welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကိုဇာဂနာ၏မိခင် ဒေါ်ကြည်ဦး ကွယ်လွန် ခဲ့ပြီ

Friday, March 20, 2009


သားကောင်း ၏ မိခင်တစ်ဦး ကွယ်လွန်သွားသည့်အတွက် အလွန်အမင်ကြေကွဲမိပါသည်။။
အကျဉ်းထောင်တွင်း ရှိ ကိုဇာဂနာ ကိုသူရနှင့် ထပ်တူထပ်မျှကြေကွဲ ၀မ်းနည်းရပါသည်။။

မေအိခင် (လယ်ဝေး)

(တံတားနီနေ့ ) ဖြစ်ပေါ်လာပုံ ကို ကျောင်းသားဟောင်းများကရှင်းပြနေပုံ

Tuesday, March 17, 2009

ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေအပေါ်စစ်အုပ်စုယုတ်မာခဲ့တဲ့တံတားဖြူကသွေးစွန်းလို့ နီခဲ့ရတဲ့ တံတားနီနေ့ 
ကိုမျိုးဆက်သစ်ကျောင်းသားလူငယ်တွေသိဖို့  မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ(BPPU)ရဲ့ အတွင်းရေးမှုး
ဦးယဉ်ထွေးနှင့် FBF ဒုတိယဥက္ကဌ ဦးအောင်မျိုးတင့် တို့ မှ နည်းပညာသင်ကျောင်းသားများအား ကိုယ်တွေ့ ကျော်
ဖြတ်ခဲ့ကြရသည့် သမိုင်းကြောင်းများအာ ဟောပြောခဲ့ပါသည်။။


တံတားနီနေ့  (၂၁) နှစ်ပြည့် ၁၆-၃-၈၈

Sunday, March 15, 2009

16-3-2009 ဒီကနေ့ ဖြူစင်လွန်းတဲ့တံတားဖြူ မှာသွေးရောင်စွန်းထင်းခဲ့ရတဲ့ တံတားနီ လို့ တောင်ကဗျည်းတွင်ခဲ့ရတဲ့

အင်ယျားကန်ဘောင် က ၀ိညာဉ် များ ပြန်လည်နိုးထလာစေမဲ့  တံတားနီနေ့  (၂၁)နှစ်ပြည့် တံတားနီနေ့ 

ကိုဖုန်းမော်ကျဆုံးခြင်း(၂၁)နှစ်ပြည့် မြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့ 

Thursday, March 12, 2009

ထိုင်းနိုင်ငံမဲဆောက်မြို့ တွင် စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ ဆေးတက္ကသိုလ်ကျောင်းသားဟောင်းများ
ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းများ (၇၄)မျိုးဆက် (၈၈)မျိုးဆက် (၂၀၀၇)မျိုးဆက် ကျောင်းသားများ
က ကိုဖုန်းမော်ကျဆုံးခြင်း မကျဆုံးမှီ စစ်အုပ်စု၏မတရားမှု ကျောင်းသားများပြည်သူရှေ့ ရပ်တည်ခဲ့မှု များကို
မျိုးဆက် အဆင့်ဆင့်ကပြောကြားခဲ့ပါတယ်။ခုပုံမှာတင်ပြထားတာကတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း
ကိုတင်အေး နှင့် ၂၀၀၇ မျိုးဆက်လူငယ်ကျောင်းသားခေါင်းဆောင်များမှ ကျောင်းသားထု၏ခံစားချက်နှင့်စေတနာ
များကိုပြောကြားနေတာဖြစ်ပါတယ်။။




ကိုဖုန်းမော်ကျဆုံးသည့်နေ့ (မြန်မာနိုင်ငံလူးအခွင့်အရေးနေ့ )၁၃-၃-၂၀၀၉

ကိုဖုန်းမော်ရေ ကိုဖုန်းမော် ကျဆုံးခဲ့တာ ၂၁ နှစ်တောင်ပြည့်ခဲ့ပြီ ကျမတို့ တိုက်ပွဲလည်း
ဆုံးခန်းတိုင်ဖို့ လွဲနေစဲပဲရှေ့ကပေးဆပ်ခဲ့တဲ့ တိုက်ရဲသူတွေရဲ့နောက်မှာ တိုက်ရဲသူတွေ
အသီးသီးကတော့ ဘ၀တစ်ပါးမှာ နဲ့ ထောင်ထဲမှာရဲရဲတိုက်ချင်သူတွေကတော့ ရှိတော့
ရှိသေး လက်နှေးနေသေးတယ် ကိုဖုန်းမော် ။ အင်းစိန်စက်မှုကျောင်း ကိုပစ်မှတ်ထား
တဲ့ အာဏာရှင်တွေရဲ့ရက်စက်မှုကို မျက်ဝါးထင်ထင်တွေ့ ခဲ့ဖူးတဲ့ အင်းစိန်က စတိတ်
ကျောင်းသား ကျောင်းသူလေးတွေကတော့ ကိုဖုန်းမော်နေ့ ကိုဖုန်းမော် ကိုစိုးနိုင်တို့ 
ကျဆုံးခဲ့ရတဲ့ လူ့အခွင့်အရေးနေ့ ကိုဘယ်တော့မှမမေ့သလို မကြေသေတဲ့ သွေးကြွေး
တွေအတွက် ကျမတို့ ဘ၀တွေ ဆက်လက်ပြီး ပေးဆပ်သွားမယ်လို့ ဂတိပြုတယ်
ကိုဖုန်းမော် --တိုက်ရဲတဲ့သူတွေရဲ့စိတ်ဓါတ်တွေနဲ့တော့ ကျမ အမြဲ အတူတကွ -- ရှိနေမှာပါ ။။။

ကျဆုံးခဲ့သူတွေရဲ့ မျက်နှာကိုထောက်ထားပြီး တိုက်ရဲတဲ့စိတ်တွေမွေးကြပါစို့ 
မေအိခင်(လယ်ဝေး)


မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ မှ လူ့ အခွင့်အရေးနေ့ နှင့် တံတားနီနေ့ အတွက် (ကလစ်ကလေးထောက်ပြီးဖတ်ပါ)

အန်တီမေ ကိုတာဝန်ပြန်လည်ပေးအပ်ခြင်းအားလှိုက်လှဲစွာကြိုဆိုပါသည်

Wednesday, March 11, 2009

မရမ်းကုန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဒေါ်မေ၀င်းမြင့်အား ပါတီမှ တာဝန်ပြန်လည်ပေး
အပ်သည့်အတွက် ၀မ်းသာပီတိဖြစ်ရပါသည်။။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အမျိုးသမီး လှုပ်ရှားမှု စွမ်းဆောင်
မှုအားပိုမိုမြင့်မားလာမည်ဟု ယုံကြည်ပါသည် ။။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအမျိုးသမီးအဖွဲ့ မှ

Monday, March 9, 2009

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ သို့ ( ၈-၃-၂၀၀၉)