welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဝိညာဉ်များနှင့်အတူ

Friday, July 27, 2012

ရှစ်ဆယ့်ရှစ်ရဲ့ည
ကျမကလေးဘ၀ပါ--
အကျီ င်္အဖြူ စကက်အစိမ်းနဲ့ 
ကျမလည်း စွာရဲခဲ့သူပဲပေါ့
ထ(၁) အင်းစိန် စုရပ် က
ရှစ်ဆယ့်ရှစ် ညအတွက်
ထင်ရှားတဲ့မှတ်တိုင်ပေါ့
အင်းစိန် ဆူးလေထိ လမ်းလျောက်
ကျမအဲဒီည အိမ်ကပျောက်ခဲ့တယ်

ပူလောင်စပ်ဖျင်း မောပမ်းခြင်းနဲ့ အတူ
အာခေါင်ကွဲအက်အသံတွေမထွက်တော့တဲ့ညပေါ့
ဒါပေမဲ့ဘေးဝဲယာက ပြည်သူ့ အသံ
ပင်ပမ်းရဒဏ်ပြေပြီပဲလေ

ဆားသံပရာခွံ့ ကျွေးလာတဲ့ပြည်သူ
ဖြူဖြူမဲမဲ ကျမနုတ်ခမ်း ဟပေးမြဲပေါ့
ဘယ်သူဦးဆောင်ဦးဆောင်
အားလုံးဟာတစ်သံတည်းပါ
အရေးတော်ပုံအောင်ရမည်

တဖြောင်းဖြောင်းလက်ခုတ်သံတွေရဲ့ကြား
မြို့ တော်ခမ်းမရှေ့ကိုရောက်သွားကြပြီ
ကျမကိုချီမရဲဘော်တစ်ဦးက
ငါ့ညီမငယ် ဒါဟောကွယ်တဲ့
ဘယ်သူဘယ်ဝါမသိ
ကျမစာရွက်ကိုင်ပြီးအသံကုန်ဟစ်တော့
လက်ခုတ်သံတွေမဆဲ
ဟုတ်တယ်ဟုတ်တယ်သြဘာပေး
ကျမ နထင်သွေးကြွ
အဲဒါကျမရဲ့တော်လှန်ရေးအစပါ
တက်နိုင်သူကလက်ကိုင်ပ၀ပလေးတွေဝေငှ
မျက်ရည်ယိုဗုံးသတင်းပျံ့လွင့်
အားလုံးဟာကြောက်ရွံ့ခြင်းအလျဉ်းမဲ့ညပေါ့
ခွန် ခွန် (၇၇) လာတယ်ဟေ့
ပစ် ခိုင်းလို့ ပြန်သွားတယ်တဲ့
ဟော -- ခုလာတာ နှစ်နှစ် (၂၂)
ချင်းတပ် အသစ်ဆိုပဲ
ပစ် ပစ် ကွာ ဒို့ ဆန္ဒကမ္ဘာသိစေရမယ်
ကျောင်းသားတစ်ဦးရဲ့အသံ

အဲဒီ့နောက် ဒိုင်း ဒိုင်း ဒိုင်း
ကျမကိုလူတစ်ယောက်ဆွဲပြေး
ဗန္ဓုလပန်းခြံဘေးကလက်မှတ်ရုံလေးကြားမှာ
ကျမတုန်ရီစွာနဲ့

ပစ်တယ်ဟပစ်တယ်ဟအသံကြားရာလှည့်ကြည့်
ကျမမျက်စိမမှားခဲ့ပါဘူး
ဖြူစိမ်း ရင်ဖုန်းနဲ့ကျောင်းဆရာမတစ်ဦး
သူနဲ့အတူကျောင်းသားနှစ်ဦးဝမ်းလျားမှောက်ကျ
သွေးအိုင်ထဲမှာ အဲဒီ့ညပေါ့

ကျမဒူးတုန်လို့ ရှေ့ဦးတည်ရာပြေး
လသာကပြည်သူဖေးမကူလို
အသက်ရှင်သန်ခွင့် ရခဲ့သေးပေမဲ့
ရှစ်ဆယ့်ရှစ်ညရဲ့ဝိညာဉ်များဟာ
ကျမတို့ နဲ့ အတူခုချိန်ထိ
တိုက်ပွဲဝင်နေဦးမှာအသေအချာပါ---
ခုလိုလ ရဲ့ ရှစ်ရှစ်(၈၈)ညတွေဟာ
အသစ်အသစ်သောဝေဒနာကိုရစေတာမို့ 
အာဏာရှင်မကျမချင်းအံကြိတ်အားခဲရင်းနဲ့ 
အမြဲထာဝရ သင်တို့ ဝိညာဉ်များ နဲ့ အတူတကွ--

မေအိခင်(လယ်ဝေး)


မိမိသည်ရှစ်လေးလုံးည တွင်မြို့ တော်ခန်းမရှေ့အထိပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးချိန်ထိ ဆက်လက်
ဆန္ဒပြသည့်အတွက် ၁၉၈၉ တွင်ထောင်တွင်းသို့ ပထမဆုံး အကျဉ်းကျခံခဲ့ရပြီး အချုပ်အဖြစ် အကြိမ်ပေါင်းများစွာ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် ၁၉၉၆ တွင်
ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု နှင့်ပတ်သတ်ပြီး (အမျိုးသားီးမိုကရေစီအဖွဲ့ ချုပ် လူငယ်တာဝန် ယူ
စဉ်) ထောင် (ရ ) နှစ် ကျခံခဲ့ရသည်။။
ဤ ကိုယ်တွေ့ ဖြစ်ပျက် ခဲ့သည့် ဤကဗျာ အား နှစ်စဉ်ဖြန့် ဝေခဲ့သည့်အကြောင်းရင်းမှာမျိုးဆက်သစ်များခံစားနားလည်နိုင်ရန် နှင့်ထိုခေတ်ထိုအခါက အဖြူအစိမ်းကျောင်းသူများ၏ တိုင်းပြည်အတွက် ရပ်တည်ဆောင်၇ွက်မှုကို လက်ဆင့်ကမ်းလိုသောကြောင့်ဖြစ်သည် ။ကျောင်းသားနိုင်ငံရေး နှင့်ထောင်တွင်းတစ်ကြိမ် ပါတီနိုင်ငံရေးလုပ်စဉ်ထောင်တွင်းနောက်ထပ်တစ်ကြိမ်ကျခံခဲ့ရသည် ။ယခုအခါ တိုင်းပြည်၏ အပြောင်းအလဲကိုဦးတည်နေသည့်အခြေအနေတွင် လူထု နှင့်ထိဆက်သည့် လူထုကိုအကျိုးပြုစေမည့် အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူ တစ်ဦးအနေနှင့် လူထုကြားတွင် လှုတ်ရှားဆောင်ရွက်နေပါသည်။