welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

လှိုင်သာယာစက်မှုဇုံ သို့  အလုပ်သမားသမဂ္ဂများ စွမ်းရည်မြှင့်တင်သည့်သင်တန်းကို LRDP မှ ဆောင်ရွက်

Sunday, February 16, 2014


ကျမတို့ LRDP မှ ဦးဆောင်၍ အလုပ်သမားသမဂ္ဂများစွမ်းရည်မြှင့်သင်တန်းကို ယနေ့  လှိုင်သာယာစက်မှုဇုံတွင် ပြုလုပ်ခဲ့သည်။ ဖိနပ်စက်ရုံ ၊အထည်ချုပ် အခြေခံသမဂ္ဂ နှင့် ရုံးလုပ်ငန်း ရှိ အလုပ်သမားများတက်ရောက်ကြသည်။ သင်တန်းပို့ ချခြင်း က်ု အဖွဲ့ဝင် ၆၀၀ကျော်ရှိသည့် ဂုံနီစက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှုး မှ ၄င်းကောင်း SGS အတွင်းရေးမှုးမှလည်းကောင်း LRDP အတွင်းရေးမှုး နှင့် ဥက္ကဌ တို့ မှ ၀ိုင်းဝန်းပို့ ချခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်သမားရေးရာမှရန်ကုန်တိုင်းအလုပ်သမားရေးရာ သို့ အလုပ်သမားရေးဆိုင်ရာ ဆင့်ပွါး

Sunday, February 9, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်သမားရေးရာမှရန်ကုန်တိုင်းအလုပ်သမားရေးရာ သို့ အလုပ်သမားရေးဆိုင်ရာ ဆင့်ပွါး

အဖွဲ့ချုပ် ဗဟို အလုပ်သမားရေးရာကော်မတီ မှ အလုပ်သမားတို့ ရဲ့အခွင့်အရေးကို ကူညီဆောင်ရွက်ပေးနိုင်ဖို့  အလုပ်သမားရေးရာကော်မတီကို တိုင်းနဲ့ပြည်နယ်အဆင့်ဆင့်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အလုပ်သမားရေးဆိုင်ရာကို ပါတီရဲ့မူဝါဒအတိုင်းဆောင်ရွက်နိုင်ဖို့ ၈-၂-၂၀၁၄ မှာ ရန်ကုန်တိုင်းအလုပ်သမားရေးရာကော်မတီခေါင်းဆောင်များအား အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း အကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံချိန်စံညွှန်းနဲ့ILO ပြဌါန်း များအပြင် မြန်မာနိုင်ငံက ၁၉၅၅ မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ပြဌါန်းချက် -၈၇ အကြောင်းကို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၍ သင်တန်းများဆင့်ပွါးပို့ ချနိုင်ရန် ဆာင်ရွက်ခဲ့ပါသည်။

LRDP နှင့်အတူ သင်တန်းပေးနေသည့် ILO မှ TOT ဆင်း အလုပ်သမားသမဂ္ဂခေါင်းဆောင်များ

Sunday, February 2, 2014


တောင်ဒဂုံ စက်မှုဇုံသို့  အလုပ်သမား သမဂ္ဂခေါင်းဆောင်များနှင့် အလုပ်သမားရေးဆောင်ရွက် သည့် LRDP တို့  မှာ သွားရောက်သင်တန်းပေးခဲ့သည် ပင်လယ်ကူးသဘောင်္သားများသမဂ`၈မှ တွဲ ဖက်အတွင်းရေးမှုး ကို ရဲဝင်းထွန်း SGS မှ ဥက္ကဌ နှင့် အတွင်းရေးမှုး ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုရဲဝင်းနိုင် တို့ မှလည်း ILO မှ TOT ဆင်းများဖြစ်သည့်အလျောက် နည်းစနစ်ကျစွာ အလုပ်သမားများအား ၄င်းတို့ အခွင့်အရေး အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ ဆင့်ပွါးပေးခဲ့သည်

အလုပ်သမားထုအတွက် LRDP



အပြည်ပြည်ဆိုင်ရာ အလုပ်သမား အခွင့်အရေး ဆင့်ပွါးပညာပေးခြင်း
ဒီကနေ့  တောင်ဒဂုံ စက်မှုဇုံ က အလုပ်သမား သမဂ္ဂတွေ နဲ့  သမဂ္ဂမဖွဲ့ ရသေးတဲ့ အလုပ်သမားတွေ ဆီကို သင်တန်းပေးဖြစ်ပါတယ် ။ LRDP /MMWF / SGS / နဲ့  မြို့ နယ် ညှိနှိုင်းဖြန်ဖြေရေး က အလုပ်သမားခေါင်းဆောင်တွေ လည်း သင်တန်းပို့ ချတဲ့ ထဲမှာပါဝင်ပါတယ် ။ အဓိက ပြဌါန်းချက် --၈၇ နဲ့  အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတွေ ကို ပို့ ချပေးကြတာဖြစ်ပြီး သင်တန်းပေးသူအားလုံး ILO ရဲ့ TOT ဆင်းတွေ ပဲဖြစ်ပါတယ် ။ ကျမတို့ အစီအစဉ်တကျ သင်တန်း ကို့ (စ်) တွေ ခွဲ ပြီး ပို့ ချတဲ့ အခါ အလုပ်သမားတွေ လည်းအတော်ပျော်ရွင်ပြီး နောက်ဆုံးအချိန် တဦးချင်း ဆွေးနွေး မှုမှာ သူတို့ အခွင့်အရေးတွေ ကို သူတို့ ဖာသာဆွေးနွေးတက်လာတဲ့ အပြင် ရှင်းလင်းတင်ပြမှုပါ အားကောင်းလာတာတွေ့ ရပါတယ် ။ သို့ ပေမဲ့ အဲဒီလို အလုပ်သမားတွေ အားလုံးသိဖို့  ကျမတို့ အများကြီးကြိုးစားကြရပါဦးမယ် ။။