခံ၊ အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာ အသိုင်းအ၀န်းများ အ
နေဖြင့် စစ်အစိုးရက ထိန်းချုပ်၍ မရသော အပြောင်းအလဲ ဖြစ်ရန်အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း
လည်း ရေးသားထားသည်။
၂၀၀၈ခုနှစ်က အတည်ပြုထားသော အငြင်းပွားဖွယ်ရာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ စစ်ခေါင်း
ဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓိက အခန်းကဏ္ဍမှ နေရာယူထားပြီး နောင်လာမည့် စစ်တပ် မျိုးဆက်များ အာဏာ ရယူနိုင်ရန် ယင်းဖွဲ့စည်းပုံကို စီမံထားသည် ဟုလည်း ယင်း ထုတ်ပြန်ချက်က ဆိုသည်။မြန်မာအစိုးရ အနေဖြင့်နိုင်ငံတကာ အသိုင်းအ၀န်း၏ ပစ်ပယ်ထားခြင်းကို အဆုံးသတ်လို ပါက
ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေး၍ ရွေးကောက်ပွဲတွင်
ပါဝင်ခွင့်ပေးရန်၊ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးအရေးယူခြင်းများကို ရပ်တန့်ရန်၊ ကန့်သတ် တား
မြစ်ချက် မရှိ နိုင်ငံရေး ပါတီများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပေး၍ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်
ပေးရန် တောင်းဆိုထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ခဲ့သော စီရင်ချက်သည် မြန်မာပြည်တွင် စစ်အစိုးရ၏ ဖိနှိပ်
မှု များကို ပြန်လည် အာရုံစိုက်မိသွားစေသည်ဟု ICG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ICG အဖွဲ့သည် အစိုးရနှင့် မသက်ဆိုင်သည့် လွတ်လပ်သော အဖွဲ့အစည်း တခုဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အခြစိုက်သည်။
ICG ၏ အမြင်များသည် မြန်မာနိုင်ငံ ပြဿနာအပေါ်ချဉ်းကပ်ရာ၌ ပညာရှင်မဆန်ဟု လွတ်လပ်သောလူ့ဘောင် (OSI) အဖွဲ့က ဝေဖန်ထားသည်။