welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဒီပဲယင်း ဖြစ်စဉ်ကကဲ့သို့ရာဇာလီအစ္စမေး(လ်)ကို မျော်သလို မမျော်မိကြဖို့ 

Friday, May 29, 2009

မနက် ဖန် ဒီပဲယင်းနှစ်ပတ်လည် နေ့ နော် - အန်တီစု က အာရုတော်ဝင်ဆေးရုံတက်ရစဉ် က ပြောဖူးတယ်
ဒီပဲယင်းမှာဝါးရင်းဒုတ်နဲ့ ရိုက်တဲ့သူတွေကိုအရေးမယူပဲ နဲ့  ကျမဆေးရုံတက်နေရလို့ ကလေးတွေ က
ပန်းစည်းကိုင်ပြီး ဆုတောင်း နေတာ ဖမ်းရဲရင်ဖမ်း လိုက် ပါ
--ဆိုပြီး ကျမတို့ ကို အကာအကွယ်ပေးခဲ့ တယ် ။
ခေါင်းဆောင် ကို ဘယ်သူတွေအကာအကွယ်ပေးမလဲ?

ဒီကိစ္စ ကို ကျမ ကိုဆောင်းပါးရေးတင် ပါ အမ ဆိုပြီး ပြည်ပရောက် NLD မြို့ နယ် လူငယ် တစ်ယောက် က
ပြောဖူးတယ် ခုလည်းပါတီလူငယ်တစ်ချို့ က အာရှတော်ဝင် မှာလှုပ်၇ှားခဲ့တဲ့အဆင့်တောင်မရောက်ဘူးအမ
ရေ နည်းနည်းပါးပါး ရေးပါဦးဆို လို့  ကျမ တစ်နာ၇ီအတွင်းသတိရသလောက် ရေးချလိုက်ပါတယ်။
ကျမကလည်းစာရေးသာမကောင်းတာ ရေးလိုက်ပြီဆိုရင် အားမနာလျှာမကျိုး ရေးတက်တဲ့အကျင့်ရှိလေ
တော့ မရေးရင်လည်းမရေးတာကောင်းတယ် ရေးမယ် ဆိုရင်တော့ ---ဒီလိုပဲပေါ့

ဒီပဲယင်း ဖြစ် ပြီဆိုတာနဲ့  ကျမ ညတွင်းချင်း သမိုင်း ဘုရားလမ်း အဆောင်ကနေ မြို့ ထဲ က ရဲဘော်တွေဆီ
ပြေးထွက်ခဲ့တယ် တို့ တစ်တွေဘာလုပ် ကြမလဲပေါ့ ။ ပါတီမှာ သိတ် တက်ကြွပြီးအရည်အသွေးရှိတဲ့လူငယ်
တွေကို ၂၀၀၂ နှစ်ကုန် ကျမ ထောင် က ထွက်တော့ ရင်းနှီးခွင့်ရပြီး စုစည်းမိခဲ့ကြတယ် ။ သူတို့ တွေ ကျမ
ထက် ပညာတက်တယ် အတွေးအခေါ်ကျမထက် ရှေ့ကိုသွားနေတယ် တကယ့်ကို အမြင်ကျယ်တဲ့ လူငယ်
တွေပါ ။အတွေ့အကြုံနဲ့ ကျော်ဖြတ်မှု များတဲ့ကျမ ကို သူတို့  ဦးဆောင်ခွင့် အမြဲလို ပေးခဲ့ကြတယ် ။ အဲဒီ့လူ
ငယ်အားလုံးဟာ မြို့ နယ်ခေါင်းဆောင်တွေကြည့်ပါ ။

ဒီတော့ ဒီအင်အားရှိတယ်ပေါ့ - တို့ တစ်တွေထွက်တိုက်မှရမယ် ဆိုတာ တစ်ပြိုင်နက် တွေးမိ ခံစားမိပြီး
မနက် ကို တစ်နေရာမှာ မီတင်ခေါ်လိုက် ကြတယ် အဲဒီ့မှာကျမတို့ ခြေလှမ်းတွေကို တွန့် သွားစေမဲ့ ကိစ္စ
ရပ်တစ်ခု လူငယ်ထုထဲကို တစ်ယောက်က ပစ်သွင်းလိုက်တယ် ဘာလဲဆိုတော့ - ၂၀၀၃ ဇွန် ၆ရက်နေ့ 
ကို ရာဇာလီအစ္စမေး မြန်မာပြည်ကိုလာမယ်
အန်တီတို့ တို့ ကို ရိုက်နှက်ဖမ်းဆီးထားတဲ့ကိစ္စ ဖြေရှင်းမှာ
အသေအချာပဲ လူငယ်တွေကျွံလို့ မှားသွားရင် အင်တာနေရှင်နယ် က ၀င်မဲ့ကိစ္စ ထိခိုက်သွားမယ် ရာဇာလီ
ကိုစောင့်ပါဦးတဲ့ အဲလိုတားတဲ့သူက စေတနာပါပါတယ် ခုထောင်ထဲ ရောက်နေလို့ သူ့ နာမည်တော့
မဖေါ်ပြတော့ပါဘူး သူလည်းထင်ခဲ့မိတာကိုး

ဒီလို ဒါ့ကြောင့် ရယ် ကျမတို့ ခေါင်းဆောင်အရိုက်အနှက်ခံ အလုပ်ကြံ ခံရတဲ့ကိစ္စအပေါ်မှာ အင်တာနေ
ရှင်နယ် ကိုစောင့်ခဲ့လို့ အလွဲကြီးလွဲခဲ့ဖူးပါတယ် ။အဲဒီ့လူငယ်တွေ မတိုက်ရဲပါဘူးကွာ လို့ မပြောနဲ့ ခု သူတို့ 
အားလုံးနီးပါး နှစ်နှစ်ဆယ်ကျော် ထောင်ကျသွားခဲ့ကြပါပြီ ။


ရာဇာလီကို ဇွန် ၆ ဘာများလုပ်ပေးမလဲ စောင့် တာ ၂၀၀၃ ဇွန် ၆ သာကျော်သွားတယ် --

"ရာဇာအစ္စမေး(လ်)ရန်ကုန်ရောက်နေပြီ

ရာဇာလီအစ္စမေး(လ်) ဘန်ကောက်ရောက် နေပြီ

ရာဇာလီအစ္စမေး(လ်) အမေရိကရောက်နေပြီ
ဆိုပြီး ထောင်ထဲ ကနေ မျော်နေကြ ကြားနေကြရပုံ (ပြီးတော့ ဘာမှမဟုတ်တာကို) ဟာသနှောပြီး
ကိုမင်းကိုနိုင်ပြောသလိုပါပဲ

ကျမတို့ လည်း သွေးပူနေတုန်း အင်အားကို အင်တာနေရှင်နယ်အားမျော် ပြီးထိမ်းလိုက်မိလို့  ဒီပဲယင်း
ကိစ္စ ဘာမှဖြစ်မလာခဲ့ရပါဘူး ။ လူငယ်ဆိုတော့ နည်းလမ်းရှာပြီးတော်လှန်ဖို့ ပဲ စဉ်းစားခဲ့ကြ တာပေါ့။
တို့ လူငယ်တွေဘာလုပ်ကြမလဲ စည်းဝေးလိုက်တော့ သန်းရွှေကိုစာပို့ မယ် ပါတီလူငယ်တွေရသလောက်
စုပြီးလက်မှတ်ထိုးမယ် ဆိုတဲ့ဆုံးဖြတ်ချက် ကျတယ် ။

ကျမသတိထားမိသလောက်တော့ ဒီလောက်ခက်ခဲကြပ်တည်းနေတဲ့အချိန်မှာ ကျမတို့ ပါတီလူငယ်
အင်အားသာ လမ်းမပေါ် ဘုရားပေါ်လက်ဖက်ရည်ဆိုင်တွေမှစုဖွဲ့ မှု ရှိခဲ့တာပါ ။
သန်းရွှေဆီစာပို့ ရတဲ့အခက်အခဲကို ခု အမေရိကရောက်နေတဲ့ ကမာရွတ်လူငယ်တာဝန်ခံတစ်ဦးဖြစ်တဲ့
ကိုစိုးသန်း ဆိုမေ့နိုင်မှာမဟုတ်ပါဘူး။ကျမကမှတ်ပုံတင်မရှိဘူး သူ့ မှတ်ပုံတင် နဲ့စာတိုက်ကြီးမှာနှစ်ယောက်
Register လုပ်ရတာရင်ထဲမှာတော့တဒိတ်ဒိတ်ရယ်နဲ့  အဲဒီအချိန် မှာ ထောင်ထွက် နှစ်ယောက်ဖြစ်တဲ့
ကိုစိုးသန်းနဲ့ ကျမ ဟာ ကံမကောင်းရင် ဒီနေရာကနေပဲ ထောင်ထဲပြန်ဝင်ရမယ် ဆိုတာ နားလည်ပြီး
သားပါ။ စာတိုက်ဝန်ထမ်း က စာကိုယူပြီး ချက်ချင်း Register မလုပ် ပေးပဲစောင့်ခိုင်းပြီး အထဲဝင်
သွားတော့ ကျမ ခေါင်းနည်းနည်းကြီးသွားပါတယ် စိုးသန်းစိတ်ထဲ မှာလည်း ကျမလောက် မဖြစ်ရင်
တောင် စိုးရိမ်မှုတော့ ရှိနေမှာပါ ။ ဒါဟာ ဒီပဲယင်းဖြစ် ဖြစ် ပြီးချင်း ပါတီလူငယ် တွေရဲ့ပထမဆုံး
လှုပ်ရှားမှုစလိုက်တာပါ လူငယ်တွေက ထင်တာထက် စည်းရုံးကြပါတယ် ရန်ကုန်တတိုင်းလုံးအပြင်
ဧရာဝတီ။ပဲခူး တို့ ကပါ ဆက်သွယ်လာပြီး ကုလသမဂ္ဂအတွင်းရေးမှုး မစ္စတာကိုဖီအာနန် ဆီစာပို့ 
တယ် ။ အာစီအမ် အဖွဲ့ ကိုစာပို့ တယ် ။ အေပတ် အစည်းအဝေးကိုစာပို့ တယ် ။

သာမာန် စာမဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည် ကိုဒီပဲယင်း မှာလုပ်ကြံမှုကိုအရေးယူပေးဖို့ တင်ပြတဲ့
လူငယ်ထုလက်မှတ်တွေနဲ့ စာတွေပါ ။ ဒီလှုပ်၇ှားမှုတွေအားလုံးအတွက် အများဆုံးတာဝန်ယူဆောင်ရွက်ခဲ့
သူတွေထဲမှာ ခုထောင် ၂၀ နှစ်နဲ့အထက် ကျနေတဲ့ ကိုသူရိန်အောင် နဲ့ကိုကျော်ကျော် ပါ ဒါ့အပြင် ပါတီလူငယ်
အဟောင်းထဲက ရံရွှေလည်းတက်တက်ကြွကြွ ပါဝင်ဦးဆောင်ခဲ့ပါတယ် ။

ဒီလိုအမြဲတစေ လှုပ်ရှားမှု အတွက်ပြင်ဆင်နေတဲ့ လူငယ်တွေ ရဲ့နှလုံးသားထဲကို ဒေါ်အောင်ဆန်းစုကြည်
အာရှတော်ဝင်ဆေးရုံတက်ရတဲ့သတင်းဆိုးဝင်လာပါတော့တယ် အားလုံးလိုလိုမျက်ရည်တွေစို့ လို့  ရယ်ပေါ့ ။
ကျမချက်ချင်းအာရှတော်ဝင် ဆေးရုံကိုပြေးတော့ ဟုတ်နေပါသည်။ဒေါက်တာတင်မျိုးဝင်း အန်တီ့ကိုခွဲစိတ်ပြီး
Major Operation ဖြစ်ပြီး သုံးနာရီလောက်ခွဲစိတ်လိုက်ရတယ် ဆိုတဲ့အကြောင်း သတင်းစာရှင်းလင်းဖို့ 
ဆင်းလာချိန်မှာ ကျမနဲ့အတူလူငယ်အနည်းငယ် သာရှိတာ ကျမရင် ထဲအတော်နာကျင်သွားခဲ့ပါတယ် ။
(အာရှတော်ဝင်ဆေးရုံရှေ့မှာ အန်တီ့အမှာစကား ဒေါက်တာမှတဆင့်)

ကိုယ့်ခေါင်းဆောင်တစ်ယောက်လုံးခွဲစိတ်နေရချိန်မှာပါတီ က ရန်ကုန်တတိုင်းလုံးတော့အနည်းဆုံးရှိနေသင့်
ပါတယ် ။ ထားပါတော့ သတင်းအဆက်ပြတ်တယ်ပဲ ဒါပေမဲ့  နောက်နေ့ နောက်နေ့ တွေမှာရော--------?
ဒါ့ကြောင့် ကျမ တို့  အာလိန်ငါးဆင့် ဘုရားမှာ မီတင်ထိုင်ပြီး ဆန္ဒပြ ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ဆန္ဒပြတယ်
ဆိုတာဒီမိုကရေစီရဲ့ လေးနက်တဲ့အနှစ်သာရတစ်ခုပါ ။အန်တီဆေးရုံတက်ရတဲ့အတွက် အန်တီ့အတွက်
ဆုတောင်းနေတယ် ဆိုပြီး မြို့ နယ်လူငယ်တာဝန်ခံ ၂၀ နီးပါးဟာ မြေကြီးမှာ တင်ပလ္လင်ခွေ ထိုင်ပြီး
Silence Strike လုပ်ခဲ့ကြပါတယ။

အဲဒီမှာ ပါတီရဲ့တိုင်းတာဝန်ခံဆရာဝန်တစ်ယောက်ရောက်လာပြီး ကျမ ကို တားပါတယ်။ဒီ့အပြင် အောက်ဗမာ
ပြည်လူငယ်တာဝန်ခံအဟောင်း ကိုခင်ထွန်း ဆိုသူ (စစ်အုပ်စုကိုကျနော်တို့ အစိုးရပါလို့ အင်တာဗျူးလုပ်သွားခဲ့တဲ့)
က ကျမ ကို ပါတီ က အရေးယူရလိမ့်မယ် လုပ်ပိုင်ခွင့်မရှိပဲလုပ် လို့ ဆိုပြီး “ဆန္ဒပြတာပဲ လုပ်ပိုင်ခွင့်လိုသေးလားရှင်”

အဲဒီ့မှာ တစ်ချို့  ရုံးဝန်ထမ်းသဖွယ် ပါင်္တီ မှာရှိနေသူတွေ နောက်ဆုတ်သွားပါတယ်။ လူငယ်အမျိုးသမီး
အသစ်တစ်ချို့ ကျမ ကိုအတိုက်အခံလုပ်လာပါတယ် အန်တီကခွဲစိတ်ထားတဲ့ဒဏ်ရာကြီးနဲ့ ကို အန်တီပို ပြီး
စိတ်ထိခိုက်အောင်ကျမ်းမာရေးထိခိုက်အောင်မလုပ်သင့်ဘူးဆိုတဲ့အသံတွေ မျိုးစုံထွက်လာပါတယ် ။

(ကလေးတွေကိုတော့ နိုင်ငံရေးနားမလည်လို့ ပဲလေလို့ ကျမနားလည်ပေးပြီး) အရေးယူမယ်ဆိုတဲ့ လူငယ်
ခေါင်းဆောင် နာမည်ခံသူတွေ ကိုတော့ကျမ ဂရုကိုမစိုက် ခဲ့ပါဘူး “ပြီးမှပါတီက ထုတ်ထုတ်လေ ခုပွဲဖြစ်
အောင်လုပ်မယ်” ဆိုတဲ့စိတ်ပိုင်းဖြတ်ပြီး အာရှတော်ဝင်ရှေ့ ကဆန္ဒပြ မှု ကို ဆက်လုပ်ခဲ့ကြပါတယ် ။

အာဏာပိုင်တွေဘာလုပ်ရမှန်းမသိပါဘူး ။ဒေါက်တာတင်မျိုးဝင်းကိုညှိပါတယ် မလုပ်ကြဖို့ ပေါ့ ဆရာက
အန်တီ့သဘောထားမေးတော့ ကလေးတွေခုလို ဆုတောင်းဆန္ဒပြုနေတာ အန်တီထောက်ခံတယ်
ပြောပစ်လိုက်ပါတယ် ။ကျမတို့လည်းတနေ့ ထက်တနေ့ အဆင့်တိုးပြီး မတ်တပ်ရပ် အန်တီ့ ဓါတ်ပုံကိုင်
စာတန်းတွေရေးပြီး ကိုင်တာမျိုးတွေတိုးလုပ်လာခဲ့ပါတယ်။

အင်အားတွေလည်းတနေ့ ထက်တနေ့ ပိုပို တိုးလာခဲ့ပါတယ် ကျမတို့ ဆုတောင်းရာမှာကိုင်ထားတဲ့ပန်း
တွေကိုဒေါက်တာတင်မျိုးဝင်းက လာယူသွားပြီး အန်တီ့ဆီပို့ ပါတယ် အန်တီက ကျမတို့ နဲ့ အတူရောက်
လာတဲ့ပရိတ်သတ်ကိုမုန့် တွေ ပြန်ပို့ ပေးပါတယ် ။

အာရှတော်ဝင်ဆေးရုံ ရှေ့ လမ်းမက ကားတန်းတွေ ကကျမတို့ ကိုအားပေးခဲ့ကြတယ် တစ်ချို့ အစိုးရ
အရာရှိအရာခံတွေရဲ့ထောက်ခံမှုတောင်ကျမတို့ ရခဲ့ ပါတယ်။ ဒါကို လန့် ဖြန့် နေတဲ့အာဏာပိုင်တွေက
အချုပ်ကားကို မလှမ်းမကမ်းမှာရပ်ပြီး ဖမ်းမယ် ဆီးမယ်ခြိမ်းခြောက် လူစုခွဲခိုင်း ဆေးရုံပေါ်မှာရှိတဲ့
အန်တီကတဆင့်တားမြစ်ခိုင်းတာလုပ်တဲ့အခါ
“ဒီပဲယင်းမှာဝါးရင်းဒုတ်နဲ့ ရိုက်တဲ့သူတွေကိုအရေးမယူပဲ နဲ့  ကျမဆေးရုံတက်နေရလို့ ကလေးတွေ
က ပန်းစည်းကိုင်ပြီး ဆုတောင်း နေတာ ဖမ်းရဲရင်ဖမ်း လိုက် ပါ”
လို့ အန်တီ ပြောတဲ့အခါ ထောက်လှန်း
ရေးတွန့် သွားတော့တာပါပဲ။

ကျမတို့ ရဲ့တာဝန်ယူမှုတာဝန်ခံမှုကို ဒေါက်တာတင်မျိုးဝင်းရော ဒေါ်အောင်ဆန်းစုကြည်ပါ ရပ်တည်ပေး
ခဲ့ကြတာနမူနာ တစ်ခုအနေနဲ့ ကျမတင်ပြတာပါ။ကျမတို့ တတွေပြည်ပကနေ အလကားတွန်းအားပေး
ပြီးအော်နေတာ မဟုတ်ပါဘူး ကျမ တို့ ကျော်ဖြတ် ခဲ့ ကျမ တို့  ကိုယ်တိုင် ဦးစီးဦးဆောင်လုပ်ပြီး ထောင်
နှုတ်ခမ်းတွေ နင်း ခဲ့တဲ့အတွေ့ အကြုံတွေ အရ စည်းလုံးခြင်းရဲ့အင်အားရယ် နောက်ပြီး သိတ်တွေးတက်
်ကြောင်တက်တဲ့သူတွေကြောင့် ရာဇာလီအစ္စမေး(လ်) ကိုမျော်သလို မျိုးနောက်ကျခဲ့ရတာတွေရှိသလို
ပါတီထဲ က ဓါးလှံတွေ နေရာမတ်သူတွေ ရဲ့ ထိမ်းချုပ်မှုအောက်မှာ ကျမတို့ ပန်းတိုင်နဲ့ ရည်ရွယ်ချက်
ပျောက်သွားလို့ မဖြစ်ပါဘူး။

နောက် ထပ်တစ်ခုပြောချင် တာက ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်ကိုသိတ်ယုံတယ်သိတ်ကိုအားကိုး
တယ် လူငယ်ကို ဘယ်တော့ မှမကျွံ နဲ့မပြောဘူး စေတနာမှန်ရင် ညွှန်ကြားချက်
တောင်းစရာတောင်မလိုဘူးဆိုတာ ၁၉၉၆ ဒီဇင်ဘာလ ၄ ရက်နေ့  က ပါတီရုံးမှာ လူငယ်အားလုံးကို
စုရုံးစေပြီးပြောခဲ့တယ် ပြောဖြစ် တဲ့အကြေင်းရင်းကလည်း ၁၉၉၆ ကျောင်းသားဆန္ဒပြမှုမှာပါတီလူငယ်
ကျမတို့ အနေဲ့ ပါဝင်သင့်မသင့် ညွှန်ကြားချက်တောင်းမိလို့  “အလုပ်မလုပ်ချင်ရင်ညွှန်ကြားချက်ကို
တောင်းကြတယ်” “ ဗိုလ်ချုပ်တို့ လက်ထက် က လူမိုက်အလိုရှိတယ်”
ဆိုတာ ကိုသာဓက
ပြပြီးပြောခဲ့တယ် လူမိုက်ဆိုတာ တိုင်းပြည်အတွက် မိုက်မိုက်မဲမဲ အသက်ပေး ရဲတာမျိုး ကိုဆိုလိုတာပါ ။

ဒါကြောင့် ပါတီလူငယ်ကောကျောင်းသားလူငယ်တွေကိုပါ လူငယ်ဘ၀ဟာရဲရင့်ဖို့  တက်
ကုန်လွှင့်ဖို့ အသင့်ဆုံးအချိန်ပါ ။ကျမတို့ လည်း မိုက်မိုက်မဲမဲတက်ကုန်လွှင့် ခဲ့ကြတာပါပဲ အပြင်ကနေရေး
ပြောနေလို့  မင်းတို့ လာလုပ်ပါလား ပြောရင် ဆောရီးပါ ကျမ တို့  ကျောင်းသားဘ၀ ပြောက်ကျား နည်း
ပါတီဝင်ဘ၀ မှာလည်း အဟိံသ နည်း တွေ လုပ်ခဲ့ပြီးပြီ ထောင်ကျတာနဲ့အချုပ် ဘ၀တွေ အကြိမ်ကြိမ် ရှိပြီး
နေလို့  မျိုးဆက်သစ်တွေကိုလည်း တိုက်တွန်းတယ် အားပေးတယ် လုပ်သင့်တဲ့ပုံစံတွေ ပြောပြပါတယ်။

ဆရာတော့မဟုတ်ခေါင်းဆောင်းလည်းမဟုတ်ပါဘူး ကျမတို့ ကိုယ်တိုင်လည်းတာဝန် လုံးဝမကြေသေးဘူး
ဆိုတာသိနေပါတယ် ။ဒါကြောင့် မျိုးဆက်သစ်တွေကိုပဲ ကျမ တို့ အားကိုးပါရစေ ရဲရင့်တက်ကြွပြတ်သား
ထက်မြတ်ကြပါ ထောင်ဆိုတာ မင်းဆိုးမင်းညစ်အုပ်ချုပ်တဲ့တိုင်းပြည်မှာ သူရဲကောင်းတွေရဲ့ပြတိုက်ပါပဲ။
ရာဇာလီကိုမျော်သလို ဘန်ကီမိုး တို့ အိုဘားမား တို့ ကိုမမျော် ပါနဲ့  ခေတ်တခေတ်မှာ သူရဲကောင်း
တစ်ယောက်ပဲ ထွက် တဲ့ကျမတို့ တိုင်းပြည်ရဲ့ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် မနက်ဖန်
ဒီပဲယင်း(၃၀) ကို ပြန်လည်စိန်ခေါ်တဲ့အနေနဲ့  တစ်နိုင်ငံလုံး စုရုံးကြပါ။အန်တီကလေ လူငယ်တွေ
ဘာများလုပ်နေလဲ ညမအိပ်နိုင်ပဲတွေးနေတာ သူမျော်လင့်တာ အနာဂတ်ကို ပိုင်တဲ့ လူငယ်တွေရဲ့
ကြွေးကျော်သံ နဲ့  အာဏာရှင် ကို ဖြုတ် မဲ့ လူငယ်ထု လက် ပဲ -- ဒီနှစ်ဟာ ကျမတို့ အတွက် စနစ်ပြောင်း
တော်လှန်ရေးအပြီးသတ်ရမဲ့နှစ် ဖြစ်မှာအသေအချာပါ ။

အာရှတော်ဝင် ရှေ့ ဆန္ဒပြမှုကို တာဝန်ယူရေးသားပါသည်
မေအိခင်(လယ်ဝေး)

0 comments: