၈၈၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်နှင့် နေ့ သစ်မီဒီယာတို့ တွေ့ ဆုံမေးမြန်းခန်း
Posted by LRDP at 9:45 AM 0 comments
ကန့် ကွက်ချုံ့ ချရုံတင်မက လမ်းစဉ်ချမှတ်၍ တိုက်ဖြတ်ကြမည်
ဆိပ်ကမ်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း ဦးဆောင်ပြီး လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ မှ စစ်အုပ်စုရဲ့
ယုတ်မာဆုတ်ပဲ့ တဲ့ ရွေးကောက်ပွဲဥပဒေ ကို ကန့် ကွက်ချု့ ချတဲ့ ပွဲ ကို ဖရိုမန်းရှာလာဖန်း ခမ်းမမှာဒီကနေ့ ကျင်းပဖြစ်ခဲ့
ပါတယ်။။ အခမ်းအနားကိုကရင့်တော်လှန်ရေးခေါင်းဆောင်များအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်များ တပ်ပေါင်းစုမှတာ
ဝန်ရှိနေသူများ ၊အလုပ်သမားအဖွဲ့ အစည်းအသီးသီးနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန်တို့ တက်ရောက်ကြ
ပါတယ်။ အခမ်းအနားမှာတော့ အစဉ်အလာအတိုင်းပြောနေတဲ့လေထဲကစကားတွေ ကိုအဆုံးသတ်ပြီး အလုပ်တစ်ခုကို
ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်ဒါကတော့ယမန်နေ့ ကကျင်းပပြုလုပ်တဲ့ကိုဖုန်းမော်နှစ်ပတ်လည်နေ့ မှာရရှိခဲ့တဲ့ သပိတ်မှောက်
ရုံမက လက်တွေ့ ကျတဲ့ အကောင်အထည် အက်ရှင်တစ်ခုကို ဆောင်၇ွက်ကြဖို့ ပါပဲ ။ မြန်မာပြည်ရဲ့ စစ်အာဏာရှင်ဝါးမျို
မဲ့ လက်တစ်ကမ်းမှာ စစ်အာဏာရှင်ကိုချောက်ထဲ ချနိုင်ဖို့ ရာက ပြည်သူ့ အစိုးရပါပဲ ။ပြည်သူ့အစိုးရဆိုတဲ့နေရာမှာတော့
အမျိုးသားညွန့် ပေါင်းအစိုးရ ကို ဆိုလို တာမဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းတင်ပြထားပါရစေ ။ ပြည်သူလူထုအမှန်
တကယ်မျော်လင့်ထားတဲ့ ရဲရဲပြော ရဲရဲလုပ်နေတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်တို့ လိုပုဂိုလ်မျိုး
ဦးဆောင်တဲ့ ပြည်သူအစိုးရကိုဆိုလို တာပါ ။။ ပြည်သူ့ အစိုးရကို စီအာပီပီ အပါအ၀င်ရွေးကောက်ပွဲ အနိုင်ရ လွတ်တော်
ကိုယ်စားလှယ်များက တာဝန်သိသိ တာဝန်ရှိရှိနဲ့  ဆုံးဖြတ်ဆောင်ရွက်သင့်ပါပြီ။ဖြစ်ပေါ်လာမဲ့ အစိုးရကိုလည်း ပြည်သူ့ 
လွှတ်တော်ကိုယ်စားပြုကော်မတီတစ်ရပ်လုံးအပါအ၀င် ၊ BLSO ၊၈၈ မျိုးဆက်ကျောင်းသားအများ အလုပ်သမားအဖွဲ့ အ
စည်းအများစု နဲ့ အမှန်တကယ်စစ်အာဏာရှင်ကိုကျဆုံးစေလိုသူတော်လှန်ရေးပြီးလို သူ အားလုံးက တစ်ခဲနက်ထောက်
ခံပါသည် ဆိုတဲ့ သဘောထားကို ရရှိခဲ့ ပါတယ်။။ယခုအစပြု မှုမှဆက်လက်၍ အဖွဲ့ အစည်းအသီးသီးဆွေးနွေးညှိနှိုင်းပြီး
စစ်အုပ်စုအမြှစ်ပြတ်တော်လှန်မဲ့  တိုက်ပွဲ ကို သူသေ ကိုယ်ရှင် တော်လှန်ကြမည်ဖြစ်ကြောင်း တင်ပြလိုက်ပါတယ် ။။
Posted by LRDP at 12:58 AM 0 comments
ကိုဖုန်းမော်ကျဆုံး ခဲ့တာ ၂၂ နှစ်ပြည့် ရဲ့အဆုံးအဖြတ်ဟာစစ်အာဏာရှင်အဆုံးသတ်မဲ့နေ့ ရက်
Saturday, March 13, 2010
.jpg)
ဒီကနေ့  ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ ၂၂ နှစ်ပြည့်နှစ်ပတ်လည်နေ့ ဖြစ်ပါတယ် ဒီနေ့ အတွက် စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတွေ
ဖြစ်တဲ့ ကိုသံဒုတ် ၊ ကိုမင်းဇော် တို့ ကဦးဆောင်ပြီးကျင်းပခဲ့ပါတယ်။။
အခမ်းအနားမှာ၈၈ မျိုးဆက်ကျောင်းသားတွေ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်တွေထဲက အမှန်တကယ်
အလုပ်လုပ်တဲ့ ရန်ကုန်တိုင်းဆိပ်ကမ်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန်းစန်း နဲ့ သထုံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ကိုခွန်မြင့်ထွန်း အပြင် ဗကသ (နိုင်ငံခြားရေး) လူ့ ဘောင်သစ် အလုပ်သမားအဖွဲ့ အသီးသီး မှ တာဝန်ရှိသူများ ၊ ဒီအေဘီ မှအတွင်းရေး
မှုးဒေါက်တာကျော်ညွန့်  ရဟန်းပျိုသမဂ္ဂ ဆရာတော် ဦးခေမာစာရ၊နိုင်ငံရေးအကျဉ်းသားဆရာတော် ရှင်ဇ၀န ၊ နဲ့ အတူ ၈၈ အရေးတော်
ပုံကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် တို့  တက်ရောက်ခဲ့ကြပါတယ် ။။ အခန်းအနားမှာ ကိုဖုန်း မော် ကိုစိုးနိုင် နဲ့  ကျဆုံးခဲ့တဲ့ ရဟန်း
ရှင် လူ ကျောင်းသား ပြည်သူ လေးညွှတ်ဂုဏ်ြ့ပီး သံဃာတော်များအားဆွမ်းကပ်လှူကာ ကျဆုံးခဲ့သူတွေအတွက်ရေစက်ချ အမျှပေးဝေ
ခဲ့ကြပါတယ် ။။
အဲဒီ့နောက်မှာတော့ လက်ရှိ စစ်အုပ်စုရဲ့ စစ်ကျွန် သက်ရှည်စေမဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ နဲ့ ပတ်သတ်ပြီး
ဘယ်လို တိုက်ပွဲဝင်သပိတ်မှောက်ကြမယ် ပြည်ပက စုစည်းညီညာတဲ့ တစ်သံတည်းထွက်စေနိုင်မဲ့ လှုပ်ရှားမှုအတွက်ဆွေးနွေးခဲ့ကြပါ
တယ် ။ မကြာခင် ဒီအခမ်းအနားက ရတဲ့ စုပေါင်းသံဓိဌါန် ကို ကြေညာသွားမှဖြစ်ပါတယ်။။
Posted by LRDP at 8:51 AM 0 comments
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကို ဖိနှိပ်မယ်ဆို ပြည်သူကခံမှာမဟုတ်ဘူး
Wednesday, March 10, 2010
ယနေ့ စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ လိုက်နာဖို့အတော်ခက်ခဲပြီး တမင်တကာရည်ရွယ်ချက် ရှိရှိနဲ့လုပ်ဆောင်သွားတာ ဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်....။
" ဒီကနေ့ စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားတာကတော့... ဒီနေ့ဥပဒေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဓိက စောင်းပေးပြီး ထုတ်ပြန်သွားတာလို့ ပြောလို့ရပါတယ်...။ ဒီဥပဒေ မှတ်ပုံတင်မတင် မဆုံးဖြတ်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC တွေအားလုံးတွေ့ဆုံပြီး စဉ်းစားဆုံးဖြတ်နိုင်ဖို့အတွက် တွေ့ဆုံခွင့်ရဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် အန်ကယ်တို့ CEC အားလုံးတွေ့ဆုံခွင့် ရဖို့တောင်းဆိုပါမယ်။ အရေးကြီးတာကတော့ အဲ့ဒီဥပဒေတွေမှာ ပါတဲ့အပိုဒ်တွေဟာ လိုက်နာဖို့ အင်မတန်ခက်ခဲပါတယ်။ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်သွားတာပါဟု" ပြောဆိုသွားပါတယ်။
ယနေ့ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုအဓိက စောင်းပေးပြီး ထုတ်ပြန်သွားတာဖြစ်ကြောင်း အကဲခတ်များက ပြောဆိုပါတယ်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေတွင် ထောင်ဒဏ်ကျခံနေသူများအား ပါတီဝင်အဖြစ် သတ်မှတ်ခြင်း မပြုရန် ရေးသားထားပြီး သတ်မှတ်ထားသော ရက် ၆၀ အတွင်း ပြန်လည် လျှောက်ထားခြင်းမပြုပါက အလိုအလျှောက် ပျက်ပြယ်သွားမှာ ဖြစ်ကြောင်း တဘက်သတ်ရေးသားထားပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့  နောက်ဆုံးအပိုဒ် ၂၇ အရ - “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့  ဥပဒေ အမှတ်၊ ၄/၈၈) ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်” ဆိုတဲ့အချက်တချက်လည်း ပါဝင်နေခြင်းဟာလည်း ယခင်နိုင်ငံရေးပါတီ အဖြစ်တရားဝင်ရပ်တည်နေတဲ့ ပါတီတွေဟာ တရားမဝင်တော့တဲ့ သဘောကိုဆောင်နေပါတယ်။
ဆက်လက်ပြီး ယနေ့ ပြည်နယ်နှင့်တိုင်းတွေမှာရှိတဲ့ ချိတ်ပိတ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးခန်းတွေကို ယနေ့ညနေ ၄နာရီ ပြန်လည်ဖွင့်ခွင့်ပေးကြောင်း အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်....။
ဗုဒ္ဓဟူးနေ့ည ၁၁နာရီအထိ ....... နောက်ဆုံးရရှိတဲ့ ပြန်လည်ဖွင့်ခွင့်ပြုတဲ့ နေရာတွေကတော့ ....... ရန်ကုန်တိုင်း..... တိုင်းရုံး ၊ ဒဂုံမြို့သစ်၊ အလုံ။ မန္တလေးတိုင်း..... တိုင်းရုံးအပါအဝင် မြို့နယ်များ.. စစ်ကိုင်းတိုင်း.... အင်းတော်၊ မုံရွာ၊ ရေဦး၊ ရွှေဘို.. ပဲခူးတိုင်း..... ပြည်၊ ပေါင်းတည်... ရှမ်းပြည်နယ်.... ရှမ်းပြည် မြောက်ပိုင်း ၁၁ မြို့နယ်.... မွန်ပြည်နယ်... ဖွင့်ခွင့်ပြုလို့ လိုက်သွားကြတယ် ဟုသိရ... ကချင်ပြည်နယ်... မိုးညှင်းမြို့နယ် တို့ဖြစ်ပါတယ်..... ဒီနေ့ညနေ ၄နာရီနောက်ပိုင်းကပါ.. ချိတ်ပိတ်ထားတာတွေကို ပြန်ဖွင့်ခွင့် ပေးမယ်ဆိုပြီးလာပြောတာပါ။ အချိန်ကိုက်လုပ်တာပါ... အန်ကယ်အမြင်တော့ ဒီနေ့ဥပဒေမှာ အဖွဲ့ချုပ်ကို စောင်းပေးနှိပ်ကွက် ပြီးတော့ တခုနဲ့တခု Balance ပြန်လုပ်တယ်လို့ ဒီလိုပဲမြင်ပါတယ် ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားတာပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုးံခန်းများဟာ ၂၀၀၃ခုနှစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ် အတွင်း နေရာတော်တော်များများ မှာရုံးခန်းများ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး အပြီးမှာ စစ်အစိုးရမှ ရုံးခန်းအားလုံး ချိတ်ပိတ်ခဲ့ပါတယ်..။ နှစ်ကာလကြာမြင့်ပြီဖြစ်တဲ့အတွက် ရုံးခန်းများအနက် တချို့ရုံးခန်းများမှာ ပျက်စီးယိုယွင်းမှုများနဲ့ ကြုံတွေ့နေရပါတယ်။ ရွှေဂုံတိုင်အဖွဲ့ချုပ် ရုံးချုပ်ကိုသာ ဟန်ပြဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။
(မေး(လ်) ပို့ လာသူအားကျေးဇူးတင်ပါသည်)
Posted by LRDP at 9:38 AM 0 comments
ကိုဖုန်းမော်ရေ
Monday, March 8, 2010
မတ်လ (၁၃) ရက်နေ့ သည် မြန်မာနိုင်ငံ လူ့ အခွင့်အေ၇းနေ့  ဖြစ်သည် ။(ကိုဖုန်းမော်ကျဆုံးခဲ့သည့်နေ့ )
ကျမ ပဲ အင်းစိန် စက်မှုတက္ကသိုလ် နဲ့ နီးတဲ့ အထက်တန်းကျောင်းမှာပညာသင်ဖြစ်ခဲ့လို့ လား? ကျမတို့ အသက်အရွယ်နဲ့ 
ကျမတို့ ခေတ်မှာ ကျမဟာ ဒီတော်လှန်ရေးထဲ ပါဖြစ်ဖို့ အကြောင်းကဖန်ခဲ့လို့ လား ?
ဒီလို နှစ်နှစ်ဆယ်ကျော် ကျော်ဖြတ် တိုက်ပွဲဝင်နေရတဲ့လမ်းမှာ ကျဆုံးသွားခဲ့တဲ့ကိုဖုန်းမော်တို့ ရဲ့ဝိဥာဉ်အသက်တွေကို
မျက်နှာပြဖို့  ခက်ခဲ့ရပြီကိုဖုန်းမော် ရေ ---
တာဝန်တွေကြေချင်ပြီလေ
မေအိခင်(လယ်ဝေး)
Posted by LRDP at 9:13 AM 3 comments
ဖရိုမန်း၇ှာလာဘန်း သမီးလေးအတွက် အထူးဂုဏ်ယူစရာ
ဇိုယာဖန်း ကမ္ဘာ့လူငယ် ခေါင်းဆောင် ရွေးချယ်ခံရ ။
ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ စီးပွားရေး ဖိုရမ် အဖွဲ့ (World Economic Forum) က ၂၀၁၀ ခုနှစ် အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသူ ဇိုယာဖန်းကို ကမ္ဘာ့ လူငယ် ခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်သည်။

ဇိုယာဖန်း (ဓာတ်ပုံ - Jeff Gilbert)
ယင်း ရွေးချယ်မှုကို အသက် ၄၀ အောက် အရွယ် လူငယ် ၅၀၀၀ ခန့် အမည် စာရင်း တင်သွင်း ခံရပြီးနောက် ဆန်ခါတင် နိုင်ငံပေါင်း ၇၂ နိုင်ငံမှ လူငယ် ခေါင်းဆောင် ၁၉၇ ဦးထဲတွင် ၎င်းက (Young Global Leader) ဟူသော ကမ္ဘာ့လူငယ် ခေါင်းဆောင် အဖြစ် ရွေးချယ် ခံခဲ့ရခြင်း ဖြစ်သည်ဟု ရွေးချယ်ခံရသူ ဇိုယာဖန်းက ဧရာဝတီသို့ ပြောသည်။
“ဒီလိုမျိုး ရွေချယ် ခံရတာက တယောက်တည်း အတွက် မဟုတ်ဘူး ဆိုတာ ကျမ မြင်ပါတယ်၊ မြန်မာပြည် တပြည်လုံးရဲ့ လူ့အခွင့် အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသားတွေ အားလုံး အခွင့်အရေး အတွက် လှုပ်ရှားနေတဲ့ အလုပ် အကိုင် တွေကို သူတို့ အသိအမှတ် ပြုတယ်လို့ ကျမမြင်ပါတယ်”ဟု သူက ပြောသည်။
ကမ္ဘာ့စီးပွားရေး ဖိုရမ်က ကမ္ဘာ့လူငယ်ခေါင်းဆောင်များ အဖြစ် ရွေးချယ်ခံရသူများကို လာမည့် မေလ ၂ ရက်နေ့တွင် တန်ဇန်းနီး ယား နိုင်ငံ Da res Salaam မြို့တွင် တွေ့ဆုံရန် ဖိတ်ကြားထားသည့် အတွက် မြန်မာနိုင်ငံ၏ အခြေအနေကို တင်ပြဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု ဇိုယာဖန်းက ဆိုသည်။
“အဲဒီမှာ သွားတက်မယ့် လူတွေကတော့ စီးပွားရေး ခေါင်းဆောင်တွေ ပိုများတယ်၊ တချို့ဆိုရင် နိုင်ငံရေး ခေါင်းဆောင်တွေပါတယ် အဲဒါ အခွင့်အရေးကောင်းတခုပဲ၊ ဒါကြောင့် အဲဒီ အခွင့်အရေးကိုယူပြီးတော့ မြန်မာပြည်အကြောင်းကို တခါမှ မကြားဘူးတဲ့ လူတွေ ကိုသွားပြောပြမယ်”ဟု ဇိုယာဖန်းက ဆက်ပြောသည်။
ထို့အပြင် ယခုနှစ် အတွင်း ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများကို တက်ရောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာတွင် နားလည် သဘောပေါက်ရေး၊ အများအကျိုးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်းလည်း ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
သက်တမ်း ၄၀ ပြည့်တော့မည့် World Economic Forum သည် နိုင်ငံတကာအရေး၊ ဒေသဆိုင်ရာ အရေး အခင်းများနှင့် ပတ် သက်ပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူများ၊ ခေါင်းဆောင်များကို ညှိနှိုင်းဆွေးနွေးရန် စီစဉ် ပေးသည့် အဖွဲ့ကြီး ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း နိုင်ငံပေါင်းစုံမှ ထက်မြက်သည့် လူငယ် ၂၀၀၊ ၃၀၀ ခန့်ကို ရွေးချယ်ပြီး ကမ္ဘာ့ရေးရာများနှင့် ပတ်သက်၍ ပြောဆို ဆွေးနွေး၊ လှုပ်ရှားစေခြင်းဖြင့် အနာဂတ်ကမ္ဘာကြီးအတွက် အားကောင်းသည့် နိုင်ငံတ ကာကွန်ရက်တခု ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ပေးလေ့ရှိသည်။
ပိုးကရင်တိုင်းရင်းသူ တဦးဖြစ်သည့် ဇိုယာဖန်းသည် လက်ရှိ အင်္ဂလန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး UK အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign-UK) ၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ တဦး အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။
အီးမေး(လ်)ပို့ ပေးသူအားအထူးကျေးဇူးတင်ပါသည် ။။
Posted by LRDP at 8:37 AM 1 comments