တကယ်လိုအပ်နေတဲ့ကလေးပညာသင်ကျောင်း သို့  ကိုမိုးသီး သွားရောက် လေ့လာ
Posted by LRDP at 6:20 PM 0 comments
မတူရင်မတုနဲ့  (၁၀)နှစ်
Tuesday, May 10, 2011
မရေးဘူးလို့ စိတ်ကိုထိမ်းချုပ်ထားပါတယ် ။ ကိုယ်ယုံကြည်တဲ့ခေါင်းဆောင် ကိုစော်ကားနေတဲ့ကိစ္စ သူ့ ရာဇ၀င်နဲ့
သူပဲလေ လို့  ဘာအစဉ်အလာမှ မရှိတဲ့သူရဲ့ တစ်ကျပ် တစ်မတ် တိုက်ကွက်ပဲ ဆိုတာ ကျမ တို့ ကြား သတ်
မှတ်ပြီးသားမို့  နေပါစေ လို့ ထားလိုက်တော့မလို့ ပါ ။ ဒါပေမဲ့ ကျမ ပါဝင်တဲ့ အများစု မေး(လ်) ဂရုထဲ ကို
ဒီည ကိုလွဏ်းဆွေကိုယ်တိုင်ထပ်ပို့ လာတာတော့သူရဲ့အဲဒီအမြင်တွေကြောင့်ဆူညံပေါက်ကွဲသံတွေနဲ့ အက်ကြောင်း
ဖြစ်ခဲ့ရတဲ့ အင်အားတရပ် အဲဒီအင်အားထဲ က သူကိုလက်ခံနိုင်သူလက်ခံ ဒါပေမဲ့ လုံးလုံး လက်မခံနိုင်တဲ့
ကျမ ကိုစော်ကားလိုက်သလို ခံစားရပါတယ်။ ခြေလက်အေးစက်ပြီး လူသတ်ချင်စိတ်တောင်ကျမဖြစ်မိ
တယ် ဒါလည်း မောင်လွဏ်းဆွေ ရဲ့ တိုက်ကွက် တခု ဆိုတာ သိကိုသိပါတယ် ဒီတော့လည်း ရဲဘော်တွေကြား
ပြောနေကြ စကားလို --- အမုန်းမခံဘူးဟေ့ --ယုန်သူငယ်နှာစေးလိုက်ဦးမယ် - ကွယ်ရာမှာဆဲပြီး တွေ့ ရင်
မင်းအဖေ နေကောင်းလား ဆိုတာ အိရွှေစင်ညွန့် တော့ တသက်လုံးမကျင့်သုံးဖူးလို့  ရန်သူအကြိုက်လိုက်တဲ့
သူတွေ မုန်းချင်မုန်းပါစေ သူတို့ ချစ်တာခင်တာခံနေရရင် ကိုယ်တောင် သိက္ခါ မဲ့သေး လို့ တွေးပြီး ကိုလွဏ်းဆွေ
ရေ မတူရင် မတုပါနဲ့ လို့  ပြောပါရစေ --
ကျော်ဖြတ်တာခြင်း ယုံကြည်ချက်ခြင်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရမှုခြင်းတူတဲ့သူတွေသာ ကိုယ်ချင်းစာနားလည်ပေးနိုင်
မဲ့အခြေအနေအရပ်ရပ် မို့  လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရ ကျော်ဖြတ်နေရ လှုတ်ရှားနေရတာကို
ကိုယ့်စိတ် ကိုယ့် ခန္တာ ကိုယ့်အသက် နဲ့ ကိုယ်ချင်းစာပြီး ကျမတို့ နားလည်ခံစားနိုင်တယ် ။ဒေါက်တာလွဏ်းဆွေ
ရေးထားတဲ့ အားလုံးပဲဟောင်းနွမ်းလို့  အသစ်က ပြန်စဖို့ ဆိုတဲ့ ရမ်းကားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက
ရှစ်လေးလုံးအရေးတော်ပုံ ကစတဲ့ တော်လှန်ရေးအင်အားစုကို စော်ကားတာ စမ်းသပ်ကြည့်တာ -သူများ ၀င်ဆန့် 
နိုင်မလားဆိုပြီး တိုးကြည့်တာ အသေအချာပါ။ ဒါ့ကြောင့်အယဉ်ကျေးဆုံး စကားလုံး နဲ့ ကျမ တုန့် ပြန်ရမယ်ဆို
ရင် ဒူးနေရာဒူး တော်နေရာတော် --တန်ရာတန်ရာ ဝေဖန်ပါလို့ ပြောချင်ပါတယ် ။
ဘာကြောင့် ပြောရလဲ ဆိုရင် ၁၉၈၈ မှာ မောင်လွဏ်းဆွေ ၁၈နှစ် အရွယ်ပါ - ဖြူစင်တဲ့လူငယ်အရွယ်မဟုတ်
မခံ တဲ့လူငယ်အရွယ် အဲဒီအရွယ်မှာ - ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တာ -သူ ဘယ်နေရာ မှာ မှမပါခဲ့ပါဘူး
၈၉မှာ ကျမထောင်ထဲရောက်ပြီးပါပြီ မောင်လွဏ်းဆွေ ထက် ကျမ ၂နှစ်ငယ်ပါတယ် ။
၁၉၉၆ မှာ ကျောင်းသားတွေက ကျောင်းသားသမဂ တောင်းဆိုလို့  မီးသတ်ပိုက်နဲ့ ထိုး အမှောင်ချ ရိုက်နှက်ပြီး
ထောင်ထဲထဲ့တဲ့အချိန်မှာ မောင်လွဏ်းဆွေ ဆေးတက္ကသိုလ်မှာပါ --သူဘယ်နေရာမှာ မှမပါ ---ခဲ့ပြန်ပါဘူး။
ကျမထောင်ထပ်ကျပါတယ် ။ ကျမ ၁၀တန်းနဲ့ကျောင်းကရာသက်ပန်ထုပ်လို့  ၁၀တန်းစာမေးပွဲ ကိုအပြင်ကဖြေခဲ့
ရပါတယ် ။
ပြည်ပ ထွက်လာတော့လည်း တော်လှန်ရေးနဲ့ ဘာမှ မစက်ဆက်တဲ့ကိစ္စ နဲ့ ထွက်အလာ မဲဆောက်ဒေသရဲ့ ထုံးစံ
အရ ပြည်တွင်းမှာ ကဗျာလေးတစ်ပုဒ်လောက်ပေါက်လည်း တကယ့်စာပေသမားကြီးပမာ ကြိုဆိုနေရာပေးတက်တဲ့
အသိုင်းအ၀န်းတစ်ခု ရှိနေလေတော့ ထမင်းမငတ်ဘူးပေါ့ ထမင်းမငတ်ရာ က ထမင်းဝလာတော့ လူပါးလေးပါဝ
ချင်လာတော့တာပါပဲ -
အဲလိုပြောတော့ တော်လှန်ရေးမှာ မပေးဆပ်သူ မပါဝင်သူ က စာပေမဝေဖန်ရဖူးလား လို့ စောဒကတက်စရာရှိပါ
တယ် ဝေဖန်ရေးဟာ စော်ကားရေး မဟုတ်ပါဘူး သူ့ အရေးအသားတွေ ဘယ်လိုဖတ်ဖတ် တချို့ ဟာ ဘာသမိုင်း
မှမသိ ဘာမှ လက်တွေ့ မကြုံဖူးမတွေ့ ဖူးတာတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ NLD ရဲ့ ဘယ်လို အကြတ်အ
တည်းမျိုးနဲ့ ရင်ဆိုင်လုပ်နေရတာတွေ ဗဟုသုတ (အသိတရား) ဘာမှမရှိပဲရေးထားတော့ လက်တွေ့ ကျော်ဖြတ်ခဲ့
ရတဲ့ ကျမတို့  က ဟားမိတာတွေ ဟာ ဒီကောင် မိုက်ရိုင်းလှချည်လားလို့ သြချရတာတွေ တွေ့ လာရပါတယ်။
တလောကပဲ စာပေနယ်ထဲ က ဆရာစိုးနေလင်း က သူ့ ကို နာမည်မထဲ့ပဲ ဆုံးမခဲ့ပါသေးတယ်။ဘယ်သူ့ ကိုရေးတယ်
ဆိုတာ လူမှန်ရင် သူသိပါလိမ့်မယ်။အဲဒီတော့ ကျမမေးချင်တယ် သူ့ ရဲ့ ဒေ၀ဒတ် ဥာဏ် တိုက်ကွက်ကိုထား---
(၁)ထောက်လှန်းရေး နဲ့ လက်နက်ကိုင်တွေ ရှိနေတဲ့ နေရာကို နေ့ စဉ် မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး နိုင်ငံရေးစကား
တွေ ပြောဖူးလား --ပြောရဲလား ( ကျမတို့ နှစ်ပေါင်းများစွာ ထောက်လှန်ရေးနဲ့ စိန်ပြေးလိုက်တမ်းကစားသလို
ကျင်လည်ခဲ့ရတယ်)
(၂)ရိုက်သတ်မယ် ပစ်သတ်မယ် သိသိ နဲ့ အာဏာပိုင်ရှေ့မှာ စစ်တပ်နားမှာ တရားဟောဖူးသလား
ကျမတို့ ဂွတ်တလိပ်လမ်းဆူံမှာ နှံပါတ်ဒုတ်နဲ့ အရိုက်ခံခဲ့ရတယ်။ စစ်ကားနဲ့ လိုက်တိုက်တာခံခဲ့ရတယ်။
(၃)အသက်သေမယ် ထောင်ထဲ ခုနာရီပိုင်းအတွင်းရောက်မယ်ဆိုတာ သိသိကြီးနဲ့ ဆန္ဒပြဖူးသလား
(၄)ယုတ်စွအဆုံး ကိုယ်လုပ်နေတဲ့ စာပေ့ ရေးရာနဲ့ တောင် စစ်အုပ်စုကို ဝေဖန်စာ ရေးဖူးသလား
အဲဒီလို မကျော်ဖြတ်ခဲ့စေဦး မတော်တဆ ခလုပ်တိုက်လို့ တောင် ထောင်ထဲရောက်ဖူးရင် ကျမ အော် မတော် တဆလည်း
တော်ပါသေးတယ် လို့ ယူဆပေးလို့ ရပါတယ် ။ အဲဒီလို ပေးဆပ်မှုကလည်းမရှိ ကျော်ဖြတ်ခဲ့တဲ့သမိုင်းကြောင်းကလည်းမရှိ
ပေါ်ပျူလာဖြစ်နိုး နဲ့ ရေးချင်တာကိုရေး ပြောချင်တာကိုပြောနေတာကို အောက်ပိုင်း ပျက်လုံးပျက်တဲ့ လူရွင်တော် ကို ညံ့တဲ့
ပရိတ်သတ်က အူတက်အောင်ရီပြီး အားပေးနေပေမဲ့ အကြားမတော်အမြင်မတော်တာ ကိုဆုံးမဖို့ ကျမတို့ မှာ တာဝန်ရှိပါတယ်။
ကျမတို့ ထောင်ထဲမှာတချို့ ဝါဒါမ တွေ က ကျမတို့ ပုဒ်မနဲ့ လုပ်ရပ်ကြောင့် ရာဇ၀တ်သားတွေနဲ့ ကျမတို့ ကိုသီးခြား
ထားပြီး လေးစားမှုတွေ နဲ့ ဆက်ဆံတဲ့အခါ တာတီးဒီ ပုဒ်မနဲ့ ထောင်ကျတဲ့ အကျင့်ပျက်မိန်းကလေးတဦး က ကျမ
တို့ ကို ပုခုန်းချင်းယှဉ်ချင်လာပါတယ်။ကျမတို့ သီးသန့် တိုက်မှာနေ နေရတာကိုက သူတို့ က မိလ္လာချပေးနေရတယ် ဆိုပြီးကျမတို့ ၅ည တွေကြားထဲရန်တိုက် ၅ညတွေစကားကို ၀ါဒါမ တွေကို အ၈င်္လိပ်
ခေတ် ပုလိပ်ခွေး လို ဖား--ချွန် အဲလိုတွေလုပ်တော့ ကျမ အဲဒီ့ တာတီးဒီ ကောင်မလေးကို မတူရင်မတုနဲ့  (၁၀)
နှစ် ကြိုးစားလိုက်ဦးလို့  ပြောလိုက်ပါတယ် -- ဒါ ခုချိန်မှာပြန်တွေးမိတော့ ကိုလွဏ်းဆွေ က ၁၀နှစ်လောက်ကြိုး
စားပြရင်တောင် ခုလို စိတ်စေတနာညံ့ပုံမျိုးနဲ့  ဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ ကျမကိုတောင်ပုခုန်းချင်းယှဉ်လို့ မရဘူး
လို့  အတိအလင်းပြောချင်ပါတယ်။
အဲဒီလိုပြောလို့  နောက်မှနိုင်ငံရေးလုပ်တဲ့ သူတွေ ခုမှပါဝင်လာချင်တဲ့သူတွေ ကို အရင့်အရင်လုပ်ခဲ့သူတွေက နှိမ်တယ်
ချိုးတယ် သူတို့ လေးတွေ ဘယ်လိုတက်တက်ကြွကြွပါလာနိုင်ပါ့မလဲ မပြောသင့်ဘူး ဘာညာ --ပြောလာပါမယ် --
စုစုနွေး နဲ့ ဖြူဖြူသင်း က မြန်မာ့ဒီမိုကရေစီအင်အားစုရဲ့ ပြယုတ်တခုဖြစ်လာတာ သူတို့ စိတ်စေတနာနဲ့ ကြိုးစားလုပ်
လို့ ပါ ၈၈မျိုးဆက် ပါလို့ သူတို့ မပြောဘူး ၈၈အရေးတော်ပုံမှာ ဘယ်နေရာဘယ်ဒေါင့်ကရယ်လို့ သူတို့ မပြောဘူး
သူတို့ စတင်ဝင်ရောက်လုပ်ကိုင်ကတည်းကိုကာ စေတနာဇော ရှိခဲ့လို့  သူရဲကောင်းမလေးတွေဖြစ်ခဲ့တာပါ ။ ဒါကိုကြည့်
ရင် အချိန်ကာလနဲ့ ကျော်ဖြတ်မှု ကရှိဖို့ လိုအပ်ပေမဲ့ စိတ်ရင်းစေတနာ ကလည်းအခရာပါပဲ ။ အကယ်၍သာသူဟာ
ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ကို စေတနာ၇ှိတယ် ပြည်သူ အပေါ်လည်းစေတနာမှန်တယ်ဆို ရင် NLD E-mail
တွေ ဒေါ်အောင်ဆန်းစုကြည်တိုက်ရိုက်ဖတ်နိုင်မဲ့ NLD- သတင်းပြန်ကြားရေးဌွာနတွေ ရှိပြီးသားပဲ - ထောက်ပြ ဝေဖန်
သုံးသပ်ပြီး အားနည်းချက် အားသာချက်ကို ပေးပို့ လို့ ရပါတယ် - တော်လှန်ရေးရှည်ကြာနေလို့ တပ်ဦးပါတီကို
အားမလို အားမရ ဖြစ်နေကြချိန်မှာ - အချွန်နဲ့ လိုက်မပေးလိုက်တာကို က ညစ်နွန်းတဲ့ ပြယုတ်ပါပဲ ။ နောက်ဆုံးပိုဒ်
(ရ) မှာ အဖျားရှုးသွားတာကိုကြည့်ရင် ကိုလွဏ်းဆွေကိုယ်တိုင် ဘာ အိုင်ဒီယာမှ မရှိတာအသေအချာပါ ။ ကိုလွဏ်းဆွေ
ကို ဆရာမကြီးဆိပ်ကမ်းဒေါ်စန်းစန်း ပင့်ဖိတ်မှု ဆော်သြခေါ်ဆောင်မှုကြောင့်ကျမတို့ နဲ့ ကာလတခု မျက်နှာချင်းဆိုင် ထိုင်ပြီး
နိုင်ငံရေးတွေ တိုင်းပြည်နဲ့ ခေါင်းဆောင်တွေရဲ့လိုအပ်ချက်တွေအားနည်းအာသာချက်တွေ ဆွေးနွေးနေကြတာ ကျမတို့ 
ထက် အစဉ်အလာကြီးတဲ့ နောင်တော်တွေရဲ့ အယူအဆရေးရာဆွေးနွေးနေမှုတွေ ကို သံယောက်လိုက်အတုခိုးပြီး အဆိုး
မြင်ဝါဒနဲ့ ဒီလို ရန်သူ့ အကြိုက် လောဘီ လုပ်နေနိုင်တာကိုက ကျမတို့  ဘက်ရွေးမှားခဲ့တာပါပဲ ။
တရက်မှာ ကျမတို့ ထက်အစဉ်အလာကြီးတဲ့ လက်တွေ့ တိုက်ပွဲဝင်နေတဲ့နောင်တော်တချို့ နဲ့ ကျမစကားပြောဖြစ်ပါတယ်။
တစ်ယောက်က ပြောတယ် ဒီလိုရေးနေတာတို့ တတွေ မှာတာဝန်ရှိတယ်တဲံ့  ကျမ ကလည်းဝင်ပြောလိုက်တယ် ကျမ
နဲ့ တွဲပြီး အင်တာဗျူးတခုတက်ဖူးတော့ မြန်မာပြည်ထဲက လူတွေက ကျမနဲ့ တစုတည်းလား ဆိုလို့ ကျမအတော်ရှင်းယူ
နေရတယ် အကိုတို့ ပြောကြပါဦး လို့ ပြောမိတဲ့အခါ နောက်ထပ်အကိုတစ်ယောက် က ကိုလွဏ်းဆွေကို ပြောလို့ ရမယ်
လို့ တွေးတာကို က ခင်ဗျားတို့ အမှားဗျတဲ့ ---ဟာ ဟုတ်တာပေါ့ ဒီလူ က အက်စစ် ဆောင်းပါးမှာထဲ က ကျမ နဲ့ 
အတော် အတိုက်အခံဖြစ်ခဲ့ရတာပဲ သူက စာပေမူဝါဒလို့ ပြောတယ်ဗျဆိုတော့ ---
စာပေမူဝါဒ ဆိုလို့ အဲဒီ့တုန်း က ကျမအက်စစ်ကိုဖြုတ်ခိုင်းခဲ့တာ ကိုလွဏ်းဆွေ က ဖြုတ်မပေးနိုင်ဘူး ဒါစာပေးအခွင့်အရေး
လို့ ဆိုခဲ့ပေ မဲ့  အဲဒီတုန်း က အက်စစ်ဟာ သူမဟုတ်ဘူးငြင်းခဲ့လို့ ကျမမပြောဖြစ်ခဲ့တာတခုပြောပြပါမယ် ။
နိုက်တင်ဂေး မှာလည်း သူအယ်ဒီတာပဲ -- အဖွဲ့ ဝင်လား အချုပ်လား ကျမသေချာမသိဘူး အဲဒီ့ ဂျာနယ် ကို ၂၀၀၆-၇
လောက်မှာ ကျမ စာမူတွေပို့ ပါတယ် ကျမ စာမူကို ကိုလွဏ်းဆွေ ဆီကျမပို့ ပေးပါတယ် --အရွေးခံရပါတယ် -ထဲ့သွင်း
ဖေါ်ပြတာတွေရှိပါတယ် - တနေ့ မှာ ကျမပို့ ထားတဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း ဆိုတဲ့ ကျမကိုယ်တိုင် မဲဆောက်ဆေးရုံပေါ်မှာ ဗိုက်နာ
နေစဉ် ထိုင်း နာ(စ်) တွေရဲ့ပြုမှုဆက်ဆံပုံတွေ ကျမ ဘေးက ဗိုက်နာလို့ အော်နေသူ ကို ထိုင်းဆေးရုံတာဝန်ကျ နာ(စ်)
က ပါးစပ်ကို ပေတံနဲ့ ရိုက်တာတွေ ကို ကျမက မီးဖွါးနိုင်ဖို့ သေမင်းနဲ့ စစ်ခင်းနေချိန်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ကျမတို့ ဘ၀ကို
သရုပ်ဖေါ်ထားတဲ့ဆောင်းပါးကို ကိုလွဏ်းဆွေ ဆီ ပို့ ပါတယ် ။ တလလောက်ကြာတော့ ကျမဆောင်းပါးကို သူရွေးချယ်
လိုက်တယ် အပြီးသတ်နေပြီမို့ -ပါလာတော့ စာမူခ လာယူပေါ့- စာမူခ က ၃၀၀ ဘတ်ပါ ။။ အဲဒီ့ လို နဲ့ အဲဒီအပတ်ရဲ့
နိုင်တင်ဂေး ဂျာနယ် ထွက်လာပါတယ် ။ အယ်ဒီတာ ကိုလွဏ်းဆွေ ရွေးချယ်ပြီးပြီ ဖြစ်တဲ့ ကျမရဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း စါမူ
ပါမလာပါဘူး ။ ကိုလွဏ်းဆွေ ကို ကျမမေးလိုက်ပါတယ် အဲဒီ့အခါ စာပေရဲ့မူဝါဒ ကို အသက်နဲ့ ကာကွယ်မယ် ဆိုတဲ့
အယ်ဒီတာ ကိုလွဏ်းဆွေ က မရွှေစင်ရဲ့ဆောင်းပါး ကို ဒေါက်တာ စီသီတာမောင် ကဖြုတ်ခိုင်းပါတယ် တဲ့ ဖြုတ်ခိုင်းရ
တဲ့အကြောင်းရင်း က ဆေးခန်း ကိုထိခိုက်မှာစိုးလို့ တဲ့ ဘာကြောင့်လဲ ဆိုရင် မဲဆောက်ဆေးရုံပေါ်က မတရားမှု ကို
ကျမက ရေးထားလို့ တဲ့လေ --- ကဲ စာဖတ်ပရိတ်သတ် ဒီလောက်ဆိုစဉ်းစားနိုင်ပါပြီ ဒေါက်တာစင်သီတာမောင် က ဖြုတ်
ခိုင်းလို့  အယ်ဒီတာ လွဏ်းဆွေ က ကျမစာမူကို ဖြူတ်ပေးရတယ် ဆိုရင် ဘယ်မှာလဲ စာပေမူဝါဒ -
မဲဆောက်လိုဒေသမှာတောင် ဆင်ဆာ ကိုတောင် မကျော်လွားရဲတဲ့ ဒေါက်တာအယ်ဒီတာ တစ်ယောက် က ကျမတို့ တတွေအသက်နဲ့ ဘ၀ နဲ့ အချိန်တွေမြောက်များစွာနဲ့ ပေးဆပ်တိုက်ပွဲ ၀င်နေရတဲ့ တော်လှန်ရေးမှာ ဘာတွေများ ညွန်ကြားချင်ရတာလဲ -ကိုယ်နေရာကိုယ်နေပါလို့ ပဲ အဆုံးသတ်ပြောပါရစေ - စာဖတ်ပရိတ်သတ်
သတိအထူးထားစေ့ချင်တာက သူ့ ဘလော့ကို လူတွေ ၀ိုင်းကြည့်ဝင်ဆဲ ပွက်လောရိုက်နေတာ ကို သူက တကယ့်ကိုနိုင်ငံရေး
လို့ ထင်နေတာမို့  အကုသိုလ်ကင်းဝေးလိုရင် ကိုယ့်အလုပ်တွေ အချိန်မဖင့်စေလိုရင် ကိုလွဏ်းဆွေ ဘလော့ကို မကြည့်ဖြစ်တဲ့
နည်းနဲ့ ရှောင် ဖို့ ကျဉ်ဖို့ ဆန္ဒတူသူတွေ ကိုသာတိုက်တွန်းလိုက်ပါတယ် ။
မည်သူမဆို နာမည်ရင်းနဲ့ ဝေဖန်သုံးသပ်နိုင်ပါတယ် -
အိရွှေစင်ညွန့် 
Posted by LRDP at 9:31 AM 3 comments
ဘင်လာဒင်ကို ဘယ်လိုသတ်ခဲ့သလဲ ???
Monday, May 2, 2011
တနင်္လာနေ့၊ မေလ ၂၊ ၂၀၁၁
ဘင်လာဒင်ကို ဘယ်လိုသတ်ခဲ့သလဲ ???
ဘင်လာဒင်သေဆုံးသွားတဲ့ နေအိမ်အတွင်းမြင်ကွင်း(Video- Aljazerra)
မှောင်မိုက်နေတဲ့ညမှာ အမေရိကန် ရဟတ်ယာဉ်တွေဟာ နံရံမြင့်ကြီးတွေ ကာရံထားတဲ့နေရာတခုကို ချဉ်းကပ်ခဲ့ပါတယ်။ အကြောင်းကတော့ ကမ္ဘာ.အဆိုးရွားဆုံး အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို ဖမ်းဖို့ (၀ါ) သတ်ဖို့ပါ။ ထိုသို့ချဉ်းကပ်ပြီး မိနစ် ၄၀ မပြည့်ခင်မှာပဲ ဘင်လာဒင်ဟာ အပေါင်းအပါ ၄ ဦးနဲ့အတူ သေဆုံးခဲ့ရပါတယ်။ 2011 စက်တင်ဘာ 11 အမေရိကန် ကုန်သွယ်ရေးအဆောက်အအုံ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း လိုက်လံနိမ်နှင်းနေတဲ့ အယ်ကေးဒါးခေါင်းဆောင် ဘင်လာဒင်ကို သယ်ဆောင်လာနိင်ခဲ့ပါတယ်။ သမ္မတ အိုဘားမားက အိမ်ဖြူတော်မှ တနင်္ဂနွေညမှာ အောင်မြင်စွာ ၀င်ဆီးနိုင်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ အစိုးရထိပ်တန်းအရာရှိများကလည်း ဘင်လာဒင်ပုန်းနေတယ်လို့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်း ယူဆထားတဲ့နေရာကို ၀င်ရောက်တိုက်ခိုက်ပုံများကို ထပ်မံ ထုတ်ပြန်လိုက်ကြပါတယ်။
နေရာက အဘူဒါဘီ မှာပါ။ ပါကစ္စတန်နိုင်ငံ မြို.တော် အစ္စလမ်မာဘတ် မြို.နဲ့ ၃၁ မိုင်အကွာမှာရှိပါတယ်။ တောင်ကုန်းတွေထူ ထပ်တဲ့နေရာတခုဖြစ်ပြီး လူတွေသိပ်မနေတဲ့နေရာတခုပါ။ နေထိုင်သူအများစုဟာ စစ်မှုထမ်းတွေသာဖြစ်ကြပါတယ်။ အမေရိကန် ရေတပ်မတော်သာ မပါဝင်ခဲ့ရင် ဒီမစ်ရှင်ဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့လည်း ကာကွယ်ရေး ၀န်ကြီးဌာန အကြီးတန်းအရာရှိတွေက ဆိုပါတယ်။ နှစ်အတန်ကြာ ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် ဘင်လာဒင်ရဲ့ အဘူဒါဘီက နေရာကို နောက်ယောင်ခံနိုင်ခဲ့ကြတယ်။ နေရာက လမ်းကအလွန်ဆိုးပြီး သွားဖို့အလွန်ခက်တဲ့ သီးခြားနေရာတခုဖြစ်နေခဲ့တယ်။ နှစ်အနည်းငယ်အတွင်း နေထိုင်သူတွေ ပိုမိုများပြားလာပေမဲ့လည်း လမ်းကဆိုးနေဆဲပဲ။ လမ်းကရှည်လျှား ပြီး အလုံခြုံဆုံးနေရာလိုဖြစ်နေတယ်လို့ ပြောပြပါတယ်။ လှုပ်ရှားမှုကို သောင်္ကြာနေ့မှာ စတင်ဖို့ သမ္မတအိုဘားမားက အမိန့်ပေးခဲ့ပါတယ်။ ပထမတံတိုင်းက ၁၈ ပေမြင့်ပြီး ထိပ်မှာ သံဆူးကြိုးတွေတပ်ဆင်ထားပြီး လုံခြုံရေးဂိတ် ၂ခုနဲ့အတူ အတွင်းမှာလည်း အခြားတံတိုင်းတွေရှိသေးတယ် လို့ အမေရိကန် အကြီးတန်း အရာရှိတွေကပြောပါတယ်။ ပင်မအဆောက်အဦးက ၃ထပ်အဆောက်အဦး ဖြစ်ပြီး ခြံဝင်းအပြင်ဘက်ကို မျက်နှာမူထားတဲ့ ပြူတင်းပေါက် အနည်းငယ်သာတပ်ဆင်ထားတယ်။ တတိယထပ်ဟာ ၇ ပေရှိ သီးခြားနံရံတခုရှိနေတယ်။ လအနည်းငယ် ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် သေခြာဆောက်လုပ်ထားတဲ့ ဒီလိုအဆောက်အဦးဟာ အဆင့်မြင့် အကြမ်းဖက်မှု အတွက်သာ ဖြစ်မယ်၊ သေချာတာကတော့ ဘင်လာဒင်ရဲ့နေရာပဲ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အရာရှိတွေ သတိထားမိတာက တယ်လီဖုန်းမရှိ အင်တာနက်လည်းမရှိဘူး၊ အခြားနေထိုင်သူတွေလိုပဲ အမှိုက်မီးရှို.တာ ၊ ဈေးဝယ်ထွက် တာလောက်ပဲ ရှိတယ်ဆိုတာပါပဲ။အမေရိကန်ဒေါ်လာ ၁ သန်းမကတန်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်။
မစ်ရှင် နာမည်ကို (the U.S. operation a surgical raid) လို့ခေါ်ပြီး အဖွဲ.ငယ်အဖြစ်သာ ဖွဲ.စည်းပြီး ဆုံးရှုံးမှုနည်းပါးရန် စီမံခဲ့ပါတယ်။ စတင်ဝင်ရောက်တိုက်ခိုက်စဉ် ခုခံမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘင်လာဒင်ရဲ့လူ၃ဦးရဲ့ ပြစ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆုံးမှာတော့ လူသားဒိုင်း အဖြစ်အသုံးပြုခံခဲ့ရတဲ့ အမျိုးသမီးတဦး အပါအ၀င် ခြံဝန်းထဲမှ တိုက်ခိုက်သူလေးဦးကို အသေပြစ်သတ်နိုင်ခဲ့တယ်။ ဘင်လာဒင်ကိုတော့ ဦးခေါင်းကို မှန်အောင်ပြစ်နိုင်ခဲ့တယ်။ ၀င်ရောက်တိုက်ခိုက်စဉ် ရဟတ်ယာဉ်တစီး စက်ချို.ယွင်းလို့ ပျက်စီးခဲ့တာလောက်ပဲရှိပြီး အိုဘားမားနဲ့ အကြီးတန်း အရာရှိတွေကတော့ ၄င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ ရမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဘင်လာဒင် ဟုတ်မဟုတ် သေချာအောင် နည်းလမ်းအတော်များများ အသုံးပြုစစ်ဆေးခဲ့ပြီး ထိုအထဲမှ မျက်နှာ အနေအထားကိုလည်း တိုက်ဆိုင် စစ်ဆေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအကြီးတန်း အရာရှိက ခန္ဓာကိုယ်နဲ့ မျက်နှာဟာ တိုက်ဆိုင် စစ်ဆေးနိုင်တဲ့ အနေအထားရရှိခဲ့တာကြောင့်ပါလို့ ဆိုပါတယ်။ ဘင်လာဒင်ရဲ့ ရုပ်အလောင်းကို ပင်လယ်ရေမျက်နှာပြင်အောက်မှာ အစ္စလာမ် ထုံစံအရ သင်္ဂြိလ်ပြီးပြီလို့ ပြောပါတယ်။
ဘင်လာဒင်ရှိနိုင်မည့်နေရာကို စုံစမ်းဖို့ 2011 အစပိုင်းမှာ စတင်ခဲ့ပြီး ဖေဖော်ဝါရီ လလယ်မှာ နေရာအတိအကျ အထောက်အထားတွေကို အတည်ပြုနိုင်ခဲ့ကြပါတယ်။ အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်နိုင်ဖို့အတွက် အိုဘားမားကိုစောင့်နေခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ အိုဘားမားက ၅နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို မတ်လလယ်မှ ဧပြီလကုန်ထိ တက်ရောက်နေခဲ့ရလို့ပါ။ အစည်းအဝေးက 28.04.2011 နေ့မှာပြီးခဲ့လို့ နောက်တနေ့ 29.04.2011 နေ့ကမှ မစ်ရှင်အတွက် အမိန့်ထုတ်နိုင်ခဲ့တယ်။ အဓိကသော့ချက်ကတော့ ဘင်လာဒင်ရဲ့ လူယုံတယောက်နဲ့ပါတ်သက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ထောက်လှမ်းရေးတွေဟာ ထိုလူယုံနဲ့သူ့ညီ နေရာကိုခြေရာခံနိုင်ခဲ့ပြီး 2010 သြဂုတ်လရောက်မှ အဘူဒါဘီ ဘင်လာဒင်ရဲ့နေရာကို ရှာဖွေနိုင်ခဲ့ပါတယ်။ အမေရိကန် အကြီးတန်းအရာရှိတယောက်က အဲ့ဒီ ညီအကို နေတဲ့ နေရာကိုတွေ.တော့ ကျွန်တော်တို့ တော်တော်ကို အံသြသွားတယ်၊ အရမ်းသီးခြားဖြစ်နေတဲ့ ခြံဝန်းကြီးပဲ။ ခြံဝန်းကြီးက မြေပြင်ကျယ်ကြီးမှာ ဆောက်ထားပြီး အိမ်က ထိုဒေသကအရပ်သားတွေ နေအိမ်ထက် ၈ဆလောက် ကြီးတယ်ဗျာလို့ဆိုပါတယ်။ ထောက်လှမ်းရေးဆန်းစစ်မှုက ဒီလို တမင်ဒီဇိုင်းဆွဲထားဟာ အလွန်ထူဆန်းတဲ့လက်ခဏာရှိသူတဦးဦး နေဖို့ပဲဖြစ်နိုင်တယ်လို့ မှတ်ချက်ချခဲ့တယ်။ ကျွမ်းကျင်သူတွေရဲ့ ဘင်လာဒင်ရဲ့နေရာလို့ပဲ ယူဆမှုတွေနဲ့လည်းတထပ်တည်းဖြစ်နေခဲ့ပါတယ်။ လုံခြုံရေးကြောင့် မစ်ရှင် မစခင် ပါကစ်စတန်အပါအ၀င် ဘယ်နိုင်ငံကိုမှ အသိမပေးခဲ့ဘူး၊ အဖွဲ.ငယ်လေးနဲ့ပဲ လှုပ်ရှားခဲ့ပြီး အမေရိကန် အစိုးရပိုင်း အရာရှိတွေလောက်သာ ကြိုတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါကစ်စတန် ထောက်လှမ်းရေး အကြီးတန်းအရာရှိကတော့ ပါကစ်စတန်ထောက်လှမ်းရေးတွေလည်း ထိုနေရာ တ၀ိုက်မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ရုတ်တရက် ဖြေရှင်းဖို့ နည်းလမ်းမရှိ ဖြစ်နေသေးလို့ပါလို.ဆိုပါတယ်။
CNN, How U.S. forces killed Osama bin Laden ကို ပြန်ဆိုပါသည်။
ရဲသူရိန်မင်း GMT 15:22 02.05.2011
မေး(လ်) ပေးပို့ သူအားကျေးဇူးတင်ပါသည်
Posted by LRDP at 8:29 AM 0 comments
မေဒေး များစွာ
Friday, April 29, 2011
မေဒေးနေ့ သည် အမေရိကန်နိုင်ငံ ချီကာကိုမြို့ ရှိ ကျောက်မီးသွေးတွင်းတူးအလုပ်သမားများမှ တနေ့အလုပ်ချိန် ၁၄ နာရီ
ခိုင်းစေခံရပြီးကျန်းမာရေးစောင့်ရှောက်မှုမဲ့သည့် အတွက် အလုပ်သမားများမှမခံမရပ်နိုင်ဖြစ်ပြီးတောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့နေ့
ဖြစ်ပါတယ်။
အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပြီးမှ အောင်ပွဲအဖြစ် တနေ့အလုပ်ချိန် ၈နာရီ သတ်မှတ်ခံခဲ့ရတယ်။ကမ္ဘာအရပ်ရပ်က
အလုပ်သမားများပါ တန်းတူခံစားခွင့်ရခဲ့ကြသည့် မေလ(၁)ရက်နေ့ ကို မေဒေးနေ့ဟု သတ်မှတ်ခဲ့ပါတယ်။
ထိုနေ့ကိုကမ္ဘာ့အလုပ်သမားအောင်ပွဲ နေ့ကြီးအဖြစ် ကမ္ဘာတစ်ဝှမ်း တွင် နှစ်စဉ် ဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။
မေဒေးနေ့အောင်ပွဲကို အားကျသဖြင့် မြန်မာအလုပ်သမားများ ရသင့်ရထိုက်သောအခွင့်အရေးများသိရှိစေရန်၊ တောင်းဆို
တတ်စေရန် စေတနာဇောနှင့် အလုပ်သမားများအား သင်တန်းပေးရန် (မြန်မာနိုင်ငံ အမေရိကန်သံရုံးစာကြည့်ဆောင်တွင်)
ကြိုးစားခဲ့ကြသော NLD လူငယ် (ဒဂုံမြို့သစ်) လူငယ်ရှေ့နေ ကိုကျော်ကျော် နှင့် NLD လူငယ် (မရမ်းကုန်း) ဥပဒေ ကျောင်းသား ကိုသူရိန်အောင် အပါအ၀င် လူငယ် (၆) ဦးအား စစ်အုပ်စုမှ ဖမ်းဆီးထောင်ချ ထားသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါတယ်။
ထိုလူငယ်များမှလည်း မည်သည့်အလုပ်သမားအဖွဲ့ အစည်း၏ တာဝန်ယူမှု တာဝန်ခံမှု စောင့်ရှောက်မှုကို မရရှိမခံစားရခြင်း
ကို ကျမအနေနဲ့ အင်မတန်စာနာသနားမိပါတယ်။ သို့အတွက် အလုပ်သမားရေးရာဆိုင်ရာ အားနည်းနေချက် များအား မေဒေးနေ့အမှတ်တရအပြင် ခံစားနားလည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ အမှန် တကယ်လိုအပ်နေတဲ့ကာလ
ဖြစ်ပါတယ်။ မေဒေးနေ့အောင်ပွဲကို ပျော်ပွဲဆင်တာထက် မြန်မာ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးကို နိုင်ငံတကာပြဌါန်းချက်နဲ့အညီရရှိဖို့ရန်မှာ မြန်မာအလုပ်သမားထုကို ကိုယ်စားပြုမယ့် အလုပ်သမားသမဂ္ဂများ အလုပ်သမား
အစည်း အရုံးများ ဖြစ်ပါတယ်။ ကျမတို့  အလုပ်သမားအရေးတွေ ဘယ်လောက်လုပ်ပြီးပြီလဲ ---
ကျမနဲ့ သမဂ္ဂ
၈၈ အရေးတော်ပုံထဲမှာ ကျောင်းသားဘ၀နဲ့ ချဉ်းနင်းဝင်ရောက်ခဲ့ပါတယ်။ မပြီးဆုံးသေးတဲ့တိုက်ပွဲအတွင်းမှာ နိုင်ငံရေး
တော်လှန်ရေးကိုပဲ တစိုက်မတ်မတ် လုပ်လာခဲ့ပါတယ်။ ၂၀၀၄ တွင် ပြည်ပရောက်လာပြီး အလုပ်သမားရေးကိုပါ
ဆောင်ရွက်နိုင်ဖို့ အခွင့်အရေးတခု ရခဲ့ပါတယ်။
ပြည်ပမထွက်ခင် ၂၀၀၃-၂၀၀၄ မှာ မိဘပြည်သူများအကူအညီတောင်းခံမှုကြောင့် အိုင်အယ် အို၊ အိုင်စီအာစီကို
ဘယ်သူကမှ မတိုက်တွန်းပဲ သွားရောက်ခဲ့ပြီး အဓမ္မ စေခိုင်းတဲ့ပြဿနာတွေ ကလေးစစ်သားအရေးကိစ္စတွေကို နိုင်ငံတကာဌါနတွေဆီ အကြောင်း ကြားတင်ပြပေးခဲ့တဲ့ အခြေခံစိတ်ဓါတ်နဲ့ လုပ်ရပ်ကြောင့် ပြည်ပရောက်လာတဲ့
အခါ အလုပ် သမားရေးဆောင်ရွက်သူ အကြီးအကဲတချို့ဆီက အလုပ်သမားအခွင့်အရေး ဆိုင်ရာ နည်းလမ်း နိုင်ငံတကာစံချိန်စံညွန်းတွေကို သင်ယူခွင့်ရခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုမတရားမှုဒဏ်ကို ခါးစည်းခံရတဲ့ ပြည်သူထဲကအများစုဟာ အလုပ် သမားထု ဒီအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုကို အချက်အလက်ပိုင်နိုင်တဲ့ အထောက် အထားနဲ့ ICJ ကို တင်ပြနိုင်
မယ်ဆိုရင်ဘယ်ဗီတိုအာဏာရနိုင်ငံကမှမပယ်ချနိုင်တဲ့(စစ်အုပ်စု ကို ကုလသမဂ္ဂကနေ အရေးယူနိုင်မယ့်နည်းလမ်းကို)
ကျမ ပိုင်ပိုင်နိုင်နိုင်ရယူဆုပ်ကိုင်ချင်ခဲ့ ပါတယ် ။
အလုပ်သမားအခွင့်အရေးဆိုင်ရာတောင်းပွဲ တိုက်ပွဲတွေကနေ စစ်အာဏာရှင်ကို ပြောင်းလဲပစ် နိုင်မယ့် တိုက်ပွဲလမ်းစဉ်
တခုလို့ ကျမယုံကြည်ခဲ့ပါတယ်။ အဲဒီယုံကြည်ချက်ဟာ ယနေ့ထိ မပျယ်သေးပါဘူး။ တကယ်လုပ်ကြမှ လုပ်နိုင်မှ ရမယ့်ကိစ္စ ဖြစ်တာမို့ ကြိုးစားဆောင်ရွက် ကြည့်ပါသေးတယ်။
လက်တွေ့ မှာတော့
ကျမတို့ကိုယ်တိုင်က မြန်မာအလုပ်သမားတွေကို လွတ်လပ်တဲ့သင်းပင်းတွေ ဖွဲ့ဖို့ဟောပြောနေ စည်းရုံးသင်ကြားပေးနေကြပေမဲ့ ကျမတို့ကိုယ်တိုင် သမဂ္ဂအဖွဲ့ဝင်တွေကို လွတ်လွတ်လပ်လပ် စည်းရုံးခွင့်မရခဲ့ပါဘူး။ အလုပ်သမားအခွင့်အရေးဆိုင်ရာ မူတွေထဲ
က ပရယ်ပိုဇယ် ရနိုင်ရေး နည်းနာဖြစ်တဲ့ ဆန္ဒပြမှုတွေ တောင်းပွဲ တိုက်ပွဲတွေအတွက်သာ ခွင့်ပြုခဲ့ကြပါတယ်။ အများအတွက်
လုပ်ရင်း ကိုယ်ပါ ပုံစံခွက်ထဲ ဘောင်ခတ်ခံနေရတာ သတိထားမိချိန်မှာပဲ ကျမ ရုန်းထခဲ့ရပါတယ်။
ကျမလို အခြားသော အလုပ်သမားရေးဆောင်ရွက်ချင်သူတွေရဲ့ ခံစားချက်အသီးသီးကိုလည်းမျက်လုံးနဲ့ဒက်ထိ တွေ့ဆုံမိ
တဲ့အခါမှာ ကျမတို့ မြန်မာနိုင်ငံအနေနဲ့ကတော့ အလုပ်သမားတွေရဲ့အခွင့်အရေးကို ဘယ်လိုအဖွဲ့အစည်းကမှ အကာအကွယ် မပေးနိုင်သေးပါဘူးဆိုတာသုံးသပ်လို့ ရနိုင်ခဲ့ပါတယ်.။ မဆလ တပါတီအာဏာရှင် န၀တ နအဖ စစ်အာဏာ ရှင် စတဲ့စနစ်
ဆိုးတွေကအလုပ်သမားတွေကို လွတ်လပ်စွာစုရုံးခွင့် လွတ်လပ်စွာဖွဲ့စည်းခွင့် တွေပိတ်ပင်တာခံခဲ့ရသလိုယနေ့ ထက်ထိလည်း
အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲပါ ။
၈၈ ခုနှစ်မှစတင်၍ယခုအချိန်အထိ မည်သည့် အစည်းအရုံးကမှ အလုပ်သမားတွေရဲ့အကျိုးကို အမှန်တကယ် မသယ်ပိုးပေး
နိုင်ကြသေးဘူး ဆိုတာ မီးမောင်းထိုးပြဖို့ ကိုယ့်မှာတာဝန်ရှိလာပြီလို့ နားလည်မိလာပါတယ်။
အများစုရဲ့ အခွင့်အရေးကို စောင့်ရှောက်ဖို့ ကာကွယ်ဖို့ စိတ်ကူးကောင်းနဲ့ အလုပ်သမားအဖွဲ့ တွေ တည်ဆောက်ခဲ့တဲ့ အကြီးအကဲများဟာလည်း အဖွဲ့အစည်းတခုရယ်လို့ တကယ်ဖြစ် တည်လာရင် အလုပ်သမားသမဂ္ဂရဲ့မူတွေကိုအကြီးအကဲ
တွေ ကိုယ်တိုင်ကကျောခိုင်းတော့ တာပါပဲ။ သမဂ္ဂ ဆိုတဲ့ မူရင်းဝေါဟာရကိုက အများနဲ့ စုပေါင်းလုပ်ကိုင်ရမယ့် အစည်း
အရုံး ကြီးဖြစ်ရမှာကို မေ့လျော့ပြီး သမဂ္ဂ ဟာ ကိုယ်ပိုင်ဥစ္စာ ဖြစ်တော့တာပါပဲ။ အလုပ်သမားကို ကိုယ်စားပြုတဲ့ သမဂ္ဂ
ဖြစ်စေ အဖွဲ့ငယ်ဖြစ်စေ NGO အခြေခံတဲ့ အသင်းအပင်းဖြစ်စေ ယနေ့ ထက်ထိ ကျမလက်တွေ့ လေ့လာမိသလောက်
တော့ စစ်အုပ်စု ချိုးဖောက်တဲ့ အချက်အလက်တွေ တင်ပြနိုင်တာနဲ့ တင်ပြတောင်းဆိုနိုင်တဲ့ နည်းလမ်းတွေ ပေးနိုင်တာ
ကလွဲရင် ဘယ်အသင်းအပင်းကမှ မြန်မာအလုပ်သမားထုကို ကိုယ်စားပြု၍သော် လည်းကောင်း မြန်မာအလုပ်သမားတွေ အခွင့်အရေးတိုးတက်စေဖို့ကိုလည်းကောင်း မဆောင် ရွက်နိုင်သေးပါဘူး။
တချို့ကဆိုပါတယ်၊ တော်လှန်ရေးကာလမို့ စည်းထားရမယ်၊ ကန့်သတ်ထားရမယ်လို့ ပြောကြပါတယ်။ လက်တွေ့မှာ မလိုလားသူကိုသာ ရန်သူ့လူလို့သတ်မှတ်ပြီး လိုလားရင် ရန်သူ့ လူဖြစ်ပါစေ အကာအကွယ်မျိုးစုံပေးတော့တာပါပဲ။ အမှန်တကယ်တော့ အလုပ်သမား အစည်းအရုံးဆိုတာ အလုပ်သမားအစစ်ဖြစ်တဲ့ အဖွဲ့ဝင် ဘယ်လောက် စည်းရုံးထားနိုင်သလဲ၊ အဲဒီ့အလုပ်သမားတွေက ကိုယ့်အစည်းအရုံးကို အားကိုးမှု ယုံကြည်မှု ဘယ်လောက်ရှိသလဲ ဆိုတာအရေးကြီးပါတယ်။ နာမည်ကြားတာနဲ့  ဟင်း-ဟဲ---အဲ ဆိုပြီး ဝေးဝေးရှောင်ချင်နေကြ ရင်တော့ ဒါဟာ ကျင့်ဝတ်မဲ့တဲ့သင်းပင်း ဖြစ်နေပြီလား
ဆိုတာ သုံးသပ်ရမှာဖြစ်ပါတယ်။
ကိုယ့်ပတ်သက်ရာဝန်းကျင်လောက်ကလူတွေ ဆွဲထုတ်ပြပြီး (မဆလခေတ် ၀န်ကြီး ကြွလာလို့ သန့်ရှင်းရေးလုပ်
လူစုရတဲ့ဌါနလို) နိုင်ငံခြားသားတွေ နိုင်ငံတကာသမဂ္ဂ အကြီးအကဲတွေ ရှေ့ ဟန်ပြရုံလောက်နဲ့တော့ နိုင်ငံခြားသား
အကြိုက် ပိုက်ဆံရတာကလွဲပြီး အလုပ်သမား ထုရဲ့ အခွင့်အရေး အဲဒီ့အစည်းအရုံးတွေဆီက ရကိုမရခဲ့ပါဘူး။
ဒီအချိန်မှာ ထင်သာမြင်သာ ရှိလာတာက မြန်မာတွေ အမြင်မကျယ်တာမဟုတ်ဘဲ နိုင်ငံခြားသားတွေ အမြင်ကျဉ်းတာကို တွေ့ရတယ်။ နိုင်ငံခြားသားတွေ၊ အထူးသဖြင့် အင်တာနေရှင်နယ်က အလုပ်သမားဦးရေ ဘယ်နှစ်သန်းရှိပါတယ်ဆိုတဲ့ သမဂ္ဂအကြီးအကဲအများစုဟာ သူတို့ဘာသာစကားကို ခရားရေ လွတ်ပြောတတ်သူဟူသမျှရဲ့လှည့်ဖျားမှုအောက်မှာ Recomment(ထောက်ခံမှု) တွေ အမျိုးမျိုး ပေးပြီး
ချီးမြှောက်တော့တာပါပဲ။ သူတို့ကိုယ်သူတို့တော့ မြန်မာပြည်ကို သိတ်စာနာတဲ့ လေဘာယူနီယံခေါင်းဆောင်ကြီးတွေပေါ့။ -- သေချာတာတော့ သူတို့စာနာမှုဟာ တရားမဲ့မှု တွေ စွဲကိုင်ထားသူတွေရဲ့ဒုတ်လက်နက်ဆိုတာ သူတို့မသိရှာဘူး။ -- ရဲဘော်တယောက်က တော့ပြောပါတယ်၊ အဲဒီအဖြူတွေ သိတယ်၊ သိကိုသိတယ်တဲ့။ မအဘူးတဲ့။ သူတို့ကိုယ်တိုင် က ပုလင်းတူဗူးစို့တွေမို့လို့နေမယ်တဲ့။
--- ဒီလိုဆိုရင်လည်း ကျမတို့က အလုပ်သမား ခေါင်းဆောင်ပါလို့ အမည်ခံသူတွေကိုပဲပြောရမှာ၊ ဗိုလ်ချုပ်ပြောသလို ခင်ဗျားတို့သောက်ကျင့် ဆိုး တွေကိုပြင်ကြ ပါ လို့ပဲ ပြောရမှာပါပဲ။
မေဒေးများစွာ
မေဒေးနေ့ကိုတော့ ကျမငယ်ငယ်ထဲက ကြားရသိရတယ်။ လူ့အသက်တွေ များစွာရင်းနှီး ဆုံးရှုံးပြီးမှ အလုပ်ချိန်
၈ နာရီ သတ်မှတ်နိုင်တာတဲ့။ မြန်မာအလုပ်သမားတွေမှာတော့ မေဒေး များစွာပေါ့။ - ဒါပေမဲ့ အခွင့်အရေး
မရသေးတဲ့မေဒေးများစွာပါပဲ။ မသေသင့်ပဲသေခဲ့ရတဲ့ အလုပ်သမားတွေရဲ့အသက်တွေ၊ မပျက်သင့်ဘဲပျက်ခဲ့ရတဲ့ အလုပ်သမားထုရဲ့ဘ၀တွေ၊ အကျဉ်းထောင်ထဲ မရောက်သင့်ပဲ ရောက်နေကြရတဲ့ အလုပ်သမားအခွင့်အရေး
လိုလားသူတွေ -----------။။။။။။
အဲဒါတွေကို တကယ်ပဲစာနာစိတ်များစွာ ကိုယ်ချင်းစာစိတ်များစွာနဲ့ ကျမတို့ ကြိုးစားကြရ အောင်။ မြန်မာအလုပ်
သမားထုကို အမှန်တကယ်ကိုယ်စားပြုမယ့် အစည်းအရုံး၊ စစ်အုပ်စုရဲ့ လက်ခုပ်ထဲကမဟုတ်တဲ့ အစည်းအရုံး၊
အမည်ခံဟန်ပြ ပိုက်ဆံရဖို့ပဲမဟုတ်တဲ့ အစည်းအရုံး၊ ဆုံးရှုံးနေတဲ့ အလုပ်သမားတွေရဲ့ရပိုင်ခွင့်ကို အစိုးရ-
အလုပ်ရှင်တွေထံက ကိုယ်ကျိုးမပါဘဲ ရဲရဲရင့်ရင့် တောင်းပေး တိုက်ပေးမယ့်အစည်းအရုံး၊ အလုပ်သမားထု
ကိုယ်တိုင်က ဦးဆောင်သူတွေကို ယုံကြည်မှုရှိမှ ရဲရင်တက်ကြွမှာမို့ တရားသဖြင့် ခေါင်းဆောင်မယ့် သခင်ဖိုးလှကြီးလို
အလုပ် သမားခေါင်းဆောင်ကောင်းများ အမြန်ဆုံးပေါ်ထွက်စေရန် ၀ိုင်းဝန်းကြိုးစားကြပါစို့လို့ တိုက် တွန်းရင်း ကျမကိုယ်တိုင်လည်း ယုံကြည်တဲ့လမ်းကြောင်းပေါ်မှာ ခိုင်မြဲတဲ့အလုပ်နဲ့ လျောက် လှမ်းပါမယ်ဆိုတဲ့အကြောင်း (၁၂၁)ကြိမ်မြောက် မေဒေးနေ့ ကိုဂုဏ်ပြု ရင်းတော်လှန်ရေးသစ္စာနဲ့ တင်ပြလိုက်ရပါတယ်။
မေအိခင်(လယ်ဝေး)
၁-၅-၂၀၁၁
www.laminkhinkhin.blogspot.com
www.laminkhin.blogspot.com
Posted by LRDP at 11:32 PM 0 comments
နှစ်သစ်မင်္ဂလာ မှာ ဂါရ၀ပြုထိုက်သူဟူသမျှကို ဂါရ၀ပြုလိုက်ပါတယ် --
Monday, April 18, 2011
မြန်မာတို့ ရဲ့ နှစ်သစ် ကို ရိုးရာစဉ်လာမပျက် ကုသိုလ်ကောင်းမှုတွေ နဲ့ 
ကျော်ဖြတ်ခဲ့ကြတယ် အဖွဲ့ ချုပ် ဗဟို နဲ့ ကျမတို့ လူချင်းသာဝေးကွာ
နေရပေမဲ့ ကုသိုလ်တွေ နဲ့ နှစ်သစ် ကိုကျော်ဖြတ်နေကြတာချင်းတူတူမို့ 
ပီတိဖြစ်ရပါတယ် ပါရမီ ကျင့်စဉ် တွေကိုကျင့်နေကြတဲ့ခေါင်းဆောင်ကောင်း
များစိတ်ကောင်းစေတနာ ကဦးဆောင်ရတဲ့ သီလ သမာဓိ ပညာ ပြည့်စုံတဲ့
တနေ့ တရက် တမနက် ကြီးသူ မိမိထက် မြင့်မြတ်တဲ့အကျင့်သီလ ပိုင်
ဆိုင်သူဟူသမျှကို ဂါရ၀ ပြု ဦးခိုက်ပါတယ် ။ နှစ်သစ်မှစချမ်းမြေ့ကြပါစေ။။။။။
Posted by LRDP at 7:45 AM 0 comments



