welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကန့်ကွက် စရာရှိတာ ကန့်ကွက်ရမှာပဲ၊

Saturday, August 22, 2009

''ရွေးကောက်ပွဲမ၀င်ရလို့ NLD ဘေးမကလို့အစွန်အဖျားရောက်ပါစေ

ကျနော်တို့ ပြောနေတာက ကန့်ကွက် စရာရှိတာ ကန့်ကွက်ရမှာပဲ''


ICG ရဲ့ သဘောထားကို ကျမ ပြင်းပြင်းထန်ထန် ဆန့် ကျင်ကန့် ကွက်ပါတယ် အမှန်တကယ်ပဲ ဒီအဖွဲ့ဟာ
ပဋိပက္ခ လေ့လာရေးအဖွဲ့  အနေနဲ့ အပြည်ပြည်ဆိုင်ရာမှာလှုပ်ရှားဆောင်ရွက်နေတယ်ဆိုရင် မြန်မာနိုင်
ငံရဲ့အရေးကို သေသေချာချာမသိရုံမက အပေါ်ယံကြောနဲ့ သုံးသပ် နေတာလို့ ကျမစွပ်စွဲချင်ပါတယ် ။
ကျမတို့ တိုင်းပြည်ရဲ့အရေးမှာ ကုလသမဂ္ဂသည်ပင်လျှင် အမှားတွေ သုံးသပ်ပြီးအကြံပေးတက်ခဲ့လို့ အစိုး
ရမဟုတ်တဲ့သာမာန် အဖွဲ့ အနေနဲ့  မှားယွင်းသုံးသပ်ပြီးအကြံပေးနေတာ သိတ်တော့အပြစ်မဆိုချင်ပါဘူး။
ဒါပေမဲ့ သူများနိုင်ငံရဲ့အရေးကိုစေတနာနဲ့ ဝင်စွပ်ဖက်မယ် ဆိုရင်တောင် အတိအကျခန့် မှန်းပြောဆိုတာ
မျိုးလုပ်ရင် သတိနဲ့လုပ်သင့်ပါတယ် ။
ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့လှမ်းခဲ့တဲ့ခြေလှမ်းတိုင်းမှာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
ဟာ စစ်အုပ်စု ဟင့်အင်း ငြင်းသမျှ ကိုရွှေတံတားခင်းပြီးကမ်းလှမ်းခဲ့ပေါင်းလည်းမနည်းတော့ပါဘူး။
ခုစစ်အုပ်စုစိတ်တိုင်းကျရေးဆွဲထားတဲ့အခြေခံဥပဒေဟာ ပြည်သူကို သတ်မဲ့ ပြည်သူကိုကျွန်သက်ရှည်စေ
မဲ့ လူမိုက်တွေရဲ့လက်နက် ဖြစ်နေတယ် ဆိုတာ ကိုတော့ နိုင်ငံတကာက သုံးသပ် သင့်ပါတယ် ။ ခုတော့
မကူညီပဲနှောက်ယှက်နေတဲ့ အနေအထားတွေ များလွန်းလှပါတယ် ။
ကျမတို့ ကငြင်းနေတာလား စစ်အုပ်စုကငြင်းနေတာလားဆိုတာလည်း လေ့လာကြည့်ကြဖို့ လိုပါတယ် ။။
ကျမ ကအင်္ဂလိပ်စာညံ့လို့  နိုင်ငံတကာ ကိုစာမရေးတက်ပါဘူး ဒါပေ မဲ့ လောဘီ လုပ်နေတဲ့ဆိုတဲ့ ပညာ
ရှင်ကြီးများ ကိုယ်တိုင် က မြန်မာပြည်အရေးကို နိုင်ငံတကာကို တင်ပြတဲ့အခါ ကိုယ်တွေ အလင်းဝင်ချင်
တာနဲ့ ရောပြီး NLD ကိုတော့ ပုံမချလိုက်ကြပါနဲ့ အလင်းဝင်ချင်သူ မြန်မာပြည်ပြန်ပြီးနိုင်ငံရေးဝင်လုပ်ချင်
သူတွေ က ကိုယ့်သမိုင်းကိုယ်ရေးပြီးအေးအေးဝင်သွားပါ ။ နောက်တနှစ်လောက်နေမှထောင်ထဲထဲ့ခံလိုက်
ရမှ ကုန်းအော်အနေနဲ့လို့ တော့ ကျမသတိပေးချင်ပါတယ် ။။ ဒါနဲ့အတူ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒနဲ့ လောဘီ
လုပ်တာလေးနဲ့တော့ ခွဲ ခြားတက် ဖို့ လိုပါတယ် ။
ဘန်ကီမိုး မြန်မာပြည်မသွားခင် ဘန်ကီမိုးကို ဘယ်ကောင်လော်ဘီလုပ် ပြီး ကီးလိုက်လဲမသိ ဘန်ကီမိုး
က ၂၀၁၀ ကို တရားမျှတအောင်လုပ်ပါလို့  သွားပြောပြန်ရော ခုကော ဒီ အဖွဲ့ တွေ ကို ဘယ်သူကလော
ဘီလုပ်လိုက်ပြန်ပြီလဲမသိ NLD ရွေးကောက်ပွဲမ၀င်ရင် စစ်အစိုးရအကြိုက် လုပ်သွားမယ်ပြောပြန်ပြီ ၀င်
ရင် လွတ်လွတ်လပ်လပ် စည်းရုံးခွင့် လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်နဲ့  အာဏာဟာပြည်သူ့ အာဏာပဲ
ဖြစ်ရမယ်လို့ ဘယ်သူတာဝန်ခံပေးမလဲ ၂၅ ရာနှုန်းစစ်တပ်အပြင် ယူနီဖောင်းချွတ်တွေရဲ့ နေရာယူမှု
နောက် NLD လိုက်ရမှာလား ။ဆောရီးပါ ကျမတို့ ပါတီက ခိုင်ခန့် တယ် သတ္တိရှိတဲ့ ပါတီဝင်တွေနဲ့ နှစ်
နှစ်ဆယ်လုံးတောင် ကြံ့ကြံ့ခံနိုင်ရက် နဲ့ ဒီအခြေအနေကျမှ မလျော့တော့ပါဘူး ။ ဒါ့ကြောင်ါ ဘဘဦးဝင်း
တင်ပြောတဲ့စကားကျမ အပြည့်အ၀ထောက်ခံပြီး ယုံကြည်တယ်ဆိုတဲ့အကြောင်း တင်ပြရင်း
အိုင်စီဂျီ ရဲ့သဘောထား ကို လေ့လာကြည့်ပြီး ပြန်လည်တုန့် ပြန်နိုင်ကြစေရန်တင်ပြထားပါတယ် ။။
(International Crisis Group- ICG)
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ခြင်း မရှိပါက ရွေးကောက်ပွဲ ၀င်ရောက်မည် မဟုတ် ဟူသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD၏ သဘောထားသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို တားဆီး နိုင်မည် မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (International Crisis Group- ICG) က
ပြော ဆိုလိုက်သည်။
NLD အနေဖြင့် ယင်းသဘောထားကို ကိုင်စွဲ၍ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင် ခြင်း မပြုပါက နိုင်ငံရေး
ကို စစ်အစိုးရစိတ်ကြိုက်ကစားသွားနိုင်ကြောင်း ICG ၏ သြဂုတ်လ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင် သုံးသပ်
ထားသည်။
NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကမူ ရွေးကောက်ပွဲကို ငြင်းဆိုခြင်း မဟုတ်ကြောင်းနှင့် ပြည်သူ၏ အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။
“ကျနော်တို့က ရွေးကောက်ပွဲကို ငြင်းဆိုတာ မဟုတ်ဘူး၊ ရွေးကောက်ပွဲဟာ ၀င်သင့်တယ်၊တိုင်းသူပြည်သား ရဲ့ဆုံးဖြတ်ချက်ကို ခံရမယ်၊ သို့သော်ရွေးကောက်ပွဲဟာ ဘယ်လို အခြေခံနဲ့ လုပ်တဲ့ ရွေးကောက်ပွဲလဲ၁၉၉၀ နဲ့တော့ယှဉ်လို့မရဘူး၊ကျနော်တို့ ငြင်းပယ် နေတာက ဒီအခြေခံဥပဒေနဲ့ မဖြစ်ဘူး၊ကျနော်တို့ ကန့်ကွက်သင့် ကန့်ကွက် နေတာတောင် ချယ်လှယ်နေတာ သူတို့ဆီ ၀င်သွားတော့ တပည့် အဖြစ် က ရုံပဲရှိမှာပေါ့” ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။
NLDအနေဖြင့်ရွေးကောက်ပွဲကိုမ၀င်ဟုဇွတ်ပြောဆိုနေခြင်းမဟုတ်ကြောင်း၊အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း မရှိဘဲ ၀င်ရောက်ယှဉ်ပြိုင်ပါက အခြေအနေသည် ယခုထက် ပိုဆိုးမည် ဖြစ်ကြောင်း၊ စစ်အစိုးရ အနေဖြင့် အခြေခံ ဥပဒေကို ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း၊ သို့သော်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနိုင်သည့် အနေအထားသို့ရောက်ပါက အားလုံးဆွေးနွေး၍ရကြောင်းလည်း ၎င်း
က ပြောသည်။
“ရွေးကောက်ပွဲ မ၀င်ရလို့ NLD ဘေးမက လို့ အစွန်အဖျားရောက်ပါစေ၊ ကျနော်တို့ ပြောနေတာက ကန့်ကွက် စရာရှိတာ ကန့်ကွက်ရမှာပဲ၊ အခြေခံ ဥပဒေ ပြင်ပါဆိုတာ သက်သက်နဲ့လည်း ပြင်လို့မရ
နိုင်ဘူး၊ ညှိနှိုင်းပွဲနဲ့တော့ ပြင်လို့ရတယ်၊အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ ဆွေးနွေးဖို့ပေါ့ဗျာ”
ဟု ဦးဝင်းတင်က ဆက်လက်ပြော ဆိုသည်။
ICG ၏ ထုတ်ပြန်ချက်တွင်၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်သည့် အတွက် ထွက်ပေါ် လာမည့် ရလဒ်သည် အပြုသဘောဆောင်မည် မဟုတ်သော်လည်း နိုင်ငံရေး အခင်းအကျင်းမှာ ပြောင်းသွားနိုင် ကြောင်း၊ အာဏာ ဆက်လက် တည့်တံခိုင်မြဲရေးအတွက် စစ်အစိုးရက ရွေးကောက်ပွဲကို အသုံးချနိုင်ဖွယ်ရှိသည့် အတွက် အတိုက် အခံ၊ အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာ အသိုင်းအ၀န်းများ အ
နေဖြင့် စစ်အစိုးရက ထိန်းချုပ်၍ မရသော အပြောင်းအလဲ ဖြစ်ရန်အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း
လည်း ရေးသားထားသည်။
၂၀၀၈ခုနှစ်က အတည်ပြုထားသော အငြင်းပွားဖွယ်ရာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ စစ်ခေါင်း
ဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓိက အခန်းကဏ္ဍမှ နေရာယူထားပြီး နောင်လာမည့် စစ်တပ် မျိုးဆက်များ အာဏာ ရယူနိုင်ရန် ယင်းဖွဲ့စည်းပုံကို စီမံထားသည် ဟုလည်း ယင်း ထုတ်ပြန်ချက်က ဆိုသည်။မြန်မာအစိုးရ အနေဖြင့်နိုင်ငံတကာ အသိုင်းအ၀န်း၏ ပစ်ပယ်ထားခြင်းကို အဆုံးသတ်လို ပါက
ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေး၍ ရွေးကောက်ပွဲတွင်
ပါဝင်ခွင့်ပေးရန်၊ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးအရေးယူခြင်းများကို ရပ်တန့်ရန်၊ ကန့်သတ် တား
မြစ်ချက် မရှိ နိုင်ငံရေး ပါတီများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပေး၍ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်
ပေးရန် တောင်းဆိုထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ခဲ့သော စီရင်ချက်သည် မြန်မာပြည်တွင် စစ်အစိုးရ၏ ဖိနှိပ်
မှု များကို ပြန်လည် အာရုံစိုက်မိသွားစေသည်ဟု ICG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ICG အဖွဲ့သည် အစိုးရနှင့် မသက်ဆိုင်သည့် လွတ်လပ်သော အဖွဲ့အစည်း တခုဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အခြစိုက်သည်။
ICG ၏ အမြင်များသည် မြန်မာနိုင်ငံ ပြဿနာအပေါ်ချဉ်းကပ်ရာ၌ ပညာရှင်မဆန်ဟု လွတ်လပ်သောလူ့ဘောင် (OSI) အဖွဲ့က ဝေဖန်ထားသည်။

0 comments: