welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

နိုင်ငံတ၀ှမ်း ဒီကနေ့  ပြည်သူတွေရဲ့ လှုပ်ရှားမှု

Thursday, April 15, 2010

ပိတောက်မြေမှ ခမောက်ဝေတဲ့ လှုပ်ရှားမှု။

၁။ ၂၀၁၀ ရွေးကောက်ပွဲအလိုမရှိ။ ၂။ လူထုတိုက်ပွဲဖော်ဆောင်ကြ။ ၃။ ပြည်သူ့အစိုးရဖွဲ့စည်းရေးဒို့အရေး။ ၄။...အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်ရမည်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ၂ပေပတ်လည် ပိုစတာတွေပါ။




























ယနေ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကျနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ တို့မှ ရန်ကုန်မြို့နှင့် နယ်မြို့များမှာ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကပ်ခြင်း၊ ခမောက်ဝေခြင်း၊ စီဒီအခွေများ ဖြန့်ဝေခြင်းများကို ပူပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး တာဝန်ခံဆရာတော် အရှင်ဓမ္မရာဇာမှ ဆက်သွယ် ပြောကြားလာပါတယ်။

ဒီနေ့ဦးဇင်းတို့.. သင်္ကြန်အကျနေ့မှာ မနက်၁၀နာရီခွဲလောက်က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ တို့ပူပေါင်းပြီး ခမောက်ဝေတဲ့လှုပ်ရှားမှုနဲ့ စီဒီအခွေဝေတာတွေကို ပြည်နယ်နဲ့ တိုင်းတွေက မြို့နယ် ၁၅ခုလောက်မှာ တချိန်တည်း တပြိုင်တည်း အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။ ပြုလုပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်က မြို့နယ်တွေကတော့ -

ရန်ကုန်တိုင်းမှာ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လသာ၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊

မန္တလေးတိုင်းမှာ မန္တလေးဈေးချိုနဲ့ ချမ်းအေးသာဇံမြို့နယ်၊

မကွေးတိုင်းမှာ မကွေးမြို့ပေါ်၊ ပခုက္ကူ၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်၊

ကရင်ပြည်နယ်မှာ ဖားအံ၊ ကော့ကရိတ်၊

ကချင်ပြည်နယ်မှာ မြစ်ကြီးနား၊ ဗန်းမော်၊

ဧရာဝတီတိုင်းကတော့ ဘိုကလေးမြို့နယ်မှာ လုပ်ဖြစ်ပါတယ်။

အင်မတန်မှ အောင်မြင်ပြီး အားတက်စရာပါပဲ။ အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာ ပြချင်လို့ လုပ်ဆောင်တာပါ။ ထူးခြားတာတွေကတော့ ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ ယူကြတာပါပဲ။ ကြည့်မြင်တိုင်မှာ ဝေတုန်းကတချို့နိုင်ငံရေးအမြင်နဲ့ မယူရဲတဲ့သူတွေ ရှိပေမယ့် အနားမှာရှိနေတဲ့ ဒကာ၊ဒကာမလေးတွေက လှိုက်လှိုက်လှဲလှဲ လာတောင်းယူကြတော့ ဘေးကသူတွေပါ တောင်းယူကြတယ်။ နောက်အသက်ကြီးကြီး လူကြီးတစ်ယောက်က နွေမှာပိတောက် ရင်မှာခမောက်ဆိုပြီး အော်ပြောသွားပါတယ်။ အားလုံးနိုင်ငံရေး စိတ်ဓာတ်နိုးကြားကုန်တယ်လေ။

မြို့ထဲမှာဝေတုန်းက ခမောက်ဝေနေတဲ့ အချိန်မှာ ရဲကားတစ်စီး ရောက်လာပြီးရပ်ကြည့်သေးတယ်၊ နောက်ပြန်သွားတယ်။ ဦးဇင်းတို့က သူတို့တွေကြားအောင် ဝေတဲ့အချိန်မှာ ပြည်သူတွေ အရိပ်ရအောင် ဝေနေတာပါဆိုပြီး ခမောက်ကို ပေါ်ပေါ်တင်တင် ပြောပြီးဝေတယ်လေ။ ခမောက်နဲ့အတူ စီဒီအခွေလည်း ဖြန့်ပါတယ်။ စီဒီက အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့က ဒကာတွေ လုပ်တာပါ။ ဘယ်ဟာမှန်တယ် မှားတယ်ဆိုတာ သိရအောင်ရယ်၊ နောက်အားလုံးလက်ခံနိုင်တဲ့ အချက်အလက်တွေ စီဒီထဲမှာ အကုန်ပါတယ်လေ။ နောက်မကွေးတိုင်း နတ်မောက်မှာ ခမောက်ဝေတာ ဗိုလ်ချုပ်အောင်ဆန်းအိမ်နားမှာပါ။ အခုပြတိုက်လုပ်ထားတဲ့ နေရာမှာပါ။ အာဏာပိုင်တွေ တအံ့တသြနဲ့ လာကြည့်ပြီး နောက်ဓာတ်ပုံရိုက်သွားတယ်လို့ သိရတယ်။ တခြားဘာမှတော့ နှောင့်ယှက်တယ်လို့ မကြားရပါဘူး။

ပိုစတာတွေကတော့ ၁။ ၂၀၁၀ ရွေးကောက်ပွဲအလိုမရှိ။ ၂။ လူထုတိုက်ပွဲဖော်ဆောင်ကြ။ ၃။ ပြည်သူ့အစိုးရဖွဲ့စည်းရေးဒို့အရေး။ ၄။...အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်ရမည်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ၂ပေပတ်လည် ပိုစတာတွေပါ။

အခုတစ်ရာကျော်ကို မနက် လေးနာရီလောက်ထဲက စပြီး ဦးဇင်းတို့ မဏ္ဍပ်ပေါင်း(၄၀)ကျော်မှာ လိုက်ကပ်ပါတယ်။ ဦးဇင်းတို့ ပြည်နယ်နဲ့တိုင်း တစ်ချိန်တည်း တပြိုင်တည်းလုပ်တာပါ။ ဦးဇင်းတို့ ခမောက်လှုတာ တစ်ကြိမ်တစ်ခါမှ မလုပ်ဘူးပါဘူး အခုမှ စလုပ်တာပါ။ ဦးဇင်းတို့လုပ်နေတာ ခုနှစ်ရက်သားသမီးတွေ အတွက်လုပ်နေတာပါ။ အဓိကက ခမောက်ကို လှုဒါန်းရတာကတော့ ပြည်သူတွေ အားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူရှိနေပြီး တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာကို ပြပြီး စိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ ဦးဇင်းတို့ နအဖကိုဆက်ပြီး တောင်းဆိုတိုက်ပွဲဝင်နေမှာပါ။ ၂၀၀၈ခုနှစ် နောက်ပိုင်းကစပြီး ဆန့်ကျင်လာတာပါ။ ၂၀၀၈ အခြေခံဥပါဒေကို မပြင်သရွေ့ စစ်အာဏာရှင်တွေကို စိန်ခေါ်ပြီး ပြည်သူတွေဘက်က ဆက်လက်ရပ်တည်ပြီး တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး တာဝန်ခံဆရာတော် အရှင်ဓမ္မရာဇာမှ ပြောကြားသွားပါတယ်။ ယနေ့ခမောက် အလုံးရေ ၁၅၀၀ကျော် ဝေနိုင်ခဲ့တဲ့ အကြောင်း ဆက်လက်ပြောပြသွားပါတယ်။



































ရန်ကုန်မှာကပ်တဲ့ ပိုစတာပုံကို ဖော်ပြလိုက်ပါတယ်။ အခြားလက်ခံရရှိထားတဲ ဓာတ်ပုံများကိုတော့ ခွင့်ပြုချက်ရယူပြီး ဖော်ပြပါမည်။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များမှမဲဆန္ဒရှင်ပြည်သူများထံပန်ကြားချက်များ

Tuesday, April 13, 2010

ဆိပ်ကမ်းမြို့ နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းနှင့် ပုဏ္ဏားကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ထွန်းစိန် တို့ မှ ၄င်းတို့ ကိုမဲဆန္ဒပေးထားသောပြည်သူများထံသို့ 
ဤသို့ ပန်ကြားထားသည်




လူထုခေါင်းဆောင်ကအဖွဲ့ချုပ်အနေနဲ့ မိမိရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့

Wednesday, April 7, 2010

အဖွဲ့ ချုပ်ရဲ့ဆုံးဖြတ်ချက်ဟာဘာလဲ

ဒီမိုကရေစီရဖို့ 

ပြည်သူ့ အာဏာပြည်သူ့ လက်ထဲ ရှိဖို့ 

ဒါဆို ပြည်သူ့ အစိုးရ မှတပါး အခြားမရှိ

ဒေါ်စုရဲ့ပြောဆိုချက် အတိုင်းဆို ကိုယ်ဘာလုပ်ရမယ်ဆိုတာ သိကို သိရပါလိမ့်မယ် ဥပါယ်တံမျဉ်တွေ ဖယ်ခွါပြီး
ရဲရဲသာတိုက် ကျမတို့ တကယ်လိုက်ခဲ့မှာပါ ။ ပြည်ပ က မို့ လို့ အော်နေတာမဟုတ်ဘူးလက်တွေ့ ကျော်ဖြတ်ခဲ့ရ
တဲ့ အတွေ့ အကြုံတွေ အရ ဖြစ်သင့်တာကို တိုက်တွန်းနေတာပါ ။ထောင်ဆိုတာကျမတို့ အတွက်ပါးပါးလေးပါပဲ -
ကြောက်တက်ရင် လွဲ မယ် ဒီတစ်ခါလွှဲရင် ဘာနဲ့ မှ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးမို့  ပြည်သူတွေပေးထားတဲ့
့ မန်းဒိတ် ကိုရဲရဲကိုင်ဆုတ်ပြီး ၁၉၉၀ ရလဒ် ကို လက်မလွှတ်စတမ်းပြည်သူ့ လွတ်လပ်ရေးပန်းတိုင်သို့ သွားကြပါစို့ 

မေအိခင်(လယ်ဝေး)

အဖွဲ့ချုပ်ဟာ မိမိရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ရမယ်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲ့ချုပ်၏ ၂၉ရက်နေ့က တညီတညွတ်တည်း ဆုံးဖြတ်လိုက်သည့် ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အား ကျေနပ်ကြောင်းနှင့် အဖွဲ့ချုပ်အနေနဲ့ မိမိရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ယနေ့ အကျိုးဆောင်ရှေ့နေကြီးများ ဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းတို့နှင့် ၂နာရီခန့် တွေ့ဆုံခွင့်ရစဉ် ပြောဆိုလိုက်ပါတယ်။

ဒီကနေ့နေ့လည် ၁နာရီကနေ ၃နာရီအအထထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂နာရီလောက် တွေ့ခွင့်ရပါတယ်။ အထူးအယူခံကိစ္စအတွက် ဥပဒေအကြောင်းအရာ အချက်(၇)ချက်ထဲက (၅)ချက်တော့ ညှိနှိုင်းပြီးစီးသွားပြီး.. ကျန်တဲ့ (၂)ချက်ကတော့ နောက်တခါသွားမှ ဥပဒေတွေမှာ ရှာဖွေပြီး ပြန်ညှိရမယ်။ ဒီနေ့ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ကိစ္စစကားပြောဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ (၂၉)ရက်နေ့က ဆုံးဖြတ်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်မတင်ကိစ္စကို အဖွဲ့ချုပ်ဝင်တွေ တညီတညွတ်တည်း ဆုံးဖြတ်နိုင်တာ ဝမ်းသာ.. ကျေနပ်တယ်... နောက်မနေ့က အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားချက်ကို သဘောတူတယ်။ ... နောက်အဖွဲ့ချုပ်ဟာ မိမိရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မှာကြားလိုက်ပါတယ်။ နောက်ဒေါ်အောင်ဆန်းစုကြည် မှာလိုက်တဲ့ အဖွဲ့ချုပ်ရဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်ရမယ့် အချက်တွေကို.. အန်ကယ်တို့ သင်္ကြန်ပိတ်ရက်တွေ ပြီးရင်လုပ်ဆောင်ပါမယ်။ နောက် အဖွဲ့ချုပ်နဲ့ ပတ်သတ်တာတွေ မှာလိုက်တယ်... နောက်ပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် မှာလိုက်တာတွေလည်း ရှိပါတယ်။ လုပ်ဆောင်စရာတွေ လုပ်ဆောင်ပြီးရင် အန်ကယ် ပြောပြနိုင်ပါမယ်။ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

နောက်တခုကတော့ တနေ့က ဦးအောင်ဆန်းဦး တားဝရမ်း ကိုတရားရုံးက ပယ်တဲ့ဟာကို ယူပြီး စည်ပင်ကို နေအိမ်ပြန်လည် ပြင်ဆင်ခွင့်ရဖို့ အန်ကယ်တို့ လုပ်ပေးရပါမယ်။ နေအိမ်က ပြင်လက်စတန်းလန်း နောက်ပြီးခြံထဲမှာရှိတဲ့ အပင်တွေက နာဂစ်တုန်းက ပါသွားတော့ အခုနွေရာသီဆိုတော့ တော်တော်ပူတယ်လေ။ ကျန်းမာရေး အနေနဲ့ကတော့ ကောင်းတယ်လို့မြင်ပါတယ်။ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ Medical Check Up လုပ်ဖို့ရှိတယ်လို့တော့ ပြောပါတယ်။
ဒီမိုးဝေရန် ထံမှ

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း မှ မဲဆန္ဒ၇ှင်များထံသို့ 

Tuesday, April 6, 2010

လူထုတိုက်ပွဲကော်မတီ ၂၀၁၀

Decision of Meeting (April 3 - 2010)

တော်လှန်ရေးအဓွန့် မရှည်စေဖို့  ဗိုလ်ချုပ်တို့ ခေတ် ကလို

Saturday, April 3, 2010

တိုင်းပြည်အပြောင်းအလဲကိုတကယ်လိုချင်ပြီး တော်လှန်ရေးအဓွန့် မရှည်စေဖို့  ဗိုလ်ချုပ်တို့ ခေတ် ကလို
ရဲရင့်သူတွေလိုအပ်သလို လူထုဦးစိန်ဝင်းလို အမုန်းခံ ပြီး စေတနာမှန်တဲ့တိုက်တွန်းရဲသူတွေ ဒီလိုရှိရမယ်


ဒီကနေ့  တော်လှန်ရေးမှာ ဘ၀တွေ အမျိုးမျိုး ပေးဆပ် အနစ်နာခံခဲ့သူအများစုဖြစ်တဲ့ကိုမိုးသီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စန်းစန်း ၊ ၇၄ ကစတော်လှန်ရေး ထဲ စုံနစ်ခဲ့ရတဲ့ ကိုဂါမဏိအပါအ၀င် RIT ကျောင်းသားဟောင်းကြီးများနဲ့ က စုပေါင်းပြီး လူထုလှုပ်ရှားမှုဖေါ်ထုတ်ရေး တိုက်ပွဲ ပြင်ဆင်ဖို့ အတွက် ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ အစည်းအဝေးတစ်ခု ကျင်းပနိုင်
ခဲ့ပါတယ်တကယ်ကိုလွတ်လပ်ပွင့်လင်းပြီး ကိုယ့်အတွေးအခေါ် ကို ကိုယ်လွှတ်လပ်စွာဖေါ်ထုတ်ပြောဆိုခွင့်ရတဲ့ ထူးခြားတဲ့စည်းဝေး
ပွဲပဲဖြစ်ပါတယ် ။ကန့် သတ်မှု လုံးဝမရှိတာကြောင့် ဒီမိုကရေစီရဲ့အနှစ်သာရကို လက်တွေ့ ဖေါ်ဆောင်နေတဲ့သဏ္ဍန် သိတ်ကိုပီပြင်
လှပါတယ် ။ သတင်းထောက်များ လည်း အပြည့်အစုံ မလစ်မဟင်းတက်ရောက် သတင်းယူတာ ၀င်ရောက်ဆွေးနွေးတာတွေကို
ပါတွေ့ ရတဲ့အတွက် ပို လို့ ကို ထူးခြားပါတယ် ။အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် နဲ့  ရလဒ်ကို မနက်ဖန်မှာ ထုတ်ပြန်သွားမှာဖြစ်
ကြောင်းသတင်းရရှိပါတယ် ။ ထူးခြားတဲ့ မတ်ဆိတ်နောက်တစ်ခု ကတော့ နအဖထောက်လှန်းရေးမဟုတ်ပဲ အုပ်စုဖွဲ့ ထောက်လှန်း
ရေး တစ်ချို့ လည်း တက်ရောက်လာပါတယ် ။ ကျမတို့ ကလည်း နှစ်အတော်ကြာ ထောက်လှန်းရေးနဲ့ စိန်ပြေးလိုက်တိုင်းကစား
လာသူတွေဆိုတော့ သိနေတာပေါ့ ဒီတစ်ယောက်နှစ်ယောက်နဲ့ သွားနားထောင်ခြေ လို့ သူတို့ ကိုခိုင်းစေသူတွေသတိရှိဖို့ ရာက တော်လှန်ရေးတစ်ခုလုံးအားကိုယ်ပိုင်ပစ္စည်းလို့  ထင်နေရင် ဒီစကားတွေကြောင့် စိတ်ထားတွေပြင်ဆင်စေ့ချင်ပါတယ်။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
တော်လှန်ရေးသည် သင်တို့ ၏ကိုယ်ပိုင်ပစ္စည်းမဟုတ် ဟု သာ သိသာစေအပ်ပါသည် ။







မြန်မာအလုပ်သမားများဘဝ

Friday, April 2, 2010

KKF w