welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဆုမွန်ကောင်း

Thursday, December 31, 2009

နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ကောင်းကျိုးလိုရာဆန္ဒတွေလည်းပြည့်ဝကြပါစေ ။
ရည်ရွယ်ချက်တွေအတိုင်းအောင်မြင်နိုင်ဖို့ အင်အားကုန်စိုက်ထုတ်ပြီးကြိုးပမ်းကြရအောင်လို့ 

မေအိခင် (လယ်ဝေး)

ကိုယ်အလုပ်ကိုယ်လုပ်ဖို့  --လို

Wednesday, December 30, 2009

ဆယ့်နှစ်နာရီကျော်ပြီဆိုတော့ ဒီနေ့ က ၂၀၀၉ ရဲ့နောက်ဆုံးနေ့ ပေါ့ ။ တိုင်းပြည်နဲ့လူမျိုးအတွက်တိုးတက်
လာတာဘာမှမရှိတဲ့အတွက် ၂၀၀၉ ကိုလည်း မကြေမနပ်နဲ့ နုတ်ဆက်ရမှာပါပဲ ။ကျမလည်းသက်တန်းကြီး
သွားသလို တော်လှန်ရေးသက်ကလည်းပို များများလာတာကိုက ကျမတို့ တွေ ကြိုးစားမှုနည်းနေသေးလို့ 
ပဲ--ဒါပေမဲ့ ဆက်ရမှာက ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပါပဲ ။ ကျမ အလုပ်က စစ်အုပ်စုမတရားတာကိုမတရား
ဘူးပြောနေမယ်။ကျမနဲ့ နီးစပ်ပတ်သတ်သမျှ လူငယ်ကျောင်းသားအလုပ်သမားတွေကို ကိုယ်အခွင့်အရေး
ကိုယ်တောင်းဆိုကြဖို့ မတရားတဲ့အမိန့် တွေကိုဖီဆန်တက်ဖို့  တိုက်တွန်းနေမယ် ။ ကျောင်းသားကလည်း
ကျောင်းစာအုပ်မ၀ယ်နိုင်တာကျောင်းသွားခါနီး အိမ်မှာထမင်းမရှိတာကိုပြောအလုပ်သမားကလည်းအိုဗာ
တိုင်းကြေးတွေနည်းတာ လုပ်ငန်းခွင်လုံခြုံမှုမရှိတာ အလုပ်ရှင်တွေမတရားဂေါင်းပုံဖြတ်တာကိုပြော အဲ
နိုင်ငံရေးသမား လို့ အမည်ခံထားသူတွေ ကတော့ NLD ပါတီကဖြင့် ဘာမလုပ်တာညာမလုပ်တာ ပြောင်း
လဲပစ်ရမှာတို့ ပြောနေမဲ့အစား ကိုယ် စစ်အုပ်စုကို ဘာနည်းနဲ့ အပြုတ်တိုက်မလဲဆိုတာစဉ်းစာကြဖို့ သင့်ပြီ
ကိုယ်ကိုယ်တိုင်တော့ နိုင်ငံခြားမှာ ကားလေအသင့်နဲ့သွားလာနေပြီး ပါတီရုံချုပ် ကို ဘက်(စ်)ကားတိုးစီနေ
ရတဲ့ ၈၀ ၀န်းကျင် သခင်စိုးမြင့် လို လူမျိုးပါတဲ့ ပါတီ အီးစီတွေကို အဝေးကနေ ပြုပြင်ပြောင်းလဲပါပြောရင်
ခင်ဗျား တို့ မရှက်ပေမဲ့ ပြည်ပရောက်နေတဲ့ ကျမ ပါရောအဆဲခံရမှာရှက်မိပါတယ် ။ ခုပါတီကိုပြုပြင်ပြောင်း
လဲခိုင်းနေတဲ့ အများစုဟာ အချိန်ပြည့်သူတို့ ဘ၀ချမ်းသာဖို့  အမေရိကားဂျပန်စတဲ့လုပ်ငန်းခွင်တွေမှာကျင်
လည်ပြီး ခန လေး အွန်လိုင်းတက် မေး(လ်)လေး ချက်တင်လေးနဲ့ အော်ခဲ့ကြတာကြည့်ပါပဲ ။
သိနေတော့လည်းခက်ပါဘိသပေါ့ ဒါပေမဲ့ လျော့ကြပါတော့ ၂၀၁၀ လည်းရောက်ပြီ အိုက် အီးစီနေရာမှာ
ဘယ်သူ့ ပါဝါ က စစ်အုပ်စုဝါးမျိုမှာကာနိုင်လို့ လဲ လို့ ကျမမေးချင်ပါတယ် ။ကျမတို့ ကိုယ်တိုင်က စာရေးဆရာ
ဘ၀မှာ စာမူတွေပယ်တဲ့ အယ်ဒီတာကို ကော်ဆဲဖူးကြမှာပါ ကိုယ်ကိုယ်တိုင်အယ်ဒီတာဖြစ်မှ အယ်ဒီတာကို
နားလည် နိုင်မယ်ဆိုရင်တော့ မျိုးဆက်သစ်လူငယ်တိုင်းဟာအရိုင်းအဆိုင်းတွေကြည့်ဖြစ်တော့မှာပေါ့ ။။
မသိရင်လည်းသိကြပါ နိုင်ငံခြားမှာ အဆိုင်လန်ခံပြီး ဂုဏ်သိက္ခါရှိတဲ့နိုင်ငံေ၇းကိုစိတ်ဝင်စားလာ လို့  လုပ်လာ
သူတွေကိုလည်း ကျမ တို့ ကကြိုဆိုပါတယ် ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်လိုပုဂိုလ်မျိုး ကအမျော်အမြင်ကြီး
စွာနဲ့ ပါတီတာဝန်ကို ပူတွဲဆောင်၇ွက်နေတဲ့ မျိုးချစ် ပုဂိုလ် များဟာ သာမာန် နှယ်နှယ်ရရမဟုတ်လို့ ခုထိပါတီ
ရှင်သန်နေနိုင်တာပါ ။။ ဦးအောင်ရွှေ ကို ဖြုတ်ပြီး ခု ပါတီပြောင်းလဲရေးအော်နေသူထဲ ကမြန်မာပြည်ပြန်ပြီး
သွားလုပ်နိုင်မလားလို့ ကျမ ထပ်မေးချင်ပါတယ် ။
၁၉၉၅ သြဂုတ်လမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာသူမရဲ့နေအိမ်အောက်ထပ် မှာမြို့ နယ်
အလိုက် ပါတီအရေးတွေ ဆွေးနွေးကြပါတယ် အဲဒီကတည်းက ဦးအောင်ရွှေ ကပါတီဝင်တွေ ဒေါ်စုကအစကို
ပါတီမှ ထုတ်တယ်လို့ ကြေညာမှုအပေါ်မှာ မြို့နယ်တွေက မကြေနပ်ကြပါဘူး ဒါပေမဲ့ ကာယကံရှင် ဒေါ်စုဟာ
ဘဘဦးအောင်ရွှေကို ခိုင်ခိုင်မြဲမြဲဆက်လက်တွဲလုပ်ဆောင် ခဲ့ပါတယ် ဒီအမျော်အမြင်တွေအပေါ်ကျမ စကား
လုံးအတိအကျရှင်းလင်းအောင်မရေးပြသင့် လို့ မရေးပေမဲ့ နိုင်ငံရေး ပါတီ့အရေး နဲ့သေသေချာချာ မထိစပ်
သူတွေဆို နားလည်ရခက်ပါလိမ့်မယ် ။ ခုအခြေအနေ တွေက ကိုယ်မလုပ်နိုင်လို့ ကျနော်ကျမ ညံ့ပါတယ်
မိသားစုရေး ကျနော့ပညာရေးချမ်းသာရေး က နှံပါတ်(၁) ပါ နိုင်ငံရေးဆိုတာတော့ ဂုဏ်သိက္ခါရှိလို့ ချိတ်ထား
တာပါလို့ ပွင့်ပွင့်လင်းလင်းမပြောနိုင်တာပြဿနာ မရှိပေမဲ့ ။ ပါတီပြုပြင်ပြောင်းလဲရေးလို့  ပြည်ပကနေအော်
နေတဲ့အခါ -- ခင်ဗျားတို့ ဘာသိလို့ လဲ ? လို့ သာကျမပြောချင်ပါတယ် ။ ကိုယ်လိပ်ပြာတော့ ကိုယ်လုံ ကြပါ
ငါကော တော်လှန်ရေးအတွက်ဘယ်လောက်ပေးဆပ်ပြီးပြီလဲလို့ လေ --နှစ်သစ်ကို မကြိုခင် ကိုယ်အလုပ်
ကိုယ်လုပ်ကြဖို့  ကျမ တိုက်တွန်းချင်တာပါပဲ ။။ကျမတို့ ဆီမှာရှိတဲ့ မျှားတွေအကုန် စစ်အုပ်စုရဲ့မတရားမှုတွေ
ကိုဖေါ်ထုတ်ဖို့ သာ မျှားဦးမှာ န အဖ ပဲ ရှိပါစေ - ပြီးတော့ အသစ်ပေါ်ထွက်လာမဲ့အာဏာရှင်ရှိသေးရင်လည်း
ရှင်းလင်းကြရဦးမှာပါပဲ --လက်ရှိဦးတည်ချက်ကို အတွေးမှားတွေနဲ့ရောယှက်ပြီးပါးစပ်ထဲက ၀ယ်စရာမလိုတဲ့
စကားအပိုတွေကို ရုပ်သိမ်းကာကိုယ့်အလုပ်ကိုယ်လုပ်ကြရအောင်စို့ လား

တော်လှန်ရေးမှာစေတနာရှိစွာပါဝင်ပြီးဝေဖန်သူများကိုမဆိုလိုပါ ။
မေအိခင်(လယ်ဝေး)

ထောင်ကျဆဲ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူရဲ့ ဈာပန နက်ဖန် ရေဝေးမှာ

Thursday, December 24, 2009

ကျဆုံးသူ - မတင်တင်ထွေး
အသက် -၃၈ နှစ်
၂၅ -၁၂-၂၀၀၉ နေ့ ခင်း (၂) တွင်ရေဝေးသုဿန်တွင် သဂြိုလ်မည်ဖြစ်ပါသဖြင့်
ရဲဘော်များအားလုံး လိုက်ပါပို့ ဆောင်နိုင်ရန်

နေအိမ်တွင် ၁၂း၀၀ နှင့် ၁း၀၀ အတွင်း ကားများ ထွက်မည် ဖြစ်သည်

အိမ်လိပ်စာ -- အမှတ် ၄၈ B
အုဒ်လမ်း
ရွှေနံ့ သာရပ်ကွက်


မနက်ဖန် အာဏာရှင် ကို ဆန့် ကျင်ရင်း ထောင်ဒဏ် နဲ့  ကျဆုံး သွားခဲ့တဲ့ မတင်တင်ထွေး ရဲ့
ဈာပန မီးသဂြိုလ် မှာမို့  တော်လှန်ရေးအင်အားစုတိုင်း ၀ိုင်းဝန်းပို့ ဆောင်ကြဖို့ တိုက်တွန်းနိုး
ဆော်လိုက်ပါတယ် ။။ ၁၉၈၈ ကစ ယနေ့ အထိ ယုံကြည်ချက်ကြောင့်အကျဉ်းကျခဲ့သူတွေထဲ
မှာ အမျိုးသမီးတွေ အမြောက်အများရှိပြီး အကျဉ်းထောင် ရဲ့ ဒဏ်တွေ ကြောင့် အပြင်ရောက်မှ
ပုံစံ မျိုးစုံနဲ့ သေဆုံးသွားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတစ်ချို့ ရှိခဲ့ပေမဲ့လည်း မတင်တင်ထွေး က
တော့ ထောင်ထဲမှာဝေဒနာခံစားရင်း အပြင်ဆေးရုံ ထုတ်ကုရာမှ (ထောင်ကျရင်းပဲကွယ်လွန်)
သွားခဲ့ရပါတယ် ။ကျမ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးအနေနဲ့ အင်မတန်မှကြေကွဲခံစားရ
ပါတယ် ။ ထောင်ဒဏ်ဆိုတာ ကိုယ်တိုင်ခံစားဖူးသူတိုင်း ပိုပြီး စာနာတက်ကြမှာပါ။ ကျမ သူမ
ကို မမြင်ဘူးပါဘူး ပါတီလူငယ်တွေ က သူကပါတီဝင် အမရေ ကင်းကွာမှုတော့ရှိခဲ့တယ်ပေါ့တဲ့-
၂၀၀၇ သံဃာထုရဲ့မေတ္တာပို့ ဆန္ဒပြုမှုမှာပါဝင်ခဲ့တဲ့ ကျမ နဲ့  အသက်တူ အမျိုးသမီးတစ်ဦး
ပြီးတော့ ကျမတို့ နဲ့ ယုံကြည်ချက် ထပ်တူကျခဲ့တဲ့သူ သူဟာ မသေသင့်ပဲသေခဲ့ရတယ်ဆိုတာ
တော့ မမှားတဲ့ ကျမယုံကြည်ချက်ပဲ ။။ပြတ်ပြတ်သားသားစွပ်စွဲ ရရင် တင်တင်ထွေး ကို စစ်အုပ်
စု သတ်တယ်လို့ ပဲ ကျမ စွဲချက်တင်ချင်ပါတယ် ။ ကျမတို့ ကိုယ်တိုင်သေလုမျောပါးဝေဒနာတွေ
ထောင်ထဲမှာခံစားခဲ့ရလို့  ကျမ ပိုနာကျဉ်းပါတယ် ။ သူဘာတွေ အခက်အခဲဖြစ်တယ် ဘာတွေ
လိုတယ် ဘယ်လို သီးခံခဲ့ရတယ် ဘယ်လို မျိုသိပ်ခဲ့ရတယ် ဘယ်လောက်ကြေကွဲခဲ့ရတယ် ဆို
တာတွေ ပြောသွားချင်မှပြောသွားနိုင်မှာဖြစ်ပေ မဲ့ -နိုင်ငံရေးအကျဉ်းသူတိုင်း ရဲ့ ထောင်ထဲဘဝ
ကြုံဆုံရမှုတွေဟာ ခြားနားမှာမဟုတ်ပါဘူး ။ ပို လို့ ဆိုးတာက ကျမ တို့ လည်း နေခဲ့ရဖူးတဲ့
အင်မတန်မှ ရာသီဥတုဆိုး ဆရာဝန်ဆိုးရှိတဲ့ သာယာဝတီထောင်မှာသူမနေခဲ့ရလို့ ပါပဲ။ခုတော့
န အ ဖရဲ့စနက်ကြောင့် အမျိုးကောင်းသမီး တစ်ဦးကျဆုံးသွားခဲ့ရပါပြီ ။ နိုင်ငံရေးအကျဉ်းသူဟောင်း
တစ်ဦးအနေနဲ့  မတင်တင်ထွေး ကျဆုံးသွားခဲ့ရတဲ့အပေါ် အင်မတန် မှ စစ်အုပ်စုကို ပိုလို နာကျဉ်း
ပါတယ် ။ မတင်တင်ထွေး ကွယ်လွန်ခြင်းအတွက် ကျမ ၀မ်းနည်းကြေကွဲပါကြောင်းနဲ့  ကမ္ဘာကြေ
သော်လည်း စစ်အုပ်စုကို ကျဆုံးကွယ်လွန်သွားသူတွေ အတွက် ဥဒါန်းမကြေပါဘူး ဆိုတာတင်ပြ
ရင်း မိသားစုနဲ့ ထပ်တူ ခံစားရပါကြောင်း

မေအိခင် (လယ်ဝေး)

ကျန်စစ်သားငါ့ ကိုခိုးပြီ

Wednesday, December 23, 2009


ငရန်မာန်ကန်းလက်ထဲရောက်ချင်တဲ့ ခေတ်သစ်
စောလူး များကို သတိပေးရာရောက်သလို သူခိုး
ဓါးရိုးကမ်း နေသည့် သင့်ထိုက်နဲ့သင့်ကံ မခံရခင်
အမှန်ကိုမြင်ပါစေတော့ရယ် လို့ ရည်ရွယ်ပြီးကဗျာ
ပိုင်ရှင် ရဲရင့်သက်ဇွဲ ရဲ့ လင်္ကာလေးကိုနှစ်သက်စွာ
ထပ်မံဖေါ်ပြလိုက်ပါတယ် ။။
မေအိခင်(လယ်ဝေး)





၁။
နေ့တွေ ညတွေ
နေတွေ လတွေ
တရွေ့ရွေ့တိုက်စား
လှိုက်စားလာတဲ့ ဝေဒနာမှာ
ဘာကို ယုံလို့ 
ဘာတွေ ပုံအပ်ရမှာတဲ့လဲ ။
၂။

ဘယ်လိုခေတ်ဆိုးကြီးပါလိမ့်
ဟောဒီ အမှောင်ထုထဲမှာပဲ
အကြောက်တရားနဲ့ ချောက်ချားနေကြတော့မှာလား
အကြောက်တရားနဲ့  ဖောက်ပြားသွားတော့မှာလား။
ဇာတ်တူသားစားတဲ့ လူတန်းစားတရပ်
အမြစ်ဖြတ်ဖို့ လိုပြီ ။

မာယာများတဲ့ ကစားပွဲထဲ
ကံစမ်းမဲများ ပါလေမလား
အရောင်ပြောင်းလွယ်တဲ့
ဦးဆွေးဆံမြေ့ အမှုထမ်းလိုသူများရဲ့
အလိုရမ္မက်ဟာ
ပြိုကွဲပျက်စီးခြင်းနဲ့  အဆုံးသတ်ရလိမ့်မယ်။

၃။

ကံကိုယုံပြီး ဆူးပုံမနင်းနဲ့ 
ဆူးစူးတာပဲ ခံရမယ်။
အသက်ကို ဉာဏ်စောင့်တယ်
အောင်ပွဲနဲ့ အနာဂတ်ကို အမှန်တရားစောင့်တယ်
အဲဒီကြားက မင်းစောလူးရဲ့
ကျန်စစ်သား ... ငါ့ကို ခိုးပြီ ဆိုစကား
မင်းတို့နှုတ်ဖျားက ထွက်ကျလာရင်
မင်းတို့ထိုက်နဲ့  မင်းတို့ကံ
ခွေးသေဝက်သေ ကျန်ခဲ့ပေတော့
အဖန်ဖန်အခါခါ ကျွန်ပြုခံကြပေတော့။

၎။
အယုတ် အလတ် အမြတ် မရွေး
သမိုင်းပေးတာဝန်အရေးကို
ကိုယ့်အရေးလိုတွေး
နှစ်ထောင့်ရှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဖျက်သိမ်းပေး
နှစ်ထောင့်တဆယ် ရွေးကောက်ပွဲကို
ဖျက်သိမ်းပေး
ဖျက်သိမ်းပေး ဖျက်သိမ်းပေး အရာများစွာ
ရွှေဂုံတိုင် ကြေညာစာတမ်းသာ
တတိုင်းပြည်လုံးရဲ့ အသက်ဖြစ်တယ်။ ။

ရဲရင့်သက်ဇွဲ
၂၀၀၉ ဒီဇင်ဘာ ၁၄

မပြောချင်ပေမဲ့ပြောနေရတဲ့သတင်းစာဆရာကြီး

မကြာမှီရက်ပိုင်းလေးအတွင်းမှာ ဂျာနယ်သတင်းသမားလေးတွေနဲ့ ပတ်သက်ပြီး မကြားချင်တဲ့ သတင်းစကားနှစ်ခုကြားသိခဲ့ရလို့ စိတ်မကောင်းဖြစ်လိုက်ရတယ်။ အတွေ့အကြုံနုနယ်သေးတဲ့ လူငယ်လေးတွေပဲဆိုပြီး လျစ်လျူရှုနေလိုက်ချင်ပေမယ့် ကျင့်ဝတ်နဲ့ သိက္ခာဆိုင်ရာကိစ္စဖြစ်လို့ မပြောချင်ပေမယ့် ပြောရပါဦးတော့မယ်။

ထပ်ရေးဖို့လိုနေသေးတာကြောင့်

နှစ်ပေါင်းနှစ်ဆယ်အစိတ်လောက်အတွ

င်း ရေးခဲ့သမျှစာတွေရဲ့ သုံးပုံတစ်ပုံလောက်သာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်တာတွေဖြစ်လို့ အပ်ကြောင်းထပ်သလိုတောင် ဖြစ်နေပါပြီ။
ဒါပေမယ့် ဘယ်လောက်ပဲရေးရေး ထပ်ရေးဖို့လိုနေသေးတာပဲ စိတ်မကောင်းစွာတွေ့နေရတာကြောင့် ရေးလိုက်ရပြန်ပါတယ်။ ရိုးရိုးစာဖတ်ပရိသတ်များ သည်းခံဖတ်ပါလို့ တောင်းပန်ပါတယ်။ ဒီနေ့ စာနယ်ဇင်းလောကမှာ ၀င်ရောက်လုပ်ကိုင်လာကြသူအများစုဟာ လူငယ်လုံမယ်လေးတွေ ဖြစ်ကြတယ်။
ဒါပေမယ့် ကလေးတွေတော့ မဟုတ်ကြဘူး။ လုပ်ငန်းခွင်နယ်ပယ်ထဲ ရောက်နေကြပြီဖြစ်တယ်။ လုပ်ငန်းခွင်ဆိုတာတောင် သာမန်အသက်မွေးဝမ်းကျောင်းပြု အလုပ်မျိုး ရိုးရိုးမဟုတ်ဘူး။ တိုင်းပြည်တစ်ပြည်ရဲ့ အရေးပါဆုံးမဏ္ဍိုင်ကြီးလေးခုထဲက စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ခံထားရတဲ့ သတင်းမီဒီယာလုပ်ငန်းကြီး ဖြစ်တယ်။ အသက်ဘယ်လောက်ငယ်ငယ် သတင်းမီဒီယာသမားရယ်လို့ လုပ်ကတည်းက စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုသူတစ်ယောက်အနေနဲ့ သဘောထားပြီး ပြုမူနေထိုင်လုပ်ကိုင်ရမှာပဲ ဖြစ်တယ်။

အများပြည်သူအမြင်မှာ မလောက်လေးမလောက်စား လူငယ်လေးအဖြစ် မမြင်စေဘဲ သတင်းမီဒီယာသမားအဖြစ်ပဲ မြင်စေရမှာ ဖြစ်တယ်။ ဒီလိုမြင်ဖို့ ကိုယ်ကလုပ်ရပ်နဲ့ သက်သေပြဖို့ လိုပါတယ်။
ရိုသေလေးစားမှုတို့ ယုံကြည်မှုတို့ဆိုတာက ပိုက်ဆံပေးပြီးဝယ်လို့ရတာမျိုး မဟုတ်သလို အတင်းအကျပ်ဖန်တီးယူလို့လည်း ရတာမဟုတ်ဘူး။ ကျင့်ဝတ်ဘယ်လောက် စောင့်ထိန်းသလဲ။ သိက္ခာဘယ်လောက်ရှိသလဲဆိုတဲ့ စံနှုန်းနဲ့ကြည့်ပြီး လူအများက သတ်မှတ်ကြတာဖြစ်တယ်။ ကိုယ့်ဟာကိုယ်သတ်မှတ်လို့ ရတာမျိုးမဟုတ်ဘူး။ ရိုသေထိုက်တာလုပ်ရင် ရိုသေမှာပဲ . . .

ရိုသေထိုက်တာလုပ်ရင် ရိုသေတယ်

ရိုသေလေးစားမှုတို့ ယုံကြည်မှုတို့ဆိုတာက ပိုက်ဆံပေးပြီး ၀ယ်လို့ရတာမျိုး မဟုတ်သလို အတင်းအကျပ်ဖန်တီးယူလို့လည်း ရတာမဟုတ်ဘူး။ ကျင့်ဝတ်ဘယ်လောက် စောင့်ထိန်းသလဲ။ သိက္ခာဘယ်လောက်ရှိသလဲဆိုတဲ့ စံနှုန်းနဲ့ကြည့်ပြီး လူအများက သတ်မှတ်ကြတာဖြစ်တယ်။

ကိုယ့်ဟာကိုယ်သတ်မှတ်လို့ရတာမျိုး မဟုတ်ဘူး။ ရိုသေထိုက်တာလုပ်ရင် ရိုသေမှာပဲ။ ရိုသေထိုက်တာမလုပ်ရင် မရိုသေပါဘူး။

အခွင့်ထူးခံလိုင်စင်မဟုတ်ဘူး
စာနယ်ဇင်းသမားနဲ့ ဆိုင်တာပဲ ပြောပါမယ်။ လူတစ်ယောက်ကို အထင်ကြီးတယ်။ အထင်သေးတယ်ဆိုတာ အဓိကအားဖြင့် အဲဒီလူရဲ့လုပ်ရပ်ကို ကြည့်ဆုံးဖြတ်ကြတာ ဖြစ်တယ်။ ကိုယ်က ဘာတံဆိပ်ပဲ တပ်ထားထား လုပ်ရပ်က အထင်အမြင်သေးစရာ ဖြစ်နေရင် လူတွေက အထင်သေးမှာပဲ။ တချို့က တံဆိပ်တစ်ခုတပ်ထားရတာကို အခွင့်ထူးခံစားခွင့် လိုင်စင်ရသလို အောက်မေ့ပြီး နေရာတကာလူတွင်ကျယ် လုပ်ချင်တတ်ကြတယ်။ တံဆိပ်ဆိုတာ တပ်ထားသူရဲ့ အလုပ်အကိုင်သက်သေခံအမှတ်အသားတစ်ခုထက် ဘာမှမပိုဘူး။ ဒါကြောင့် တံဆိပ်ပြပြီးဘာ အခွင့်အရေးမှ ပိုပြီးရခွင့်မရှိပါဘူး။ စာနယ်ဇင်းသမားတံဆိပ် ဒါမှမဟုတ် ကတ်ပြားဆိုပါစို့။ ဒီတံဆိပ်၊ ကတ်ပြားတပ်ထားရုံနဲ့ လူတကာမရတဲ့ အခွင့်ထူးရရမယ်လို့ တောင်းဆိုပိုင်ခွင့် မရှိပါဘူး။ လူတကာသွားလာဝင်ထွက်ခွင့်ရှိတဲ့ နေရာမျိုးမှာ ဒီတံဆိပ်တပ်ထားလို့ဆိုပြီး ဘယ်သူကမှ တားဆီးပိတ်ပင်ခွင့်လည်း မရှိပါဘူး။ လွန်ခဲ့တဲ့ လေးငါးနှစ်က 'သတင်းသမားဖိတ်စာလိုမလို'ဆိုတဲ့ ကိစ္စအငြင်းပွားခဲ့ကြတာ မှတ်မိကြဦးမှာပါ။ သတင်းသမား သတင်းလိုက်တာ သတင်းယူတာကို တရားဥပဒေနဲ့ ကန့်သတ်တားဆီးလုပ်ထားတာမဟုတ်ရင် ဘယ်သူမှ တားဆီးပိတ်ပင်ခွင့် မရှိပါဘူး။ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းနေဖို့လည်း မလိုပါဘူး။ ဖိတ်စာလည်းမလိုပါဘူး။

ဒါပေမယ့် လူတစ်ဦးတစ်ယောက်ရဲ့ အိမ်ဝင်းထဲမှာပြုလုပ်တဲ့ အခမ်းအနားပွဲလမ်းသဘင်တစ်ခုခုဆိုရင်တော့ ဖိတ်ကြားမခံရဘဲနဲ့ ၀င်ရောက်ခြင်းမပြုသင့်ပါဘူး။

ဒီကိစ္စက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်ပါတယ်။ အများပြည်သူလူထုအတွက် အရေးပါတဲ့သတင်းမျိုး မဟုတ်ပါဘူး။ သတင်းအကြောင်းပြချက်နဲ့ သူတစ်ပါးရဲ့ အိမ်ပိုင်နက်အတွင်း မဖိတ်ခေါ်ဘဲဝင်ရောက်ခွင့် မရှိပါဘူး။ ဒါကို သတိပြုသင့်ပါတယ်။

တံစိုးလက်ဆောင်
စာနယ်ဇင်းသမားဆိုတာ ဘယ်လိုတံစိုးလက်ဆောင်မျိုးကိုမှ လက်မခံရပါဘူး။ စီးပွားရေးသမားရဲ့ ခါးပိုက်ဆောင်လက်ကိုင်တုတ်အဖြစ် မခံရသလို နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ ခါးပိုက်ဆောင် လက်ကိုင်တုတ်လည်း အဖြစ်မခံရပါဘူး။ စာနယ်ဇင်းသမားမှန်ရင် ဘယ်သူ့ 'ကျေးဇူးကြွေး'မှ အတင်မခံသင့်ဘူး။ အကြွေးဆိုတာတင်မိရင် တစ်နည်းနည်းနဲ့ ပြန်ဆပ်ရမြဲဖြစ်တယ်။ ပြန်မဆပ်ရတောင် မျက်နှာကိုတော့ငဲ့ကြည့်ရမှာ သေချာတယ်။ စာနယ်ဇင်းသမားဆိုတာ စာဖတ်ပရိသတ်ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာကိုမှ ကြည့်လို့ မဖြစ်ပါဘူး။ ကျေးဇူးကြောင့် ငဲ့ကွက်ရတယ်ဆိုရင် စာနယ်ဇင်းအာပတ်သင့်ပါတယ်။

သူများတွေကိုကြည့်

လက်ဆောင်ကိုလက်ရှောင်ဖို့အကြောင်းရေးခဲ့တဲ့ အကြိမ်တွေ မနည်းတော့ပါဘူး။ အပ်ကြောင်းထပ်သလိုတောင် ဖြစ်နေပါပြီ။ ရိုးရိုးစာဖတ်ပရိသတ်များကို အားတောင်နာပါတယ်။ ဒါပေမယ့်စာနယ်ဇင်းလောထဲ အသစ်အသစ်ဝင်ရောက်လာတဲ့ လူငယ်တွေက နေ့စဉ်လိုရှိနေကြပြီး ရေးခဲ့တဲ့စာတွေကိုလည်း ဖတ်ဖူးတွေ့ဖူးကြပုံ မပေါ်တာကြောင့် မကြာခဏထပ်ထပ်ပြီး ရေးနေရတာပါ။ အခုလည်း ကြည့်ပါဦး၊ လူပုံအလယ်မှာ ပေးသူကပေး၊ ယူသူကလည်းယူ လုပ်နေကြတာဆိုတော့ ဒီလုပ်ရပ်ဟာ မှားတယ်လို့တောင် သဘောထားကြပုံမရပါဘူး။ တော်တော်ကို စိတ်မကောင်းစရာ ဖြစ်ပါတယ်။ အဲဒါကြောင့် ထပ်ရေးရပြန်ပါတယ်။ ကိုယ့်အတ္တနောမတိကို မရေးတော့ပါဘူး။ အမေရိကန်နိုင်ငံက The Des Moine Register ဆိုတဲ့ သာမန်သတင်းစာလေးတစ်စောင်က သူ့တိုက်တွင်းစည်းကမ်းအဖြစ် ချမှတ်ထားတဲ့ ကျင့်ဝတ်များကိုပဲ ဖော်ပြလိုက်ပါတယ်။ ဒီနမူနာ ဖော်ပြချက်ကလည်း အရင်က ရေးပြီးသားပါ။ လိုအပ်ပြန်လို့ ထပ်ပြီးဖော်ပြလိုက်ရတာပါ။

ဖတ်ပြီးသူများခွင့်လွှတ်ကြပါတော့

* ကျွန်ုပ်တို့သတင်းစာ၏ သတင်းကိစ္စဆောင်ရွက်ရင်း ထမင်းစားပွဲများ၊ အခြားဧည့်ခံပွဲများ တက်ရောက်ရသည့်အခါတွင် ကိုယ့်စားစရိတ်ကို ကိုယ့်ဟာကိုယ် ပေးရမည်။ ချက်ချင်းပေးခွင့်မကြုံလျှင် နောက်တစ်ချိန်ချိန်၌ ပေးဖြစ်အောင်ပြန်ပေးရမည်။
* နိုင်ငံရေးဟောပြောပွဲများအတွက်ဖြစ်စေ၊ အားကစားအသင်းအဖွဲ့များနှင့်ဖြစ်စေ၊ အတူလိုက်ပါ ခရီးသွားရသည့်အခါမျိုးတွင်လည်း ကိုယ့်စရိတ်ကိုယ်ပေးပြီး လိုက်ပါရမည်။
* မည်သည့်ဝန်ထမ်းမှ မည်သို့သော အခမဲ့လက်မှတ်၊ မေတ္တာလက်ဆောင်လက်မှတ်မျိုးကိုမှ လက်မခံရ။
* သတင်းစာတိုက်ဝန်ထမ်းများသည် မည်သည့်ပြင်ပလုပ်ငန်းများ၊ အသင်းအဖွဲ့များတွင်မှ ဒါရိုက်တာအဖွဲ့ဝင် စသည့် ရာထူးတာဝန်များယူပြီး ယင်းလုပ်ငန်းများအတွက် သတင်းဆောင်းပါးရေးပေးရသည့် တာဝန်များကို မယူရ။

ကဲ အဲဒီကျင့်ဝတ်တွေနဲ့သာ ချိန်ထိုးကြည့်ကြပါတော့ခင်ဗျာ။
http://www.first-11.com/ဂျာနယ်



လူထုစိန်ဝင်း

ယုံကြည်ချက်ကြောင့် နိုင်ငံရေးအကျဉ်းကျခဲ့တဲ့ ကိုမျိုးခင် နို့ ဘိုး စခန်းတွင်ကွယ်လွန်

Tuesday, December 22, 2009






























ယုံကြည်ချက်ကြောင့်အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမျိုးခင် နို့ ဘိုးတွင် ကွယ်လွန်သွားခဲ့သည် ။။
ကွယ်လွန်ခြင်း ငါးရက်ပြည့်တွင် နိုင်ငံရေးအကျဉ်းသားမိသားစုများမှ ကိုမျိုးခင်အတွက်ဤသို့ ဒါနပြုခဲ့ကြသည်။

မြန်မာအမျိုးသမီး ငါးဆယ်ကျော်အားအဓမ္မပြုကျင့်ခဲ့သည့်လူဆိုးဂိုဏ်းဖမ်းမိ

Monday, December 21, 2009

ဒီဇင်ဘာ ၂၁

ကိုတီး RDJ

ပြီးခဲ့သော ရက်ပိုင်း အတွင်းက မြန်မာအလုပ်သမား အမျိုးသမီးများအား ရဲအယောင်ဆောင်၍ အဓ္ဓပြုကျင့် နေသော လူဆိုးဂိုဏ်းတစ်ခုအား ထိုင်းရဲများက နုံထဘူရီခရိုင် ပါကေမြို့တွင် ဖမ်းဆီးလိုက်ကြောင်း ဒေလီနယူး တွင် ဖေါ်ပြထားသည်။

အမည်ဖေါ်ပြမထားသည့် အသက် ၁၃နှစ်အရွယ် မြန်မာအလုပ်သမား သမီးငယ်အား ထိုင်းလူမိုက် ၅ဦးက တလှည့်စီ ၀ိုင်းဝန်းပြီး အဓ္ဓမပြုကျင့်သဖြင့် ကလေးငယ်မှာ မေ့မျောသွားခဲ့ပြီးဆေးရုံတွင် ဆေးဝါးကုသမှု ခံနေရ သည်။

ဒီဇင်ဘာ ၁၈ရက်နေ့ ည၁နာ၇ီးအချိန်ကားအမှတ် ၄/၇၇၂၁ (ဘန်ကောက်လိုင်စင်)ကားအား ရပ်ကွက်လူကြီး ရုံးနှင့် မနီးမဝေးတွင် ရပ်နားထားစဉ် လုံခြုံရေး ရဲကင်းများက တွေ့ရှိခဲ့သည်။ ရဲစခန်းတွင် တိုင်ကြားခံဖူးထားသော
ကားနံပတ်ဖြစ်သဖြင့် မသင်္ကာသဖြင့် စစ်ဆေးရာ ခေါင်းဆောင်ဖြစ်သူ အသက်၄၁နှစ်ရှိသူ စီယတလောင်က ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ဖမ်းဆီးမိသူများမှာ(ပုံ) နိုင်စုရန် ထောင်းမွန် ၅၀ နှစ်၊ နိုင်ပဝေ့ ကျစ်ချေ ၄၃ နှစ်၊ နိုင်ဖဖုမ်း ၃၆နှစ်နှင့် နိုင်နာလုံး ကျန်အင် ၃၂ နှစ် ဆိုသူတို့ အား လက်ရဖမ်းဆီးမိခဲ့သည်။ နုံထဘူရီ၊ ပထုံဌာနီ၊ ၀နခွန်စီ၊ နကပထုံ၊ အယုဒယ၊ ခြုံဘူလီ၊ နခွံနာယု တို့တွင် လိုက်လံအဓ္ဓပြုကျင့်နေသော လူဆိုးဂိုဏ်း တစ်ခုဖြစ်သည်။

နယ်မြေအေးချမ်း သာယာရေးနှင့် လုံခြုံရေးတို့ ကို အန္တရာယ်ဖြစ်စေနိုင်သော အဆိုပါ လူဆိုးဂိုဏ်းအား ၀ိုင်းဝန်း ဖမ်းဆီးပေးခဲ့သော ရဲတပ်ဖွဲ့ ဝင်များနှင့် လူမှုဝန်ထမ်း ဆယ်ဦးခန့်အား ခရိုင်အာဏာပိုင် အဖွဲ့ အစည်းများက ဆုတံဆိပ်များနှင့် အတူ ဆုငွေများဖြင့် ဂုဏ်ပြုပွဲ ပြုလုပ် ချီးမြှင့်ခဲ့သည်။

ထိုကဲ့သို့ မုဒိမ်းကျင့်ခဲ့သည့် အမှုပေါင်း ၅၀ကျော်ရှိခဲ့သည်။ မြန်မာအလုပ်သမားများ ရှိတတ်သည့် ပန်းရံ လုပ်ငန်းခွင်တို့ သို့ ညအိပ်ချိန်တွင် သွားရောက်ပြီး မိန်းကလေးငယ်များအား နေထိုင် အလုပ်လုပ်ကိုင်ခွင့် ရှိ၊ မရှိ ထိုင်းရဲ အယောင်ဆောင်ပြီး အထက်ပါ ကားအနီးသို့ ခေါ်ယူကာ အဓ္ဓမ ပြုကျင်လေ့ရှိသည်။ သတင်းစာတွင် ကလေးငယ်၏ အသက်နှင့် တက်ရောက်ကုသနေသော ဆေးရုံအမည်ကိုမူ ဖေါ်ပြထားခြင်းမရှိပါ။

Burmese Workers Protest 2009-12-18 Burmese garment workers stage a rare demonstration

Sunday, December 20, 2009



Burmese Workers Protest
2009-12-18
Burmese garment workers stage a rare demonstration.
AFP
A woman works on her sewing machine at a garment factory in Rangoon, Dec. 1, 2003.
BANGKOK—Burmese authorities sent a large number of security personnel into a western suburb of the former capital, Rangoon, after rare protests by more than 1,000 workers in a dispute with management at a Malaysian-owned garment factory, protesters said.
Workers who took part said deputy labor minister U Tin Tun Aung and deputy military divisional commander Brigadier Kyaw Kyaw Htoon visited the factory, along with northern divisional deputy inspector-general of police Ko Ko Aung.
"Police Inspector-General Khin Zaw Oo from the 7th police battalion came with his troops to maintain security in the area," said one worker, who declined to be named.
"In the end, [management] agreed to our demands. They signed an agreement today that they will accede to our demands."
Another protester said the deputy minister met with factory manager Ma Soe Soe and 28 representatives of the workers and their leader, Ma Khin Thandar Oo.
Alleged abuses
Workers at the Wong Houng Hand factory say foreign supervisors have been mistreating workers and forcing them to sign "confessions" of alleged wrongdoing.
The workers are demanding a pay raise, living allowance, and transportation provisions.
No comment was immediately available from the factory.
"We have had to complain to [central government] two or three times to resolve our problems," the second worker added.
"But this year when their 12-point demand was not agreed, the workers demonstrated in front of the factory. There were about 1,300 demonstrators."
"They seem to have reached a resolution. There was agreement and an announcement was made at 5 p.m.," he said in an interview.
Response to demands
Tint San, the secretary of the Hlaing Thayar Industrial Zone, said this wasn't the first time workers at the factory had staged protests.
"The same thing happened last year," he said.
Tint said he was still unfamiliar with the details of recent events at the factory, whose workers have frequently complained to the U.N. International Labor Organization (ILO) about their treatment.
An employee who answered the phone at the ILO office said they had been expecting the workers to come to the office to complain, and that officials from the labor ministry were waiting at the ILO office to meet them.
Meanwhile, Cho Maung, spokesman for the Federation of Trade Unions of Burma, said the escalating standoff had drawn concern at the highest levels of government.
"It started on a small scale [on Dec. 15]," he said.
Clashes reported
"We have heard that the minister for labor U Tin Tun himself will be going to the site of the factory. What the workers have demanded are the rights...in accordance with the basic law governing labor."
He said he had heard of clashes during the demonstration.
"We heard that there have been some beatings in some places. But we have not heard of any arrests up until now."
He said the Federation would submit the case to the International Labor Union and put pressure on the Labor Ministry in Burma if the dispute remained unresolved.
The garment factory is in the Hlaing Thayar Industrial Zone 3 just outside Rangoon, close to the Hlaing Thayar worker township, which was hard hit by devastating Tropical Cyclone Nargis last year.
Original reporting in Burmese by Tin Aung Khine. Burmese service director: Nancy Shwe. Translated by Soe Thinn. Executive producer: Susan Lavery. Written for the Web in English by Luisetta Mudie. Edited by Sarah Jackson-Han

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့  ချီတက်ပွဲ
































ဒီဇင်ဘာလ(၁၈)ရက်နေ့ သည်အပြည်ပြည်ဆိုင်ရာရွှေ့ ပြောင်းအလုပ်သမားများနေ့ အဖြစ်ကမ္ဘာ့ကုလသမဂ္ဂမှ
အတည်ပြုခဲ့သည်။ မြန်မာစစ်အုပ်စု၏ အာဏာရှင်စနစ်ဆိုးကြောင့်ထိုင်းနိုင်တွင် မြန်မာပြည်သူများ နယ်စပ်မှ
ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ သို့ ရွှေ့ ပြောင်း အလုပ်လုပ်ကိုင်နေရမှုသည် တစ်နေ့ တစ်ခြား တိုးပွါးလာသည်။
သို့ သော် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးသည် စစ်အုပ်စု၏ ပြည်သူအပေါ်တာဝန်ယူလိုစိတ်ကင်း
မဲ့မှုကြောင့် နိုင်ငံတစ်ကာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည်အနှိမ်ခံဘ၀နှင့်သာအလုပ်လုပ်နေကြ
ရသည်။သို့ အတွက်ကြောင့် ဒီဇင်ဘာလ (၁၈)ရက်နေ့ တွင် ကျရောက်သော် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း
အလုပ်သမားများနေ့ တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ရပိုင်ခွင့်မြင်သာစေရန်နှင့်ရနိုင်စေရန်ရည်၇ွယ်၍
ဤသို့  မဲဆောက်မြို့ တွင် လှည့်လည်ချီတက်ခဲ့ကြသည်။။ မြန်မာအလုပ်သမားအခွင့်အရေးဆောင်၇ွက်နေသည့်
အဖွဲ့ အစည်းအသီးသီးနှင့် ထိုင်းရှေ့နေများကောင်စီ ၊ထိုင်း အလုပ်သမားအခွင့်အရေးကူညီဆောင်၇ွက်နေသည့်
အဖွဲ့ အစည်းများပူးပေါင်းပါဝင်ခဲ့ကြသည်။။

ကရင်နှစ်သစ်ကူးပွဲတော် ကြွရောက်ပါရန်

Saturday, December 12, 2009




ွှTen -D ဆိုတာ

Wednesday, December 9, 2009

''ကျောင်းတံခါးတွေ ပိတ်ပြီးကျောင်းသားတွေကိုထောင်တံခါးဝဆီကို ပို့ လိုက်ပါတော့တယ်''

လူ့အခွင့်အရေးနေ့ လို့ ပြောရင် ဒေါ်အောင်ဆန်းစုကြည်ကိုနိုဘယ်(လ်)ငြိမ်းချမ်းရေးဆုပေးခဲ့တဲ့ နေ့ ၁၉၉၁ နိုဘယ်(လ်) ဆုထောက်ခံပွဲနဲ့ အတူ ၈၈၈၈ လူထုလှုပ်ရှားမှုကိုဆက်လက်သယ်ဆောင်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ပင်မ နဲ့ စက်မှု တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တန်းဒီ ကိုကျမတို့ မေ့နိုင်မှာမဟုတ်ပါဘူး ။ နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုကို ဒီဇင်ဘာလ(၁၀)ရက်နေ့ တိုင်း နော်ဝေနိုင်ငံအော်စလိုမြို့ မှာပေးနေကျဖြစ်ပေမဲ့ဆုပေးရက်မတိုင်ခင်ကတစ်လ အလို လောက်ကတည်းက နိုဘယ်(လ်)ဆုရှင်ဘယ်သူလဲ ဆိုတာကြေညာပြီး သားမို့ ၁၉၉၁ရဲ့ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်(လ်) ဆုကိုကျမ တို့ ရဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရတယ်ဆိုကတည်းက မြန်မာပြည်သူလူထု အင်မတန်မှ ၀မ်းသာဂုဏ်ယူနေကြသလို အဲဒီ့ဆုပေးတဲ့နေ့ မှာ ထောက်ခံပွဲတွေလုပ်ဖို့  ဆန္ဒရှိခဲ့ကြပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၁၀ရက် မတိုင်ခင် ဒီဇင်ဘာ ၈ရက် နဲ့ ဒီဇင်ဘာ ၉ရက်မှာရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ က တက္ကသိုလ် ၀င်းထဲမှာကျောင်းသားတွေစုရပ်လုပ်ပြီး နိုဘယ်(လ်)ဆုထောက်ခံပွဲနဲ့ အတူ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့  ဆန္ဒပြပွဲ တွ အတွက် ကျောင်းဝင်းထဲမှာလက်ကမ်းစာရွက်တွေဝေခဲ့ကြတယ်။
ဒီဇင်ဘာလ(၉)ရက်နေ့  မှာ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲ လက်ကမ်းစာရွက်ဝေတဲ့ ရူပဗေဒဂုဏ်ထူးတန်းမှ ကိုဘိုဘိုဟန် (အင်းစိန်)ကို စစ်ထောက်လှန်းရေးတွေက တက္ကသိုလ်ဝင်းထဲကိုဝင်ပြီး ခါးပိုက်နှိုက် ခါးပိုက်နှိုက်လို့  အော်ဟစ်ပြီး အဓမ္မ ဖမ်းဆီးတာကို ခံလိုက်ရပါတယ် ဒီအပေါ်ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေပြင်းပြင်းထန်ထန် ခံစားကြရပြီး တန်းဒီ လှုပ်ရှားမှု လို့ ခေါ်တဲ့ ဒီဇင်ဘာ(၁၀)ရက် လူ့ အခွင့်အရေးနေ့ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်(လ်)ဆုရတဲ့နေ့ မှာ ရန်ကုန်တက္ကသိုလ်နှင့်စက်မှုတက္ကသိုလ်စုရုံးမှုဟာကြီးမားတဲ့အင်အားတစ်ရပ်အဖြစ် စစ်အုပ်စု ကိုတုန်လှုပ်စေခဲ့ပါတယ်။
ဒီဇင်ဘာ(၁၀)ရက် နေ့  နံက်(၁၀)နာရီလောက်မှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီးဘေးတက္ကသိုလ် စာကြည့် တိုက်နှင့် RCခန်းမရှေ့ကနေ ကျောင်းသားထုဟာစုရပ်လုပ်ပြီး ကြွေးကျော်သံတွေတိုင်ခဲ့ကြတယ် ကြွေးကြော်သံတွေ ကတော့
-- ဖမ်းဆီးကျောင်သားပြန်လွှတ်ရေး --- (ဒို့ အရေး)၂
---ငြိမ်းချမ်းရေးနိုဘယ်(လ်)ဆုရှင်ဒေါ်အောင်ဆန်းစုကြည်အားပြန်လွှတ်ရေး------(ဒို့ အရေး)၂
---စစ်အစိုရပြုတ်ကျရေး----(ဒို့ အရေး)၂
---ဒီမိုကရေစီအရေးတော်ပုံ -----(အောင်ရမည်)၂ ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူအားလုံးနီးပါး ပါဝင်တဲ့ လှုပ်၇ှားမှုကြီးဟာ အဓိပတိပတိလမ်းမပေါ်မှာ ၁၉၈၈ လူထုလှုပ်ရှားမှု နဲ့ မခြားတဲ့ကျောင်းသားထုလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့ပါတယ် ။။ စစ်အုပ်စုဟာ မခံမရပ်နိုင်ဖြစ်ပေမဲ့ ခိုးကြောင်ခိုးဝှက် နှိမ်နှင်းချင်တာကြောင့်အဲဒီ့အချိန်မှာ လုံးဝဖမ်းဆီးခြင်း မရှိခဲ့ပဲ ကျောင်းရဲ့ ပြင်ပမှထောက်လှန်းရေးကားများနဲ့ ဝန်းရံပြီး မှတ်တမ်းယူနေကြပါတယ်။ နေ့ ခင်း ၂း၀၀လောက်မှာကျောင်းသားထုက လူစုခွဲပြီး ဒီဇင်ဘာ၁၁ ရက် နံက် ၉း၃၀ ခန့် မှာပြန်လည်စုရုံးကာ ကျောင်းသားလှုပ်ရှားမှု ကိုဆက်လက်၍ 10-D နေ့ ရဲ့ကြွေးကြော်သံများကိုဆက်လက်တိုင်ခဲ့ကြပါတယ်။
ဒီမှာပဲစစ်အုပ်စုဟာ ဘွဲ့ နှင်းသဘင်ခမ်းမ မှနေ၍ လူစုခွဲရန်လူစုမခွဲလျှင်ဖမ်းဆီးနှိမ်နှင်းမည်ဟု အမိန့် ပေးနေသံကို လည်းကျောင်းသားထုကကြားနေကြပါတယ်။။ကျောင်းသားဆိုတာ မတရားတာကိုငုံ့ မခံတက်ပဲအသက်ပေးပြီးဆန့် ကျင် ခဲ့တာ မြန်မာသမိုင်းမှာဗိုလ်အောင်ကျော်တို့ အစဉ်အလာ ၇ှိပြီးသားမို့  လွယ်လွယ်နဲ့ လူစုမခွဲ အလျော့မပေးခဲ့တဲ့ ကျောင်းသားတွေကို နေ့ ခင်း ၁၂ နာရီအကျော်လောက်မှာလုံထိန်းများစစ်သားများဝင်ရောက်ဖြိုခွဲဖမ်းဆီးခဲ့ပါတယ်။ အဲဒီ့ နေ့ ကအဖမ်းဆီးခံ ကျောင်းသား ၄၀၀ ကျော် ရှိခဲ့ပါတယ် ။ ထိုနည်းတူရန်ကုန်စက်မှုတက္ကသိုလ်မှာလည်း နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုကိုထောက်ခံပွဲလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ လှုပ်ရှားမှုမှာပါဝင်ခဲ့ တဲ့ ရန်ကုန်စက်မှု ကျောင်းသားတွေရဲ့ နေအိမ်ဆီကို ၁၁ ရက်နေ့ ညမှာ လိုက်လံဖမ်းဆီးခဲ့ပါတယ် ။
၁၉၉၁ ဒီဇင်ဘာလ ၁၁ ရက် ည (၈)နာရီမှာ စစ်အုပ်စုအသံလွှင့်ဌါန မှ တစ်နိုင်ငံလုံးမှာ၇ှိတဲ့တက္ကသိုလ်ကျောင်း အားလုံးကို ပိတ်ကြောင်းကြေညာလိုက်ပါတယ် ။ကျောင်းတံခါးတွေ ပိတ်ပြီးကျောင်းသားတွေကိုထောင်တံခါးဝဆီကို ပို့ လိုက်ပါတော့တယ်။။ဖမ်းဆီးခံကျောင်းသား ၄၀၀ကျော်မှ ထောင်တွင်းမှစစ်ကြောရေးလုပ်ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဦးတင်ဦးလှိုင် ရဲ့ တာဝန်ယူဝန်ခံမှု နဲ့  တစ်ချို့ ကို လွှတ်ပေးပြီး ခေါင်းဆောင်ဟုယူဆသူများ ဖြစ်သည့် ကိုမြတ်စံ (NLD လူငယ်) ၊ ကိုကိုကြီး(၈၈)၊ ကိုခင်မောင်ဇော် (၈၈)(သာယာဝတီထောင်ထဲတွင် စစ်အုပ်စုသတ်၍ ကျဆုံးသွားသော် ကိုစည်သူ ၏ အကိုရင်းဖြစ်သူ) နှင့် အမည်မမှတ်မိ သူနောက်တစ်ဦးအား ထောင် နှစ် ၂၀ ချမှတ်၍ ကိုသန်းထိုက်ဝင်း(NLD) ၊ ကိုကျော်ကျော်ဦး၊ ကိုယဉ်ထွေး(ယခု FBF)၊ကိုမြင့်ဆွေ၊ကိုဆန်နီ(အင်းစိန်)ကိုသက်ထွန်း(လူ့ ဘောင်သစ်) ၊ ကိုဇေယျ(လူ့ ဘောင်သစ်)၊ကိုဗထူးမောင်(၈၈)၊ ကိုအံ့ဘွယ်ကျော်(၈၈)၊ကိုသက်နိုင်(NLD) ၊ကိုဘိုဘိုဟန်(၈၈) ၊ ကိုမောင်မှိုင်း(ခ) ကိုမင်းလှိုင်(၈၈)၊ ကိုကြည်မိုးနိုင်(RIT) ၊ကိုထွန်းမြင့်ထွန်း(RIT)၊ကိုဇော်မင်းခိုင်(၈၈) ၊ကိုမျိုးမြင့် (လူ့ ဘောင်သစ်) ၊ကိုညီညီထွန်း(ဗကသ)၊ ကိုဥာဏ်ဥာဏ်ထွန်း(ဗကသ)နှင့် ၈၈ ကိုဦးဆောင်ခဲ့သော ကျောင်းသား အများစု(စုစုပေါင်း အယောက် ၃၀ကျော်) အားထောင် ၁၅ နှစ် ချမှတ်လိုက်ပြီး မခင်မိုးမိုးအေး ၊မစုစုဝင်း ၊မတိုးတိုးမြင့်၊မကေသီအေး၊မခက်မာ၊ ကိုဇော်အောင်(NLD)၊ ကိုကျော်စွာမိုး( အ -က-သ) ၊ကိုသောင်းထိုက်၊ကိုစိုးမိုးလှိုင်၊ ကိုသိန်းနိုင်(ခ)ကိုဘိုဘို(ကိုမင်းကိုနိုင်၏ညီဝမ်းကွဲ)၊ကိုစိန်ကျော်ဦး(၈၈)၊မကြူကြူ(၈၈)အပါအ၀င်(အယောက် ၆၀ကျော်) အား (၁၀)နှစ်ထောင်ဒဏ်ချမှတ်လိုက်သည်။
ထိုသို့ ရက်ရက်စက်စက် ထောင်ဒဏ်နှစ်ကြီး ချမှတ်လိုက်သည့်အပြင် သတ်မှတ်နှစ်စေ့၍ထောင်ကလွှတ်ပေး ရမည့် အချိန်တွင်(၁၀-က) ပုဒ်မတပ်၍ ကိုမြတ်စံ ၊ ကိုဗထူးမောင် ၊ ကိုယဉ်ထွေး ၊ကိုစိုးမိုးလှိုင်၊ကိုသောင်းထိုက် ၊ကိုဇေယျ၊ ကိုဇော်အောင်၊ကိုဘိုဘိုဟန် ၊ကိုကိုကြီး အပါအ၀င် အယောက် (၂၀)ကျော်အား နှစ်တိုးခဲ့တယ်။
ဒါ့ကြောင့်စစ်အုပ်စုဟာလူ့ အခွင့်အရေး ဆိုတာကိုဘယ်လိုမှလက်ခံနားလည်နိုင်မှာမဟုတ်သလိုလူသားတိုင်းရဲ့မွေးရာပါ
အခွင့်အရေးတွေကိုလိုက်လံတားဆီးနေမှု ချိုးဖောက်မှုတွေ ၁၉၉၁ မှာတင်မက ၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှာ ကျောင်းသားများစွာကို ထပ်မံဖမ်းဆီး
ထောင်ချမှု၂၀၀၃ ဒီပဲယင်း လူသတ်မှု ၂၀၀၇ စက်တင်ဘာသံဃာသတ်မှုစတဲ့ ကြီးမားတဲ့ လူ့ အခွင့်အရေးချိုးဖောက် ခဲ့မှုတွေကိုပြုလုပ်ခဲ့ပြုလုပ်နေဆဲပါပဲ။
ဒီလိုစစ်အုပ်စုရဲ့နှစ် နှစ်ဆယ်ကျော် လက်နက်အားကိုး နဲ့ ပြည်သူအပေါ်ညှင်းပမ်းနှိပ်စက်မှုတွေအတွက် ၁၉၈၈ ကစ တဲ့ 
လူထုလှုပ်ရှားမှုကြီး ကို ဒီကျောင်းသားတွေထဲက ပဲ ဦးဆောင် အရှိန်မြှင့်ပြီးမျိုးဆက်သစ်တွေကို မဟုတ်မခံတော်လှန်ရဲ
တဲ့ အမွေတွေ လက်ဆင့်ကမ်းနေဆဲ ဆို တာယုံကြည်စွာနဲ့  ၁၉၉၁ နိုဘယ်(လ်)ထောက်ခံပွဲ ရဲ့ ဖြစ်စဉ်တစ်ချို့ ကို တင်ပြ
လိုက်ပါတယ် ။။

မှတ်ချက်။။ ။။Ten-Dကျောင်းသားလှုပ်ရှားမှုနဲ့ထောင်(၁၅) နှစ်ကျခံရတဲ့အပြင် ၁၀(က)ထောင်ထဲနှစ်တိုးနေထိုင်ခဲ့ရတဲ့ ကိုယဉ်ထွေး ရဲ့ ကျော်ဖြတ်ခဲ့ရမှု အတွေ့ အကြုံဖြစ်ပါတယ် ။ အမည်များကျန်
ခဲ့ရင်ခွင့်လွှတ်ပါလို့ တောင်းပါအပ်ပါတယ် ။ကာယကံရှင်၏သေချာသောမှတ်မိမှု များကိုသာ မျိုးဆက်သစ်များသိစေရန်
လက်ဆင့်ကမ်းဖေါ်ပြပေးခြင်းဖြစ်ကြောင်း
တည်ကြည်လေးစားစွာ
မေအိခင်(လယ်ဝေး)

လူ့ အခွင့်အရေးဆိုတာ စစ်အုပ်စု တို့ မကြားလိုပါ--မကြားလိုပါ




ဒီကနေ့ ဟာအပြည်ပြည်ဆိုင်ရာ
လူ့ အခွင့်အရေးနေ့  ဖြစ်ပေမဲ့ 
စစ်အုပ်စု ရဲ့ လူ့ အခွင့်အရေး
အဆိုးရွားဆုံးချိုးဖောက်ခဲ့တဲ့နှစ်
ပတ်လည်တစ်ခုဖြစ်တယ်ပြောရင်
မှားမှာမဟုတ်ပါဘူး --အဲဒီလို
ဘာလို့ ပြောလဲ ဆိုရင် လွန်ခဲ့တဲ့
၁၉၉၁ မှာ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့
နိုဘယ်(လ်) ငြိမ်းချမ်းရေးဆုပေး
ခဲ့တဲ့အပေါ် ရန်ကုန်တက္ကသိုလ်
ကျောင်းသားတွေ က ထောက်ခံ မှုပြုခဲ့ကြတယ် ။တက္ကသိုလ်ကျောင်းဝင်းထဲ မှာစုပေါင်းပြီး နိုဘယ်(လ်)ဆု
ထောက်ခံမှုကို စစ်အုပ်စု က နှိမ်နှင်းပြီး ဖမ်းဆီးထောင်ချပစ်လိုက်ပါတယ် ။ တစ်ချို့ ကျောင်းသားတွေဆို
ဒေါ်အောင်ဆန်းစုကြည်ကိုနိုဘယ်(လ်)ဆုပေးတာထောက်ခံမှု ကြောင့်ထောင် (၁၅) နှစ်အထိကျခံခဲ့ကြရပါ
တယ် ။ တက္ကသိုလ်ကျောင်းသား ရာနဲ့ ချီကို ဖမ်းဆီးစစ်ဆေးပြီး အများစု ထောင်နှစ်ကြီးကျခံခဲ့ကြရပါတယ်။
စစ်အုပ်စုဟာ လူ့ အခွင့်အရေးဆိုတာ သူ့ တို့ အတွက် သူရဲသစ္ဆေ အလားပါပဲ ။။ငြိမ်းချမ်းရေး လို့ ပြောသူကို
ထောင် ပါးစပ်ပိတ်ဖို့ ထောင်ထဲ ထဲ့ရင် ဘယ်လိုများ ကျမတို့ စစ်အုပ်စုကို ညှိနှိုင်းဆွေးနွေးနိုင်ပါ့ မလဲ လို့ 
စဉ်းစားမိပါတယ် အမေ အမာ က ဦးဝင်းတင်ကိုပြောသလို နင်တို့ မောရုံပဲ ရှိမှာ သေချာနေပါလားလို့ ပေါ့
(နိုဘယ်(လ်) ဆုကို ထောက်ခံခဲ့သည့်၁၉၉၁ကျောင်းသားထု လှုပ်ရှားမှု ကိုဆက်လက်ဖေါ်ပြပါမည်)
မေအိခင်(လယ်ဝေး)

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (မြန်မာပြည်) ကြေညာချက်




မယုံစားနှင့်သူကကျား

Tuesday, December 8, 2009

သားစားသည့်ကျား၊သင်ယုံစား၍

မုသားမာယာ၊ပျားသကာကို

သာယာယစ်မူး၊သင်မရူးနှင့်၊

သေနေသည့်ကျား၊အတတ်မှားဖြင့်

ရွတ်ပွားမန္တန်၊ထ ရှင်ပြန်သော်

တဖန်ရန်လုပ်၊အစွယ်ထုတ်၍

ကျားကုတ်ကျားခဲ၊သင့်ပြန်မဲမှာ

မလွဲဧကန်၊ဖြစ်ရပ်မှန်မို့

အကြံကောက်ကျစ်၊မင်းဆိုးညစ်၏

နှစ်ထောင့်တစ်ဆယ်၊ပြည်ပျက်လွယ်မည့်

တွေ့ ဖွယ်မလွဲ၊ရွေးကောက်ပွဲကို

အမြဲမှတ်သား၊သင်ယုံစားက

မှောက်မှားမဆုံးရှိလိမ့်မည်။ ။

ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ကိုရီးယား

ကိုယ်တွေမှာ ဒီအခွင့်အရေးတွေဟာ မွေးရာပါပဲ

Monday, December 7, 2009


ဒီဇင်ဘာလ(၁၀)ရက်နေ့သည်အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ ဖြစ်သည်။ မိမိအခွင့်အရေးဘာရှိသည်ကိုအသေအချာသိရှိနားလည်ပြီး စစ်အုပ်စု၏ လူ့ အခွင့်အရေးချိုးဖောက်နေမှုအားပိုမိုသိရှိနားလည်စေ ရန်နှင့် အချိုးဖောက်ခံရသော လူသားတိုင်း၏ဘ၀ကိုကာကွယ်စောင့် ရှောက်သွားကြရန်ရည်ရွယ်၍ ထပ်ဆင့်တင်ပြခြင်းဖြစ်သည် ။။



































































































































































































































































ဖိတ်ကြားအပ်ပါသည်။။

Friday, December 4, 2009


နိုင်ငံရေးအကျဉ်းသားလွှတ်မြောက်ရေး အင်္ဂါနေ့ ဝတ်ပြုဆာတောင်း
သူများရဲ့ အလှူတော်မင်္ဂလာကို မနက် ဖန် ရန်ကုန် မြို့ တစ်နေရာမှာ
ပြုလုပ်မည်ဖြစ်ပါသည်။။နီးစပ်ရာမိတ်ဆွေရဲဘော်အပေါင်းအားဖိတ်
ကြားအပ်ပါသည် ။။ နေရာအား အင်္ဂါနေ့ ဝတ်ပြုဆုတောင်းသူများ
ထံဆက်သွယ်မေးမြန်း ကြပါ ။ စစ်ခွေး အန္တယယ်ကို ကာကွယ်သော
အားဖြင့် ဖိတ်စာ အား ပိုင်းဖြတ် ၍ နေ ရာ အား ချန်လှပ် ထားပါသည်။။ အင်္ဂါဝတ်ပြုဆုတောင်းသူများ၏ ၂၈၂ ကြိမ်မြောက်
ဆုတောင်း ဆန္ဒဖော်ပြခဲ့မှုအား မိမိ မှ သာဓုအနုမောဒနာ ၀မ်းမြောက်
စွာခေါ်ဆိုပါကြောင်း နှင့် အင်္ဂါ မိသားစု ဘေးရန်ကင်းကြပါစေ ။။
အလှူပြုမည့်ရက် - ၅-၁၂-၂၀၀၉ နံ့နက် ၉း၀၀ မှစတင် မည်။။။။။။
နတ်လူသာဓုခေါ်စေသော(၀်) လူမဆန်သောစစ်အုပ်စုမပါ ///////

ဗိုလ်ထိန်မောင် ကို စစ်သား က ဖွဲ့ စည်းပုံတရားဟောနေ

Wednesday, December 2, 2009

ဘန်ကောက်မှ ရွှေ့ပြောင်းအလုပ်သမားများဘဝ

လုပ်ငန်းရှင်က လုပ်ခမပေးပဲ သေနတ်ဖြင့် ခြိမ်းခြောက်သဖြင့် အလုပ်သမားများထွက်ပြေး
ဘန်ကောက်မြို့ တနေရာတွင် ရှိသော အသေးစား ရေခဲစက်ရုံတွင် အလုပ်သမား များက လုပ်အားခ တောင်းခံရာ လုပ်ငန်းရှင်က သေနတ်ကို ပြသဖြင့် အလုပ်သမားများ ကြောက်လန့် ထွက်ပြေး သွားကြကြောင်း သိရပါသည်။

ယနေ့ နံနက်ပိုင်း ရေခဲလိုက်ပို့စဉ် ကားပေါ်မှ ဆင်းနေခဲ့ကြသဖြင့် အလုပ်သမားများ ဘေးအန္တရာယ် တစ်စုံတစ်ခု မဖြစ်ပဲ ချောမွေ့စွာ မိတ်ဆွေများ အခန်းသို့ ရောက်ရှိခဲ့ကြသည်။ ထို ရေခဲစက်ရုံမှ ထွက်ပြေး လွတ်မြောက် လာသော အလုပ်သမားများမှာ မအေးမိစံ၊ ထွန်ထွန်းဝင်း၊ ဝေလင်းနှင့် ကိုသိန်းဇံတို့ ဖြစ်ကြပါသည်။

မိန်းကလေး အလုပ်သမများကို နံနက်၃နာရီ ကတည်းက ထ၍ ညနေ၈နာရီထိ ခိုင်းစေပြီး၊ ယောက်ျား အလုပ်သမားများကိုမူ ညဥ့် ၁၀ နာရီအထိ နာရီပေါင်းများစွာ အလုပ်လုပ်ကြရသော်လည်း လုပ်အားခ မပေး သဖြင့် စားသောက်စရာမျှ မရှိကြောင်း အလုပ်သမားများက ပြောသည်။ ထမင်းဟင်း စားသောက်ရန်ပင် အထူးခက်ခဲ လာခဲ့ရသည်ဟု ကရင်အမျိုးသမီး မအေးမိစံက “လုပ်အားခလည်း ထုတ်မပေးတော့ ထမင်းကို ငပိရည်နဲ့ ငရုပ်သီးနဲ့ ပဲစားနေရတော့ ၀မ်းတွေလည်း ပူလှပြီ၊ ပြေးစရာလည်းမရှိ၊ စားစရာလည်း မရှိဘူး။ ကျမတို့ ငွေတောင်းတော့ သူဌေးက သူ့အခန်းကို ခေါ်သွားတယ်လေ၊ ပြီးတော့ သေနတ်ကို ထုတ်ပြတယ်။ ငွေကို ရှင်းမပေးတာ ထွက်ပြေးသွားမှာ စိုးလို့တဲ့၊ ထမင်း မစားရတော့ဘူးဆိုမှ ဘတ်၂၀၀ မျိုး ၃၀၀ မျိုး ပေးပါတယ်။ ကျမတို့ ပင်ပင်ပန်းပန်း လုပ်ပြီး ကြက်ဥတောင် မစားရတဲ့ အနေအထား ၊ တော်တော်ဆိုးပါတယ်။ သေနတ် ပြတော့ ကျမတို့ ကြောက်တာပေါ့နော်၊ ကျမတို့ လုပ်အားခမရပဲ ထွက်ပြေးလာခဲ့တာပါ”ဟု ပြောသည်။

အလုပ်စ၀င်တုန်းက ယောက်ျား အလုပ်သမားများကို တစ်လ ၅၃၀၀ ဘတ်နှင့် မိန်းမအလုပ်သမကို တစ်လ ၄၃၀၀ ဖြင့် လုပ်ကိုင်ခဲ့ကြသည်။ သို့ရာတွင် စနေနေ့များတွင် နံနက် ၃နာ၇ီမှ စ၍ နောက်နေ့ ၄နာရီလောက်ထိ လုပ်ခိုင်းပြီး အချိန်ပို လုပ်အားခ မရရုံမျှမက အလုပ်နားရက် တနင်္ဂနွေနေ့ အတွက် နေ့တွက်ခကိုပါ ဖြတ်သည်ဟု ဆိုသည်။

ထွက်ပြေး လွတ်မြောက်လာသူ အလုပ်သမား ကိုဝေလင်းက “ ကျနော်တို့တွေ ကိုခိုင်းတယ်၊ ထောင်သား တွေလိုပဲ၊ နာရီ ၂၀ လောက်စီ လုပ်ရတယ်၊ ၂ရက်ဆက်တိုက် ခိုင်းတယ်၊ တစ်ရက်နားရတယ်၊ နားတဲ့ အတွက်ဆိုပြီးတော့ ဖြတ်တယ်၊ ဆိုတော့ ကျနော်တို့ လေးထောင်လောက်ပဲရပြီ၊ ဒီကထွက်မယ်ဆိုရင် လူရှာပေး ပြီးမှ ထွက်လို့ ရတယ်၊ အလုပ်ကို မြန်မြန် လုပ်ခိုင်းတယ်၊ ကျနော်တို့ ရေခဲလိုက်ပို့ ရတယ်၊ ကားကို သေသေ ချာချာ ရပ်မပေးခင် ကျနော်တို့ ခုန်ဆင်းရတယ်။ ခုန်တက်ရတယ်။
နဲနဲ နောက်ကျတာနဲ့ ပက်ပက်စက်စက်ဆဲတယ်။ ပြောတာ နားမလည်ရင် သံတုတ်နဲ့ ရိုက်မလို့ ရွယ်တယ်၊ သူ့အခန်းကို ခေါ်ပြီး သေနတ်ကို ပြတယ်။ ထွက်ပြေးရင် ပစ်သတ်မယ်လို့ ပြောတယ်” ဟုပြောပြခဲ့သည်။

အဆိုပါ ရေခဲစက်အလုပ်ရုံတွင် ထွက်ပြေးစရာ အဆက်အသွယ်မရှိသော ၂လသားအရွယ်ကလေး တဦးရှိသူ လင်မယားနှစ်ဦးနှင့် အခြား ရောက်ခါစ လူငယ်နှစ်ဦး ကျနေခဲ့ကြောင်း ထွက်ပြေးလာသူ များက ပြောပြသည်။

အလုပ်သမားများနေထိုင်သော အခန်းနံရံများတွင် ရှေ့ကထွက်သွားသူများက (ဤအလုပ်ရုံတွင် ခေတ္တ နေထိုင် ပြီးနောက် လွတ်မြောက်ရာလမ်းကို အမြဲကြံဆောင်ကြရန်နှင့် လွတ်မြောက်နိုင်မည့် အချိန်အခါကို အမြဲ စောင့်စားပြီး လွတ်မြောက်အောင် ကြိုးစားကြရန်) စာများ ရေးသားထားဟု ထွက်ပြေးလာသူများက ပြောပြကြ သည်။

ယခု ထွက်ပြေးလာသူများမှာ အပြင်တွင် ဘတ်လုပ်ထား သူများဖြစ်ပြီး ကျန်နေခဲ့သူအချို့နှင့် ယခင် ထွက်ပြေး သွားကြသူများမှာ အလုပ်သမားလက်မှတ် ဘတ်လုပ်ခ ပေးခဲ့ကြရသော်လည်း ဘတ်ကို မရရှိသွားကြကြောင်း သိရသည်။

မေး(လ်)ပေးပို့ သော saffrontoward အားကျေးဇူးတင်ပါသည်။။

အာဏာရှင် ၀ါရင့် အား ၀ါရင့်နိုင်ငံရေး -- မှ ပေးစာ

Tuesday, December 1, 2009

ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၏ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးစာ

သို့/

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်

ရက်စွဲ - ၂၀၀၉၊ နိုဝင်ဘာလ၊ (၂၈) ရက်။

အကြောင်းအရာ ။ ။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးနှင့် ပတ်သက်သော ကိစ္စ။

(၁) မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့ရာမှ အလွန်နာကျည်းမနှစ်မြို့ဖွယ်ရာ ပြည်တွင်းစစ်ဖြစ်ခဲ့ရာ ယနေ့မြန်မာနိုင်ငံ အခြေအနေကို ဓမ္မဒိဌာန် ကျကျ သုံးသပ်ကြည့်ရှုလျှင် အဘက်ဘက်မှယိုးယွင်းနိမ့်ကျလျက် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံအဖြစ်မှ ရုန်းမထွက် နိုင်သေးသည်ကို ထင်ထင်ရှားရှား တွေ့နိုင်မည် ဖြစ်ပါသည်။

(၂) ယင်းသို့သော အခြေအနေမှ လွတ်မြောက်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်၍ စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ထူ ထောင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ “အမျိုးသားပြန်လည်ရင်ကြားစေ့ရေး” “အမျိုးသားညီ ညွတ်ရေး” ကို အမြန်ဆုံး မဖြစ်မနေ တည်ဆောက်ရန်ဖြစ်သည်ဟု နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီအနေနှင့်လည်း အလေးထားယုံကြည်သည်ကို ၄င်း၏နိုင်ငံရေးဦးတည်ချက် (၄) ရပ်တွင် အောက် ပါအတိုင်း ထင်ထင်ရှားရှား ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

“နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး“ ဟု ပါရှိပါသည်။

(၃) ကျနော်တို့ သက်ကြီးရွယ်အို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များကလည်း ကျနော်တို့ ဖြတ်သန်းတွေ့ကြုံ ကိုယ် တိုင်ဆင်နွှဲခဲ့သည့် တိုက်ပွဲသင်ခန်းစာများအရ လွန်ခဲ့သော ၁၉၉၅ ခုနှစ် နိုဝင်ဘာလ (၂၄) ရက် နေ့စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လိပ်မူ၍ ပန်ကြားစာ တစ်စောင် ပေးပို့ခဲ့ရာ၌ အောက်ပါအတိုင်း မေတ္တာရပ်ခံပန်ကြားခဲ့ပါသည်။

(၁) ရရှိပြီးသော မြန်မာနိုင်ငံလွတ်လပ်ရေး မဆုံးရှုံးစေရေးနှင့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီကျသော၊ ဖွံ့ ဖြိုးတိုးတက်သော နိုင်ငံသစ်ကြီး တည်ဆောက်ရေးအတွက်၎င်း၊

(၂) တစ်တိုင်းတစ်ပြည်လုံး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ရေးအတွက် ဆောင်ရွက်သွား မည်ဟု၎င်း၊

(၃) ယနေ့မြန်မာနိုင်ငံ လက်ရှိအခြေအနေမှာ “တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေး တည်ဆောက်ရန် အလို အပ်ဆုံး အခြေအနေ ဖြစ်နေပါသည်” ဟု၎င်း ဖော်ပြခဲ့ပါသည်။

အလားတူပင် ၁၉၉၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်နေ့စွဲဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကြံပြု စာတမ်းတစ်စောင်ကို ရေးသားကာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့၎င်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့၎င်း ပေးပို့ခဲ့ရာ ယင်းစာတမ်း၌ ကျွန်ုပ်တို့၏ရည်ရွယ်ချက်ဟူသော ခေါင်းစဉ်အောက်တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။

(၁) အမျိုးသားသွေးစည်းညီညွတ်ရေး တည်ဆောက်ရန်၊

(၂) လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရန်၊

(၃) ငြိမ်းချမ်းသော၊ ဒီမိုကရေစီကျသော ပြည်ထောင်စုကြီး တည်ဆောက်ရန်ဟု ဖော်ပြခဲ့ပါသည်။

ဆက်လက်၍လည်း ကျနော်တို့ စတင်အကြံပြုခဲ့သည့် ၁၉၉၅ ခုမှ ယနေ့အထိ (၁၄) နှစ်တိုင်တိုင် အဆိုပါသ ဘောထားအတိုင်း အကြိမ်ကြိမ် အကြံပေး ပန်ကြားမေတ္တာရပ်ခံခဲ့ပါသည်။

ကျနော်တို့၏ အကြံပြုခဲ့ချက်များမှာ ရက်ရှည်လများစွာ အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် မဖော် နိုင်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူ၍ ပေးပို့သောစာ တွင် “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကိုရုပ်သိမ်းရေး” နှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖော် ပြပါရှိသည်ကို တွေ့ရပါသည်။

အပိုဒ်(၂) “မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားရေးအတွက် ကျွန်မအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း” ဟူ၍၎င်း၊

အပိုဒ်(၃) “နိုင်ငံတော်အတွက် အကျိုးရှိမည့် လုပ်ငန်းများကိုလည်း ကျွန်မအနေဖြင့် နိုင်ငံတော် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။” ဟု ဖော်ပြသည်ကို တွေ့လိုက်ရ ဖတ်လိုက်ရသောအခါ ကျနော်တို့ တိုင်းပြည်တွင် လွတ်လပ်ရေးရပြီးစ အချိန်မှစ၍ နိုင်ငံရေးသ ဘောထားကွဲလွဲမှုများမှ အခြေခံကာ နယ်ချဲ့သမားတို့ကို အတူလက်တွဲ၍ အသက်ပေးတိုက်ခိုက်ခဲ့သူများ အချင်းချင်း ဂိုဏ်းဂဏ၀ါဒ၊ အတ္တ၀ါဒတည်းဟူသော မာန်မာနတို့၏ လွှမ်းမိုးမှုကို မလွန်ဆန်ခံနိုင်ခဲ့ကြသဖြင့် အမျိုး သားခေါင်းဆောင်ကြီးများ (အာဇာနည်ခေါင်းဆောင်ကြီးများ) အသက်ပေး တည်ဆောက်ခဲ့သည့် အမျိုးသား ညီညွတ်ရေးပြိုကွဲကာ နိုင်ငံတော်၏အခြေအနေ အဘက်ဘက်မှ ယိုယွင်းမှုများအားလုံး အဆုံးသတ်တော့မည့် လမ်းစပေါ်လာခဲ့ပြီဟု ကျနော်တို့ ယူဆမိပါသည်။

ဗိုလ်ချုပ်မှူးကြီးခင်ဗျား ...

ကမ္ဘာကြီး၏ လက်ရှိအခြေအနေမှာ ဗိုလ်ချုပ်မှူးကြီး သိရှိထားပြီးဖြစ်သည့်အတိုင်း

- နိုင်ငံကြီးငယ်အားလုံး စီးပွားပျက်ကပ်ဒဏ်ကို အလူးအလဲခံနေရရာ ယခုတိုင် နလန်မထူနိုင်ကြသေးခြင်း

- နိုင်ငံကြီးအချို့တို့၏ လက်နက်ပြိုင်ဆိုင်မှု စစ်အေးတိုက်ပွဲ ပြင်းထန်လာနေခြင်း၊

- အစွန်းရောက်ဝါဒသမားများ၏ အကြမ်းဖက်မှုအန္တရာယ် တစ်နေ့တခြား ကြီးမားလာခြင်း၊

- အဏုမြူအန္တရာယ်၏ ခြိမ်းခြောက်မှုခံနေကြရခြင်း စသည်တို့ကြောင့် တတိယကမ္ဘာစစ်၏ အန္တရာယ်သည် အေးချမ်းစွာနေလိုသော ကျနော်တို့ပြည်သူတစ်ရပ်လုံးအား ခြိမ်းခြောက်လျက်ရှိသည်ဟု ယူဆမိပါသည်။

ယင်းကဲ့သို့သော အခြေအနေအရပ်ရပ်တွင် ဗိုလ်ချုပ်မှူးကြီးပြောကြားခဲ့သည့် မိန့်ခွန်းအသီးသီး၌လည်း “အမျိုး သားညီညွတ်ရေးအရေးကြီးပုံ” ဆိုသည့် စကားရပ်မပြတ်ပါရှိခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (၈၉) ကြိမ် မြောက် အမျိုးသားနေ့ကြေညာချက်တွင်လည်း “တိုင်းပြည်နှင့်ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြရမည်” ဟုဖော်ပြထားပြီး ဥက္ကဌကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် ပေးစာတွင် “တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးရှိမည့်လုပ်ငန်းများကိုလည်း နိုင်ငံတော် အေးချမ်းသာယာရေးဖွံ့ ဖြိုးရေးကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်လိုကြောင်း” ဖော်ပြထား ပါသည်။ ထို့အတူ ပြည်သူတစ်ရပ်လုံးက လည်း နှစ်ရှည်လများ နိုင်ငံကို ဦးဆောင်ခဲ့ကြသည့် မည်သည့် ခေါင်းဆောင်တစ်ယောက်ကမှ မတည်ဆောက် နိုင်ခဲ့သည့် “အမျိုးသားပြန်လည်ရင်ကြားစေ့ရေး” တစ်နည်းအားဖြင့် “အမျိုးသားညီညွတ်ရေး” တည်ဆောက် နိုင်တော့မည်၊ စစ်မဲ့ဘေးအန္တရာယ် အသွယ်သွယ်တို့မှ၎င်း အကျပ်အတည်းပေါင်းစုံတို့မှ၎င်း ညီညွတ်ရေးလက် နက်နှင့် ခုခံဖြိုခွင်းနိုင်တော့မည်။ ငါတို့မြန်မာနိုင်ငံ ခေတ်ဆန်းချိန်ရောက်တော့မည်ဟု ၀မ်းမြောက်ဝမ်းသာရှိ နေကြပါသည်။ ဤသို့သော ဆန္ဒနှင့်ပြည်သူ့သဘောထားကို ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်ဦးဆောင်ကာ ပတ်သက် သူအားလုံးနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ အတိတ်ကို သင်ပုန်းချေ၊ ခန္တီတရားလက်ကိုင်ထား၍ မေတ္တာတရား ရှေးရှုကာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး အမျိုးသားညီညွတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးတို့ကို ကြိုးပမ်းပေးပါရန် နိုင်ငံတော်နှင့်အားလုံးသော ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ညီညွတ်ရေးကို အာသာငမ်းငမ်း တောင့်တနေကြသည့် ပြည်သူများ၏ကိုယ်စား မေတ္တာရပ်ခံလိုပါသည်။

ဗိုလ်ချုပ်မှူးကြီးခင်ဗျား ...

ကျနော်တို့သည် အသက်အရွယ်ကြီးရင့်နေကြပါပြီ။ သေမင်းထံ ခြေတစ်ဘက်လှမ်းနေသူများလည်း ဖြစ်ပါ သည်။ “တို့တစ်တွေ ညီညွတ်ရေးရခဲ့လျှင်”ဟူသော ခံစားချက်ဖြင့်သာ ဤစာကိုရေးသားပေးပို့ခြင်း ဖြစ်ပါသည်။

ဥက္ကဌကြီးသည် နိုင်ငံတော်ကို ဦးဆောင်နေသူတစ်ယောက်အဖြစ် ဂါရ၀တရား “ဂုဏ၀ုတ္တိ”ထား၍ နိုင်ငံအကျိုး ရှေးရှုကာ မိမိတို့ဉာဏ်မီသလောက် ရေးသားတင်ပြရခြင်းကို ခွင့်လွှတ်စေလိုပါသည်။

“ကျန်းမာချမ်းသာကြပါစေ”

သခင်သိန်းဖေ
(၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ကိုယ်စား)