welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အလုပ်သမားအဖွဲ့ ချုပ်ကြီးပေါ်ပေါက်လာစေရန် နှင့်

Tuesday, January 8, 2013

                             အလုပ်သမားရေး ဆောင်ရွက်သူများ ပဉ္စမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ
မြန်မာနိုင်ငံတွင် အလုပ်သမားရေး ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများ အလုပ်သမားသမဂ`ဂများဖြစ်မြောက် လာရန် ကူညီဆောင်၇ွက် နေသသည့်အဖွဲ့ များ မှ အလုပ်သမားပြဿနာများ အငြင်းပွါးမှုများ ဖြေရှင်းနိုင်ရန် အလုပ်သမားအဖွဲ့ ချုပ်ကြီး ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကွန်ယက် တစ်ခု အနေဖြင့် စုပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းနေကြသည်မှာ အဖွဲ့  ၁၀ဖွဲ့  သဘောတူညီမှုရရှိနေပြီဖြစ်သည်။ ပူးပေါင်းဆောင်ရွက်လိုသည့် အလုပ်သမားရေးဆောင်ရွက်သည့်အဖွဲ့ အဖွဲ့ အစည်းများ မိမိတို့ နှင့်ဆက်သွယ်နိုင်ပါသည်။

Tuesday, January 1, 2013

ဘဘဦးတင်ဦး နှင့် ကျမ သမီးငယ်လေးနှင့် အမှတ်တရ


အရှေ့ဒီမော ၀န်ကြီးကတော် နှင့်အတူ (၁၂-၁၂-၂၀၁၂)

Saturday, December 15, 2012


မြန်မာအရေးကို အင်မတန်ကူညီချင်တဲ့ သြစီ လွှတ်တော်အမတ်နှင့် အတူ


မြန်မာနိုင်ငံဖွံဖြိုးရေးကို ဆောင်ရွက်မဲ့ နိုင်ငံအတော်များများရဲ့ အစိုးရ အဖွဲ့ တွေ ထဲ မှာ ပါတဲ့အမျိုးသမီး ၁၃ဦး နဲ့  ကျမတို့ 

မြန်မာနိုင်ငံဖွံဖြိုးရေးကို ဆောင်ရွက်မဲ့ နိုင်ငံအတော်များများရဲ့ အစိုးရ အဖွဲ့ တွေ ထဲ မှာ ပါတဲ့အမျိုးသမီး ၁၃ဦး နဲ့  ကျမတို့  ၁၂-၁၂-၂၀၁၂ မှာ ပတ်ရွိုင်ယာ ဟော်တယ်မှာ တွေ့ ဆုံခဲ့ပါတယ် ။

တိုင်းပြည်မှာ နောက်ပြန်လှည့်နိုင်တဲ့ အခြေအနေတွေ ဖြစ်နေ

တယ် ။ နိုင်ငံ တကာကလည်း တွေ့ ကြဆုံကြမယ်လို့ ဆွေးနွေးပြီးသားမို့  စိတ်ထဲ အရင်လို မတက်ကြွခဲ့ပါဘူး။ ကိုယ့် ကို အရင်တစ်ကြိမ်တွေ့ ဖူးတဲ့ သြစီဝန်ကြီးအဖွဲ့ ရဲ့ မိတ်ဆက်ပေးမှုကြောင့် ကျမအဖွဲ့ ကို ဖိတ်ကြားခဲ့ပေမဲ့ ကိုယ်တစ်ဖွဲ့ ထဲ တွေ့ တာထက် အကျိုးပိုထူးနိုင်တဲ့ (ပညာရေး- မြန်သန္တာစိုး )(ကျမ်းမာရေး ဒေါက်တာတင်မျိုးဝင်းရဲ့ တပည့်ရင်းများဖြစ်သော ဆရာဝန်မလေးအိမွန်ထိုက်။ဆရာဝန်မလေးရှန်သွန်း။) (အလုပ်သမားရေး လုပ်ဆောင်သူ၈၈မျိုးဆက် မှ မမာမာဦး)(လယ်သမားရေး ဆောင်ရွက်သူAFFM မှ မအေးသီခိုင် )စတဲ့ ကျမနဲ့ ရင်းနှီး ပြီး တိုင်ပင်မှုလေးတွေ ရှိခဲ့ကြတဲ့ တကယ်လည်းလူထုထဲ အကျိုးပြုတွေ လုပ်နေတဲ့ အဖွဲ့ အစည်းတွေ ကိုကိုယ်စားပြုတဲ့ ညီအမ တွေ ကို ခေါ်သွားပြီး ဒီမီတင် ကို လုပ်ဖြစ်တယ် ။ သူတို့  လာရောက်ရခြင်းကတော့ ကျမတို့ တိုင်းပြည် က ဒီမိုကေ၇စီလမ်းကြောင်း ကို လျောက် နေ တယ်လို့  ယုံကြည်လို့  ကျမတို့ နဲ့ အတူ တိုင်းပြည်ဖွံ့ ဖြိုးရေးကို ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ ရည်ရွယ်ချက်ပါ ။ ကျမတို့ တွေ ထဲ ကသက်ဆိုင်ရာကိုယ်စားလှယ်တွေ ကလည်း ထိထိမိမိ ဆွေးနွေးတင်ပြနိုင်ကြပါတယ်

မြန်မာပြည်သို့  Gender လာပြီ

Friday, November 9, 2012

အလုပ်သမားရေးကို အဖွဲ့ မတူပဲ တသဘောထဲ ဆောင်ရွက်နေတဲ့  နိုင်ငံရေးလောကက ထောင်ထွက် မိန်းမ သုံးယောက်ဖြစ်တဲ့ မမာမာဦး (၈၈ အဖွဲ့ ) မစုစုနွေး (ကိုယ်တိုင် ForceLabour အခိုင်းစေခံရတဲ့အတွက် အာဏာပိုင်ကို အံတုခဲ့သူ) နဲ့ ကျမ မအိရွှေစင်ညွန့်  တို့  ဒီ၂ရက်
အတွင်း NGO တွေ အခြား CBO တွေ အမျိုးသမီးစွမ်းဆောင်ရှင်တွေ ပညာတက် နယ်ပယ်အသီးသီးက အမျိုးသမီးတွေ တိုင်းပြည်အတွက် ရည်ရွယ်ချက်ကောင်းတွေ နဲ့  မိမိကိုယ်ကိုယ်လည်းအရည်အသွေးမြှင့်ဖို့ ကြိုးစားနေတဲ့ ညီမငယ် -ကျမသမီးအရွယ်လေးတွေ နဲ့  ကျားမတန်းတူညီမျှမှုနဲ့  စီးပွါးရေး Workshop မှာ ဆွေးနွေး ဖြစ်ကြတဲ့ အခါ --- ကျမတို့ တိုင်းပြည်ဟာ အမိ မြန်မာပြည်ဆိုတာ ကို ပဲ ပြုံးပြီး နေခဲ့တာတွေ ကများပါတယ် ။ ရလဒ်ကောင်းတွေ အများကြီး ရှိတဲ့ အတွက် ဒီ Workshop ကို တက်စေ့ချင်လို့  စာရင်းပေးသွင်းခဲ့တဲ့ ILO မှ Mr.Ross ကို လည်း အများကြီးကျေးဇူးတင်ပါတယ် ။