welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မတရားမှုကို မတရားဘူး ဆိုတာ ထုတ်မပြောရဲ လို့ ကတော့ ဒီမိုကရေစီ တောင်းမနေနဲ့  (သာမာန် ပြည်သူတောင် ခုလို ပြောရဲလာပြီ)

Thursday, October 29, 2009



နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်စီ လူတန်းစားတွေ

Tuesday, October 27, 2009

''မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား" အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား "အီလစ်"(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး "နဝေတိမ်တောင်" ဖြစ်နေကြပုံ ရပါတယ်။
အပေါ်ယံမှာ ဝေ့ကာဝဲကာ
ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင် မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့ လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံတွေ အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊ ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။
ဆယ်ဆသာတယ်
ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည်နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့်တယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။
လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး
မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့ ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ် ပါဘူး။
ရန်/ငါပြတ်လို့
လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ နိုင်ငံတွေ ထဲမှာ ဝင့်ဝင့်ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ လာခဲ့တာပါ။အဲဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ် ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူတွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက် နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင်သူလို့ ကိုယ့်ဟာကိုယ် ကင်ပွန်းတပ်ထားတဲ့ "နိုင်ငံရေးဂုရု" ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။ မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။
မျက်နှာပြောင်သူတွေ
မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ ကိုယ့်ဟာကိုယ်ခန့်တဲ့ "ဂုရု"တွေ ရေးတဲ့ စာအုပ်တွေ အများကြီး ဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့ လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ "အီလစ်"တွေနဲ့ နိုင်ငံခြားသား "ဂုရု"တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့ လူတွေပဲလို့သာ ကောက်ချက်ချလိုက် ရတော့မှာ ဖြစ်ပါတယ်။


လူထုစိန်ဝင်း

(padaukmyay.blogspot .com မှ ရယူထားခြင်း ဖြစ်ပါတယ်။)

ထိုင်းဖိအား သတိထား ကြဖို့ 

“KNU ခေါင်းဆောင် အိမ်တွေကို မနက် ၆ နာရီမှာ ဝင်တယ်၊ အဓိက လက်နက်ခဲယမ်းမီးကျောက် ရှာတာ၊ ထိုင်းစစ်တပ်က အတိုက်အခံ ရုံးတွေပါ ဝင်စစ်မယ်လို့ ပြောတယ်” ဟု KNU အဖွဲ့ဝင်တဦးက ပြောသည်။

ဗိုလ်ချုပ် တာမလာဘော၊ ဒုဥက္ကဋ္ဌ စောဒေးဗစ် သာကပေါ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် နှင့် KNU စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များ၏ နေအိမ် ၁၀ အိမ်ခန့် ရှာဖွေခံရသည်ဟု ဆိုသည်။

KNU ခေါင်းဆောင်ဟောင်း ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီး နာဒါးမြသည် ယခုနှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း လက်နက် တရားမဝင် ကိုင်ဆောင်မှုဖြင့် ထိုင်းအာဏာပိုင်များက တရားစွဲဆိုခဲ့ဖူးသည်။


ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များ၏ နေအိမ်သို့ ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာ KNU ဗိုလ်မှူးကြီး နာဒါးမြ၏ ဇနီး နေအိမ်၌ မိုင်းဗုံးနှင့် ပတ်သက်သည့် ခဲယမ်းမီးကျောက် တချို့ တွေ့ရသဖြင့် သူ၏ဇနီးကို ဖမ်းဆီးထားကြောင်း KNU သတင်းရပ်ကွက်က ပြောသည်။



ဝင်ရောက် စစ်ဆေးမည့် သတင်းကို ကြိုတင် ကြားသိ ထားသဖြင့် ယမန်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့ တဘက်ကမ်းရှိ မဲဆောက်မြို့မှ စာသင်ကျောင်းတချို့ နှင့် မြန်မာာပြည်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတို့ ရုံးခန်းများ၊ ပိတ်ထားကြောင်း သိရသည်။

ယခုနှစ် အစောပိုင်းမှစ၍ ထိုင်းအာဏာပိုင်များက KNU စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာပြည်ရှိ ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေသို့ ပြန်ရန် ဖိအားပေးခဲ့သည်။

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသော KNU သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။

ပြီးခဲ့သည့် နှစ်များ အတွင်း KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံတွင် လုပ်ကြံခံရခြင်း၊ KNU ထိန်းချုပ်သည့် နယ်မြေ အများအပြား ဆုံးရှုံးခြင်း၊ အောက်ခြေတပ် တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ဧရာဝတီမှ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် သထုံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်း မင်္ဂလာပွဲ

Sunday, October 25, 2009




အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ် ဗဟို ရဲ့ လူငယ်တာဝန်ခံ
လည်းဖြစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့
ခွန်မြင့်ထွန်း နဲ့ ပအို့ ရဲမေသူနာပြု နန်းခမ်းထူး တို့ ရဲ့ မင်္ဂလာ
ဧည့်ခံပွဲကို မနေ့ ကထိုင်းမြန်မာနယ်စပ်တစ်နေရာမှာကျင်းပခဲ့
ပါတယ်။

အဖွဲ့ အစည်းအသီးသီးကခေါင်းဆောင်များ ရဲဘော် ရဲမေများ ထောင်ထဲ အတူနေခဲ့ရတဲ့ နောင်တော်ညီတော်များနဲ့အတူ
လုပ်ဖော်ကိုင်ဖက်ရဲဘော်ရဲမေ မိတ်ဆွေများ စုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။ ခိုင်စိုးနိုင်အောင် မှ NCUB ကိုယ်စား ဂုဏ်ပြုစကားချီးမြင့်ပြီးအိရွှေစင်ညွန့် မှ NLD မြန်မာပြည်မှ ရဲဘော်ရဲဘက်များအထူးသဖြင့်ကိုခွန်နဲ့ လက်တွဲ လုပ်ဆောင်
ခဲ့တဲ့ ပါတီလူငယ် များကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ခွန်မြင့်ထွန်းရဲ့မင်္ဂလာကိစ္စအ၀၀ကိုတာ
ဝန်ယူဆောင်ရွက်ပေးတဲ့ ပအို့ အမျိုးသား ကိုအောင်ဆွေဦးမှ ခွန်မြင့်ထွန်းမင်္ဂလာဆောင်နှင်းနိုင်ခြင်း အကြောင်းရင်းကို
ပျော်ရွင် ကြည်နူးစရာချီးမွမ်းထောပနာများနဲ့ မ၈င်္လာ အခမ်းအနားအောင်မြင်စွာကျင်းပါနိုင်ခဲ့ပါတယ် ။


ဒေါ်အောင်ဆန်းစုကြည် ဘဘ ဦးတင်ဦးနှင့်တကွ မြန်မာပြည်မှ ခွန်မြင့်ထွန်းကို ချစ်ခင်သော ရဲဘော်များ ကြည်နူးကြေနပ်နိုင်စေရန်

မေအိခင်(လယ်ဝေး)

မည်သို့ ပင်ဆိုစေ ဗဟိုကြေညာချက် ကို လက်ခံပေ မဲ့ ဖိအားပေးနေတဲ့ စစ်အုပ်စု ကိုတော့ ချမ်းသာပေးမည် မဟုတ်ပါ

Friday, October 23, 2009



ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ တစ်နိုင်ငံလုံးအတိုင်း အတာဖြစ်တဲ့ ပြည်လုံး
ကျွတ်ညီလာခံကြီးကို ကျမ မျော်လင့်ခဲ့ပါတယ်။ညီလာခံ ဖြစ်ဖို့ တောင်းဆိုနေတဲ့ တိုင်း
နဲ့ပြည်နယ် ကိုလည်း ကျမ ကြိုဆိုပြီးထောက်ခံနေခဲ့တာပါ ။ဒါပေမဲ့ဘယ်လို မှမမျော်
လင့်ပဲ ဒီလောက်ခက်ခဲ ကြပ်တည်းပြီး အရေးကြီးကာလမှာ ညီလာခံ မခေါ် နိုင်ခဲ့ ဘူး
ဆိုတဲ့ဒီကြေညာချက် ကိုဖတ်ရတဲ့အခါ ခေါင်းဆောင်တွေ ကို ဖိအား ပေးနေတဲ့စစ်အုပ်
စု ကို ဒေါသ အတော်ဖြစ်မိပါတယ်သေချာပါတယ် စစ်အုပ်စု ကကန့် သတ်တာမြစ်တာ
ဖြစ်ဖို့ သေချာသလောက်ပါပဲ ။။
ဘာ့ကြောင့်လဲ ဆိုရင် ကျမတို့ ကိုယ်တိုင်ဒီအကြတ်အတည်းမျိုးဒီလိုပြသနာမျိုးရင်ဆိုင်
ခဲ့ရတာမို့ ခုကြေညာချက်ထုတ်ပြန်တဲ့ဦးဆောင်သူတွေ ကိုနားလည်မှုပေးလိုက်နိုင်တာ
ပါ။လွန်ခဲ့တဲ့ ၁၉၉၆မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာပြည်လုံးကျွတ်ညီလာခံ
ခေါ်ဖို့ စီစဉ်ဆုံးဖြတ်လိုက်တယ်ဆိုရင်ပဲ စစ်အုပ်စု က ကျမ လို လူငယ် တစ်ယောက်ကို
တောင် အိမ်ပြန်ခွင့်မပေးတော့ပါဘူး။ မြို့ နယ် လူကြီး တွေ မြို့ နယ်လူငယ်တာဝန်ခံ အ
သီးသီးဟာ မိုးချုပ် တော့ သက်ဆိုင်ရာမြို့ နယ် ရဲစခန်းတွေမှာပါ။
ကျမတို့ မြို့ နယ်ဆို အတွင်းရေးမှုးက အစ မြို့ နယ်စည်း ၅ယောက် နဲ့  လူငယ်တာဝန်ခံ နှစ်ယောက် အချုပ် ထဲ မှာ ယောင်္ကျားလေး
အချုပ်ခန်း နဲ့ မိန်းခလေး အချုပ်ခန်းကိုကပ်ရပ်ထားလေတော့ ဟိုဖက် ခန်းက မြို့ နယ်ခေါင်းဆောင် ၅ယောက်နဲ့ ဒီဖက်ခန်းက ကျမ
နဲ့ အတူ အမျိုးသမီးခေါင်းဆောင်ဒေါ်ခင်မြင့်မြင့်(ကွယ်လွန်) နှစ်ယောက်ပေါ့ဒီလို အဖမ်းခံ အထိမ်းသိမ်းခံရတာကျမတို့ မြို့ နယ်တင်
လားဆိုတော့ မဟုတ်ပါဘူး။ရန်ကုန်တိုင်း က မြို့ နယ် အစေ့ အနည်းဆုံးတစ်မြို့ နယ် ၇ ယောက် ၁၀ယောက် နဲ့ တိုင်းနဲ့ ပြည်နယ် က
တာဝန်ခံ မှန်သမျှ အကုန်ဖမ်းသလို ရန်ကုန်က အခြေအနေကိုသတင်းမရသေးပဲ ညီလာခံတက် ဖို့  နံက်စောစော နယ်ကားဂိတ်တွေ ကိုရောက်နေတဲ့သူတွေ ကတော့ စီးပြီး စစ်ခွေးတွေ ရဲ့ ဖမ်းဆီးခြင်း တားမြစ်ခြင်း ရဲစခန်း ရိပ်သာ များကိုခေါ်ယူ ထိမ်းသိမ်းထားခြင်း
ခံခဲ့ကြရပါတယ်။ ဒီအခြေအနေဟာ ၁၉၉၅- ၁၉၉၆ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာတာဝန်ယူနေသူ တာဝန်ရှိနေသူအားလုံးလက်
တွေ့ ကျော်ဖြတ်ခဲ့ရတာပါ ။။
ဒီအခြေအနေတစ်ရပ် မှာ ကျမ တို့ ကိုဦးဆောင်မှုပေးနေတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘဘဦးကြည်မောင် နဲ့ ဘဘ
ဦးတင်ဦးအပါအ၀င်း စီအီးစီ တွေ ဟာ အလွန်အင်မတန်မှ စိုး၇ိမ် ကြောင့်ကြနေကြတယ် အဖွဲ့ ချုပ် တစ်ခု လုံးရဲ့ခေါင်းပိုင်းတွေမောင်း
နှင်လို့  မရ နိုင်အောင် ကိုယ်ပိုင်းတွေ ကို အကုန် ဖမ်းချုပ် ထားလိုက် တယ် ပြီတော့ သူတော်ကောင်းလုပ် ပြီး ဖမ်းသတင်း မရေးပဲ
လွှတ်သတင်းတွေ ကိုသာ သတင်းစာထဲ အလီလီ ထဲ့ ခဲ့ပါတယ် ။ ကျမ နားလည်သလောက် အဲဒီတုန်း က ညီလာခံ ကျင်းပရေးမှာ
လည်း စစ်အုပ်စုဟာ NLD ခြင်း မစု မိဖို့ ကို အဓိက ဆောင်ရွက်ခဲ့တာ ကြည့်ခြင်းအားဖြင့် စစ်အုပ်စုဟာ NLD ကို အဲဒီ့တုန်းကလည်း
ကြောက်ခဲ့ သလို ခု လည်းကြောက် နေဆဲ ဆို တာအသေအချာပါပဲ ။။
ကြောက်တယ်ဆိုတာ ပါတီကိုထောက်ခံအားပေးတဲ့ ပြည်သူ့  အာဏာ ကို ကြောက်တာပါ ။ ယနေ့ ချိန် NLD စုမိ ပေါင်းစည်းမိရင်ပါတီ
ကိုမဲ ပေးခဲ့တဲ့ ပြည်သူဟာ လည်း NLD ကို ဦးဆောင်မှုပေးပါလို့ တောင်းခံ လာမှာကို စိုးရွံ့တာပါ ဒါဟာ သေချာတဲ့ ကိစ္စပါပဲ ။။
စောစောပိုင်း ကကျမ အိပ်တော့ မလို့ ပါ ကျမ မောင်လေးတစ်ယောက် က ကြေညာချက် ကို ပို့ တဲ့ အပြင် သူက ဘာရေးထားလဲဆို
တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညီလာခံခေါ်လို့မရဘူးပြောပါတယ်။န.အ.ဖ ကတော့ ညီလာခံတင်မကဘူး ဖွဲ့စည်းအုပ်ချုပ်
ပုံပါရေးပြီးသွားပါပြီ။
လို့  ဆိုတဲ့စာသားလေးပါ ပါလာပါတယ် ။
ကျမလည်းရုပ်ခြင်းတော့ ပါတီ အပေါ် ပျော့ လှချည်လားတွေးပြီး ဒီညီလာခံ ဟာ အရေးကြီးတာ ပါတီ က နှစ်ဆယ် တစ်ဆယ်နဲ့ 
ပတ်သတ်တဲ့ မူကို ပြတ်ပြတ်သားသားချရတော့ မယ် တိုင်းနဲ့ ပြည်နယ် အသီးသီး နဲ့  ကိုယ်စားလှယ်တွေ ၇ဲ့ သဘော ထား တွေ
ညှိနှိုင်းရမယ် ရယ်ပေါ့ ။။ စတိတ်မန့် မှာ ပါသလို ပဲ ဆင်ခြင်ထုံ တရားနဲ့  ၅ မိနစ်လောက်တွေး လိုက် တော့ ပါတီ မှာ အရည်အ
သွေးပြည့်တဲ့  ပါတီ ၀င်တွေ အင်အား မလျော့ ဖို့  ထောင်ထဲ ထပ် မ၀င်သွားကြရဖို့  မဆုံး ၇ှုံးကြရဖို့ ဟာ သိတ်အရေးကြီးတဲ့အ
ချိန် ပါပဲ ၁၉၉၆ ရဲ့ ကျမ တို့ ကျော်ဖြတ် ခဲ့ရတဲ့ အတွေ့ အကြုံအရ ဆို စစ်အုပ်စု က ပါတီ ညီလာခံ ကို လုံးဝ လုံးဝ ခွင့် ပြု မှာမဟုတ်ပါ
ဘူး သူတို့ ခွင့် မပြု လည်း ဘာဖြစ် လဲ လို့ ပြောဖွယ်ရာ ၇ှိပါတယ် စောစောက ကျမ ပြောခဲ့တဲ့ ကျမ တို့ ကျော်ဖြတ်ခဲ့ရမှု ကိုပြန်
သုံးသပ် ရင် ရန်ကုန်တိုင်း က တက်ကြွသူတွေ တာဝန်ခံ တွေ အကုန်ဖမ်း ချုပ် မယ် တိုင်းနဲ့ ပြည်နယ် ကတာဝန်၇ှိသူတွေ ကို
တားမြစ် ဖမ်း ချုပ် မယ် ဆိုရင် နှစ်ဆယ်တစ်ဆယ် ကို ထိတ်တိုက်ရင်ဆိုင် နိုင်ဖို့ အင်အားတွေ ဆုံး၇ှုံး မှာပါ ဒါ့ အပြင် အခန့် မ
သင့်ရင် မတရားပုဒ်မတွေ တပ် ပြီးထောင်ချပါလိမ့်ဦးမယ် ။ ဒီအခြေအနေကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ခေါင်းဆောင်
တွေ ဆင်ခြင်သုံးသပ် နိုင်ခဲ့လို့  ပါတီရဲ့ နိုင်ငံလုံးကျွတ်ညီလာခံ မခေါ်နိုင်ခဲ့ခြင်းဖြစ်တယ် ဆို တာ ပါတီဝင်ခြင်းကြား နဲ့ ၁၉၉၅
၁၉၉၆ မှာပါတီ နဲ့ ကင်းဝေးခဲ့သူကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတစ်ရပ် ကို အတွေ့ အကြုံအရ ကျမ အကျဉ်းတင်ပြလိုက်
တာပါ ဒါကြောင့် ကျမ တို့ ပါတီဝင်ခြင်းကြားမှာ နားလည်မှုတွေ ယူနိုင်ဖို့  လက်ဆင့်ကမ်းလိုက်ပါတယ်။။

ရေးချိန်တန်က ရေးရမှာပဲ

Tuesday, October 20, 2009

ရေးချိန်တန်က ရေးရမှာပဲ
လူထုစိန်ဝင်း

''အင်ဂျီအိုတွေနဲ့ ပတ်သက်ပြီး ဆရာ ရေးတာကို ပြင်းပြင်းထန်ထန် တိုက်ခိုက် ထားတာ အင်တာနက် ထဲမှာ တွေ့ရတယ်။ ဆရာ ဖတ်ပြီးရောပေါ့၊ ဘာမှ ပြန်မရေးတော့ဘူးလား'' ဂျာနယ်တိုက် တစ်ခုက လူငယ်တစ်ယောက် ပြောတဲ့စကား ဖြစ်ပါတယ်။ အခုတလေ သူ့လို လာပြောသူတွေ နေ့စဉ်ပြတ်တယ် မရှိပါဘူး။
နောကြေပြီးသားပါ
ပြောတဲ့လူငယ်တိုင်းကိုလည်း ပြန်မရေးပါဘူးလို့ပဲ ပြန်ဖြေလိုက်ပါတယ်။ မကြိုက်ရင် မကြိုက်ဘူးလို့ပြောပိုင်ခွင့် လူတိုင်းမှာရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို အသိ အမှတ်ပြုပြီး လိုက်နာကျင့်သုံးခြင်းဆိုတာ ယဉ်ကျေးတဲ့ လူသားများရဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ကိုယ်က လွတ်လွတ်လပ်လပ် ပြောချင်ရေးချင်သလို သူများလည်း ပြောချင် ရေးချင်မှာပဲဆိုတဲ့
စိတ်ဓာတ်မျိုးရှိရမှာပေါ့။
''ဒါပေမယ့် သူက တော်တော်မိုက်မိုက်ရိုင်းရိုင်း ရေးထားတာခင်ဗျ''
လူငယ်လေးက တော်တော်ခံပြင်းပုံ ရပါတယ်။ ကိစ္စ မရှိပါဘူး။ လူတွေက အတုံးအ,အတွေမှ မဟုတ်တာ။ စာတစ်ပိုဒ် ဖတ်လိုက်တာနဲ့ အဲဒီစာရေးသူဟာ ဘယ်လို အတန်းအစားကလူလဲ ဆိုတာ ကောင်းကောင်း သိကြပါတယ်။ မြန်မာစာဖတ် ပရိသတ်က''နောကြေ''ပြီးသား ပရိသတ်ပါ။
အင်တာနက်ကျေးဇူး
လူငယ်တွေ အများစုကလည်း ပြန်ရေးနေစရာ မလိုပါဘူးလို့ သဘောတူကြပါတယ်။ ''ဆရာက ပြန်ရေးဖို့တောင် မလိုပါဘူး။ သူ့စရိတ်နဲ့သူ သွားပါပြီ။ အင်တာနက်ထဲမှာ သူ့ကိုဝိုင်းတီးတဲ့စာတွေ တစ်ပုံကြီးပါပဲ''
လူငယ်တချို့က မဖတ်ရမှာစိုးပြီး အင်တာနက်ထဲက စာတွေအားလုံး ဆွဲချကူးယူပြီးတောင် လာပေးကြပါ တယ်။ အင်တာနက်ရဲ့ကျေးဇူးကြောင့် လူတိုင်း စာရေး ဆရာတွေ ဝေဖန်ရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ ဖြစ်လာကြတာ ဝမ်းသာစရာကောင်းလှတယ်။ စာရေးတဲ့ အလုပ်ကို စာရေးဆရာတွေပဲ အပိုင်စီးထားလို့ မရတော့ ဘူး။ လူတိုင်းလူတိုင်း ကိုယ့်ရင်ထဲက စကားတွေကို လွတ် လွတ်လပ်လပ်ချက်ချင်းလက်ငင်း
ဖွင့်ထုတ်နိုင်ကြတယ်။ မကောင်းဘူးလား။
အနာပေါ်တုတ်ကျ
ကမ္ဘာတစ်နိုင်ငံလုံးရှိ အင်ဂျီအိုတွေရဲ့ သဘာဝက ''မျောက်ပြဆန်တောင်း'' လုပ်တာပဲလို့ တလောလေးက ရေးလိုက်တယ်။ နိုင်ငံတကာမှာ သူတို့ဘာတွေ လုပ်လုပ်ဘာမှ ဝင်ပြောစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီကူးစက်ရောဂါဆိုးက မြန်မာနိုင်ငံအတွင်းထိ ကူးစက်ပျံ့နှံ့လာပြီး မြန်မာလူငယ်တွေပါ ဆိုင်းဘုတ် အမျိုးမျိုးထောင်ပြီး အင်ဂျီအို လုပ်စားလာကြတာ အတော်လေး များလာတာ တွေ့မြင်နေလို့
ရေးလိုက်တာပါ။ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိထားလို့ ရေးလိုက်တာပဲ။ ပြည်တွင်းက မျောက်ပြဆန်တောင်း ကြသူတွေကို မျောက်အဖြစ် ပြန်အသုံးချပြီး ဆန်တောင်းနေကြတဲ့ နိုင်ငံခြားသားတွေကိုပါ ကောင်းကောင်း သိနေတာကိုး။
ကိုယ့်ထမင်းကိုယ်စား လုပ်သူတွေ
အခုအခါ မြန်မာပြည်အနှံ့အပြားမှာ ပေါ်ထွန်းလာကြတဲ့ နာရေးကူညီမှု အသင်းတွေလို၊ စေတနာ စာသင်ကျောင်းတွေလို အမှတ်တကယ် ပရဟိတ အလုပ်လုပ်ကိုင်နေသူများ ဆီကတော့ ''အနာပေါ်တုတ်ကျသံတွေ'' လုံးဝ မကြားရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အားလုံးက ကိုယ့်ရပ်ကိုယ်ရွာက စေတနာရှင်များရဲ့ စေတနာသန့်သန့် လှူဒါန်းမှုများနဲ့ အလုပ်လုပ်ကြပြီး လုပ်သူအားလုံးကလည်း
ကိုယ့်ထမင်းချိုင့်လေး ကိုယ်စွဲပြီး တကယ်ကို ပရဟိတ လုပ်နေကြတာ ဖြစ်လို့ပါ။ မြန်မာပြည်ရဲ့ ပထမဆုံး ပေါ်ပေါက်လာတဲ့ ဗြဟ္မစိုရ် နာရေးကူညီမှု အသင်းကြီးဟာ မန္တလေး မြို့မိမြို့ဖများရဲ့ လှူဒါန်းငွေနဲ့ စတင်ထူထောင်ခဲ့တာ ဖြစ်ပြီး အခုထိလည်း ဘယ်နိုင်ငံ အဖွဲ့အစည်းမျိုးရဲ့ ကူညီမှုကိုမှ လက်မခံပါဘူး။ ဒါတောင် နာရေး ကူညီမှုသာမကတော့ အခမဲ့ ဆေးဝါးကုသမှု လုပ်ငန်းတွေထိ
တိုးချဲ့ လုပ်ဆောင်နိုင်ပါတယ်။ မြန်မာလူမျိုးများရဲ့ စေတနာသန့်သန့် လှူဒါန်းမှုတွေနဲ့ပဲ လုပ်ဆောင်နေတာပါ။ အဲဒီအသင်းရဲ့ အမှုဆောင်တွေ အားလုံး ကိုယ့်ထမင်းချိုင့်လေး ကိုယ်ယူပြီး စေတနာ့ဝန်ထမ်း လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။
ကြည်ညိုစရာကောင်းသူတွေ
မန္တလေးက ဗြဟ္မစိုရ်အသင်းကြီးကို အတုယူ တည်ထောင်ခဲ့ပြီး ဗြဟ္မစိုရ်အသင်းကြီးလိုပဲ သြဇာကြီးမားတဲ့ အသင်းကြီး ဖြစ်နေတဲ့ ရန်ကုန်နာရေးကူညီမှု အသင်းကြီက အမှုဆောင် အားလုံးဟာလည်း ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေကြတာပါ။ တစ်နိုင်ငံလုံး အနှံ့ရှိနေတဲ့ နာရေးကူညီမှု အသင်းတွေ အားလုံးလည်း စေတနာသန့်သန့်နဲ့ ပရဟိတစစ် ဝင်လုပ်နေကြတာပါ။ ကြည်ညိုစရာ ကောင်းလှပါတယ်။
သူတို့အားလုံးရဲ့ နောက်မှာ မြန်မာနိုင်ငံက ပြည်သူလူထုကလွဲပြီး ဘယ်သူမှ မရှိပါဘူး။ ဘယ်နိုင်ငံတကာ အကူအညီမှလည်း မလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တစ်တွေက မျောက်ပြဆန်တောင်း သူတွေမှ မဟုတ်တာ
ခေတ်ပျက်သူဌေးမျိုး
အနာပေါ်တုတ်ကျလို့ ငယ်သံပါအောင် အော်ဟစ်သူတွေလို ပြန်မရေးတာ သဘောထားကြီးလို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော်က ဘယ်ဘက်ပါးကို ရိုက်ရင် ညာဘက်ပါးကို ထိုးပေးနိုင်တဲ့ သူတော်ကောင်းမဟုတ်ပါဘူး။ ရေးဖို့ မလိုလို့မရေးတာပါ။ ရေးဖို့လိုရင်တော့ သတင်းစာ သမားပီပီ၊ သွယ်ဝိုက်မနေဘဲတိုက်ရိုက်ဒဲ့ဒိုး(တဲ့တိုး)ပဲ ရေး ပါတယ်။ တချို့ဆိုရင် အားနာမနေဘဲ
ပွင့်ပွင့်လင်းလင်းကို ဝေဖန်ရေးသားပါတယ်။ ဘယ်လိုတချို့လဲဆိုတော့ လေရူးသုန်သုန်ဝတ္ထုကြီးထဲက ခေတ်ပျက်မှာ သူဌေးဖြစ်လာတဲ့ ''ရက်ဘတ္တလာ''လို နိုင်ငံရေး အချောင်သမားမျိုးပါ။
စက်ဆုပ်စရာ အီလစ်တွေ
ရက်ဘတ္တလာ ဆိုသူက ဘာနိုင်ငံရေးကိုမှ စိတ်ဝင်စားသူ မဟုတ်ပါဘူး။ အမေရိကန် ပြည်တွင်းစစ်ကြီးအတွင်းမှာ ဟိုဘက်ကလိုလို ဒီဘက်ကလိုလို အရေခြုံထားပေမယ့်၊ တကယ်တော့ ဘယ်ဘက်ကမှ မဟုတ်ပါဘူး။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး သူ့ကိုယ်ကျိုးအတွက် စီးပွားရှာဖို့သာ အကွက်ကောင်း ချောင်းနေသူ ဖြစ်ပါတယ်။ ''ဘယ်သူသေသေ ငတေမာပြီးရော''ဆိုတဲ့ စက်ဆုပ်စရာ လူစားမျိုးပါ။ မြို့ကြီးသား
ရေပေါ်ဆီ လူတန်းစား ''အီလစ်'' Elite တွေထဲမှာ ရက်ဘတ္တလာလို လူစားတွေကို တွေ့နေရပါတယ်။ သူ တို့တစ်တွေက ဟိုဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်၊ ဒီဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်နဲ့ နှစ်ဖက်ခွစားဖို့ ကြံနေကြတာပါ။ တကယ်တော့ ဘယ်ဘက်မှ သူတို့တကယ် စိတ်ဝင်စားမှု မရှိပါဘူး။ သူတို့ အတွက် အကွက်ကောင်းကိုသာ ချောင်းနေကြတာဖြစ်တယ်။
လူအကွေ့အကောက်တွေ
မြန်မာနိုင်ငံရေးကလည်း တော်တော် အကွေ့အကောက်များတဲ့ နိုင်ငံရေးဆိုတော့ လူအကွေ့အကောက်တွေလည်း တော်တော်များပါတယ်။ ပြောသင့်ချိန်မှာပြော၊ ရေးသင့်ချိန်မှာ ရေးလိုက်တာပါ။ သည်းခံတယ်။ သဘောထားကြီးတယ် ဆိုတာ အချိန်အခါ၊ အခြေအနေနဲ့ လူပုဂ္ဂိုလ် ရွေးချယ်မှုရှိပါတယ်။ ရက်ဘတ္တလာလို ''ငတေ'' တွေ အပေါ်မှာတော့ သဘောထားမကြီးနိုင်ပါဘူး သတင်းစာသမားမှာ ပြည်သူလူထု
မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာကိုမှ အားနာထောက်ထားတဲ့ စိတ်မရှိရပါဘူး။
ဘက်လိုက်ရမှာပဲ
ပြည်သူလူထုကြီး ဘာပဲဖြစ်နေနေ ကိုယ်ကောင်းစားဖို့ လိုရင်းပဲဆိုသူတွေ အပေါ်မှာတော့ ပြတ်ပြတ်သားသား ဝေဖန်ရှုတ်ချရမှာ ဖြစ်တယ်။ ဘက်မလိုက်တဲ့ သတင်းစာသမားဆိုတာ လူကြားကောင်းအောင် ပြောတဲ့စကားပါ။ သတင်းစာသမားကောင်း မှန်ရင် အမှန်နဲ့ အမှား၊ ဓမ္မဘက်က ရပ်တည်ရမှာ ဖြစ်တယ်။ အဓမ္မဝါဒမှန်ရင် ဘယ်လို မျက်နှာဖုံး စွပ်ထားတဲ့ အဓမ္မဝါဒပဲဖြစ်ဖြစ် မညှာမတာ ဝေဖန်ထောက်ပြရမှာပဲ
ဖြစ်တယ်။ ''မျောက်ပြဆန်တောင်းတဲ့ ပရဟိတအရေခြုံ လုပ်ရပ်မှန်သမျှဟာလည်း ဓမ္မလမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လက်နက်မဲ့အဓမ္မဝါဒ''ပဲဖြစ်တယ်။ ဒါကြောင့် အားနာနေလို့ မရပါဘူး။ ရေးချိန်တန်က ရေးရမှာပါပဲ။ ဒါမှ စာနယ်ဇင်းသမား ဝတ္တရားကျေမှာပါ။

လူထုစိန်ဝင်း (၈-၁ဝ-ဝ၉)

“အကျဉ်းအကြပ်အနေအထားသို့ ရောက်နေသည့် ဗမာပြည်”

Monday, October 19, 2009


ဒ်ါစမ်းစမ်း (အမ်ပီယူ၊ ဆိပ်ကမ်းမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်)



အောက်တိုဘာ ၁၈၊ ၂၀၀၉

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် “အကျဉ်းအကြပ်အနေအထားသို့ ရောက်နေသည့် ဗမာပြည်” ခေါင်းစဉ်ဖြင့် လက်ရှိ ဗမာ့နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ လူထုနှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သြစတြေးလျဌာနခွဲမှ ကမကထလုပ်ပြီး တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဗမာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် အတူပူးပေါင်း၍ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ရီဂျင့်ပန်းခြံ လူထုခန်းမတွင် လက်ရှိဗမာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး လူထုနှီးနှောဖလှယ်ပွဲတရပ်ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ လူထုနှီးနှောဖလှယ်ပွဲတွင် နိုင်ဖေသိန်းဇြာ (ဥက္ကဋ္ဌ၊ မွန်အမျိုးသားကောင်စီ)မှ “တိုင်းရင်းသား ပြဿနာနှင့် စစ်တပ်အာဏာ” ခေါင်းစဉ်ဖြင့်၎င်း၊ စောလွင်ဦး (နိုင်ငံလုံးဆိုင်ရာဥက္ကဋ္ဌ၊ သြစတြေးလျကရင်အစည်းအရုံး)မှ “ကရင် လက်နက်ကိုင်တော်လှန်ရေးအပေါ် ကရင်တိုင်းရင်းသားတို့၏ ရှု့မြင်ချက်” ခေါင်းစဉ်ဖြင့်၎င်း၊ ပါမောက္ခ ဒေါက်တာ သန်းနိုင် (ဥက္ကဋ္ဌ၊ ဗမာလူမျိုးစုလူမှုရေးအဖွဲ့)မှ “Sanctions and Engagement” ခေါင်းစဉ်ဖြင့်၎င်း၊ ဒေါ်စန်းစန်း (ဒုတိယဥက္ကဋ္ဌ၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ဗမာနိုင်ငံ)မှ “လက်ရှိ ဗမာ့နိုင်ငံရေး အကြပ်အတည်းနှင့် ရွှေဂုံတိုင်ကြေညာစာတမ်း” ခေါင်းစဉ်ဖြင့်၎င်း ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ယင်း လူထုနှီးနှောဖလှယ်ပွဲသို့ ၈၈ ကျောင်းသားဟောင်းအဖွဲ့၊ ABSDF(Australia)၊ သြစတြေးလျကရင်အစည်းအရုံး၊ ဗမာလူမျိုးစုလူမှုရေးအဖွဲ့ (ဆစ်ဒနီမြို့)၊ Burma Campaign (Sydney)၊ မြန်မာလူငယ်များအဖွဲ့ချုပ် (သြစတြေးလျ)၊ မြန်မာလူမျိုးစု မြန်မာ့အသံ၊ Burma Office နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သြစတြေးလျ ဌာနခွဲမှ အဖွဲ့ဝင်များ၊ ဦးဆောင်သူများ စုံညီစွာ တက်ရောက် ဆွေးနွေးခဲ့ကြပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်သူ စုစုပေါင်း (၇၀)ဦး ရှိကြောင်း သိရှိရပါသည်။

အဆိုပါ လူထုနှီးနှောဖလှယ်ပွဲတွင် ၁၉၉၀ရွေးကောက်ပွဲမှ ရွေးကောက် တင်မြောက်ခြင်း ခံခဲ့ကြရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးတင်ထွဋ် (ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ အမှတ်-၁ မဲဆန္ဒနယ်)နှင့် ဦးမောင်မောင်အေး (မန္တလေးတိုင်း၊ အရှေ့မြောက်မြို့နယ် အမှတ်-၁ မဲဆန္ဒနယ်)တို့လည်း ဒေါ်စန်းစန်း (ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်အတူ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါ လူထုနှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ်ချက် (၄)ရပ်နှင့် မှတ်တမ်းတင်ခြင်း (၁)ရပ်တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ နအဖစစ် အစိုးရအပေါ် လက်နက်တင်ပို့ခြင်း၊ တင်သွင်းခြင်းများအား တကမ္ဘာလုံး အတိုင်းအတာဖြင့် ပိတ်ဆို့ဟန့်တားသွားရေး ကမ္ဘာ့ကုလသမဂ္ဂမှ ကျင့်သုံးအကောင်အထည်ဖေါ်ရန် အရှေ့တီမောနိုင်ငံ သမ္မတကြီး ဒေါက်တာဂျို့စ်ရာမိုစ့်ဟောတာ၏ တိုက်တွန်း နိုးဆော်ချက်ကို အဆိုပါ လူထုနှီးနှောဖလှယ်ပွဲမှ ၀မ်းမြောက်ဝမ်းသာစွာ ဖြင့် မှတ်တမ်းတင်ခဲ့ပြီး ဆုံးဖြတ်ချက်များကို အောက်ပါအတိုင်း ချမှတ်ခဲ့ကြပါသည်။

(၁) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားလူမျိုးများ အပါအ၀င် ပြည်သူအပေါင်း၏ အကျိုးစီးပွားကို ရှေးရှု့ခြင်းမရှိသည့်၊ လက်ခံနိုင်ဖွယ်မရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် သတ်မှတ်ဆုံးဖြတ်ခြင်း။

(၂) ယင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ရန်ရှိသည့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲသည်လည်း စစ်အာဏာရှင် စနစ်ကို တရားဝင် အသက်ဆက်ပေးမည့် နအဖစစ်အစိုးရ၏ ဆောင်ရွက်ချက်အဖြစ် သတ်မှတ်ကာ ၂၀၁၀ ရွေးကောက်ပွဲကို ပြင်းထန်စွာ ရှုံ့ချ၊ ကန့်ကွက်ကြောင်း ဆုံးဖြတ်ခြင်း။

(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းပါ ရပ်တည်ချက်သဘောထားများကို ထောက်ခံ ကြောင်း ဆုံးဖြတ်ခြင်း။

(၄) နအဖစစ်အစိုးရနှင့် ပြည်ပအစိုးရများအကြား ပေါ်ပေါက်လာရန်ရှိသည့် ပိုမိုထိတွေ့ဆက်ဆံမှုရေးမူဝါဒနှင့် ယင်းမူဝါဒပါ လုပ်ငန်းစဉ်များသည် စစ်အစိုးရ၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများအကြား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ဦးတည်စေမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များသာ ဖြစ်သင့်ကြောင်း ဆုံးဖြတ်ခြင်း။

ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ လူထုနှီးနှောဖလှယ်ပွဲသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်ကို ၂၀၀၉ခုနှစ်၊ သြဂုတ်လ(၁၆)ရက်တွင် ကျင်းပပြီးစီးခဲ့ကြောင်းလည်း သိရှိပါသည်။ ဗမာ့နိုင်ငံရေး အခြေအနေများအပေါ် အခြေခံပြီး ဗမာပြည်ဒီမိုကရေစီပြန်လည် ထွန်းကားရေးအတွက် လူထုအင်အားတရပ် ပြည်ပ တွင် ခိုင်ခိုင်မာမာ ထွက်ပေါ်လာစေရေးကို ရည်ရွယ်၍ လူထုနှီးနှောဖလှယ်ပွဲများကို ဆက်လက်ပြုလုပ် သွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရှိရပါသည်။ ။

အတောက်ပဆုံးကြယ်သို့  (16-10-2006) တွင်အကျဉ်းထောင်ထဲတွင်ကွယ်လွန်သွားသော ရဲဘော် သက်ဝင်းအောင် အမှတ်တရ ကဗျာ)

Saturday, October 17, 2009

ကိုသက်ရေ
လျှပ်စစ်ငှက်လေးတကောင်က
အမှောင်ညမှာ ကြယ်စင်တစင်း ကိုမွေးလိုက်ပြီလို့ ပြောတယ်။
ကြောက်ရွံမှု ကင်းတဲ့ခရီးကို
သူနဲ့ အတူလိုက်ခဲ့ပါလို့  ကြယ်စင်က ဆိုတဲ့အခါမှာ
ငါငိုမိတယ်။

သူရဲကောင်းမြစ်ကို
မင်းဖြတ်ကူးနေတုံး
ဒို့ မကြာခင်ပြန်ဆုံကြမှာပဲ လို့ ငါထင်မိတယ်။

မင်းဟာ အမှောင်ကမ္ဘာထဲက
အတောက်ပ ဆုံးကြယ် အဖြစ်ငါမြင်ခွင့်ရပြီကော။
ငရဲနံရံတွေဖြို့ ချ ဖို့ နည်းလမ်းကို မင်းပြခဲ့ပြီကော ။

မင်းဟာ လွတ်မြောက်ရေးရဲ့ သားကောင်း
ငါဒို့ လက်တွေကိုဆန့် တန်းကြ။
ငါဒို့ ဦးခေါင်းတွေကိုမော့လိုက်ကြ လို့ 
လင်းလက်တဲ့အရောင်တွေ က
အချက်ပြလို့ ။

မိုးသီးဇွန် ( ၁၇-၁၀-၂၀၀၆)

ဘန်ကောက်ရှိ မြန်မာအလုပ်သမားများ၏ တောင်းဆိုချက် ထိုင်းအလုပ်ရှင် လိုက်လျော

Wednesday, October 14, 2009

ထိုင်းနိုင်ငံရောက် ဖိနပ်စက်ရုံတရုံမှ မြန်မာ အလုပ်သမား ၁၅၀၀ ခန့်တို့သည် ၎င်းတို့ ဆုံးရှုံးနေသော အခွင့်အရေး များအတွက် ဆန္ဒပြတောင်းဆိုခဲ့ပြီး ၂ ရက်ခန့်အကြာတွင် အလုပ်ရှင်က တောင်းဆိုချက်များကို လိုက်လျောပေးလိုက်ကြောင်း သတင်းရရှိသည်။




[တောင်းဆိုချက်များ ရရှိပြီးချိန် Summit Foot Ware ဖိနပ်စက်ရုံအလုပ်သမားများကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဘစောတင်)]

တောင်းဆိုချက်များ ရရှိပြီးချိန် Summit Foot Ware ဖိနပ်စက်ရုံအလုပ်သမားများကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဘစောတင်)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ စမုပရကန်ခရိုင် ဘန်ဖီအရပ်ရှိ Summit Foot Ware ဖိနပ်စက်ရုံမှ မြန်မာ အလုပ်သမားများသည် အောက်တိုဘာ ၃ ရက်နေ့ကစတင်၍ ဆန္ဒပြခဲ့ကြရာ ယမန်နေ့က ၎င်းတို့ လိုလားသည့် အခွင့်အရေးများ ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်ရုံတွင် အလုပ်လုပ်သည့် မြန်မာအလုပ်သမားများသည် ထိုင်းအလုပ်ရှင်နှင့် စက်ရုံမှ အုပ်ချုပ်ရေး ဝန်ထမ်းများ၏ မတရားမှုကို ကာလကြာရှည်စွာ ခံစားနေပြီး ထိုင်းအစိုးရ သတ်မှတ်ထားသည့် လုပ်ခ တနေ့ ၂၀၃ ဘတ် (ကျပ် ၆၀၀၀ ကျော်) အပြည့်အဝမရရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့ခြင်း စက်ရုံ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံသား ပွဲစားများ ပေါင်းကာ ခေါင်းပုံဖြတ်ခံရခြင်းများကြောင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် တဦးဖြစ်သူ ကိုမျိုးကြီးက ဧရာဝတီသို့ ပြောသည်။

“မကျေနပ်နေတာတော့ ကြာပြီ။ ဒါပေမယ့် အများစုက ဘတ် (အလုပ်သမားလက်မှတ်) မရှိကြတော့ ပြောချင်ပေမယ့် မပြောရဲကြဘူး။ အခု အားလုံးမှာ လက်မှတ်ရပြီ ဆှိုတော့ ကိုယ့်ခံစားချက်ကို ကိုယ် ဖော်ထုတ်ချင်လာကြတယ်” ဟု သူက ဆက်ပြောသည်။

Summit Foot Ware စက်ရုံသည် Aero soft ကဲ့သို့ သော နာမည်ကျော် တံဆိပ် ဖိနပ်များ၊ ခြေအိပ်များကို ထုတ်လုပ်ပြီး အဆိုပါ စက်ရုံတွင် မြန်မာပြည်သား အလုပ်သမား ၂၀၀၀ ခန့်ရှိကြောင်း သိရသည်။

အလုပ်ရှင်က ဆန္ဒပြနေသည့် မြန်မာအလုပ်သမားများ ပြိုကွဲသွားစေရန် ရည်ရွယ်၍ ထိုင်းရဲများကို ခေါ်ယူခဲ့သည့် အပြင် ထိုင်းဝန်ထမ်းများနှင့် ပေါင်းကာ မြန်မာအချင်းချင်း ခေါင်းပုံဖြတ်နေသော မြန်မာပွဲစား တဦးကလည်း အလုပ်မဆင်းဘဲ ဆက်လက်ဆန္ဒပြနေလျှင် ထိုင်းရဲဖြင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ခဲ့ သေးကြောင်း သိရသည်။

အလုပ်ရှင်၏ ကိုယ်စားလှယ်နှင့် ယမန်နေ့က ဆွေးနွေးရာတွင် ပါဝင်ခဲ့သူ ကိုသူရိန်က “ကျနော်တို့က စ ပြီးပြီဆိုတော့ နောက်ဆုတ်လို့ ဘယ်လိုမှ မရတော့ဘူး။ ဖမ်းချင်လည်းဖမ်း ဆိုပြီး ဆက်တိုးတယ်၊ နိုင်ရင် အားလုံးကောင်းမယ်၊ ရှုံးရင်လည်း ကျနော်တို့ ခံမယ် ဆိုပြီး လုပ်ခဲ့တာ” ဟု ဆိုသည်။

အလုပ်သမား ခေါင်းဆောင်များသည် ယမန်နေ့ နံနက်ပိုင်းက ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ် သမား အဖွဲ့နှင့် အဆက်အသွယ်ပြုလုပ်ပြီး ထိုင်းနိုင်ငံ အလုပ်သမား အခွင့်အရေးနှင့် ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) သို့ တိုင်ကြားကာ အဆိုပါရုံးမှ တာဝန်ရှိသူများနှင့်အတူ အလုပ်ရှင်သူဌေး၏ ရုံးခန်းတွင် ယင်း တို့၏ တောင်းဆိုချက်များကို ဆွေးနွေးခဲ့ကြသည်၊

အလုပ်သမားများ တောင်းဆိုသည့် အချက်များထဲမှ လုပ်ခလစာ တပြေးညီ ရရှိစေရန်၊ အလုပ်သမားများ ထိခိုက်ဒဏ်ရာရခြင်း၊ နေထိုင်မကောင်းခြင်းတို့ ဖြစ်လာပါက လုပ်ခမထိခိုက်စေဘဲ နားခွင့်ရရန်နှင့် အစိုးရ ရုံးပိတ်ရက်များတွင် အလုပ်ဆင်းရပါက လုပ်ခ ၂ ရက်စာပေးရန် စသည့် အချက်များကို အလုပ်ရှင်က သဘောတူခဲ့ကြောင်း သိရသည်။

ယခင်က ထိုင်းအလုပ်သမားများသည် ၎င်းတို့၏ အခွင့်အရေးအတွက် ၇ ကြိမ်ခန့်  ဆန္ဒပြခဲ့ဖူးသော်လည်း တကြိမ်မျှ အောင်မြင်ခြင်းမရှိဘဲ ယခုမြန်မာအလုပ်သမားများ အရေးဆိုမှသာ အောင်မြင်မှုရခြင်း ဖြစ်သည်ဟု ဘန်ဖီရပ်တွင် ၁၀ နှစ်ခန့် နေခဲ့သူ ကိုနိုင်က ပြောသည်။

အလုပ်သမားများတောင်းဆိုသော အခွင့်အရေးများကို အလုပ်ရှင်က လိုက်လျောကြောင်း သိရသောအခါ မြန်မာအလုပ်သမားများ နေထိုင်သည့် တိုက်တန်းများတွင် ယမန်နေ့ နေ့လယ်ပိုင်းက လက်ခုပ်တီးသံများ ကြားရပြီး လမ်းများပေါ်တွင် ကခုန် အော်ဟစ်နေကြသည်ကို တွေ့ရသည်။

ဘန်ကောက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုအောင်မြင့်သိန်းကလည်း “ကျနော်တို့  ဘန်ကောက်မှာ အလုပ်သမား အရေးကို လုပ်လာခဲ့သမျှ ဒီပွဲက အအောင်မြင်ဆုံးပဲ။ လူဦးရေ ထောင်ချီပြီး ကိုယ့်အခွင့်အရေး အတွက် တောင့်ခံ တောင်းဆိုတာလည်း ဒီတခါပဲတွေ့ ဖူးသလို အလုပ်သမားထုနဲ့ တိုက်လို့ အောင်မြင်တာ လည်း ပထမဆုံးတွေ့ ဖူးတာပဲ” ဟု ဆိုသည်။

ထိုင်းနိုင်ငံအနှံ့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိသည်ဟု အလုပ်သမား အဖွဲ့များ၏ အဆိုအရ သိရသည်။

ကိုဌေးဝင်း (နိုင်ငံရေးအကျဉ်းသားဟောင်း)

သားအတွက် သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်လို့ သေဆုံး

ဖနိဒါ တနင်္လာနေ့၊ အောက်တိုဘာလ 12 ရက် 2009 ခုနှစ် 20 နာရီ 43 မိနစ်

မဇ္ဈိမ(ချင်းမိုင်) ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်းလှုပ်ရှားသော သားငယ် ဖမ်းဆီးခံထားရ၍ သတင်းသွားမေးသူ ဖခင်ကို ရဲက ရိုက်နှက်၍ သေဆုံးမှုတခု မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သေသူ၏ မိသားစုဝင်များက ပြောသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဖမ်းခံထားရသူ မောင်သက်ဦးမောင်အတွက် သွားရောက်စုံစမ်းသူ အမှတ် ၂ ရပ်ကွက်နေ ဦးကျော့မောင် (အသက် ၅၆ နှစ်)ကို ရဲတပ်သား ပန်းသီးနှင့် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုတို့က သုမာလာလမ်းဆုံအနီးတွင် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲတွင် ဝိုင်းရိုက်ခဲ့ရာမှ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်က ပြောသည်။

အာဏာပိုင်များက ရန်မူမှာစိုး၍ မဇ္ဈိမနှင့် ဆက်သွယ်ရရှိသူ ဆွေမျိုးရင်းတဦးက အမည်မသုံးရန် မေတ္တာရပ်ခံခဲ့သည်။

ဦးကျော့မောင်သည် ကိုယ်ပိုင်ကားဖြင့် ကျောင်းကားပြေးဆွဲနေသူဖြစ်ပြီး သူ၏သား မောင်သက်ဦးမောင် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ဆုတောင်းမှုတွင် ပါဝင်ခဲ့ဖူးသူလည်းဖြစ်သည်။
“အဖေက ခေါင်းထဲ သွေးခဲပြီး ဆုံးသွားတယ်လို့ ဆရာဝန်က ပြောပါတယ်။ မြောက်ဥက္ကလာ ဆေးရုံ တင်လိုက်ရတာက ၈ ရက်နေ့ ည ၁၀ နာရီလောက်က တင်လိုက်တာ။ ဆရာဝန်က ဦးနှောက်နဲ့ အာရုံကြော ရန်ကုန် ဆေးရုံကို ပို့ရမယ် ပြောတယ်။ မပို့ခင် ၉ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်မှာ ဆုံးသွားတာပါ” ဟု မိသားစုဝင်က မဇ္ဈိမကို ပြောသည်။

ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရသူ ကိုဝင်းချိုကို မြောက်ဥက္ကလာရဲစခန်းက ဖမ်းဆီးထားသော်လည်း ရဲတပ်သား ပန်းသီး ကမူ လွတ်မြောက်နေဆဲ ဖြစ်သည်။

မြို့နယ်အတွင်း ဟိုလေးတကြော် ဖြစ်နေသည့် အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သေသူ၏မိသားစုနှင့် ရင်းနှီးသူ တရပ်ကွက်ထဲနေ မျက်မြင်တဦးက “သုမာလာ လမ်းဆုံနား ရောက်တော့ ကိုဝင်းချိုနဲ့ ရဲက လက်ထိပ်ခတ်လိုက်တယ်။သူက (ဦးကျော့မောင်က) ဘာလို့ လက်ထိပ်ခတ်တာလဲလို့ ပြောတော့။ ရဲက အမှတ်တမဲ့ ပါးစပ်ကို ထိုးချလိုက်တော့ ပစ်လဲသွားတယ်။ နောက် လည်ပင်းကို တက်နင်း တယ်။ ဗိုက်ကိုကန်လိုက်တော့ သတိလစ်သွားတယ်။ ဆံပင်ကို ကောက်ဆွဲပြီးတော့ လွှဲချလိုက် တယ်။ ခေါင်း ကို ကတ္တရာလမ်းနဲ့ စောင့်ရိုက်သလို ဖြစ်သွားတယ်” ဟုပြောသည်။
ကိုယ်ထူကိုယ်ထ လမ်းပြုပြင်ရေးကော်မတီ ဥက္ကဌဖြစ်သော ဦးကျော့မောင်၏ မိသားစုဝင်များက မြောက်ဥက္ကလာ ရဲစခန်းတွင်ပင် လူသတ်မှုဖြင့် ရဲတပ်သားနှင့် ရယကဟောင်းကို အမှုဖွင့်ထားသည်။
ဆေးရုံရှိ ဦးကျော့မောင်၏ ရုပ်အလောင်းကို သေမှုသေခင်း စစ်ဆေးခဲ့ကြပြီး မနက်ဖြန် အင်္ဂါနေ့တွင် ရေဝေးသုသာန်သို့ ပို့ဆောင်၍ သဂြိုလ်မည် ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ၇ ရက်နေ့က မြောက်ဥက္ကလာမှ မြင့်မြတ်လက်ဖက်ရည်ဆိုင်ရှေ့၌ မြောက်ဥက္ကလာ အထက်တန်းကျောင်း တကျောင်းမှ ၉ တန်း ကျောင်းသားများ ရန်ဖြစ်မှုတွင် ပါဝင်သည်ဟုဆိုကာ မောင်သက်ဦးမောင်အား ရဲစခန်းက ဖမ်းဆီးထားခဲ့သည်။ကွယ်လွန်သူ ဦးကျော့မောင်တွင် ဇနီးသည်၊ သားဖြစ်သူ ကိုသက်ဦးမောင်နှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့ သည်။

အလုပ်သမားသမဂ္ဂခေါင်းဆောင် ဂျပန်နိုင်ငံတွင်း၇ှိ အလုပ်သမားသမဂ္ဂများနှင့် စည်းဝေးစဉ်

Tuesday, October 13, 2009



မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် အထွေထွေ အတွင်း ရေးမှုး နှင့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်
အဖွဲ့ ဝင် အဖွဲ့ အစည်းဖြစ်သော ဂျပန်နိုင်ငံရောက် မြန်မာများ ဖွဲ့ စည်းထားသော FWUBC နှင့် တွေ့ ဆုံဆွေးနွေးပွဲဖြစ်
သည် ။ စကားပြောနေသူမှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ ဂျပန်ဌါနခွဲ ၏ ဥက္ကဌလည်းဖြစ် မြန်မာ နိုင်ငံအလုပ်သမား
သမဂ္ဂများအဖွဲ့ ချုပ် အမျိုးသမီးကော်မတီ၏ အမှုဆောင်လည်း ဖြစ်သူ ဒေါ်ခင်ဆွေအေး ဖြစ်သည် ။ အမျိုးသမီးအခွင့်အရေး
များ အလုပ်သမားအခွင့်အရေးများကို တစိုက်မတ်မတ်ဆောင်ရွက်နေသူဖြစ်ပြီး လူအခွင့်အရေးနှင့် ဒီမိုကရေစီရေးအား ဂျပန်
နိုင်ငံမှနေ၍ ဆောင်ရွက်နေသူဖြစ်သည် ။

INVITATION TO FWUBC MEMBERS

MEETING BETWEEN FWUBC AND U MG MG GENERAL SECRETARY OF NCUB
AND FTUB(FEDRATION OF TRADE UNIONS -BURMA-MOTHER UNION OF FWUBC)

PLACE-SHINJUKU-RECYCLE CENTER-4F(TAKADANOBABA)
DATE -2009-OCTOBER-12
TIME -2PM TO 5PM

ARGENDA
1- OPENING SPEECH BY FWUBC PRESIDENT U TIN WIN-3PM
2- GREETING BY JAM(JAPANESE TRADE UNION)
3- SPEECH BY U MG MG
(SECRETARY GENERAL OF NCUB AND FTUB)
4- INTRODUCING WITH GUESTS
5- QUESTION AND ANSWER WITH FTUB GENERAL SECRETARY
U MG MG.
6- PHOTO SECTIONS
7- MEETING FINISH.-4-45 PM

IN SOLIDARITY.

F W U B C

မြန်မာပြည်မှ အမျိုးသားလွှတ်မြောက်ရေးလှုပ်ရှားမှု

Monday, October 12, 2009


ITUC ၏ သတင်းစာမျက်နှာတွင်

Friday, October 9, 2009





မြန်မာပြည်မှာအလုပ်သမားအခွင့်အရေးတွေ ဘယ်လောက်ချိုးဖောက်တယ် အဲဒီ့အချိုးဖောက်ခံနေကြရတာ ကို
ကျော်လွှားနိုင်ဖို့  ပညာပေးမှု ရုန်းကန်လှုပ်ရှားခဲ့ရမှု စစ်အုပ်စုရဲ့ဖိနှိပ်မှုတွေ နှိပ်စက်မှုတွေ ဘယ်လောက်ခံခဲ့ရ
တယ်ဆိုတာ သိစေအပ်ပါတယ်။ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်ရဲ့ အပေါ်မှာအပြည်ပြည်ဆိုင်ရာ
အလုပ်သမားသမဂ္ဂကြီးတွေ ကဘယ်လိုအကာအကွယ်ပေးခဲ့တယ် ပေးနေတယ် ဆိုတာထင်သာမြင်သာပါတယ်
ဒါ့ ကြောင့် အလုပ်သမားဆိုတာ နယ်စီးမခြားထားဘူး သွေးစည်းညီညွတ်မှုကိုအခြေခံတယ်ပေါင်းစည်းမှုကိုအ
ခြေခံတယ် ။အလုပ်သမားတွေ အလုပ်သမားရေးဆောင်ရွက်နေတဲ့သူတွေ ILO - ITUC - ITC- အစရှိ
တဲ့ သမဂ္ဂတွေ အမြဲရှိနေတယ် ဆိုတာယုံကြည်ထားပါ ။ အခွင့်အရေးတိုက်ပွဲတွေ ဆင်နွဲတဲ့ အခါ မှာရှင်းလင်း
ဖို့ နဲ့  အလုပ်သမား သမဂ္ဂ တွေရဲ့ရည်ရွယ်ချက်အတိုင်းဆောင်ရွက်မယ်ဆို ရဲရဲတိုက်ပါ ကျမတို့တတွေ၇ှိတယ်။

မဖြစ် သင့်တဲ့ အမှား ဖြစ်သင့်တဲ့ တရား

Thursday, October 8, 2009

မြေခွေးနဲ့ ဝံပလွေ ဘာကိုရွေးမလဲ ဆို မြေခွေးရော ၀ံပုလွေရောကို ကျနော်သာဆိုဘယ်ဟာမှရွေးမှာမဟုတ်ဘူး။

လို့ ဆွေးနွေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့လူငယ်ဟောင်းဦးမြင့်စိုး ရဲ့စကားနဲ့ NLD၀င်တာနဲ့ ဦးသုဝေတို

့ဝင်တာနဲ့ အဆင့်ချင်းမတူဘူး ၊ ဒေါ်စုမပါရင်စစ်အာဏာ၇ှင်စနစ်ကမျောသွားနိုင်တယ်ပြောတဲ့ ဦးဘိုဘိုကျော်ငြိမ်း

ဦးကျော်ငြိမ်း (ဖဆပလတည်မြဲ)ရဲ့သား စကားနဲ့ ဘာရေးညာရေ ကျွမ်းကျင်သူအောင်နိုင်ဦးဆိုသူရဲ့ စစ်တပ်ကဘယ်

လောက်အုပ်ချုပ် အုပ်ချုပ် အတိုက်အခံက ဘယ်လောက်ညံ့ညံ့ ဆိုပြီး ကိုယ်စီးတဲ့မြင်းအထီးမှန်းအမမှန်တောင်မ

သိ စစ်အုပ်စုအကြိုက် ဆွဲညှိပြောသွားတဲ့ အခင်းအကျင်းကိုတော်လှန်ရေးအင်အားစုတွေ သတိမထားလိုက်မိသူ

များကို မြင်သာထင်သာဖြစ်စေ့ချင် လှပါတယ် ။ငါတို့ တော့ အောင်နိုင်ဦးဘာကောင်လဲဆိုတာသိပြီးသားဟေ့ လို့ 

ပြောတဲ့သူလည်းရှိပါလိမ့်မယ် ။ ရှိပါစေ ထပ် ထပ် ပြီးတော့ ကိုပြောချင်တာပါပဲ ။

တော်လှန်ရေးကို အခြေခံထားပြီး ပြေးလာတဲ့ အမောင်ကျောင်းသား ဆိုသူ ကိုအထင်ကြီးတဲ့ အဖြူမ ကယူမ ထား

လိုက်လေတော့ သိတ်လည်သိတ်ပါးတဲ့အဖြူမ ပေကိုး ဒါနဲ့  အောင်နိုင်ဦး တို့ က NGO အကြီးစားတွေ နဲ့ကြီးပွါးနေ

လေတော့ တော်လှန်ရေး တခု လုံးကို ခုတုံးလုပ် ခဲ့တဲ့သူကိုယ်တိုင်အတိုက်အခံ ကျောင်းသား ဘ၀ ကနေ ခုတော့

သူ့ မြင်းဖင် သူ မမြင်ပဲ တီဗွီမှန်သားပြင်ကနေ မျက်နှာပြောင်တိုက်မိုက်လိုက် ပုံများကတော့ဖြင့် ပြည်သူကို မဲသွား

ထဲ့ခိုင်းနေပြန်ပကော ။

ဦးမြင့်စိုး (NLD) ကတော့ ရပ်တည်ချက်ကို တစိုက်မတ်မတ် နဲ့  ကျနော်ကတော့ပြည်သူကို အဲဒီ့လို မတိုက်တွန်းချင်

ဘူး ဥဏ်ပညာပေါ်မှာ သုံးသပ် တက်ဖို့  ခြေပပြန်ပါတယ် ။

ဦးဘိုဘိုကျော်ငြိမ်း ကလည်း ချိုချိုကျော်ငြိမ်း မောင်ပေပဲ မို့  တစ်ခြမ်း မိုက်ချင်သေးတယ် ။ စစ်အစိုးရကို မကြိုက်ရင်

စစ်အစိုးရကို မဲမပေးဘူး မပတ်သတ်သူကိုပေး မယ် တဲ့ သူ့ သဘော လို လို အမ အတွက်မဲဆွယ်သလို လို နဲ့ ပြော

သွားပြန်ပါတယ် ။ တိုင်းပြည်အရေး ကို အမှန်တကယ်သုံးသပ်နေတာလား အတ္တတွေ နဲ့  ခြည်နှောင်ထားတဲ့ ဒေါ်

လာတွေ အတွက် ဒါမှမဟုတ် န အ ဖ က ကိုယ့်ကို ပြန်ခေါ်လို ခေါ်ငြား အသံပစ် ပေးနေရတာလား ဆိုတာတော့

ကာယကံရှင် တွေ လည်း ကိုယ့် ကိုယ် ကို သိသလို တော်လှန်ရေး လုပ်သက်တူတဲ့ ပိုလုပ်ခဲ့တဲ့  မနေ့ တနေ့ ကမှ

စိတ်နှလုံး သန့် သန့် နဲ့  ဒီတိုက်ပွဲ ထဲမှာပါခဲ့သူတွေတိုင်းသိပါတယ် ။

အောင်နိုင်ဦးကပြောတယ် ခေါင်းဆောင် တွေမညီဘူး တဲ့ ဦးနု ဒေါ်စု ဦးတင်ဦး သူတို့  မညီဘူး တဲ့ အာဏာသိမ်း

တော့ ကျောင်းသားတွေ မျက်ရည်ကျရတယ်တဲ့ ဒီမှာ အတိတ်သမိုင်းမှန်လေး ကို နည်းနည်းဖြည့်စွပ်ချင်ပါတယ် ။

ကျောင်းသားဆိုတာ အမြဲ ပေးဆပ်ဖို့  တော်လှန်ဖို ရဲရဲတောက် အစဉ်အလာရှိခဲ့သူတွေ ပါ အောင်နိုင်ဦးတို့ စိတ်ထဲ

မှာတော့ ဘယ်နှယ့် ရှိမယ် မသိပေါ့ ။ အဲဒီအချိန် က NLD ပါတီဟာ အားလုံးကို ကြို ဆို နေတာပါ ။ ကျောင်းသား

ခေါင်းဆောင် တွေ ဗိုလ်မှုးအောင် တို့ ဦးအောင်သန်း တို့ က အစ NLD နဲ့  မပူးပေါင်း ခဲ့ကြပါဘူး ။ ပါတီတွေ ၂၀၀

ကျော် ဖြစ် လို ဖြစ် ဖြစ်ပိုင်ခွင့်ရှိပေ မဲ့ တစည ဟာ ဒုတိယ လိုက် ခဲ့တာကို သတိထားမိဖို့  လိုပါတယ် ။ ဒါဆိုကျောင်း

သားကရော ဘာ လို့ ကျောင်းသားပါတီ ဖြစ် ခဲ့တာ လဲ ဒီလူ ကြီးတွေပဲ မညီတာ လား ? သမိုင်း မှာ အဖြေတစ်ခုမ

ထွက်မချင်း ပုံချလို့ မရပါဘူး ။

နိုင်ငံတစ်ကာ အထောက်အပံ့ဆို တဲံ အရာ တွေ နဲ့ရပ်တည်နေတဲ့ တော်လှန်ရေးအင်အားစု တရပ် ရှိသလို နိုင်ငံခြား

စောစောထွက် ပါရဂူဘွဲ့ ရ နောက်ပြီး မိန်းမ ထမိန်နားခိုစားပြီး နိုင့်ငံ့အရေးလေ့လာ နေသူတွေ အနေနဲ့  အမှန်မြင်ဖို့ 

ခက်သွားပါပြီ ။ တော်လှန်ရေးတရပ် မှာ လက်တွေ့ ကျော်ဖြတ် သူ တွေ ကို ဘယ်လို နည်းပညာမျိုးကမှမမှီနိုင်ပါဘူး

အောင်နိုင်ဦးပြောသွားတာ တော်လှန်ရေးကြောင့်ပဲ လူ့ အခွင့် အရေးတွေ ပိုဆုံးရှုံးနေသလို လို စစ်တပ် နဲ့ ပေါင်းပြီး

အာဏာခွဲဝေယူပါမှ လူ့ အခွင့်အရေး ရမှာလိုလို ကရားရေလွှတ် ပြောချနေပါတယ် ။

မှားနေပါတယ် ဦးအောင်နိုင်ဦး စစ်တပ်က သူ့  အတွက် သပ်သပ် မဲထဲ့ဖို့ စစ်တပ်ပါတီထောင်မှာမဟုတ်ပါဘူး ။ ဒီကိစ္စ

မှာ ဦးဘိုဘိုကျော်ငြိမ်းလည်း သတိပြန်ချပ်ဖို့ လိုပါတယ် ။စစ်တပ်ကဘယ်သူ နိုင်နိုင် သူတို့  ပါပြီးသားဖြစ်တာကြောင့်

စစ်တပ်ကို ခွဲ ထုတ် ကန့် ကွက် ပစ် နိုင်မဲ့ ညီလာခံ မဟုတ်ပါဘူး ။

ဒီမှာ ဦးမြင့်စိုး ပြောတာကိုလည်း ထပ် ဖြည့်စွပ် ချင်ပါသေးတယ် လူ့ အခွင့်အရေးတွေ က အရင် ကလည်း ဆုံးရှုံးတယ်

အခုရော ဆုံး၇ှုံးတယ် ၂၀၁၀ နောက်ပိုင် မှာမှ ဆုံးရှုံး မှာမဟုတ် ဘူး ဆိုတဲ့ အပေါ်မှာ ထပ် ဖြည့် စွပ် ချင်တာ ကအကယ်

၍ ၂၀၁၀ သာ စစ်အုပ်စုအလို ကျလုပ်သွားနိုင်ခဲ့ရင် ဘယ်ပါတီ ဘယ် ကိုယ်စားလှယ်တက်တက် စစ်တပ်ရဲ့လွှမ်းမိုးမှု

အောက်မှပဲ ရှိမှာ မို့  လို့  တော်လှန်ရေးအင်အားစုတွေ ဆက် တိုက်ရမှာ (အပြည်ပြည်ဆိုင်ရာမှက အစ ) စစ်အာဏာရှင်

အစိုးရမဟုတ်တော့ဘူး မတရားတဲ့ အရပ်သား အစိုးရဖြစ်သွားပြီ ပို လို့ ကို ခက်ခဲ မှအြသေ အချာ မို့  ဦးမြင့်စိုး တို့ ရဲ့ပြည်

သူကို မတ်ဆိတ် ပေးချက် ကိုအင်မတန်မှပဲကျေးဇူးတင်ပါတယ်။

ဒါ့ အပြင် ဦးဘိုဘို ကျော်ငြိမ်း တို့ ရဲ့ အပြောင်းအလဲ ကို လို လား တြ့ အယူအဆ အပေါ်မှာလည်း လူငယ်တွေ က လန့် 

သွားတာမျိုး သတိပြန်ချပ် တာမျိုးဆွေးနွေး လာတာ မတ်ဆိတ်ပေးရရင် ဖြင့် နိုင်ငံရေးစနစ် က ကွန်မြူနစ် စီးပွါးရေး

စနစ်က အရင်းရှင် စီးပွါးရေး မျို့း လို့ လမ်းကြောင်း မကွေ့ သွားစေ့ချင်ပါဘူး ကွန်မြူနစ် အစစ်တွေကိုတော့ လေးစား

ပါတယ် ကွန်မြူနစ်ကြောင်တွေ က လမ်းကြောင်းသစ်တခု စအော် လိုက်ရင်ဖြင့် သပွတ်အူ နဲ့ စာပူးတောင်း အဖြစ်မျိုး

ကြုံရပါလိမ့်မယ် ။။စနစ်ပြောင်းတယ်ဆိုတာဒေါ်စု နဲ့ NLD မပါပဲ ဇွတ် လုပ် သွား လို့  မပြောင်း နိုင်ဘူး ဆိုတဲ့ ဦးဘိုဘိုကျော်

ငြိမ်း ရဲ့ ထင်သာတဲ့ အမြင်ပေါ်မှာ ထပ်လောင်းပြောရရင် တွေ့ ဆုံဆွေးနွေးရေး ကို ခု လုပ် ခု တောကြောင် တွေ ပျောက်

သွားမှာပါပဲ ။အောင်နိုင်ဦးရဲ့ ဒီမိုကရေစီဆိုတာ ခုန်ပံကျော်လွှား လို့ မရ ဘူး ဆိုတဲ့ အယူအဆရှိခဲ့ရင် မှန်ကန်တဲ့နည်း

စနစ်ကျတဲ့နည်း နဲ့ တိုက်ပွဲဝင်ပါမှ စစ်မှန် တဲ့ ဒီမိုကရေစီရမယ် ဆိုတာရော အောင်နိုင်ဦး စဉ်းစားသင့်ပါတယ် ။

ရွေးကောက်ပွဲ မရှိတာ ကြာပြီဖြစ်တာကြောင့် ရွေးကောက်ပွဲဟာ ရလဒ်ကောင်း တစ်ခု လို့ မြင်ရင် အကောင်းကို မလုပ်

တဲ့ စစ်အုပ်စု ကိုအောင်နိုင်သီးက အရင် ပြောရပါလိမ့် မယ် စစ်အုပ်စု ကိုင်စွဲ ထားတဲ့စနစ်ဟာ ဘာစနစ်လဲ အာဏာရှင်

အပြင် ဘာ ရှိသေးလဲ မတရာမှု ကိုကိုယ်စားပြု ထားတဲ့ဖောက်ပြန်တဲ့စနစ်ပါ ။ ဒီ လူ တွေ လုပ်တဲ့ရွေးကောက်ပွဲမှာနောက်

တခါ အလိမ်ခံဦးမယ် ဆိုရင်တော့ ခံတဲ့သဲူ့အပြစ် ပဲ လို့  တင်ပြရင် DVB စကားဝိုင်း မှ ဆွေးနွေးသူတို့ ရဲ့ စကားနဲ့ မဖြစ်

သင့်တဲ့ အမှား ဖြစ်သင့်တဲ့ တရား ကို ရေးသားတင်ပြလိုက်ပါတယ် ။။


မင်းထက်မြတ်(၈၈ မျိုးချစ်တပ်ဦးလူငယ်)


ရည်ရွယ်ချက်ဆိုတာဖျက်ကောင်းတဲ့အရာမဟုတ်ဘူး ( တိုင်းရင်းသားအားလုံး ဥဏ်အမျော်အမြင်ကြီးကြရအောင်)

Tuesday, October 6, 2009





OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI

Clarification of KNU Policy on 2010 Elections

October 5, 2009

1. We, the Karen National Union (KNU) are aware that a recent letter by the Ethnic Nationalities Council (ENC), appearing to state that the SPDC’s elections due in 2010 could present some kind of opportunity for change, has caused some confusion.

2. We would like to reaffirm our statement of April 24, 2009 that elections due in 2010 do not represent any kind of progress towards democratization in Burma.

3. The overwhelming evidence that the elections due in 2010 offer no hope for any kind of change is as follows:

· The referendum in 2008 exposed that no political campaigning is allowed unless approved and in line with SPDC policy, so no genuine political space will be created by the process of the elections.
· The referendum in 2008 has shown that results will be rigged, and with the many other restrictions on freedom, they will ensure there is no way the elections will be free and fair.
· The Constitution not only enshrines military rule, it also grants no ethnic rights or protection. The Constitution represents a serious threat to ethnic diversity in Burma.
· The Parliament will be a rubber-stamp Parliament, and with laws blocking freedom of speech remaining in place in the new Constitution, and the SPDC investing in a new computerised media censorship system, it is clear there will be no genuine opening of political space after the elections.

4. The 2008 Constitution is in breach of international law and the Universal Declaration of Human Rights.

5. We have repeatedly warned that elections in 2010 will not result in any improvement of the human rights and humanitarian situation in Burma, and that repression and instability will continue.

6. We are saddened that our predictions have proved correct, and that there has been a dramatic escalation in military attacks as the dictatorship seeks to crush all opposition ahead of the election.

7. The apparent ‘wait and see’ approach of the international community regarding the 2010 elections is not a viable option. A major human rights and humanitarian crisis is unfolding in ethnic areas of Burma as attacks on ethnic people escalate. This is a result of SPDC’s 2010 elections agenda.

8. The international community seems content to allow the SPDC to defy them, and is following their 2010 agenda. We repeat our call on governments around the world not to endorse the 2010 elections and to redouble efforts to persuade the SPDC to enter into genuine tri-partite dialogue.

9. We call on the SPDC to follow the demands of the UNGA, UNSC, EU, USA and others, and engage in genuine tripartite dialogue leading to genuine change in our country.

10. We are working for a peaceful, stable, federal Burma. We stand ready to enter into genuine tripartite dialogue, as facilitated by the United Nations, at any time.


The Central Executive Committee
Karen National Union



ဘိုးဘွားအမွေ ကျနော်တို့ နှင့် အနာဂါတ် ဗမာပြည်




(၁) ဘာလုပ်ကြမလဲ
ဆန္ဒ ခံ ယူပွဲ ကျင်းပ ပြီးနောက် ဖွဲ့စည်းပုံ အသစ်ကြီးနဲ့ ရွှေးကောက်ပွဲကျင်းပမယ် လို့ကြေငြာထားတဲ့ ဒီအချိန်မှာ ကျနော်တို့ရဲ့ တိုင်းပြည် အခြေအနေဟာ အလွန်ဆိုးဝါး နေတယ်ဆိုတာတော့ တိုင်းပြည်ချစ်တဲ့သူအားလုံး သဘောတူကြမယ် ထင်ပါတယ်။ ဒီတော့ကျနော်တို့ ဘာလုပ်ကြမလဲ ။
-သဘာဝ ဝန်းကျင် နဲ့ ပါတ်သက်လို့  ဆွေးနွေးပြောဆို ကြတဲ့ အခါ –တကမ္ဘာလုံး အတိုင်း အတာနဲ့  စဉ်းစားဆင်ခြင် ပြီး ဒေသအလိုက် အရေးယူဆောင်ရွက် ကြဖို့  လိုတယ်---ဆိုတာကို ပြောဆို ကြလေ့ ရှိ ပါတယ်၊၊ ခုကျနော် တို့  ဗမာပြည် ဒီမိုက ရေစီ ရေးလှုပ်ရှားသူတွေအနေနဲ့ လည်း ဒီသဘောမျိုးစဉ်းစား ကြံဆ လုပ်ကိုင်ကြဖို့  လို မယ်လို့ ယူဆမိပါတယ်၊၊

-ဗမာပြည် ဒီမိုကရေစီ ရေးလှုပ်ရှားမှုဟာ အနှစ် ၂ဝ၊ နီးလာခဲ့ပါပြီ၊ အမျိုးသား တိုင်း ပြည် ပြန်လည်ပြုပြင် တည်ဆောက်ရေး ကိုလည်း စစ်အစိုးရနဲ့  အတိုက်အခံတို့  နှစ် ဘက်စလုံး ဘယ်ဘက်ကမှ သိသိသာသာ ထိုးထွက်ဦးဆောင်ပြီး လုပ်ဆောင်နိုင်တာ မတွေ့ ရသေးပါဘူး၊၊ အမျိုးသားတိုင်းပြည် နဲ့  ပြည်သူလူထုကတော့ အချိန်နဲ့  အမျှ ဒုက္ခ ဆင်းရဲ တွေနဲ့  ပြဿနာ ပေါင်းစုံကြားမှာ နစ်မွှန်း မြုပ်ဆင်း သွားနေပါတယ်၊၊ ဒီအမျိုးသားရေး အကြပ်တည်းကို ကျနော်တို့  အချိန်မှီ အခါမှီ မဖြေရှင်း နိုင်ကြဘူး ဆိုရင် ကမ္ဘာကြီးရဲ့  ဒီတချီ အလှည့် အပြောင်းမှာလည်း ကျနော်တို့ ရဲ့  ဗမာပြည်ဟာ ကျဆုံး အမျိုးသားစာရင်း ဝင်သွားတော့ မှာပါ၊၊ ဒီတော့ ကျနော်တို့  ဘာလုပ်ကြမလဲ၊၊

ဘာလုပ်ကြမလဲ ဆိုတဲ့မေးခွန်းကိုရောက်လာတဲ့ အခါတိုင်း ကျနော်တို့တွေဟာ အဖြေ ပျောက် သွားတတ်သလို မရေမရာလဲဖြစ် သွားတတ်ပါတယ်။

-အောင်မြင်သွားခဲ့ကြတဲ့ အမျိုးသားနိုင်ငံ များ၊ တိုင်းပြည်များရဲ့ သမိုင်းနဲ့  အောင်မြင် နေကြတဲ့ အမျိုးသားတိုင်းပြည် တွေကို လေ့လာပြီး၊ သင်ခန်းစာ ယူကြဖို့  ဆွေးနွေးတဲ့ အခါမှာ ကျနော်တို့ တွေဟာ၊----အဲဒီတိုင်းပြည်၊အဲဒီလူမျိုးတွေမှာတော့၊ ကောင်းမွန် တဲ့ အချက်အလက်တွေ၊ အရည်အချင်းတွေ နဲ့  ပြည့်စုံတယ် အခွင့်အခါကောင်း တွေနဲ့  ကြုံရတယ်၊၊ ဒို့ မှာတော့ အဲဒါမျိုးတွေ မရှိဘူး၊ အခွင့်ကောင်း အခါကောင်းတွေ မကြုံရဘူး အဲဒါကြောင့် ငါတို့ ကတော့ မအောင်မြင် နိုင်ဘူး-လို့ ၊အဆိုးမြင်စိတ် အရှုံးပေးစိတ် နဲ့  ဘဲစဉ်းစားကြပါတယ်။ အောင်မြင်ဘို့ အတွက် လိုအပ်နေသေးတယ် ဆိုတဲ့ အချက် အလက် တွေအရည်အချင်းတွေ ပြည့်စုံလာအောင် ဘာလုပ်ကြမလဲ ဘယ်လိုလုပ်ကြ မလဲ လို့  ကြံဆတဲ့ ဆီကို မရောက်လာပါဘူး၊ အခြားသူတွေနဲ့  တခြားနေရာမှာ ရှိတဲ့ ချို့ ယွင်းအားနဲချက်တွေ ကိုဘဲလက်ညိုးထိုး အပြစ်တင်စကား ပြောတာကလွဲ လို့ ၊ ဘယ်လိုပြုပြင် ကြမလဲ ဆိုတဲ့ဆီရောက်မလာ ကြပါလာကြပါဘူး၊၊
-တော်လှန်ရေး ဆိုတာ၊ အမျိုးသားနိုင်ငံ တခုပြုပြင်တည်ဆောက်ရေး ဆိုတာ၊ အမျိုးသားအကြပ်အတည်းကြီး တခုကို ဖြေရှင်းဖို့ ဆိုတာ၊ တဦးကောင်း တယောက် ကောင်း၊ တဖွဲ့ ကောင်းတစုကောင်း လောက်နဲ့  မရနိုင်ပါဘူး၊ လူအများကြီးနဲ့  သက်ဆိုင် တဲ့ ကိစ္စပါ၊၊ ဒီနေရာမှာ စဉ်းစားဆင်ကြဉ်ရမှာက အဲဒီလူအများကြီး ဆိုတဲ့ အထဲမှာ ကိုယ်လဲ တယောက်အပါအဝင် ဖြစ်ပြီး၊ ကိုယ့်ရဲ့ အဖွဲ့ ၊ ကိုယ့်ရဲ့  အစုအစည်း၊ ဟာလဲ အစိတ်အပိုင်း တခုဖြစ်တယ်၊ ဆိုတာပါဘဲ၊၊
ဒီတော့ ပြုပြင် ပြောင်းလဲ ဖို့ ကိစ္စ၊ စွန့် လွှတ်စွန့် စား ဖို့ ကိစ္စ၊ အနစ်နာခံဖို့ ကိစ္စ၊ တွေကို တခြားလူတွေကို ဘဲ တောင်းဆိုနေလို့ ၊ မဖြစ်နိုင် ပါဘူး၊၊ ကိုယ့်ကိုကိုယ်လဲ စစ်ဆေးမေးမြန်းပြီး၊ တောင်းဆိုရပါလိမ္မယ်၊၊ ဒီနေရာမှာ ကျနော် စပြီးပြောချင်တာက သဘာဝဝန်းကျင် သမားတွေပြောတဲ့ (think gobally act locally) ဆိုတာလိုဘဲ၊ ကျနော်တို့ အနေနဲ့  တစုံလုံး အတိုင်းတာအထိ စဉ်းစား ကြံ ဆ၊ပြောဆို ဆွေးနွေးကြပြီး၊ ကိုယ်တိုင်ကစလုပ်ဖို့ ၊ လက်လှမ်းမှီတဲ့ နေရာကစလုပ်ဖို့ ၊ ဆို တာပါဘဲ၊၊ တစုံလုံးအတွက်စဉ်းစား ကိုယ်တိုင်ကစလုပ် လို့ ဆိုရမယ်ထင်ပါတယ်၊၊

-နောက်တခု ကျနော်ဆွေးနွေးချင်တာက စဉ်းစားကြံဆချက် နဲ့ ပါတ်သက်လို့ ပါ၊ ကျနော်တို့ တွေ အားလုံးဘဲ၊ အနည်းနဲ့ အများတော့ စဉ်းစားကြံဆ ကြပါတယ်၊ ဒါပေမဲ့ အကြံဥာဏ် တွေ၊ ကြံဆချက် တွေရဲ့ အများစုက –ကြောင်ကိုချူဆွဲဖို့  ကြံဆချက် -တွေ ဖြစ်နေတတ်ပါတယ်၊၊

ဒီနေရာမှာ ဇါတ်လမ်းအကျဉ်းလေး ပြန်ရေးပြရပါလိမ္မယ်၊၊ ဟိုးတခါ တုံးက ပေါ့လေ၊ ကြွက်ဖမ်းတာ အလွန်တော်တဲ့ ၊ ကြွက်လဲ အလွန်ကြိုက်တဲ့ ကြောင်ကြီး တကောင် ရှိသတဲ့၊၊ ဒီတော့ အဲဒီနေရာမှာရှိတဲ့ ကြွက်တွေခမျာ အလွန်ဒုက္ခရောက် နေ ကြတာပေါ့ ၊ကြောက်လဲ ကြောက်နေကြရ တာပေါ့ ၊ ဒါနဲ့ တနေ့ မှာတော့ ၊ကြွက်တွေ ကြားထဲ အတော်တွင်ကျယ်တဲ့NGO ကြွက်တကောင်က အစည်းဝေးခေါ်ပြီး၊ ဒီ ပြဿနာကို ဘယ်လိုဖြေရှင်း ကြ မလဲ ဆိုတဲ့ အဖြေရဖို့ ၊ workshop meeting ၊ တခု လုပ်တာပေါ့၊ အဲဒီ အချိန်မှာ ကြွက်တွေထဲက ခပ်ထောင်ထောင် တကောင်က ဒီလို ဆွေးနွေးတယ်တဲ့၊ - ဒီကြောင်ကြီးဟာ ခြေသံအလွန် လုံပြီး၊ ပိရိ သပ်ရပ်လွန်းလို့ ၊ ကြောင်ကြီး လာနေတာကို မသိလိုက်ရလို့ ၊ ဖမ်းစားတာခံကြရတာဖြစ်တယ်၊ တကယ်လို့ ကြောင်ကြီးလာနေတာ ကိုသာသိကြရရင် လွတ်အောင်ပြေးနိုင် ကြမှာဘဲ၊ ဒီတော့ ကြောင်ကြီးလာနေတာကို သိရအောင် ဒီကြောင်ကြီးရဲ့  လည်ပင်းမှာ ချူတလုံး ဆွဲပေးထားလိုက် ရင်ကောင်းမယ်- ဆိုတာဘဲ၊၊ ကျန်တဲ့ ကြွက်တွေကလဲ –ဟာ သိပ် ကောင်း တဲ့ အကြံ ဘဲ ဆိုပြီး၊ အားလုံး ဝိုင်းသဘောတူ ကြတာပေါ့ ဒီတော့ ကြောင်ကြီး ရဲ့ လည်မှာ ချူတလုံး ဆွဲထားပေးဖို့  ၊ ဆုံးဖြတ်လိုက် ကြပါလေရော၊၊ ဒီတော့ ကြောင် ကြီး ရဲ့ လည်မှာ ချူသွားဆွဲ မယ့် ကြွက်တကောင် ကို ရွှေးဖို့ လိုအပ်လာတာပေါ့၊ ဒီမှာတင် ကြွက်တွေလဲ တကောင်ပြီးတကောင် အလျှိုလျှို ထွက်သွားလိုက် တာ အစည်းဝေးခန်း ထဲမှာ တကောင် တမြီးမှ မကျန်တာနဲ့  အစည်းဝေးလဲ ပြီးပြီးပျက်ပျက်၊ ဖြစ်သွားတာပေါ့လေ၊၊


- ဒီလိုပါဘဲ စိတ်ကူးကြံဆချက် အတော်များများ ဟာ လက်တွေ့ ဖြစ်မလာ နိုင်တာတွေ ရယ်၊ ကိုယ်တိုင်တာဝန်ယူမှု မရှိတာတွေရယ် ဖြစ်နေတတ်ပါတယ်၊၊ တစုံလုံးအတွက် စိတ်ကူးချက်တွေဟာ ကိုယ်တိုင်လုပ်ဖို့  ဘာတခုမှ မပါဘဲ သူများကိုတိုက်တွန်းဖို့  တွေ ဖြစ် နေ ပြီး၊ ကိုယ်တိုင်လုပ်ဖို့ စိတ်ကူးတွေကြတော့ တစုံလုံးအကျိုးရှိရေးမပါဘဲ တဦး ကောင်း တဖွဲ့ ကောင်း၊ အကျိုးရှိရေး ဖြစ်နေတတ်တာအပြင် တခါတလေ တစုံလုံးအကျိုး ကိုထိခိုက်စေနိုင်တာ မျိုးတောင် ပါနေတတ်ပါသေးတယ်၊၊ ကျနော်တို့လိုနေတဲ့ ကြံဆ ချက် မျိုးက တစုံလုံးအတွက်ဖြစ်ရမယ်၊ ကိုယ်တိုင် အပါအဝင် နေရာတိုင်းက လူတိုင်းက ပါဝင် ပါတ်သက် တာဝန်ယူနိုင်၊ အကောင်အထည်ဖေါ် နိုင်တာမျိုး ဖြစ်ရပါလိမ္မယ်၊၊
ပထမဆုံးအနေနဲ့ ကျနော်တို့ တွေ ကိုယ့်ကိုကိုယ် မေးမြန်းတောင်းဆိုကြည့် ကြရင် ကောင်းမယ် ထင်ပါတယ်။ ဒီနေ့ မြန်မာပြည် ဒီမိုကရေစီရေး အတွက် ကိုယ်ဘာ လုပ်နိုင်မလဲ ။
(တခြားလူတွေကိုတော့ နောက်မှ မေးကြတာပေါ့။)

(၂)ဘယ်လောက်လုပ်ကြမလဲ။
လူတွေကို သူတို့မတတ်နိုင်တာမျိုး အတွက် တောင်းဆိုတာ မျိုး၊ သူတို့မတတ်နိုင် လောက်အောင် အလွန်အကျွံ တောင်းဆိုတာမျိုး၊ မ ဖြစ်သင့်ပါ ဘူး၊၊ ဘယ်သူကဖြစ်စေ၊ တိုင်းပြည်နဲ့ လူမျိုးအတွက်၊ ဒီမိုကရေစီရေးအတွက် သူတို့တတ်နိုင်သမျှနဲ့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ ပါဝင်တာ၊ ကူညီတာ၊ ပေးအပ်တာ၊ ပေးဆပ်တာ၊ မှန်သမျှကို အသိအမှတ် ပြု လက်ခံကြိုဆို ရပါလိမ္မယ်၊၊ ဒီလိုနဲ့ လူတိုင်းပါဝင်လာအောင်လဲ လုပ်ရမယ်၊၊ ဒါမှသာ လူထုရဲ့ ဒီမိုကရေစီစံနစ်၊ လူထုရဲ့အစိုးရ၊ လူထုအတွက်အစိုးရ၊ လူထုကလုပ်တဲ့အစိုးရ၊ ဖြစ်လာမယ်၊၊ လူထုကလုပ်တဲ့ ဒီမိုကရေစီ အောင်ပွဲ ဖြစ်လာမယ်၊၊
ဒီလိုမလုပ် နိုင်ကြဘူး၊ ဒီလိုမဟုတ်ဘူးဆိုရင်၊ လူထုမှာလဲကယ်တင်ရှင် မျော်တဲ့ စိတ်ဓါတ်နဲ့ အရှုံးပေး အညံ့ခံတဲ့ သိမ်ငယ်တဲ့စိတ် ပျောက်မှာမဟုတ်ဘူး၊၊ အရာရာကို အဆိုးမြင်တဲ့၊ အရွဲ့ တိုက်တဲ့ ၊အ ဖျက်စိတ်တွေ လဲ ပျောက်မှာမဟုတ်ဘူး၊၊ ဒီလိုဆိုရင် ဂဂ-က စတဲ့ လှုပ်ရှားမှုကြီးဟာလဲ လူတစုလက်ထဲက အာဏာကို နောက်လူတစု လက်ထဲ လွှဲပြောင်းယူဖို့၊ ကြိုးစားတဲ့ အဓိပ္ပါယ်ထက်၊ ပိုမှာမဟုတ်ဘူး။ ဒါဆိုရင် တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီထွန်းကား အောင် လုပ်ဖို့၊ စုစည်းညီညွှတ်အောင် လုပ်ဖို့၊ အေးချမ်းတည်ငြိမ်အောင် လုပ်ဖို့နဲ့ ၊ ကောင်းမွန်တဲ့ အဆင့်နေရာရအောင်၊ မြှင့်တင်ဖို့ ဆိုတာလဲ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် လူတိုင်းရဲ့လှုပ်ရှားမှု၊ လူတိုင်းနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှု၊ ဖြစ်အောင်လုပ်ကြရလိမ္မယ်။ လူ တိုင်း ပါဝင်နိုင်မယ့် နည်းလမ်းတွေကို ကြံဆတီထွင် ကြရလိမ္မယ်၊၊
ကျနော်တို့ဟာ ဘာမှ မစွမ်းဆောင်နိုင်တဲ့ သူတွေမဟုတ်သလို ၊ အတိုင်းအဆမရှိ စွမ်းဆောင် နိုင်ကြတဲ့သူတွေလဲ မဟုတ်ကြပါဘူး။ ဒီတော့ ကိုယ်နိုင်သလောက် တော့ ကိုယ် လုပ်ကြတာပေါ့ ။ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်ဖို့ ဘဲလိုပါတယ်။

(၃)ဘာတွေဖြစ်နေတာလဲ၊
--၈၈ – လူထုတိုက်ပွဲ ကြီးက ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ မင်းကိုနိုင်၊ ကိုကိုကြီး စသည့် ခေါင်းဆောင်ကြီး ငယ်များကို မွေးထုတ်ပေးလိုက် ပါသည်။ NLD- ABSDF- စသည့် အဖွဲ့ အစည်းကြီးငယ် အမျိုးမျိုးကိုလဲ မွေးထုတ်ပေးခဲ့ပါသည်။ ၈၈-လူထုအုံကြွမှုကြီးကို စစ်အစိုးရက ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့ လို့  လူထုတိုက်ပွဲ နောက်ဆုတ်ပေးခဲ့ ရပေမဲ့ ကျနော်တို့ နေနဲ့ အလုံးစုံ ဆုံးရှုံးခဲ့ ရတာမဟုတ်ပါဘူး။ တိုက်ပွဲရဲ့ အောင်သီးအောင်နှံ တွေအဖြစ် လူထုခေါင်းဆောင် တွေနဲ့ အစု အစည်း တွေ ယန္တယားတွေ ရထားလိုက်ပါတယ်။ ဒါတွေကို ထိမ်းသိမ်းကာကွယ်ပြီး အဆုံးစွန် အောင်ပွဲ အထိ တိုးချဲ့  ကြရပါမယ်။ အရည်အချင်း ရော အရည်အတွက်ပါ တိုးတက် အောင်လုပ်ကြရပါမယ်။
--ဒေါ်အောင်ဆန်းစုကြည်ကို တပြည်လုံးက ယုံကြည်အားထား ကြတယ်၊ နိုင်ငံတကာ လဲ အသိအမှတ်ပြုကြတယ် ဒါပေမဲ့ ကျနော်တို့ အောင်ပွဲကိုတော့ လွယ်လွယ်နဲ့ မြန်မြန် ရဖို့ မမျှော်မှန်းနိုင်သေးပါဘူး။


ဘာဖြစ်လို့လဲ---------ဒေါ်အောင်ဆန်းစုကြည် ဟာ ဘယ်လောက်ပဲ တော်တော် အရာရာကို ပြီးမြောက်စေနိုင်တဲ့ တန်ခိုးရှင် တော့ မဟုတ် ပါဘူး၊ သူတဦးတယောက် တည်းအစွမ်းနဲ့ ကျနော်တို့လိုချင်တာ အားလုံးကို ဖြည့်စွမ်း ပေးလိမ္မယ် လို့ မျှော်လင့်လို့ မရပါဘူး။ သူဘယ်လောက် ဉာဏ်ပညာ အမျှော်အမြင်နဲ့ ပြည့်စုံတယ်၊ စွန့်လွှတ်အနစ်နာခံတယ်၊ နိုင်ငံရေးအကွက် မြင်တယ်၊ ပြောကြရင်လဲ၊ သူဦး ဆောင်မောင်းနှင်ရမဲ့၊ အစုအစည်း အသင်းအဖွဲ့တွေက၊ အရည်အတွက်၊ အရည်အသွေး နဲ့ နည်းစနစ် တွေ၊ နိမ့်ကျညံဖျင်း နေတယ်ဆိုရင်၊ သူ့အရည် အချင်းကို၊ ပြခွင့်ရမှာ မဟုတ်ပါဘူး။ သူလဲဘဲ မသန်မစွမ်း ခေါင်းဆောင်ဘဝကို ပဲ ရောက်သွားပါလိမ္မယ်။ ထို့နည်းတူ တခြားခေါင်းဆောင်တွေလဲ ဘယ်လိုပေါ်လစီ ၊ ဘယ်လိုစတိုင် နဲ့ဘဲ လာလာ အစွမ်းပြခွင့် မရ၊ အစွမ်းမပြနိုင်တဲ့ ခေါင်းဆောင်တွေသာ ဖြစ်သွားပါလိမ္မယ်။

--ဒီလို ဘာကြောင့် ဖြစ်နေသလဲ ဆိုတော့---လွယ်လွယ်နဲ့ တိုတို ပြောရရင်၊ ကျနော် တို့တတွေရဲ့၊ ကယ်တင်ရှင် မျှော်တဲ့ အယူအဆ ကြောင့် ဘဲ ဖြစ်ပါတယ်၊ ဒီလိုပြောလိုက် တော့ နက်နက် ရှိုင်းရှိုင်း ၊ ရှည်ရှည်ဝေးဝေး မစဉ်းစားဘဲ၊ လူတိုင်းက ကိုယ်နဲ့ သိပ်မဆိုင် သလို နေလိုက်ကြ ပါလိမ္မယ်။ ကယ်တင်ရှင် မျှော်တဲ့ စိတ်ဓါတ်ဆိုတာ အချောင်သမား စိတ်ဓါတ်၊ အချောင်ခိုတဲ့ စိတ်ဓါတ်ကို ဆိုလိုတာပါ။ အဲဒါကြောင့် ၊ ဂဂ- တိုက်ပွဲကြီးက ရလိုက်တဲ့ အောင်သီးအောင်နှံတွေ ဖြစ်တဲ့ လူထုခေါင်းဆောင် တွေနဲ့ လူထုရဲ့ အဖွဲ့ အစည်း ယန္တယား တွေဟာ ကြုံလှီ သိမ်ဖျင်း သလို၊ ဖြစ်နေရတာပါ။ ထွားကြိုင်း အောင်မြင်၊ ခန့်ငြားတဲ့ အောင်သီးအောင်နှံ တွေရချင်တယ် ဆိုရင်တော့ ကျနော်တို့ က ပြင်ဆင်ဖို့ ကြိုးစားဖို့ လိုပါတယ်။ ရှင်းရှင်း လင်းလင်း ဖြစ်ဖို့ အတွက်၊ ကျနော့ ရဲ့ အမြင် ကို ပိုပြီးအသေးစိတ် ပြောရပါလိမ္မယ်။

--ကျနော်တို့ က ရံပုံငွေ တပြားမှ မထဲ့ချင်တဲ့ ပါးစပ်နဲ့သာ ထောက်ခံအားပေး သူတွေ ဆိုရင် ၊ ကျနော်တို့ရမဲ့ ခေါင်းဆောင်နဲ့ အဖွဲ့အစည်းတွေဟာ ငွေကြေးအရ ပြင်ပကိုအား ကိုးနေရတဲ့ ၊ သူများသြဇာမကင်းတဲ့ ခေါင်းဆောင်တွေ အဖွဲ့ အစည်းတွေဘဲဖြစ်မှာပေါ့။ သူတို့ကချမှတ်နိုင်တဲ့ ပေါ်လစီတွေ လုပ်ငန်းစဉ်တွေ ဆိုတာလဲ ဘယ်လိုလုပ်ပြီး ထက်မျက် ပြတ်သား နိုင်တော့မလဲ။ ကိုယ့်စိတ်ကြိုက် ဘယ်ဟုတ်တော့မလဲ။

--တချို့တွေဆိုရင် ဒီကနေတဆင့် တက်လို့ ၊ထောက်ခံရင် အစည်းဝေးတက်ရင်၊ သင်တန်း တက်ရင်၊ အဖွဲ့ဝင်ရင်၊ နေ့တွက် ဘယ်လောက်ရမလဲ၊ ဘာအခွင့်ရေးရမလဲ၊ လစာဘယ်လောက်ရမလဲ၊ လို့တောင် တောင်းဆိုတာမျိုး ကြားရတွေ့ရတာ၊ တွေရှိပါ တယ် ၊ ဒီတော့လဲ ဒီလူမျိုးတွေကို အုပ်ချုပ်ဖို့ ၊ ပြည်သူကို သေနပ်နဲ့ ထောက်၊ တိုင်းပြည် ဘဏ္တာကို မောင်ပိုင်စီးပြီး အုပ်စုလိုက် အခွင့်အရေးရှာတက်တဲ့ ဓါးပြသာသာ အစိုးရမျိုး ၊ ရတာမဆန်းလှဘူးထင်ပါရဲ့။

--ကျနော်တို့ တွေက အပင်ပမ်း ခံစရာ မလိုရင် နောက်ကလိုက်မယ်၊ အခွင့်အရေး ရ ရင် နောက်ကလိုက်မယ် ဆိုတဲ့၊ နောက်လိုက်တွေ ဆိုရင်၊ ကျနော်တို့ရမဲ့ ဦးဆောင်သူ တွေ ဟာလဲ၊ ကျနော်တို့ ကို ရရာနေရာ ကနေ လိမ်ညာခိုးဝှက် ကြွေးနေရတဲ့ သူတွေဘဲ ဖြစ်မှာပေါ့ ၊ တည့်တည့်မတ်မတ် ခိုင်ခိုင်မာမာ ဦးဆောင်မှု ပေးတဲ့ ခေါင်းဆောင်ဘယ် ဟုတ်တော့မလဲ။

--တချို့တွေဆိုရင် ဒီကနေ တဆင့်တက်လို့ ဒီနေရာမှာ အနေကြပ်လာရင် ဟိုနေရာကို ပြေး ၊ ဟိုးဘက်မှာ အခွင့်အရေးသာရင် ဟိုးဘက်ထပ်ပြောင်း ၊ လဲ လုပ်ကြပါသေးတယ်။ လုပ်ထုံးလုပ်နည်း မှားနေရင် ပြင်ဖို့၊ ဦးဆောင်မှု ပုံစံ မှားနေရင် ပြင်ဖို့၊ ခေါင်းဆောင် ဖေါက်ပြန်ရင် အစားထိုး လဲလှယ်တင်မြောက်ဖို့ ၊စတာတွေ အဖွဲ့တွင်းမှာ ဒီမိုကရေစီ နည်းကြကြိုးစား တာထက် စိတ်ဆိုးစိတ်ကောက် လုပ်ပြပြီး အဖွဲ့ကထွက် သွားကြတော့ အဖွဲ့အစည်းတွေ နဲ့ ယန္တယားတွေဟာ တိုးတက် ကြီးထွားမ လာ ဘဲ၊ ဆုတ်ယုတ် ကျဆင်းလာတာ လဲ မဆန်းပါဘူး။ ရွှေ့ကြ ပြောင်းကြသမျှ ကလဲ၊ ပိုပြီးအပင် ပမ်း ခံရမဲ့ နေရာ၊ စည်းစံနစ် ကြီးမဲ့နေရာ၊ စွန့်လွှတ်စွန့်စားရမဲ့နေရာ၊ ကို သွားကြတာမရှိ ဘဲ၊ ပိုသက်တောင့်သက်သာ ဖြစ်မဲ့နေရာ၊ ပိုဘေးကင်းလုံခြုံရာ၊ ပိုလို့ အခွင့်အလမ်း များတဲ့ နေရာ ကိုသာသွားကြတာ ဖြစ်ပါတယ်။ ဒါကိုလူမျိုး တမျိုးလုံး လိုလို ကလဲ ကျင့်သုံးလိုက်ရော၊ ကျနော်တို့ ဗမာပြည်ဟာ လာမဲ့ ကမBာ့အလှည့် အပြောင်းမှာ၊ ကျဆုံးအမျိုးသား တိုင်းပြည်ဖြစ်ဖို့ အလားအလာ သိပ်များသွားတာပေါ့။ ဒီလိုအမျိုးသား တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ဖြစ်စေ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကဖြစ်စေ၊ ဦးဆောင် ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ တမျိုးသားလုံး လိုလို လူအများစုက အချောင်ခိုတဲ့စိတ်ဓါတ် မွေးပြီဆိုရင် ရလာမဲ့ ရလဒ်ပါဘဲ။

--ကျနော်တို့တွေဟာ ဘာမှအနစ်နာခံစရာ မလိုဘူး၊ စွန့်လွှတ်စွန့်စားစရာမလိုဘူး၊ ဆိုရင်တော့ လုပ်မယ်၊ တက်ကြွ တယ် ဆိုတဲ့ အဖွဲ့ဝင်တွေ၊ လှုပ်ရှားသူတွေ၊ ဖြစ်ပြီး၊ တခုခုတော့ စွန့်လွှတ်စွန့်စား ရမယ်၊ အနာခံရမယ်၊ ဆိုရင်တော့ တွန့်ဆုတ်ငြင်းပါယ် ကြ တယ်၊ မသိကြိုးကျင် လုပ်နေကြတယ် ဆိုရင်တော့။ ကျနော်တို့ရဲ့ အစုအစည်း တွေ ယန္တယားတွေ ကို ဦးဆောင်ရမဲ့ ခေါင်းဆောင်တွေဟာ လဲ ဘာတိုက်ပွဲကိုမှ ဖြစ်ဖြစ် မြောက်မြောက် မတိုက်နိုင်တဲ့ ခေါင်းဆောင်တွေဘဲ ဖြစ်လာမှာပေါ့။

--တချို့တွေကတော့ ၊ အခွင့်အရေးရဖို့ဆိုရင် လုပ်မယ်၊ အောင်မြင်ကြော်ကြားဖို့ ဆိုရင် လုပ်မယ်၊ ဘေးကင်းလုံခြုံတယ် ပျော်စရာလဲ ကောင်းတယ် ဆိုရင် လုပ်မယ်ဆိုတာ အထိ ဖြစ်လာတော့ ၊ ကျနော်တို့ရဲ့ အစုအစည်း ယန္တယားဆိုတာတွေဟာ၊ အုပ်စုဖွဲ့ထား တာတွေနဲ့ ခေါင်းဆောင်ဆိုတာလဲ အုပ်စုဗိုလ်တွေ ဘဲ ဖြစ်လာ တော့မှာပေါ့။ မှန်တယ် မှားတယ် ဆိုတာနဲ့ မတိုင်းတာဘဲ၊ ကိုယ့်ကို ဘယ် လောက် အလိုလိုက်တယ် ဆိုတာနဲ့ တိုင်းပြီး ၊ကိုယ့်လိုအပ်ချက် ရှိသမျှ အတွက်သာ လုပ်ကြ ကိုင်ကြတာ ဆိုရင်။ ပြီးတော့ လုပ်ငန်းစဉ်ကို ကြိုက်လို့၊ ပေါ်လစီကို ကြိုက်လို့၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စံပြအမူအကျင့် ကိုကြိုက်လို့၊ ထက်မျက်မှု နဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကို ကြိုက်လို့၊ ဝန်းရံလာကြတာမျိုး မဟုတ်ဘူးဆိုရင်၊ အဝန်းရံခံရတာ မျိုး မဟုတ်ဘူးဆိုရင်၊ ကျနော်တို့ ရလာမဲ့၊ ခေါင်းဆောင်ဆိုတာ အုပ်စုရဲ့ နောက်မြီးဆွဲ၊ အနှစ်မရှိတဲ့ တောက ကြက်ဆူပင်လို အုပ်စုဗိုလ်တွေ ဘဲ ဖြစ်တော့မှာပေါ့ ။

---ဒီတော့ကျနော်တို့ အနေနဲ့ ထက်မျက်တောက်ပြောင်တဲ့ ကြိုင့်ခိုင်အားကောင်း တဲ့ ခေါင်းဆောင်တွေ အစုအစည်းတွေ ယန္တယားတွေ ရချင်တယ် ဆိုရင်၊ ကျနော်တို့ကိုယ် ၌ က ပြင်ဆင်ကြိုးစားကြရ ပါလိမ္မယ်။ ဒီအထိ ပြောလိုက်လို့ ကျနော်တို့ရဲ့ အခြေအနေက မျှော်လင့်ချက် ကုန်နေပြီ လို့တော့မထင် ပါနဲ့။ မျှော်လင့်ချက်တွေ အများကြီး ရှိနေသေးလို့ ပြောနေရေးနေတာ ဖြစ်ပါတယ်။

-- ဦးဆောင်မှု နေရာ မှာ ရောက်နေတဲ့ သူများကလည်း ဘုန်းရှင် ကံရှင် အယူအဆ ကို စွန့်လွှတ် ဖို့ လိုပါတယ်။ ကျန်တဲ့ သူတွေကို အသိအမှတ်ပြု ဖို့ လိုပါတယ်။ဒီ ဘုန်းရှင် ကံရှင် အယူအဆက ဘာဆိုးကျိုးတွေ ပေး သလဲဆိုတော့၊ အဖွဲ့အစည်း တွေ အတွင်းမှာ စည်းလုံးမှု နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ ပျက်ပြား စေလို့ ဖြစ်ပါတယ်။ အဓိက ထိခိုက်စေတာက စိတ်ဓါတ်ပိုင်း နဲ့ အတွေးအခေါ် ပိုင်းကိုဖြစ်ပါတယ်။
ခေါင်းဆောင်အကြီးအငယ် နဲ့ ကြွယ်ဝမှု အခွင့်အလမ်း အနည်းအများပေါ်မူတည်ပြီး ရောဂါအနု အရင့် ကွဲကြပေမဲ့ ကျနော်တို့ ဗမာပြည်က လူတွေထဲမှာ အတော် ကျယ်ကျယ် ပြန့်ပြန့် ရှိနေတဲ့ ပြဿနာ ဖြစ်ပါတယ်။

-- အာဏာလည်း လက်ထဲမှာ ရှိနေပြီးတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာပေါ် လဲ ခွ ထိုင် ထား တဲ့ စစ်ဗိုလ်များမှာတော့ အဆိုးဝါး ဆုံးနဲ့ ထင်ထင် ရှားရှား ရှိနေတာပေါ့ ၊ ဒီမိုကရေစီ ဘက်တော်သား တွေမှာလဲ မကင်းပါဘူး ၊ ဘာဖြစ်လို့ ဒီ ဘုန်းရှင်ကံရှင် အယူ အဆကို စွန့်လွှတ် ဖို့ ပြောရတာလည်း ဆိုတော့ တိုင်းပြည်နဲ့ လူမျိုး အတွက် ကောင်းကျိုး မပေး ဘဲ ဆိုးကျိုးတွေပေးနေ လို့ ဖြစ်ပါတယ်။

-- ဒီ ဘုန်းရှင်ကံရှင် အယူအဆ ရှိသူတွေဟာ အခွင့်အရေး တွေကိုတော့ ကိုယ့် ဘိုး ဘွား ပိုင်လို သဘောထားကြပြီး၊ တာဝန်ဝတ္တရားတွေကို တော့ ကိုယ်နဲ့ မဆိုင်သလို လုပ်နေကြတော့ အများနဲ့ ညှိနှိုင်းအလုပ်လုပ် ဖို့ က မဖြစ် နိုင်တော့ဘူးပေါ့ ၊ အဲဒီလိုလူ တွေနဲ့က ဘယ်လိုလူတွေဘဲ အတူနေလို့ ၊အတူ အလုပ်လုပ် လို့ ဖြစ်မလဲဆိုတော့ ရွှေးစရာလမ်း မရှိလို့ ကြေနပ်သည် ဖြစ်စေ မကြေနပ်သည် ဖြစ်စေ ခိုင်းတာလုပ်၊ ပေး တာယူ၊ အပိုးကျိုးကျိုးနေ ဆိုတဲ့ သူတွေဘဲ ရှိတော့တာပေါ့ ။ ဒီလိုနဲ့တော့ အင်အားတွေ တိုးချဲ့ ဖို့ ပူးပေါင်းဆောင် ရွက်မှုတွေ တိုးချဲဖို့ ဘယ်ဖြစ်နိုင်တော့မလဲ။ ရသမျှ ရှိသမျှ ပူးပေါင်းဆောင်ရွက်မှု ကလဲ စိတ်စေတနာ အပြည့်နဲ့ ဘယ်ဟုတ်တော့မလဲ၊ အကောင်းဆုံး ဆိုတာမျိုး ဘယ်မျှော်လင့်လို့ ရမလဲ။ ဒီတော့လဲ အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်တွေ နိမ့်ကြလာရတာ အထူးအဆန်း မဟုတ်တော့ပါဘူး။

-- စင်ကာပူဝန်ကြီးချုပ် ဟောင်းရေးတဲ့ ( အာရှသားတွေ စဉ်းစားတတ်ပါစ ) ဆိုတဲ့ ဆောင်းပါးထဲမှာ-
- - အောင်မြင်တဲ့ လူ့ဘောင်မှာ အလုပ်လုပ်တဲ့ အခွင့်ထူးခံတွေ ရှိပါ တယ်၊ အဲဒီ အခွင့်ထူးခံတွေဟာ သူတို့ရဲ့ လူ့ဘောင်တွေဆီက ရယူဖို့ထက် အဲဒီ လူ့ဘောင်တွေကို ပေးဆပ်ဖို့ ပိုထက်သန် ကြသူတွေပါ။ မအောင်မြင်တဲ့ လူ့ဘောင်တွေ မှာတော့ အကျင့်ပျက် ခြစားနေတဲ့ အခွင့်ထူးခံတွေသာ ရှိပါတယ်၊ -အကျင့်ပျက်ခြစားမှု ဟာ အထောက်အထားနဲ့ ခိုင်ခိုင်မာမာ သက်သေထူဖို့ အင်မတန်ခက်လှတာမို့ မသိမသာလေးနဲ့ အင်မတန်ပျက်စီး သွားစေတဲ့ သဘောမျိုးကို ဆောင်ပါတယ်။ ပြီးတော့လဲ လူထုလူတန်းစား တိုင်းကို အဆင့်တိုင်းမှာ ပျက်စီးသွားစေတာမျိုးပါ။ နောက်ပြီးတော့ အကျင့်ပျက်ခြစား မှုကြောင့် စီးပွါးရေးသက်သက် ကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူး။ လူမှု ရေးရော အသိစိတ်ဓါတ် ပိုင်းကိုပါ ထိခိုက်ပျက်စီး စေတာပါ။ အကျင့်ပျက် ခြစားမှုကနေ အဆိုးမြင် ဝါဒနဲ့ အထင်မကြီးတဲ့ စိတ်ကို ပွါးများ လာစေပါတယ်။ ---စသည်ဖြင့် ရေးထားပါတယ်။ သူ့ရဲ့ အကောက်အယူ အတိုင်း ဆိုရင်တော့ ကျနော်တို့ ဗမာတွေရဲ့ လူ့ဘောင် လူ့အဖွဲ့အစည်းမှာ အကျင့်ပျက် ခြစား နေတဲ့ အခွင့်ထူးခံတွေ အတော်များနေတဲ့ လက္ခဏာပါဘဲ။ ဒီအထိ ပြောလိုက်လို့ ကျနော်တို့ရဲ့ အခြေအနေ က မျှော်လင့်ချက် ကုန်နေပြီ လို့တော့ မထင် ပါနဲ့။ မျှော်လင့် ချက် တွေ အများကြီး ရှိနေသေးလို့ ပြောနေရေးနေတာ ဖြစ်ပါတယ်။

(၄)ဘယ်လိုလုပ်ကြမလဲ။
---ဒီတော့ကျနော်တို့ အနေနဲ့ ထက်မျက်တောက်ပြောင်တဲ့ ကြိုင့်ခိုင်အားကောင်း တဲ့ ခေါင်းဆောင်တွေ အစုအစည်းတွေ ယန္တယားတွေ ရချင်တယ် ဆိုရင်၊ ကျနော်တို့ကိုယ် ၌ က ပြင်ဆင်ကြိုးစားကြရ ပါလိမ္မယ်။

-- အဲဒါတွေကြောင့် ကျနော်တို့တွေအနေနဲ့ လက်ရှိအခြေအနေတွေကို မကြေနပ် နှိုင် ကြဘူး ပိုကောင်းတဲ့ ပိုတိုးတက်တဲ့ အားရကြေနပ်စရာ ကောင်းတဲ့ အခြေအနေကို လိုချင်တယ်ဆိုရင် တော့ အပေါ် အောက် အလယ် ရှိသမျှ နေရာတိုင်းက လူတိုင်းဟာ ကိုယ်တိုင်မှာလဲ တာဝန်ရှိတယ် လို ခံယူကြပြီး ပြုပြင်ပြောင်းလွဲ ကြရပါလိမ္မယ်။ ကျနော်တို့ရဲ့ အနာဂါတ်ဟာ ကျနော်တို့ ရဲ့ လုပ်ကိုင် ဆောင်ရွက် ဖန်တီးမှုတွေ အပေါ်မှာ သာ တည်ပါတယ်။
ကောင်း မွန်သော အနာဂါတ် ဝန်းကျင် ကိုမျှော်လင့်လျှက်

ဗလ

ပြည်သူ့ လွတ်မြောက်ရေးလှုပ်ရှားမှုကွန်ယက်

Saturday, October 3, 2009


ပြည်သူ့ လွတ်မြောက်ရေး လှုပ်ရှားမှု ကွန်ယက်
၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော သဘောထားထုတ်ပြန်ချက်

၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုများနှင့် နိုင်ငံ တကာအဖွဲ့ အစည်းအသီးသီးတို့တွင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အမြင်သဘောထားများ ရှုပ်ထွေး ခြင်း၊ ၀ိဝါဒကွဲ ပြားခြင်းများ ဖြစ်ပေါ်လျက် ရှိပါသောကြောင့် ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမူ ကွန်ယက်၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော သဘောထားကို အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာလိုက်သည်။
၁။ န.အ.ဖ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ၄င်းတို့စိတ်ကြိုက်ရေးဆွဲထားသော၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို အခြေခံ၍ အုပ်ချုပ်မည့် အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး စသည်တို့ ပေါ်ထွက် လာပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကိုသာ ဖော်ဆောင်မည်ဖြစ်သည်။ ပြည်သူလူထုတရပ်လုံးနှင့် တိုင်းရင်းသား လူမျိုးစုများအားလုံး လိုလားတောင်းတလျက်ရှိသော စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ထွက် လာမည် မဟုတ်ဟု ကျွန်ုပ်တို့မှ ရှုမြင်သည်။
၂။ ထို့ကြောင့် န.အ.ဖ ၏ နိုင်ငံရေးလမ်းကြောင်းအတိုင်း လိုက်ပါလုပ်ဆောင်ကြမည်ဆိုပါက လက်ရှိ တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းများအပြင် တိုင်းရင်းသား လူမျိုးစုများနှင့် ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ် ပြဿနာများ၊ တနေ့ထက်တစ်နေ့ တိုးပွားလာနေသော ဒုက္ခသည်များ စသည့် အထွေထွေ ချွတ်ခြုံကျမှုများသည် ယနေ့ကာလ အကျပ်အတည်းများထက် ပိုမိုဆိုးဝါးလာပြီး တိုင်းပြည်ပျက်သုဉ်းသည် အထိ ဖြစ်ပေါ်လာပေလိမ့်မည်ဖြစ်သည်။
၃။ မြန်မာနိုင်ငံ၏ လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းနှင့် နိုင်ငံရေး ပြဿနာများ ပြေလည်စေ ရေးအတွက် ဆိုလျှင် နအဖအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးပြီး တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးမှ ရွေးကောက်အတည်ပြုခဲ့သော ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှ အနိုင်ရပါတီများ၊ တိုင်းရင်းသားလူမျိုးစု မဟာမိတ် အင်အားစုများနှင့် တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ပေသည်။
၎။ ယနေ့အချိန်တွင် အထက်ဖေါ်ပြပါ အပြုသဘောဆောင်သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအား
မျက်ကွယ်ပြု၍ ၂၀၁၀ ရွေးကောက်ပွဲကိုဦးတည်လျက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြသည့် အင်အားစုများ အနေဖြင့် န.အ.ဖ ၏ လုပ်ရပ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးသည့်သဘော သက်ရောက်နေပေသည်။ ၂၀၁၀ ရွေးကောက်ပွဲကို အထောက်အကူဖြစ်စေမည့် လုပ်ရပ်များသည် တိုင်း ပြည်အတွက် ပိုမို ရှုတ်ထွေးစေသော လုပ်ရပ်များပင်ဖြစ်သည်။
ထို့အတူ န.အ.ဖ မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ကို ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ကြရန် အတွက် ဖိအားပေးခြင်း နည်းဖြင့်လည်းကောင်း၊ အဓမ္မ စည်းရုံးသိမ်းသွင်းခြင်း နည်းဖြင့်လည်းကောင်း လုပ်ဆောင်နေခြင်းများကို ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချသည်။
၅။ န.အ.ဖ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူလူထုများ အမှန်တကယ် လိုလားချက်များနှင့် ဆန့်ကျင်ပြီး အတင်းအဓမ္မ ကျင်းပမည်ဆိုပါက အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှု အသွင်ဖြင့် လူထု လှုပ်ရှားမှုများကို တနိုင်ငံလုံး ပြုလုပ်သွားပြီး ထိုမှတဆင့် ပေါ်ထွက်လာမည့် ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ပြည်တွင်းပြည်ပ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမှု ကွန်ယက်မှ ထုတ်ပြန်ကြေငြာလိုက်သည်။

ဆက်သွယ်ရန်၊ - နိုင်ဥဿာ - ၀၈၅၀၅၂၇၃၀၆
- ကိုယဉ်ထွေး - ၀၈၄၅၇၅၅၄၁၇

ပြည်သူ့ လွတ်မြောက်ရေးလှုပ်ရှားမှု ကွန်ယက်
နေ့စွဲ၊ ၃ရက်၊ အောက်တိုဘာလ၊ ၂၀၀၉ ခုနှစ်။

အမြင်အမျိုးမျိုး၊သဘောထားအမျိုးမျိုးကွဲခြင်းကိုလက်ခံသော်လည်း

Thursday, October 1, 2009

အမြင်အမျိုးမျိုး၊သဘောထားအမျိုးမျိုးကွဲခြင်းကိုလက်ခံသော်လည်း
ဘာ့ကြောင့်လဲဆိုတာ တချက်လောက်ငဲ့ကြည့်ကြပါ

ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ကြမယ့်၊ န.အ.ဖ ၀န်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီဘက်တော်သားအချို့က ဖိနပ် နဲ့ပစ်ပေါက်လိုက်ကြတာလူတိုင်းကြားသိ၊ရုပ် သံများမှ တဆင့်မြင်တွေ့ကြရမည်ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီအင်အားစုများကြားတွင်လည်း၊ ထိုကိစ္စနှင့်စပ် လျဉ်း၍ အမြင်အမျိုးမျိုး သဘောထားအသီးသီးထွက်ပေါ်လာကြသည်။

တချို့က ဖိနပ်နှင့်ပစ်ပေါက်ကြသည်။ ဆဲဆိုကြသည်မှာ နဲသေးသည်။ ဒါ့ထက်ပိုလုပ်သင့်သည်။

တချို့က သိပ်ကိုအားရကျေနပ်ဖို့ကောင်းသည်။ ဒီလိုလုပ်ရဲကြသည့်သူများကိုလေးစားသည်။

တချို့က ဆန္ဒပြတာကိုလက်ခံသည်။ ဆဲဆိုမှုနှင့်ဖိနပ်နဲ့ပစ်ပေါက်မှုကတော့ ရိုင်းလွန်းသည်။

တချို့က အဲဒီလိုမျိုးလုပ်လိုက်ကြသည့်အတွက် မိမိတို့နိုင်ငံရေးအင်အားစုများကို

နိုင်ငံတကာအသိုင်းအ ၀ိုင်းမှအထင်သေးအမြင်သေးဖြစ်ပေတော့မည်။

တချို့ကတော့ အဲဒီလိုမျိုးလုပ်လိုက်ကြသည့်အတွက် မိမိတို့ပြင်ပရောက်နိုင်ငံရေးအင်အားစုများ၏ရပ် တည်ချက်ကိုပင်ထိခိုက်ပျက်ပြားလာစေနိုင်သည်။

စသည့်၊စသည့်၊ အမြင်အမျိုးမျိုး၊ သဘောထားအသီးသီးထွက်ပေါ်လာကြပါသည်။ လက်ခံရမည်သာဖြစ် သည်။ လက်ခံပါသည်။
သို့သော်…..
န.အ.ဖ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ကို ဆန္ဒပြကြသည့်၊ဆဲဆိုကြသည့်၊ဖိနပ်နှင့်ပစ်ပေါက်ကြ သည့် အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီဘက်တော်သားများ ထိုကဲ့သို့ဘာ့ကြောင့်လုပ်ကြပါသနည်း။ဘာ့ ကြောင့်ထိုကဲ့သို့လုပ်ရပါသနည်း။
ယုတ္တိဗေဒကျကျစဉ်းစားနည်းတွင် ကိစ္စရပ်တိုင်းကို နိဒါန်းမှ အစချီ နိဂုံးသို့ဆွဲယူသုံးသပ်ပါမှ ကြောင်း ကျိုးဆီလျော်သည့် အဖြေကိုရပေသည်။ ထိုသည်ကို ဆင်ခြင်သုံးသပ်ခြင်းဟုခေါ်ဆိုကာ။ ထိုသို့မဟုတ်လျှင် အဖြေယုတ္တိမရှိသော စဉ်းစားမှုအဆင့်သာဖြစ်ပေလိမ့်မည်။

ယနေ့ကာလမြန်မာ့ဒီမိုကရေစီအရေးကိစ္စအပေါ်တွင်ကမ္ဘာ့နိုင်ငံများ၏မူဝါဒအပြောင်းအလဲ အခြေအနေများနှင့်ကြုံကြိုက်ကာန.အ.ဖ၊၀န်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးတို့ ဖိနပ်နှင့်ပစ်ပေါက်ခံရခြင်းဖြစ်သည်။ ဆဲဆိုခံရခြင်း ဖြစ်သည်။
အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုများ မရပ်တန့်သော်လည်း၊ မြန်မာအစိုးရ ကို ပြောဆိုဆက်ဆံမည်၊ ယခင်ကကဲ့သို့ အထီးကျန်ဆန်ဆန်ပစ်ပယ်ထားခြင်းမျိုးမလုပ်တော့ ဟု အတိအလင်း ပြောဆိုလိုက်ပြီဖြစ်သည်။
ထို့အတူ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း၊ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ကုလသမဂ္ဂ၊ ဥပရောပသမဂ္ဂ နှင့် အမေရိကန်နိုင်ငံတို့၏ မူဝါဒများသည် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆက်ဆံသွားမည်ဖြစ်သ ဖြင့် အာဆီယံအနေဖြင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တောင်းဆိုရန်မလိုအပ်တော့ ဟု ပြောဆိုခဲ့ပေသည်။
မြန်မာ့အရေးနှင့်ပတ်သတ်၍ ကမ္ဘာ့အခင်းအကျင်းက ထိုသို့ရှိနေသည့်အချိန်တွင်၊ အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီဘက်တော်သားများက၊ န.အ.ဖ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးကိုဆဲဆိုပြလိုက်သည်။ဖိနပ် နှင့်ပစ်ပေါက်ပြလိုက်သည်။
ဘာ့ကြောင့်လဲ။ ကိုယ်စိတ်နှလုံး သုံးပါးစလုံး ယဉ်ကျေးသိမ်မွေ့လွန်းလှတဲ့ မြန်မာတွေ။ ဘာ့ကြောင့် ဒီလောက်ထိအောင် တင်းတင်းမာမာ ပြုမူလိုက်ကြတာလဲ။
မြန်မာ့ဒီမိုကရေစီအင်အားစုတွေက စစ်အစိုးရတက်လာပြီးတဲ့အချိန်ကစလို့ မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းကြရအောင်လို့ ထပ်ခါတလဲလဲပြောခဲ့သည်။တောင်းဆိုခဲ့သည်။ လုပ်ဆောင်ခဲ့သည်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရအောင်လို့ ထပ်ခါတလဲပြောခဲ့သည်။တောင်းဆိုခဲ့သည်။ လုပ်ဆောင်ခဲ့သည်။
ထိုသို့ ပြောဆိုနေရင်းက။ တောင်းဆိုနေရင်းက။ လုပ်ဆောင်နေရင်းက။
ဒီမိုကရေစီအင်အားစုတွေ ထောင်တွေထဲရောက်ကုန်ကြသည်။
ခက်ခဲကြမ်းတမ်းတဲ့ စစ်ကြောရေးအဆင့်ဆင့်ကိုဖြတ်သန်းခဲ့ကြရသည်။

နှစ်ရှည်ထောင်ဒဏ်တွေ ကျခံလိုက်ကြရသည်။

စစ်ကြောရေးမှာ အသက်တွေပေးခဲ့ကြရသည်။

ထောင်ထဲမှာ အသက်တွေပေးခဲ့ကြရသည်။

ထောင်ထဲမှာ ဘ၀တွေစတေးခဲ့ကြရသည်။

မိသားစုဘ၀တွေ ပျက်စီးခဲ့ကြရသည်။

စာနဲ့ရေးသားဖေါ်ပြပေးနိုင်စွမ်းမရှိအောင်ပင် အစစအရာရာပျက်စီးဆုံးရှုံးခဲ့ကြရသည်။
တိုင်းပြည်၏ ဆင်းရဲမှုသည်လည်းကုန်းကောက်စရာမရှိတော့။
ဒါတွေ ဘယ်သူတွေလုပ်ခဲ့ပါလဲ။ ဒါတွေ ဘယ်သူ့ကြောင့်ဖြစ်ခဲ့ပါလဲ။
ဖိနပ်နဲ့ပစ်ပေါက်ခဲ့ကြတဲ့၊ ဆဲဆိုခဲ့ကြတဲ့ အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီဘက်တော်သားတွေရဲ့ဘ၀ တွေဟာလည်း စစ်အစိုးရရဲ့ ဖိနှိပ်၊ ရက်စက် အဖက်ဖက်က ပျက်စီးယိုယွင်းအောင် ပြုလုပ်ခြင်းခံခဲ့ကြရတဲ့ မြန်မာ မိသားစုတွေ ထဲက ဘ၀အစိတ်ပိုင်း များပင်ဖြစ်သည်ကို ကျွန်တော်တို့ငဲ့ကြည့်ကြဖို့လိုပါသည်။ စစ်အစိုးရလက် ထက်မှာ သူတို့ဘ၀တွေပျက်ခဲ့ကြသည်။ စစ်အစိုးရလက်ထက်မှာ သူတို့မိသားစုဘ၀တွေပျက်ခဲ့ကြသည်။ စစ်အစိုးရလက်ထက်မှာ သူတို့တိုင်းပြည်ရဲ့ ပြည်သူလူထုတွေ ဆင်းရဲနွမ်းပါး၊ လူနေမှုအဆင့်အတန်းနိမ့်ပါးနေတာ သူတို့တွေ့မြင်နေကြရသည်။
ဒါတင်မဟုတ်ပါ။ စစ်အစိုးရလက်ထက်မှာ သံဃာတော်တွေကို ပစ်ခတ်၊သတ်ဖြတ်၊ နှစ်ရှည်ထောင်ဒဏ် များချမှတ်၊ ကျောင်းတိုက်တွေကို ၀င်ရောက်စီးနင်း ဖျက်ဆီး၊ လှုဒါန်းထားသော အလှူပစ္စည်းများကို ယူငင်ရောင်း ချ၊ သံဃာများအကြား ထောက်လှမ်းရေးသူလျှိုများသွတ်သွင်း၊ သာသနာတော်ပြိုကွဲအောင်လုပ်ဆောင်ခဲ့ကြသည် ကို မမေ့နိုင်။ မမေ့ရက်။ မမေ့အပ်သည့် အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ နှလုံးသားကို တစ်ချက်လောက်ငဲ့ကြည့်ကြဖို့လိုပါသည်။
ကျွန်တော်ကထိုသို့ရေး။ထိုသို့ပြောပါလျှင်။ နိုင်ငံရေးပညာရှင်ဆန်သူတို့ နိုင်ငံရေးဂုရုလို့ကိုယ့်ကိုယ်ကို အထင်ရောက်နေသူတို့က ကလဲ့စားချေ ခြင်း မှာကောင်းသည့် စရိုက်မဟုတ်ကြောင်း ပြောကြပါလိမ့်မည်။
မငြင်းပါ။ ကလဲ့စားချေ တာမကောင်းမှန်း ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းဝင်တိုင်း သိပါသည်။ နိုင်ငံရေး တွင် အများပြည်သူနှင့်ဆိုင်သည့်ကိစ္စရပ်များ၌ ကလဲ့စားချေတယ် ဆိုသောအသုံးအနှုန်းကို ရောထွေးသုံးစွဲ၍မဖြစ် ပါ။ ရှင်းအောင်ပြောရပါလျှင်၊ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် ရာဇ၀င်ကြွေးဆိုသည်ကိုတော့မေ့ ပျောက်၍ မရစကောင်းပါ။ ကလဲ့စားချေခြင်းသည် ပုဂ္ဂလ ဆန်၍ တိုင်းပြည်အတွက်ရာဇ၀င်ကြွေးသည် လူ့အဖွဲ့ အစည်းနှင့်ဆိုင်ပါသည်။ အများပြည်သူနှင့်ဆိုင်ပါသည်။ စစ်ခုံရုံးတင်ရန်ကြိုးစားနေခြင်းသည်၊ ရာဇ၀င်ကြွေးကို ပေးဆပ်ကြစေရန်ကြိုးစားနေကြခြင်းသာဖြစ်သည်။
လူသားဖြစ်တည်မှု၌ လူသားဆန်ခြင်းသည်ရှက်စရာမဟုတ်ပါ။ မိမိတို့ကိုးကွယ်ရာ သံဃာတော်များကို ပစ်ခတ်နှိမ်နင်းတတ်သည့် တိရိစ္ဆာန် အမူအကျင့်မျိုးမရှိရန်သာအရေးကြီးပါသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ်ထားရှိသောမူဝါဒအပြောင်းအလဲများအကြားတွင်၊ မိမိတို့ ယုံကြည်ချက်၊ ခံယူချက်များအတိုင်း၊ ရဲရဲရင့်ရင့် လုပ်ဆောင်ပြသလိုက်သော အမေရိကန်ရောက်မြန်မာ့ ဒီမိုကရေစီ ဘက်တော်သားများ၏ န.အ.ဖ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်၊ဆဲဆိုဆန္ဒပြ ခဲ့သည့် လုပ်ရပ်ကို တစ်ချက်ကလေးငဲ့ကြည့်ရင်း ဘ၀ တစ်သက်စာလေးစားလိုက်ရပါတော့သည်။

ပြည်သိမ်းမင်း
၁.၁၀.၂၀၀၉