welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ကိုစစ်အုပ်စု အမိန့် ချတော့မည် အားလုံး သတိချပ်ကြဖို့ လို့

Thursday, July 30, 2009


မျိုးဆက်သစ် လူငယ် ဇေယျာသော် ကိုဂုဏ်ပြုသောအားဖြင့်

Wednesday, July 29, 2009

ထောင်ထဲမှပေးပို့ တဲ့ ဇေယျာသော် ရဲ့ ကဗျာ

ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း

ငါပြောတာကို မင်းကြားပါစ ?
ဒါမှ မဟုတ်,
ငါ့စကားဟာ နားခါးစေတာမို့
မကြားသလိုများ နေ,နေလိုက်တာလား ?
သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘဝ
ချွတ်ခြုံကျ ၊ ဒုက္ခတွေက အထွေထွေ
ဒီအမှန်တရားတွေကို...
မကြားဘဲမနေလိုက်ပါနဲ့......သူ
ငယ်ချင်း ။ ။

'မြင်အောင်ကြည့်ပါ'လို့ ငါကပြောတော့
မင်းကဖြေတယ်,
'မြင်တယ်လေမြင်တယ်' ၊ 'မြင်နေသားဘဲ'တဲ့ ။
ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲ ?
သတိပဋ္ဌာန်တရားတွေ ရှု့မှတ်ပွားနေသလို
'မြင်တယ်' လို့မှတ် ၊ 'မြင်သိစိတ်' မှာတင်ရပ် နေရင်
ဟောဒီ လောကီအရေးမှာ..
အလုပ်ဟာ မဖြစ်သေးဘူး.....သူငယ်ချင်း ။ ။

မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်ဝန်းကျင်အသံ
မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့လောကဓံ
မင်းဝေဖန် ဆန်းစစ်ကြည့်ပါ ။
ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့
ယောင်ယောင်ဝါးဝါးလုပ်နေဖို့ကို
အချိန်တွေမပိုတော့ဘူး...သူငယ်ချ င်း ။ ။

မင်းတို့ငါတို့ ဘ၀တွေဟာ
'နမောတေ' ဂါထာ အခါခါရွတ်ရုံနဲ့ဘဲ
ဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား ?
မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာ
လတ်တလောအတွက်လဲ မကြီးပွား
နောင်, နတ်သိကြား မလေးစားရင်နေပါ
'အမှန်တရား' တော့ ဖြစ်ဖို့လိုတယ်...သူငယ်ချင်း ။ ။

ဒါပေမယ့်,
လိုချင်တာ 'အမှန်တရား' မှာ
လိုနေတာ 'ရဲဝံ့ခြင်းများ' ဆိုရင်
မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး ။
မကြိုက်တာကို ငြင်းဖယ်လွှဲပြီး
ကြိုက်တာကိုလဲ တောင်းဆိုရဲရမယ် ။
မနှက်သက်တာတွေ မဖြိုဖျက်နိုင်ဘဲ
နှက်သက်တာလဲ မထူထောင်နိုင်သမျှ
ငါတို့ တော်လှန်ရေးက
မပြီးဆုံးသေးဘူး...သူငယ်ချင်း ။ ။

မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ
(အသံစုံကို ကြားအောင်လို့)
မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါ
(မညီတာတွေ မြင်စေဖို့)
ကြားလား ? မြင်လား ? မေ၀၀ါးနဲ့
ငါပြောတာကို မင်းကြားပါစ...သူငယ်ချင်း ။ ။ ။

ဇေယျာသော် ၁၂ရက်နေ့ ဧပြီလ ၂၀၀၈ခုနှစ်
(ထောင်တွင်းမှရေးသားပေးပို့သည့် ကဗျာ)

ဂျွန်ဝီလျံယက်တော လျှောက်လဲ၊ သက်ညှာခွင့် တောင်းခံ

Tuesday, July 28, 2009

28 July 2009


တရားစွဲဆိုခံရတဲ့ အခြေအနေတွေ ပေါ်ပေါက်ခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
နေအိမ် ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်လာသူ အမေရိကန် နိုင်ငံသားကတော့ သူ့ရဲ့ လုပ်ဆောင်
ချက်တွေနဲ့ ပတ်သက်လို့ အပြစ်ရှိတဲ့အကြောင်း ဒီကနေ့ အပြီးသတ် လျှောက်လဲချက် ပေးတဲ့နေရာမှာ ပြောဆို
လိုက်ပါတယ။ဒါပေမယ့်လို့ ပြစ်ဒဏ်ကျခံရမယ်ဆိုရင်သက်ညှာစွာစဉ်းစားဖို့လည်းလျှောက်ထားခဲ့တဲ့အကြောင်း
အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလီယမ် ယက်တော (John William Yettaw) ရဲ့ ဥပဒေအကျိုးဆောင်က
ပြောပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို ၂ ကြိမ်တိုင်တိုင် တိုင်တိတ်၂
ရေကူးဝင်ရောက်လာတဲ့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလီယမ် ယက်တော အပေါ် စွပ်စွဲထားတဲ့အမှုနဲ့
ပတ်သက်လို့ ၂ ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲမှုတွေ လုပ်တဲ့နေရာမှာ သူ့အနေနဲ့ အပြစ်ကျူးလွန်
မှုတွေ ရှိတဲ့အကြောင်းဝန်ခံပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာပိုင်တွေက စွဲဆိုထားတဲ့
နေအိမ်အကျယ်ချုပ်ကန့်သတ်တားမြစ်ချက်ကိုဖောက်ဖျက်ရာမှာ အားပေးကူညီတယ်ဆိုတဲ့အမှု အပါအ၀င်
ရန်ကုန်စည်ပင်သာယာ ဥပဒေ၊ ဗီဇာစည်းကမ်း ချိုးဖောက်မှု စတာတွေနဲ့ တရားစွဲဆိုခံနေရတဲ့ မစ္စတာယက်
တောအတွက် အခုနောက်ဆုံး ၂ ဖက် လျှောက်လဲချက် ပေးခဲ့တာနဲ့ ပတ်သက်လို့ သူ့ရဲ့ ရှေ့နေဖြစ်တဲ့ ဦးခင်
မောင်ဦး ပြောပြတာကတော့ …

“ဒီနေ့ ကျနော်တို့ အပြီးသတ် လျှောက်လဲချက် အားလုံး ပြီးသွားပါပြီ။ ကျနော့်အမှုသည်ကို ၃ မှုနဲ့ စွဲထားပါ
တယ်။ ဒီနေ့ ပြန်ရှင်းပေါ့၊ အဲဒါ အကုန် ၃ မှုစလုံး ပြီးသွားပါပြီ။ ကျနော်က တင်ပြတာပေါ့။ တရားရုံးကတော့
အာဏာပိုင်ပေါ့၊ ကျနော်တို့ကတော့ တင်ပြရုံပါပဲ။ တင်ပြတဲ့အခါမှာ ကျနော်က မစ္စတာယက်တောဟာ နိုင်ငံ
တော်အား နှောင့်ယှက်ဖျက်ဆီးမှု ဥပဒေအရ မကျူးလွန်ပါဘူး၊ တရားမ၀င် ကျော်နင်းမှုပဲ ကျူးလွန်ပါတယ်
လို့ ပြောရတာပေါ့။ ပြည်ဝင်ခွင့် ဗီဇာစည်းကမ်း ဖောက်ဖျက်တဲ့အမှုရယ်၊ အင်းလျားကန် ရေကူးတဲ့အမှုရယ်၊
အဲဒီ ၂ မှုကို ကျနော် လျှောက်လဲချက် ပေးပါတယ်။ နှစ်ဖက်လုံး လျှောက်လဲချက် ပေးပါတယ်။ ကျနော်က
တော့ အပြစ်တော့ ရှိပါတယ်လို့။”

ပြီးခဲ့တဲ့ မေလဆန်းတုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို ရေကူးဝင်ရောက်ရတာဟာ ဒေါ်
အောင်ဆန်းစုကြည် အနေနဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရစရာရှိသလို ဒါနဲ့ပတ်သက်လို့ မြန်မာစစ်အစိုးရ
အပေါ် အပြစ်ဖို့ခံရမယ့် အခြေအနေတွေ ရှိနေတာတွေကို ကြိုတင်အာရုံရလို့ ဘုရားသခင်ရဲ့စေလွှတ်ချက်
အရ ဒီလိုလုပ်ခဲ့တာလို့ မစ္စတာယက်တောက အစောပိုင်း တရားခွင်မှာ ထွက်ဆိုထားတာပါ။

အခုနောက်ဆုံး သူ့အနေနဲ့ အပြစ်ရှိကြောင်း လက်ခံတယ် ဆိုပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
စွပ်စွဲခံထားရတဲ့ အမှုမှာ တရားလိုဖြစ်တဲ့ အာဏာပိုင်တွေဘက်က စွပ်စွဲထားသလို မဟုတ်ဘဲ လုံခြုံရေး
အစီအမံတွေကို ကျော်လွန်ပြီး ဖြစ်ပွားခဲ့တဲ့ အမှုအဖြစ်သာ အရေးယူနိုင်တယ်လို့ သူ့ဘက်က ခုခံချေပခဲ့
တာပါ။ ဒီအတွက်ကြောင့်မို့လို့လည်း သူ့အပေါ် အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ် အပြစ်ပေးအရေး
ယူတဲ့အခါမှာ အသက်ညှာဆုံး စဉ်းစားစီရင်ဖို့ ရုံးတော်ကို လျှောက်လဲချက် ပေးတဲ့နေရာမှာ တင်ပြထား
တယ်လို့လည်း ဥပဒေအကျိုးဆောင် ရှေ့နေ ဦးခင်မောင်ဦးက ပြောပါတယ်။

“ကျနော့်လူကတော့ ဘာသာရေးကြောင့် ဘုရားသခင် လွှတ်လွှတ် မလွှတ်လွှတ် ဒါ ပြစ်ဒဏ်ပေးရမယ်။
ပေးတဲ့အခါမှာ ကျနော်က ပြစ်မှုမကင်းသော ကျော်နင်းဝင်ရောက်တယ်လို့ တင်ပြတယ်။ ကျနော်တို့က
တော့ တင်ပြရမယ်။ ၀င်တယ်ဆိုရင်တော့ အပြစ်ရှိတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးက ခြံစည်းရိုး
အပြင်ဘက်မှာပဲ သူတို့က တာဝန်ယူတာကိုး။ အဲဒါ ဖောက်ဖျက်တာနဲ့တင် ကျနော်တို့လူကတော့ ပြစ်မှု
ကျူးလွန်တာပေါ့။ ပြစ်မှုမကင်းသော ကျော်နင်းမှု ကျူးလွန်တာပေါ့။ အဲဒါပဲ ကျနော်ပြောတာပါ။

“အင်းလျားကန်နဲ့ စည်ပင်သာယာ ဥပဒေက သူတို့ အရင်ကတည်းက ထုတ်ထားတာ။ သင်္ကြန်အတွက်
ထုတ်ထားတာ။ လွန်ခဲ့တဲ့ သင်္ကြန်အတွက်။ ထုတ်ထားတာ ရေထဲမဆင်းရ၊ ရေမကူးရ၊ အ၀တ်မလျှော်ရ၊
ကားမဆေးရ၊ အဲဒါကတော့ နည်းရင် နည်းသလိုပေါ့ဗျာ၊တခါတလေလည်း ၃လလောက်ချ၊၁လလောက်
ချဆိုတော့ အဲဒါလည်း ကြည့်ဖို့ပေါ့။ သူကလည်း သူလာကတည်းက အာရုံရလို့ လာတယ် ဆိုကတည်း
က ဒီမှာ တားဆီးထားတဲ့ နေရာကို ကျော်ဖြတ်ဖို့ လာတယ်လို့ သူ တောက်လျှောက် ပြောထားတယ်။
ကျနော်တို့ကလည်း သူ့ကို ပြစ်ဒဏ် အနိမ့်ဆုံး ချဖို့ပေါ့၊ ချခွင့်လည်း ရှိပါတယ်။ ဒါကြောင့် အဲဒါကို
တင်ပြတာပါ။”

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း
ကို ရေကူးဝင်ရောက်ခဲ့လို့ တရားစွဲဆိုတာတွေနဲ့ ရင်ဆိုင်နေရတဲ့အမေရိကန်နိုင်ငံသားမစ္စတာယက်တော
ရဲ့ ရှေ့နေ ဦးခင်မောင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သူ့အမှုနဲ့ ပတ်သက်လို့ တရားလိုအဖြစ် စွဲဆိုထားသူ အာဏာပိုင်တွေနဲ့ ခုခံချေပသူ ရှေ့
နေတွေရဲ့ အပြီးသတ် လျှောက်လဲချက်တွေကို ကြားနာပြီးတဲ့ နောက်မှာတော့ အပြစ်ရှိမရှိ ဆုံးဖြတ်ချက်
ကို လာမယ့် သောကြာနေ့မှာ တရားရုံးက ဆုံးဖြတ်ဖို့ရှိတယ်လို့လည်း သူ့ရဲ့ရှေ့နေ ဦးခင်မောင်ဦးက
ပြောပါတယ်။

VOA မှ

ဘာပြန်ပေးကြမှာလဲ

သူမသည်
ငိုက်မျည်းနေသော ရေမြွေတကောင်မဟုတ်
မေတ္တာရှေ့ထား သီလပွားနေသော
နဂါးတကောင်သာဖြစ်၏ ။

သူမသည်
တောင်ပံကျိုးနေသော
ဆက်ရက်(ဇရက်)တကောင်မဟုတ်
ငြိမ်းချမ်းရေးတေးသီကြွေးလျက်ရှိသော
ချိုးငှက်တကောင်သာဖြစ်၏ ။

သူမသည်
မုဆိုးကွန်တွင်း သက်ဆင်းမိနေသော
ယုန်သူငယ်တကောင်မဟုတ်
စိတ်နှင့်ခန္ဒာအနားပေးရင်း အားမွေးနေသော
ကေသရာဇာသာဖြစ်၏ ။

သူမသည်
မီးဇာကုန်လုနီး ဆီမီးတခွက်မဟုတ်
မယွင်းမပျက် လင်းလက်နေသော
ကြယ်တပွင့်သာဖြစ်၏ ။

သူမ၏ နှလုံးခုန်သံသည်
လူထု၏အသက်ရှုသံဖြစ်၏ ။

သူမ၏ စကားသံသည်
လူထု၏ ဟစ်ကြွေးသံဖြစ်၏ ။

သူမ၏ ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏ ။

သူမ၏ အားသည်
လူထု၏ဓါးဖြစ်၏ ။

သူမကို ချုပ်နှောင်ခြင်းသည်
လူထုကို တုပ်နှောင်ခြင်းဖြစ်၏ ။

သူမကို လုပ်ကြံခြင်းသည်
လူထုကို အပြုတ်နှံခြင်းဖြစ်၏ ၊၊

သူမသည် လူထု
လူထုသည် သူမ
ခွဲမရပါ ၊
လူထုအရေးအတွက်
သူမဘ၀ကိုပေးအပ်ခဲ့
သူမအရေးအတွက်
လူထုဘာပြန်ပေးသင့်ပါသလဲ ။

သီတာအောင်

(မတရားဖမ်းဆီးထိမ်းသိမ်းခြင်းခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားရည်စူးရေးဖွဲ့ပါသည်။)

မေး(လ်) ပို့  ပေးသူ Ma Ma Rose အား ကျေးဇူးတင်ပါသည် ။

ကြုံဖူးဆုံဖူးသမျှအညတရများ (၃)

Sunday, July 26, 2009

(၁)
ရဲတပ်ရင်းများမှကျွန်တော်တို့အားပြန်လွှတ်ပေးလိုက်သောအခါတွင် မျိုးကျော်ဇင်နှင့်ကျွန်တော်
ဆုံတွေ့ရမှုမရှိတော့ချေ။ အဖွဲ့ချုပ်၌ ကျင်းပသောအခမ်းအနားများတွင် တခါတရံဆုံတွေရတတ်လေသည်။ သို့သော်စကားကြာကြာမပြောဖြစ်ကြ။ မေးထူးခေါ်ပြောနှုတ်ဆက်သည့်သဘောမျိုးသာရှိခဲ့လေသည်။

တစ်နေ့ (ရက်စွဲအတိအကျမမှတ်မိတော့ပါ)

ကျွန်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဌာနချုပ်) ၊ ဗဟိုလူငယ်ရုံးခန်းအတွင်း၌ရှိနေစဉ်အတွင်း၊ လှိုင်သာ
ယာမြို့နယ်စည်းရုံးရေးအဖွဲ့ ဥက္ကဌက မျိုးကျော်ဇင်မနေ့ညက အဖမ်းခံရကြောင်း၊ ထို့ကြောင့်ရန်ကုန်တိုင်း ဥပဒေအထောက်အကူပြုအဖွဲ့မှ ဥပဒေရေးရာအကူအညီပေးပါရန်၊လာရောက်တင်ပြခြင်းဖြစ်ကြောင်း ကျွန် တော့အားပြောပြလေသည်။ကျွန်တော်လည်းကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေသောကြောင့် လှိုင်သာယာမြို့နယ် စည်းအဖွဲ့ဥက္ကဌ၏စကားကိုမေ့မေ့ပျောက်ပျောက်ပင်စိတ်ထဲမှာထားလိုက်လေသည်။

နောက်တစ်ရက်၊ နှစ်ရက်ကြာသောအခါ လှိုင်သာယာမြို့နယ်စည်းအဖွဲ့ဝင်တစ်ဦးနှင့် ဆုံသောအခါ
တွင်၊ ၄င်းက မျိုးကျော်ဇင်အမှုအတွက်ရှေ့နေမရသေးကြောင်းကျွန်တော့အားပြောပါသည်။ကျွန်တော်လည်း ရန်ကုန်တိုင်းဥပဒေအထောက်အကူပြုအဖွဲ့သို့စာတင်ထားပြီးကြောင်းသိရှိပြီးသားဖြစ်နေ၍ ရန်ကုန်ုတိုင်းဥပ
ဒေ အထောက်အကူပြုအဖွဲ့မှစီစဉ်ပါလိမ့်မည်ဟုသာပြောလိုက်မိသည်။ ၄င်းက ကျွန်တော့အားစကားဆက်
ပြောချင်နေပုံရသော်လည်း၊ကျွန်တော့လည်းရန်ကုန်မြို့ထဲသို့အရေးတကြီးသွားရောက်ရန်ရှိနေသဖြင့်စကား
ဖြတ်၍ ထွက်ခဲ့ရလေသည်။

နောက်ရက်များတွင် မျိုးကျော်ဇင်အမှုအတွက်လိုက်ပါဆောင်ရွက်မည့်ရှေ့နေကို ရန်ကုန်တိုင်း
ဥပဒေ အထောက်အကူပြုအဖွဲ့ကအကူအညီမပေးကြောင်းသိရှိရလေသည်။တစုံတခုမှားယွင်းနေပြီဆိုသည်
ကိုသိလိုက်ရသောကြောင့်၊ ရန်ကုန်တိုင်းဥပဒေအထောက်အကူပြုအဖွဲ့ဥက္ကဌ ကိုကျွန်တော်မေးမြန်းကြည့် မိ
ပါသည်။ ရန်ကုန်တိုင်းဥပဒေအထောက်အကူပြုအဖွဲ့၌ အမှုများကိုလိုက်ပါအကူအညီပေးခြင်းနှင့်စပ်လျဉ်း၍
မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများရှိလေသည်။


အထူးသဖြင့်နိုင်ငံရေးနှင့်ပတ်သတ်သော အမှုများကိုသာလိုက်ပါအကူအညီပေးမည်ဟူသောစည်း မျဉ်းကို
ချမှတ်ထားခြင်းဖြစ်၍ မျိုးကျော်ဇင်၏ အမှုကိုအကူအညီမပေးနိုင်ခြင်းဖြစ်လေသည်။ ရန်ကုန်တိုင်း ဥပဒေ
အထောက်အကူပြုအဖွဲ့အနေဖြင့် မျိုးကျော်ဇင်၏ အမှုကိုအကူအညီမပေးနိုင်ခြင်းမှာ၊ ချမှတ်ထားသော မူဝါဒ စည်းမျဉ်းစည်းကမ်းများအရကြည့်လျှင်မှန်ပါသည်။

မျိုးကျော်ဇင်၏ အမှုမှာ မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ်မှုပင်ဖြစ်သည်။ထို့ကြောင့် မျိုးကျော်ဇင်၏ အမှုအတွက်ရန်ကုန်တိုင်းဥပဒေအထောက်အကူပြုအဖွဲ့က ဥပေဒရေးရာအကူအညီမပေးနိုင် ခြင်းဖြစ်ပေသည်။
မျိုးကျော်ဇင်၏ မိသားစုမှာလည်းရှေ့နေငှားနိုင်ရန် နေနေသာသာ စားဝတ်နေရေးကိုတောင် အနိုင်နိုင်ရုန်းကန်
လှုပ်ရှားနေရသူများဖြစ်လေသည်။

ထိုအကြောင်းကို လှိုင်သာယာမြို့နယ်စည်းအဖွဲ့ဝင်တစ်ဦးက ကျွန်တော့အားပြောပြပြီး၊ရှေ့နေအ ဖြစ် လိုက်ပါဆောင်ရွက်ပေးပါရန်ကျွန်တော့အား အကူအညီတောင်းလေသည်။ ကျွန်တော်လည်းအလွန်စဉ်း စားရပါ
သည်။ ထို့ကြောင့်မျိုးကျော်ဇင်၏ အမှုဖြစ်ပျက်ပုံများကို ဂဃနဏ သိအောင်စုံစမ်းကြည့်ရပါတော့ သည်။

ယင်းအမှုကိုမျိုးကျော်ဇင်အမှန်တကယ်ကျူးလွန်ခြင်းမရှိဘဲ၊ မတရား စွပ်စွဲဖမ်းဆီးချုပ်နှောင်တရားစွဲ
ခံရသည်မှာ သေချာသည့်အခြေအနေတွင်ရှိသောအခါတွင်၊ဗဟိုလူငယ်တာဝန်ခံထံသို့ တင်ပြလိုက်ပါသည်။ ဗဟို
လူငယ်တာဝန်ခံကိုယ်တိုင်၊ရန်ကုန်တိုင်းဥပဒေအထောက်အကူပြုအဖွဲ့ဥက္ကဌထံတင်ပြဆွေးနွေးလိုက် သော အခါ
တွင် မျိုးကျော်ဇင်၏ အမှုကိုရှေ့နေအကူအညီပေးရန်၊ ဆုံးဖြတ်ချက်ကျလာပါတော့သည်။

ရှေ့နေအဖြစ်ကျွန်တော့အားလိုက်ပါဆောင်ရွက်ရန်ကိုတပါတည်းတာဝန်ပေးလိုက်လေသည်။ ထို့ကြောင့် မျိုးကျော်ဇင်နှင့်ကျွန်တော်နောက်တကြိမ် တိုက်တိုက်ဆိုင်ဆိုင်ဆုံစည်းရန် အကြောင်းတရားများ ပေါ်ပေါက် လာ
ပြန်တော့သည်။

စောကျော်ကျော်မင်း

သားမိုက်ရဲ့မွှေးနေ့လက်ဆောင်

အမေ...

တစ်တိုင်းပြည်လုံးရဲ့ရှေမှာ

အမေ မားမားမတ်မတ်

ရပ်တည်နေချိန်မှာ

အမေရှေ့မှာ မရပ်တည်ပေးနိုင်တဲ့

ကျနော်ဟာ တစ်ခါတုန်းက

ဒီမိုကရေစီဇာတ်တော်ထဲက

သူရဲကောင်း ဖြစ်လိမ့်နိုးနဲ့

ရှေတန်း ကြွံခဲ့လို

အစားခံခဲ့ရတဲ့

နယ်ရုပ်ခလေး တစ်ရုပ်ပါအမေ၊၊

အမေ---

ကျနော်ဟာ အမှန်တရားကို

ဘုရားကျောင်းထဲမှာ ထားရင်း

သစ္စာတရားကို

ညောင်မြစ်အောက်မှာ

သိမ်းမိသူပါ...အမေ၊၊

အမေ--

အတ္တကိုထမ်းပိုးရင်း

ခရီးဆက်နေတဲ့ သားမိုက်

အမေ......မွှေးနေ့မှာ

ရှက်ရှက်နဲ့..ကန်တော့လိုက်ပါတယ်......အမေ..၊၊

ယဉ်မင်းဦး (မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ)

.ymo....NORWAY

ဒေါ်အောင်ဆန်းစုကြည်မွှေးနေ့သို့

အန်တီစုရဲ့သဘောထား ဦးဥာဏ်ဝင်းပြော

Saturday, July 25, 2009



မေး(လ်) ပို့ ပေးသူအား ကျေးဇူးတင်ပါသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများမှ တဆင့် ကုလသမဂ္ဂသို့ ပြောဆိုချက်။...။

Thursday, July 23, 2009

Thursday, July 23, 2009





ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှင့်ဥပဒေအကျိုးဆောင် ရှေ့နေ ၄ဦးနေ့လည် ၂နာရီမှ ၄ နာရီခွဲ အထိ
၂နာရီခွဲခန့် အင်းစိန်ထောင် အတွင်း ဧည့်ရိပ်သာ၌ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


"ဒီနေ့ အန်ကယ်တို့နေ့လည်၂နာရီကနေညနေ နာရီခွဲအထိ ၂နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဓိက ကတော့ မနက်ဖြန် လျှောက်လဲချက် နောက်ဆုံးညှိနှိုင်းချက်ကို ဒေါ်
အောင်ဆန်းစုကြည်က အတည်ပြု ပေးဖို့အတွက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကအန်ကယ်တို့က
ို ညွှန်ကြားတာကတော့အကြောင်း အချင်းအရာတွေ အချက်အလက်တွေကို အမှန်အတိုင်း ဖော်ပြဖို့နဲ့၊
ဖော်ပြတဲ့ နေရာမှာ တစုံတယောက် ထိခိုက်နစ်နာစေတာမျိုး၊ ဒုက္ခရောက်စေတာမျိုးမပါစေဖို့ မှာကြား
လိုက်တယ်။

နောက်ထပ်ကုလသမဂ္ဂနဲ့ ပတ်သတ်ပြီး ပြောဆိုတာကတော့ " မြန်မာနိုင်ငံမှာနိုင်ငံရေး အကျဉ်းသား
တွေ မလွတ်ဘဲ၊ အမျိုးသားရင်ကြားစေ့ရေး မပါဘဲ ကျင်းပတဲ့ ရွေးကောက်ဟာ တရားဝင်မှာမဟုတ်
ကြောင်း ကုလသမဂ္ဂ အနေနဲ့ ဆုံးဖြတ်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ် "ဟု အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


၂၂ရက်နေ့က တွေ့ဆုံခွင့် ရရန်တောင်းဆိုချက်ကို အာဏာပိုင်တွေက ငြင်းပယ်ခဲ့ပြီး ယနေ့နေ့လည်
၁၂နာရီခွဲမှ တွေဆုံခွင့်ပြုကြောင်း အကြောင်းကြားခဲ့ပါတယ်။ မနက်ဖြန် နေ့လည်၂နာရီ ၂ဘက်လုံးမှ
နောက်ဆုံး အပြီးသတ်လျှောက်လဲချက်ပေးရမှာ ဖြစ်ပြီးတပတ်မှ၂ပတ်အတွင်း စီရင်ချက်ချနိုင်ကြောင်း
သိရှိရပါတယ်။....။

ကြုံဖူးဆုံဖူးသမျှ အညတရများ (၂)

Tuesday, July 21, 2009

၁။
ကျွန်တော်၏ နံဘေးတွင် ထူးထူးခြားခြားစစ်ကြောရေးကိုဖြေဆိုနေသည်မှာ အသက်နှစ်ဆယ်ကျော် ပိန်ပိန်
ရှည်ရှည် အသားမဲမဲကုလားကောင်ကလေးတစ်ယောက်ပင်ဖြစ်သည်။ကျွန်တော်နှင့်တခါမျှ မတွေ့ဘူး၊မဆုံဘူး၊
စကားမပြောဆိုဘူးသောလူငယ်လေးပင်ဖြစ်သည်။၎င်းအားစစ်ကြောရေးလုပ်နေသည်မှာစိတ်ဝင်စားစရာကောင်း
သဖြင့်ကျွန်တော်နားထောင်နေမိသည်။
“ မင်းက ၈၈ တုန်းကလည်း ဘာမှမမှတ်မိတဲ့ကလေးဖြစ်နေပြီး၊

ခုဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်အောင်မင်းကရွှေတိဂုံဘုရားမှာဆုတောင်းမလို့ လမ်းလျှောက်ချီတက်တယ်
ဆိုတော့မင်းဒေါ်အောင်ဆန်းစုကြည်ကိုအပြင်မှာမြင်ဘူးလားကွာ။”
အထူးသတင်းတပ်ဖွဲ့မှ အရာရှိတစ်ယောက်ကမေးမြန်းနေခြင်းဖြစ်သည်။ ၄င်းလူငယ်လေးကလည်းချက်ချင်းပင်
“ကျတော်ဒေါ်အောင်ဆန်းစုကြည်ကိုအပြင်မှာတခါမှမမြင်ဘူးပါဘူး”
“ဒါဆိုရင်မင်းက ဒေါ်စုကြည်လွတ်မြောက်ဖို့ဘာအတွက်ဆုတောင်းချင်ရတာလဲ။ မင်းကိုဘယ်သူတွေကခေါ်လို့
လိုက်လာတာလဲ”
“ကျွန်တော့ကိုဘယ်သူတွေကမှ အတင်းအကျပ်ခေါ်လို့လိုက်လာတာမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကဒေါ်အောင်ဆန်းစုကြည်ကိုလွတ်စေချင်လို့
လိုက်လာတာပါ”
“မင်းကဒေါ်စုကြည်ကိုမမြင်ဘူးမတွေ့ဘူးပဲနဲ့ဘာ့ကြောင့်လွတ်စေချင်တာလဲ”
“ကျွန်တော်တို့ဆင်းရဲသားတွေကို ဆင်းရဲတွင်းကနေလွတ်အောင်အမှန်တကယ်လုပ်ပေးမယ့်သူမို့လို့ပါ”
“မင်းကဒေါ်စုကြည်ကိုမမြင်ဘူးပဲနဲ့ဘာ့ကြောင့်ပြောရတာလဲ”
“ကျွန်တော်မမြင်ဘူးပေမယ့် ရေဒီယိုနားထောင်ရင်ဒေါ်အောင်ဆန်းစုကြည်အကြောင်းနဲ့ဒေါ်အောင်ဆန်းစုကြည်
ပြောတဲ့မိန့်ခွန်းတွေ အမြဲကြားရပါတယ်
နောက်ပြီးဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းထားတယ်ဆိုတာလည်းသိပါတယ်။ ဒါ့ကြောင့်လေးစားတဲ့အနေ
နဲ့လွတ်စေချင်တာပါ”
“ဒါဆိုရင်မင်းဒေါ်စုကြည်ကိုဘယ်လောက်လေးစားလဲငါ့ကိုပြောစမ်းကွာ”
“ဒီအချိန်မှာ အကိုကျွန်တော့ကို ဓားနဲ့ထိုးမယ်ဆိုရင် ခနနေအုံးလို့ကျွန်တော်ပြောမှာ”
“ဘာဆိုင်လို့လဲကွ”
“ဆိုင်ပါတယ်အကို အဲဒီလိုပြောပြီးကျွန်တော်အင်္ကျီ ကိုအပေါ်လှန်တင်အုံးမယ်”
ထိုလူငယ်က ယင်းသို့ပြောရင်း သူဝတ်ထားသောအင်္ကျီကိုလည်းအပေါ်လှန်တင်လိုက်သည်။ပြီးမှ
“အကိုကျတော့ကိုဓားနဲ့ထိုးချင်ထိုးလို့ပြောမှာ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါတဲ့
အင်္ကျီပေါက်သွားမှာစိုးလို့ပါ”
ဟုပြောလိုက်ရာ သတင်းတပ်ဖွဲမှ စစ်ကြောရေးအရာရှိ ခွက်ထိုးခွက်လှန်ရယ်မောသည်အထိဖြစ်သွားလေသည်။
ထိုနေ့ကကျွန်တော်တို့အဖမ်းခံရသူအားလုံး FREE AUNG SAN SUU KYI စာတမ်းပါ ဒေါ်အောင်ဆန်းစုကြည်
၏ ရုပ်ပုံနှင့် တီရှပ်အင်္ကျီ များကို ၀တ်ဆင်ထားကြခြင်းဖြစ်လေသည်။
သတင်းတပ်ဖွဲမှ အရာရှိ ထိုလူငယ်အားဆက်လက်စစ်ကြောရေးမလုပ်တော့ပါ။ စစ်မေးရန်လိုအပ်သည်များကို ၄င်းဘာသာရေးဖြည့်သွားလေသည်။
၂။
ကျွန်တော်၏ စိတ်ထဲတွင် ထိုလူငယ်ကိုတော်တော်စိတ်ဝင်စားသွားပါသည်။
စစ်ကြောရေးပြီးလို့အားလုံးစကားပြောဆိုဖြစ်ကြသောအခါတွင် ထိုလူငယ်မှာ မျိုးကျော်ဇင်ဖြစ်ကြောင်းသိရတော့
သည်။
အမှန်တကယ်တွင်မူ မျိုးကျော်ဇင်ပြောဆိုသည့်စကားများသည် အဆီအငေါ်တည့်ချင်မှတည့်ပါမည်။
ကျောင်းမနေဘူးသူ၊ စာတလုံးမှမတတ်သည့် လူငယ်လေးကထိုသို့ပြောလိုက်ခြင်းဖြင့် စစ်ကြောသူ အရာရှိအနေ
ဖြင့် အမှတ်မထင် အသိတရား ရသွားစေနိုင်သည်။
မျိုးကျော်ဇင်သည်အမှန်တကယ်တော့လှိုင်သာယာဆင်ခြေပုန်းရပ်ကွက်တွင် ညီဖြစ်သူက နေ့ခင်းပိုင်းဆိုက်ကားနင်း
ကာ ၄င်းကိုယ်တိုင်က ညပိုင်းတွင် ဆိုက်ကားနင်းခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တာဝန်ယူဖြေရှင်းပေးနေရသောလူငယ်လေးတစ်ဦးပင်ဖြစ်သည်။
နိုင်ငံရေးအသိတရားထက် အောက်ခြေလူတန်းစားများဆင်းရဲကျပ်တည်းအတိဒုက္ခရောက်နေသည်ကိုသာသိသည်။
ထိုကဲ့သို့ဝတ်ပြုဆုတောင်းပွဲတွင်၎င်းကိုယ်တိုင်ပါဝင်လာရခြင်းမှာလည်း နိုင်ငံရေးဆိုသည်ကို သိရှိနားလည်ခြင်း
ကြောင့်မဟုတ်။
နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့် အကျပ်အတည်းအခက်အခဲများက ၄င်းဘာလုပ်သင့်သည်ဆိုသည်ကိုပြဌာန်းပေးလိုက်ခြင်းသာဖြစ်ပေသည်။
၃။
မျိုးကျော်ဇင်သည် တကယ့်အညတရပင်ဖြစ်သည်။
ဖမ်းဆီးခံရသည့် အယောက်လေးဆယ်ကို ကိုးယောက်တစုခွဲ၍ ရဲတပ်ရင်းများကိုပို့လိုက်သည့်အခါတွင်
ကျွန်တော်က မှော်ဘီမြို့နယ်ရှိ ရဲတပ်ရင်းအမှတ်-၃ သို့ရောက်သွားပြီး၊ မျိုးကျော်ဇင်မှာ မင်္ဂလာဒုံမြို့နယ်ရှိ
ရဲတပ်ရင်းအမှတ်- ၈ သို့ရောက်သွား လေသည်။
သို့သော်မျိုးကျော်ဇင်နှင့်ကျွန်တော်၏ ရေစက်ကမကုန်သေး။ နောက်တကြိမ်ပြန်လည်ဆုံတွေ့ရန်အကြောင်းက
ပေါ်လာပြန်ပါသည်။

သို့သော်ဆုံတွေ့ရသည့်အကြောင်းကတော့မကောင်းလှပေ။

စောကျော်ကျော်မင်း
၂၂.၇.၂၀၀၉

အာဇာနည်နေ့  ( မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ)

Sunday, July 19, 2009



၁၀း၃၇ တွင် အားလုံးအလေးပြုပြီး အာဇာနည် သီချင်းများပြိုင်တူဆိုခဲ့ကြသည် --ရာဇ၀င်အထ္ထုပတ္တိလည်း
ရှိရမယ် မော်ကွန်းလည်းထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်---ဟု




မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂတွင် ယနေ့ ကျေးဇူးဆပ်သည့် အာဇာနည်နေ့  စကားဝိုင်း
ကျင်းပခဲ့သည်။ စစ်အုပ်စုကိုတော်လှန်ခဲ့ သည့်  ၁၉၆၂ မျိုးဆက် -၁၉၇၄ မျိုးဆက်နှင့်၁၉၈၈
မျိုးဆက်အပြင် တိုင်းရင်သားခေါင်းဆောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီ
မိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင် (မြန်မာပြည်) မှလူငယ် တစ်ချို့  စကားဝိုင်းသို့  ကြွရောက်ခဲ့ ကြ
သည် ။ဤစကားဝိုင်းတွင် ၁၉၇၄ မျိုးဆက် ဦးအောင်စိုး(ခ) ဂါမဏိ မှ ဗိုလ်ချုပ်အောင်ဆန်း
သည် အကြိမ်ကြိမ် လုပ်ကြံခံ နေရခြင်းမှာ ယနေ့ ထိတိုင်ဖြစ်သည်။ လုပ်ကြံခံခဲ့ရသော်လည်း
ဗိုလ်ချုပ်သည် မသေဆုံးသေးပေ။ သို့ အတွက်ကြောင့် ယနေ့ ချိန် ထိ ဗိုလ်ချုပ်အားလုပ်ကြံ
နေကြခြင်း ကို ကာကွယ်ကြဖို့ လိုအပ်သည် ဟု ဆွေးနွေးပြောကြားသွားခဲ့သည်။


အာဇာနည်နေ့ သည် မမေ့သင့်သလိုခေါင်းဆောင်ကြီးများ လျောက်သည့်လမ်းကိုလည်း
နောင်လာနောင်သားတို့ အတုယူနိုင်ရန် နှင့် စစ်အုပ်စုမှ ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းကို
မှေးမှိန်အောင်ပျောက်ကွယ်အောင်လုပ်နေသကဲ့သို့ ဗိုလ်ချုပ်နှင့် အာဇာနည်တို့ အားကျေး
ဇူးမသိတက်သောသူများမှ လည်း ကျင်းပသင့်ကျင်းပထိုက်သည့်အာဇာနည်နေ့ အားမေ့
လျော့ပေါ့ဆနေကြသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။ သို့ အတွက်ကြောင့် မိမိတို့ 
မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂသည် မည်သည့် အထောက်အပံ့အကူအညီမှမရှိပဲ
ကိုယ်ထူကိုယ်ထ ရပ်တည်နေရသော်ငြား ကျေးဇူရှင် အာဇာနည်ခေါင်းဆောင်ကြီးများ၏
ကျေးဇူးကို ဆပ်သော်အားဖြင့် အာဇာနည်နေ့ စကားဝိုင်းအားကျင်းပခဲ့ရခြင်းဖြစ်သည်။

ကောင်းသောအရာအား ကိုးစားအတုယူ နိုင်ကြပါစေ

မေအိခင်(လယ်ဝေး)

အလေးပြုပါတယ် သီချင်းများ မျိုးဆက်သစ် များကို မျှဝေပါတယ်

Saturday, July 18, 2009

(နှစ်လနာရီ-ခါရာသီရွေ့ပေမဲ့ အာဇာနည်နေ့ ကိုဖြင့် မမေ့ သင့်ပါပေ-ယနေ့ဖြင့် သတိတရားထားဖို့ လေ
အများ -ပြည်သူတွေ အများ --ပြည်သူတွေ အာဇာနည်နေ့ ကိုလေ တွေးရှု ကာပဲ အလေးပြုပါတယ်
လေ--)
(နှစ်တွေ ပြောင်း --ပေမဲ့ အဖြစ်ဟောင်းများက ဖြေမပြေနိုင်ပေ ဆွေး တသ သ တွေး ဆ ဖြေလည်း
မပြေ ရွှေရင်စို့ ကဲ --ကြေကွဲဝမ်းနည်းကြပုံတွေ --ယနေ့ ထက်တိုင်အောင်လေ အော် မမေ့ရက်နိုင်
ပါပေ အာဇာနည်ခေါင်းဆောင်ကြီးတွေ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိသို့ 
ရောက်ရှိကြပြီလေ တေးကဗျာအနုစာချွေ ရေးကာအလေးပြု အလေးပြုပါတယ်လေ )၂

(အာဇာနည်နေ့ ကို မမေ့ရန် လက်ဆင့်ကမ်းပါသည်)

(ဗမာလွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ ဖို့ ဂျပန်ပြည်မှာကွယ်---- တကယ်ပဲအသက်နဲ့ 
လဲလို့ ဆင်းရဲဒုက္ခခံကာကြံစည်တယ်------- သူရဲကောင်း----နဲ့  ဗိုလ်အောင်ဆန်း--တို့ 
အာဇာနည်တွေရယ်------)၂
ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေး--ကြရမယ်
ငါတို့ ဗမာပြည်ဝယ်--မိဘတိုင်းကကွယ် အာဇာနည် အစစ်တွေဖြစ်ဖို့ မွေးကြရမယ်
သြော်--ဘုရင့်နောင် နဲ့ ရာဇာဓရဇ်တို့  လို မင်းရဲကျော်စွာ --ပမာပုံဆောင် အလောင်းဘုရား
တို့ လိုကွယ် ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေရဲ့  --မကြောက်တမ်းမရွံတမ်း ဗမာတွေ
အောင်ပန်းဆွတ်ကြရှာလေတယ်--
(ရာဇ၀င် --- အထ္ထုပတ္တိလည်းရှိရမယ် မော်ကွန်းလည်း---ထိုးလောက်တယ် မြင့်မြတ်တဲ့ 
ဗိုလ်အောင်ဆန်းရယ်)၂
တိုင်းပြည်အကျိုးစွင့်ခဲ့တဲ့ များဇာနည်နွယ် --လွတ်လပ်ဖို့ တို့ များကိုကျွန်တွင်းမှာကယ်
တို့ ဗမာတွေစိုးမိုးဖို့ မျော်ကြရှာလို့ ပေါ်လာတယ်--
(ရာဇ၀င် --- အထ္ထုပတ္တိလည်းရှိရမယ် မော်ကွန်းလည်း---ထိုးလောက်တယ် မြင့်မြတ်တဲ့ 
ဗိုလ်အောင်ဆန်းရယ်)၂
တိုင်းပြည်အကျိုးစွင့်ခဲ့တဲ့ များဇာနည်နွယ် --လွတ်လပ်ဖို့ တို့ များကိုကျွန်တွင်းမှာကယ်
တို့ ဗမာတွေစိုးမိုးဖို့ မျော်ကြရှာလို့ ပေါ်လာတယ်--

အာဇာနည်မျိုး သေရိုးမရှိ



“အာဇာနည်နေ့အဓိဌာန်”


◊အာဇာနည်ဆိုတာ

ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့

ပုခုံးဒေါက်က ကြယ်ပွင့်များမဟုတ်။

◊ဖေါ်ရှိုးပြထားတဲ့

ရင်ဘတ်က တံဆိပ်များလဲမဟုတ်။

◊ကိုယ့်ကိုယ်ကို အစွံထုတ်တဲ့

ဗိုလ်ချုပ်မှူးကြီး ရာထူးလဲမဟုတ်။

◊ဘယ်သူမှ အတုလုပ်မရတဲ့

အနှိုင်းမဲ့ ဂုဏ်ပုဒ်ဖြစ်တယ်။

◊အာဇာနည်ဆိုတာ

တုပြိုင်ဘက်ကင်းတဲ့

စွန့်လွှတ် အနစ်နာခံခြင်းရဲ့သရုပ်။

◊ရယူလိုမှုကင်းတဲ့

အဆုံးမဲ့ ပေးဆပ်ခြင်းရဲ့ပြရုပ်။

◊လူသား ဖြစ်တည်မှုရဲ့

ကြီးမြတ်တဲ့ ဂုဏ်ပုဒ်ဖြစ်တယ်။

◊လူတဦးရဲ့ လုပ်ရပ်ကို

သမိုင်းက အဖြေထုတ်သလို

အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်ကို

လူထုရဲ့ နှလုံးသားက ထုလုပ်တယ်။

◊ အဲဒီဂုဏ်ပုဒ်ကို

ဦးညွတ် အလေးပြုကြ။

အာဇာနည် စိတ်ဓါတ်ကို

လက်ဆင့်ကမ်း သယ်ဆောင်ကြ။

သူတို့ ရည်မှန်းတဲ့

ဒီမိုကရေစီ ပန်းတိုင်ဆီ

တိုက်ပွဲဝင် ချီတက်ကြ။

အမျိုးသားရေး အောင်လံကို

အမြင့်မားဆုံး လွှင့်ထူကြ။

ရွက်စိမ်း


အာဇာနည်မျိုး သေရိုးမရှိ



အစားထိုးမရသောဆုံးရှုံးမှုကြီး

၁၉၄၇ ၊ ဇူလိုင်လ၁၉ရက်၊ စနေနေ့၊ မနက် ၁၀နာရီကျော်

“စနေမိုးပေမို့ မစဲလေသလား၊ မကြာမီဖြစ်လာတော့မည့် အစားထိုးမရနိုင်သည့် ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုကြီး အတွက် ကြိုတင်၍ပင် ငိုကြွေးနေလေသလားပင်မသိ။

ကောင်းကင်ပြင် တခုလုံး ညိုမှိုင်း၍ မိုးက တအိအိတဖွဲဖွဲ ရွာသွန်းနေလေသည်။ မိုးကြောင့် လမ်းများတွင် လူသွား လူလာ မရှိသလောက်ပင်။ ထိုအချိန်တွင် ဝန်ကြီးများရုံး အဆောက်အအုံရှေ့သို့ အစိမ်းပုပ်ရောင် ဂျစ်ကား တစီး ဆိုက်ရောက်လာပြီး ဘရင်းဂန်းများ ကိုင်ဆောင်ထားကြသော လူတစုသည် ကားပေါ်မှ ခုန်ဆင်း၍ ရုံးအပေါ်ထပ်သို့ လျှင်မြန်စွာ ပြေးတက်သွားကြသည်။ သူတို့ဦးတည်ရာ အရပ်ကား အစည်းအဝေး ခန်းမဆီသို့………။

အစည်းဝေး ခန်းမထဲတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေသည်။ လက်တကမ်းသာ လိုတော့သည့် မြန်မာ့လွတ်လပ်ရေး ကိစ္စနှင့် ရှေ့အနာဂတ် အလားအလာ များအတွက် စိတ်အားထက်သန်စွာ ဆွေးနွေးနေမှုက စစ်ဖိနပ်သံများနှင့်အတူ အခန်းဝတွင် ပေါ်ပေါက်လာသည့် လက်နက်စွဲကိုင်သူ လူတစုကြောင့် ရပ်တန့်သွားသည်။ သွေးဆာနေသည့် လူသတ်သမားတို့က သေနတ်များဖြင့် ချိန်လိုက်စဉ်ဗိုလ်ချုပ်အောင်ဆန်းက တခုခုပြောရန် လက်တဖက်ကို မြှောက်၍ တားလိုက်သည်။ သို့သော် ဆူညံသော သေနတ်သံများနှင့်အတူ အခန်းတခုလုံး ယမ်းငွေ့တို့ဖြင့် မှောင်ပိန်း သွား လေတော့သည်။

ယမ်းငွေ့များ ပြယ်စပြုချိန်တွင် အခန်းထဲ၌ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင်ကြီးများ သွေးအိုင် ထဲတွင် အတုန်းအရုံး လဲပြိုကျလျက်ရှိနေပါတော့သည်။ ထိုအဖြစ်ဆိုးကို သိသည့်အလား မိုးက အငြိုးတကြီးဖြင့် တိုး၍ရွာချလိုက်သည်။ ထိုသတင်း ထွက်ပေါ်လာသည်နှင့် တပြည်လုံး ယူကြုံးမရ ငိုကြွေးကြပါတော့သည်။ မြန်မာပြည်၏ အနာဂတ်သည်လည်း မိုးနှင့်အတူ ရေစုန် မျောရပေတော့မည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ သခင်မြ၊ အတွင်းဝန်ဦးအုန်းမောင် အစရှိသော နိုင်ငံရေးခေါင်းဆောင်များနှင့် အခန်းပြင်ရှိ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ပါ ထိုသွေးစွန်းသော စနေနေ့ မနက်၁၀နာရီ ၃၇ မိနစ်အချိန်တွင် ကြေကွဲဖွယ်ရာ ကျဆုံးခဲ့ရ ပါတော့သည်။”

ဤကား ကျွန်တော်ကြားခဲ့၊ မှတ်ခဲ့၊ ဖတ်ခဲ့ရဘူးသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျဆုံးခဲ့ရမှု ရုပ်ပုံကားချပ်ပင်။ ယခုနှစ်ဆိုလျှင် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည်မှာ(၆၂)နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ တခေတ်တွင် တယောက်ပင် ပေါ်ထွက်ခဲသော နိုင်ငံခေါင်းဆောင်၊ မြန်မာတမျိုးသားလုံး၏ အမျိုးသားခေါင်းဆောင်၊ တိုင်းရင်းသားလူမျိုးများ၏ ချစ်ခင်လေးစားမှုကိုရသူ၊ အတိုက်အခံများကပင် လေးစားရသူ၊ တပ်မတော်၏ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ကိုယ်ကျိုး မဖက် ဆောင်ရွက်ခဲ့ကြသော ထိုခေါင်းဆောင်များကို ဆုံးရှုံးမှုက တိုင်းပြည်အတွက် တန်ဘိုးအနဂ္ဂတွက် ချက်မ ရအောင် နစ်နာခဲ့ပါတော့သည်။

တိုင်းပြည်အတွက်နစ်နာဆုံးရှုံးရခဲ့မှူများ

ယခုမျက်မှောက် ဖြစ်ပေါ်နေသော အခြေအနေများကိုပင် သက်သေပြရပါတော့မည်။ ဗိုလ်ချုပ်ဖောက်ခဲ့သော လမ်းကို ဆက်လျောက်၍ လွတ်လပ်ရေး ပန်းတိုင်ဆီကိုတော့ ရောက်ခဲ့ရပါသည်။ ဆက်ခံသူ နိုင်ငံရေး ခေါင်းဆောင်များ၏ လက်ထက်တွင် နိုင်ငံရေးအယူအဆ ဂိုဏ်းဂဏ ကွဲပြားမှုများ၊ တိုင်းရင်းသား လူမျိုးများ အရေးအရာကိစ္စ မပြေလည်မှုများကြောင့် မြန်မာနိုင်ငံ အတွင်းတွင် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရ ပါတော့သည်။

အသွေးအရောင် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် မြေဇာပင်ကတော့ တိုင်းရင်းသား ပြည်သူလူထု များပင်။ ပြည်တွင်းစစ်ကြောင့် စစ်အင်အားအပေါ်ကို မှီခိုရသည်။ နိုင်ငံရေးအယူအဆ ကွဲပြားမှုကြောင့် စစ်တပ်ကို ကြားခံမဏ္ဍိုင်ပြုရသည်။ နိုင်ငံရေးအရရော စစ်ရေးအရပါ ဩဇာအာဏာ ကြီးမားသော ဗိုလ်ချုပ်မရှိတော့သည့် အခါတွင် ထိုအခြေအနေများကြောင့် ဗိုလ်နေဝင်းဆိုသော အာဏာရူး အတွက် ဘီလူးအစွယ်ပေါက်ရန် ဖြစ်လာတော့သည်။

အလိုလိုက် အကြိုက်ခစားသည့် ဗိုလ်အောင်ကြီးတို့လို လူစားတွေကြောင့် ပို၍ သွေးနားထင်ရောက်လာသည့် ဗိုလ်နေဝင်း၏ စစ်အာဏာသိမ်းခြင်းကို ခံရပါတော့သည်။ ထိုအချိန်မှစပြီး ဆိုရှယ်လစ်အနံ့ပေး၍ သွေးခွဲလိုက်၊ ငြိမ်းချမ်းရေးအသံပေး၍ ဘေးတီးလိုက်နှင့် အမျိုးမျိုးသော ဇာတ်ရုပ်ကိုက၍ မြန်မာပြည်တွင် စစ်မျိုးဆက် အုပ်ချုပ်ရေး အသက်ရှည်ရေးနှင့် စစ်ကျွန်ဇာတ်သွင်းရေးကို စနစ်တကျဖော်ဆောင်ခြင်း ခံခဲ့ရသည်မှာ ယခု ဗိုလ်သန်းရွှေတို့ လက်ထက်တိုင်ပင် ဖြစ်ပါသည်။

နှမြောစရာ အကောင်းဆုံး အချက်မှာ B.I.A ၊ B.D.Aမှစ၍ အစဉ်အလာကြီးမားခဲ့သည်ြ့ပည်သူလူထုကြားမှ ပေါက်ဖွား လာခဲ့သည့် မြန်မာ့ တပ်မတော်ကြီးသည် ယနေ့အချိန်တွင် အာဏာရူး လက်တဆုပ်စာတို့ အတွက် လက်ကိုင်တုတ်အဖြစ် ယုတ်နိမ့်သော ကြေးစားစစ်တပ် ဖြစ်ခဲ့ရခြင်းပင်။ အမျိုးကို အမှန်တကယ်ချစ်သော၊ တိုင်းပြည်ကို တကယ် မြတ်နိုးသော တပ်မတော်သားများ လေးနက်စွာ စဉ်းစားသုံးသပ်သင့်သော အချက်ဖြစ် ပါသည်။

ထိုကာလမှ ယနေ့အထိ ဆုံးရှုံးခဲ့ရသော ပြည်သူလူထုပေါင်း များစွာ၏ အသက်အိုးအိမ် စည်းစိမ်များ၊ အာဏာရူး များ၏ ကိုယ်ကျိုးရှာမှုကြောင့် တိုင်းပြည်ချွတ်ခြုံကျခဲ့ရမှုများကိုပါ ထည့်တွက်လျှင် တန်ဘိုးမည်မျှဟု ဘယ်ကဲ့သို့ တွက်ချက်နိုင်ပါမည်နည်း။ အလွန်အင်မတန် ကြီးမားလှသော ဆုံးရှုံးမှုကြီးဟုသာ ဆိုနိုင်ပါတော့သည်။

အာဇာနည်နေ့တို့မမေ့

ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်၍ နှစ်စဉ်အလေးထား ဂုဏ်ပြုကျင်းပခြင်းသည် တိုင်းပြည်က တတ်နိုင်သမျှ ကျေးဇူးတုန့်ပြန်ခြင်း၊ အသိမှတ်ပြုခြင်းပင် ဖြစ်သည်။ ထိုမျှမက ဂုဏ်ပြုသင့်ပါသည် ဟုဆိုလျှင်လည်း ကျွန်တော် ငြင်းဆန်ရန် အကြောင်းမရှိပါ။

သို့ရာတွင် ၁၉၈၈ခုနှစ်စစ်တပ်မှ အာဏာသိမ်းပြီး ချိန်မှစ၍ အာဇာနည်နေ့ အခမ်းအနား ကျင်းပ မှုများကို မကောင်းတတ်၍သာ အဖြစ်သဘော လုပ်ဆောင်ကြသည်ကို ထင်ရှား စွာတွေ့ရပါသည်။

ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့်အချိန် ဇူလိုင်လ ၁၉ ရက် နံနက်၁၀နာရီ ၃၇မိနစ်တွင် မြန်မာ့အသံနှင့် နိုင်ငံတဝှမ်းလုံးရှိ စက်ရုံများမှ ဆွေးဆွေးမြေ့မြေ့ ဥဩဆွဲသံ ထွက်ပေါ် လာသည့်အခါ စိတ်မခိုင်သူများ မျက်ရည် ပေါက်ပေါက်ကျသည် အထိပင် ဖြစ်ခဲ့ ကြရဘူးပါသည်။

ထိုဥဩသံကိုပင် မဆွဲခိုင်းသည်အထိ ယခု ဗိုလ်ချုပ်ကြီးများဟု အမည်ခံသူများက ကျေးဇူးကန်းဝံ့ကြပါသည်။ တပ်မတော်၏ ဖခင်ကြီးကို ဦးညွတ်အလေးပြုရန် တပ်မတော် ခေါင်းဆောင်များဟု အမည်ခံသူများက ရှောင်လွှဲ ၍ သေးသိမ်စေကြသည်။ သို့သော် ပြည်သူလူထုများ ရင်ထဲ နှလုံးသားများထဲမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လေးစားကြည်ညိုသည့် စိတ်ကိုတော့ ဖြောက်ဖျက်မပစ်နိုင်ပါ။ ထို့ကြောင့် ပင်လျှင် ပြည်သူများက နှစ်စဉ်မပျက်မကွက် အာဇာနည်ကုန်းရှိရာသို့ သွားရောက်ပန်းခွေချခြင်း၊ ဦးညွတ် အလေးပြုခြင်းများ လုပ်ဆောင်နေကြခြင်းပင် ဖြစ်သည်။ ထိုသည်ကိုပင် မလိုတမာစိတ်ဖြင့် တားဆီး ပိတ်ပင်မှု အမျိုးမျိုး ပြုလုပ်နေကြပါသေးသည်။ မည်ကဲ့သို့ ပိတ်ပင် တားဆီးစေကာမူ အာဇာနည်နေ့ကို ကျွန်တော်တို့မမေ့ကြပါ။

အာဇာနည်မျိုးသေရိုးမရှိ

ပြည်သူလူထု အားလုံးသည် ဗိုလ်ချုပ်သာရှိခဲ့လျှင် ငါတို့တိုင်းပြည် အခုလိုမဖြစ်ဘူးဟု ဆိုကာ ယနေ့တိုင် တသ တိရ နေရဆဲပင်။ ယခုလို အဖမဲ့သားရေနည်းငါး ဖြစ်နေကြရချိန်တွင် ပိုလို့ပင် တမ်းတကြပါသည်။ တကယ် တော့ သတိရနေရုံနှင့်မပြီးသေးပါ။

ဗိုလ်ချုပ် ရည်မှန်းခဲ့သည့် ဒီမိုကရေစီပန်းတိုင် ရောက်အောင် ဆက်လက်လျှောက်လှမ်းရန် တာဝန်များ ကျန်နေ ပါသေးသည်။ သို့မှသာ အာဇာနည်ခေါင်းဆောင်ကြီးများကို ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်သည်။

ဗိုလ်ချုပ်၏ ရုပ်ခန္ဓာကိုယ်သည် ယခု၆၂ နှစ်မျှကြာသည့် အချိန်တွင် ဆွေးမြေ့ ပျောက်ကွယ်လောက်ပါပြီ။ သို့သော် ဗိုလ်ချုပ်၏ပုံရိပ်များ၊ ဗိုလ်ချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ ဗိုလ်ချုပ်ပြုမူကျင့်ကြံ နေထိုင်ခဲ့ပုံများ၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများ စသည် တို့သည် ပြည်သူလူထုများ၏ နှလုံးသားများထဲတွင် အမှတ်ရနေဆဲ ဖြစ်ပါသည်။

ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများသည် ပြည်သူလူထု၏ ရင်ထဲတွင် ဆက်လက် ရှင်သန်နေပါ သေးသည်။ ပြည်သူလူထုများ၏ ဒီမိုကရေစီတပ်ဦး အောင်လံရှေ့မှ ဗိုလ်ချုပ် ဦးဆောင်မှုပေးနေသည် ဆိုသည့် ယုံကြည်စိတ်ဖြင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေး အတွက် တခဲနက် ဆက်လက်တိုက်ပွဲဝင်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။

“အာဇာနည်မျိုးသေရိုးမရှိပါ။”

ရွက်စိမ်း

အာဇာနည်နေ့  လာဖြစ်အောင်လာကြဖို့  ဖိတ်ကြားအပ်ပါသည်

နိုင်ငံတော်လုပ်ကြံမှုကြီးအား နောင်လာနောင်သားများ သိစေရန် လက်ဆင့်ကမ်းသည်

Friday, July 17, 2009








မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ တွင် အာဇာနည်နေ့ နှစ်ပတ်လည် ပြုလုပ်မည်ဖြစ်ပါ၍ ဖိတ်ကြားအပ်ပါသည်

သတိရကြရမည့်အချိန်အခါ (ဇူလိုင် ဆယ့်ကိုး)

Thursday, July 16, 2009





NEJ / ၁၆ ဇူလိုင် ၂၀၀၉(အယ်ဒီတာ့အာဘော်)
ဇူလိုင်လ (၁၉) ရက်နေ့သည် ကျဆုံးသွားသူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ၏ အတွေးအခေါ် အယူအဆနှင့် မျှော်မှန်းချက်ကို ပြန်လည်သတိရကြရမည့် အချိန်အခါဖြစ်သည်။ ၁၉၆၂ မှစ၍ မြန်မာပြည်တွင် လွတ်လပ်မှု ဆိတ်သုဉ်းနေသည်။ ထို့ကြောင့် ဒီမိုကရေစီလှုပ်ရှားမှုကို ဒုတိယအကြိမ် လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က အမည်ပေးခြင်းဖြစ်၏။
၁၉၆၂ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဗမာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ရည်မှန်းချက်များကို ယနေ့အထိ ကျောခိုင်းနေပါသည်။ န၀တ/နအဖခေတ်၏ ထူးခြားချက်မှာ အခြေခံအားဖြင့် အင်္ဂလိပ်ကိုလိုနီစနစ်ဖြစ်သည်။ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့သည် မြန်မာပြည်ကို စစ်အင်အားဖြင့်အုပ်ချုပ်ပြီး မြန်မာပြည်သားများကို ဖိနှိပ်ထား၏။ တဖက်တွင် ပြည်သူပြည်သားကို ဖိနှိပ်ပြီး တဖက်က နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်ကာ သယံဇာတပစ္စည်းများကို ရောင်းစားခဲ့ပါသည်။ တိုင်းသူပြည်သားများ ငတ်ပြတ်နေသည်ကို ကိုလိုနီနယ်ချဲ့ ဂရုမစိုက်ပါ။ ကိုလိုနီအစိုးရ အားကောင်းဖို့သာ အဓိကဖြစ်ပါသည်။ ပြည်သူပြည်သားများ ငြိမ်ဝပ်ပိပြားစေဖို့ ကိုလိုနီအစိုးရက လက်နက်ကိုင်ဆောင်ခြင်းပင်ဖြစ်၏။
ထို့ကြောင့် အမှန်အတိုင်း ပြောရဲသူ လုပ်ရဲသူ အနစ်နာခံရဲသူများကိုသာ အားမကိုးဘဲ လူတိုင်းသတ္တိရှိရှိနှင့် စွန့်စားလုပ်ကိုင်မှ သာလျှင် လွတ်လပ်ရေးအရသာကို ခံစားခွင့်ရကြမည်ဟု ဗိုလ်ချုပ်အောင်ဆန်း ပြောသွားပါသည်။ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်ကလည်း ဒီမိုကရေစီနှလုံးရည်တိုက်ပွဲ၌ လူတိုင်းတတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီကြဖို့ မကြာခဏပြောဆိုပါသည်။ မြန်မာနိုင်ငံ၌ အနှစ် (၅၀) နီးပါး စစ်အာဏာရှင်စနစ် ကြီးစိုးနေပြီး ဖိနှိပ်နေသည့်အတွက် နိုင်ငံရေးကို ကြောက်စရာအဖြစ်၊ အန္တရာယ်အဖြစ် ထင်မြင်လာကြပါသည်။ နိုင်ငံရေးနှင့်ပတ်သက်၍ ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ (၂၀) ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းက ယခုလို ရှင်းပြပါသည်။
(နိုင်ငံရေးဆိုတာဟာ မိမိပတ်ဝန်းကျင်မှာ ပေါ်ပေါက်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရမယ့် အရေးကိစ္စ ဖြစ်တယ်။ တနည်းအားဖြင့်ဆိုရရင် နိုင်ငံရေးဆိုတာ လူ့ကိစ္စဖြစ်တယ်။ မိမိရဲ့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုဟာ နိုင်ငံရေးပဲဖြစ်တယ်။ နိုင်ငံရေးကို ရှောင်ရှားလိုပေမယ့် နိုင်ငံရေးဟာ အိမ်၊ ရုံး၊ အလုပ်ရုံ စတာတွေမှာ အမြဲတမ်းရှိနေ တယ်။ ဒါပေမယ့် မိမိနေ့စဉ် ကြုံတွေ့နေရတဲ့ နေထိုင်စားသောက်မှု ပြောင်းလဲနေသလို နိုင်ငံရေးဟာလည်း ပြောင်းလဲနေတယ်။ မိမိတို့အားလုံး သက်သာချောင်ချိစွာ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင်ဖို့ လွတ်လပ်ရေးကို တောင့်တကြတယ်။ လွတ်လပ်ရေးဆိုတာဟာ နေရေးထိုင်ရေးလွတ်လပ်မှု၊ လူတဦးချင်ရော တမျိုးသားလုံးပါ ကာယဉာဏ၊ စိတ္တအဆင့်အတန်း တိုးမြှင့်အောင် လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်တယ်။ ဒီလွတ်လပ်မှုကို ရယူတာဟာ နိုင်ငံရေးဖြစ်တယ်။ နိုင်ငံရေးဆိုတာ လူပုဂ္ဂိုလ်အသီးသီးရဲ့ အခွင့်အရေးကို စောင့်ရှောက်တာဖြစ်တယ်။ နိုင်ငံရေးဆိုတာဟာ တခါတရံမှာ အစည်းအဝေးလုပ်ပြီး စင်မြင့်ပေါ်က ပြောတဲ့လူကပြော၊ အောက်ကနားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ တပြည်လုံးက ပြည်သူလူထုဟာ မိမိတို့နဲ့ ဆိုင်တဲ့ကိစ္စတွေ၊ ပြဿနာတွေကို မိမိတို့ဘာသာ အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီး ဖြေရှင်းဖို့ အမြဲတမ်းကြိုးပမ်းနေတဲ့ကိစ္စဖြစ်တယ်။ တပြည်လုံးမှာနိုင်ငံရေးကို စိတ်ဝင်စားပြီး ပြည်သူပြည်သားတိုင်း နိုင်ငံရေးသမားတွေဖြစ်လာအောင် နိုင်ငံရေးကို စိတ်ဝင်စားလာအောင် နိုင်ငံရေးအဖွဲ့အစည်းတွေ ရှိရမယ်)
ယနေ့ကျင့်သုံးသော စစ်အာဏာရှင်စနစ်မျိုးကို ဗိုလ်ချုပ်အောင်ဆန်းက ဆန့်ကျင်၏။
(တိုင်းပြည်မှာ ဖက်ဆစ်ဝါဒလုံးဝမရှိအောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်အာဏာရှင်စနစ် အထက်ကသာ ဆုံးဖြတ်ပြီး တိုင်းသူပြည်သားဆန္ဒအတိုင်းမဟုတ်တဲ့ မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့စနစ်ဆိုးမျိုး ရှိနေရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျုပ်တို့ ဒီမိုကရေစီဝါဒကိုသာ ထောက်ခံရမယ်၊ ဒီဝါဒကို ကျင့်သုံးပြီး လွတ်လပ်တဲ့နိုင်ငံကို ထူထောင်နိုင်အောင် ကြိုးစားရမယ်၊ ဒီမိုကရေစီဝါဒကသာ ငြိမ်းချမ်းရေးကို အားပေးတယ်)
၁၉၄၅ ခုနှစ် သြဂုတ်လ၌ကျင်းပသော စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောသွားခြင်းဖြစ်ပါသည်။
တပ်မတော် တည်ထောင်သည်မှာ စစ်ဗိုလ်တစု ကောင်းစားရန်မဟုတ်ပါ။ ကိုယ်ကျိုးအတွက် မဟုတ်ကြောင်း အစကတည်းက ကြေညာထားပါသည်။ ဂျပန်လက်နက်ချပြီးစအချိန်၌ တပ်မတော်ခေါင်းဆောင်များ အစည်းအဝေး ရန်ကုန်၌ကျင်းပပြီး ကြေညာချက်တရပ် ထုတ်ပြန်ပါသည်။
(ကျုပ်တို့ တပ်မတော်သားတွေနဲ့ လွတ်လပ်ရေးအတွက် စွန့်စားဆောင်ရွက်ခဲ့သူတွေဟာ အပင်ပန်းခံ၊ အဆင်းရဲခံ၊ အနစ်နာခံ၊ အသေအကျေခံကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်။ ဒီလို ကြိုးပမ်းခဲ့တာဟာ လက်တဆုပ်စာလူတစု ကောင်းစားရေးနဲ့ ကိုယ်ကျိုးအတွက် လုပ်ခဲ့ကြတာမဟုတ်ဘဲ ပြည်သူလူထု လွတ်လပ်ရအောင်၊ တိုင်းသူပြည်သားတွေ ကောင်းစားအောင် လုပ်ခဲ့ကြတာဖြစ်တယ်)
နိုင်ငံရေး၌ စစ်တပ်ဝင်ရောက်စွက်ဖက် ခြယ်လှယ်တာမျိုးကို ဗိုလ်ချုပ်အောင်ဆန်းက မလိုလားပါ။ ၁၉၄၇ ခုနှစ် မေလ (၁၉) ရက်နေ့၌ ကျင်းပသည့် ဖဆပလညီလာခံကြီးတွင် စစ်သဘောဆောင်သည့် နိုင်ငံရေးပါတီမျိုးနှင့် စစ်အုပ်ချုပ်ရေးမှ ဖက်ဆစ်ဝါဒီ ပေါ်ထွက်လာမှာကို ကောင်းစွာ သတိပြုဖို့ မှာကြားသွားခဲ့ပါသည်။ ယနေ့ကြီးစိုးနေသော ကြံ့ဖွံ့အသင်းကို ရည်ရွယ်၍ ပြောသကဲ့သို့ ဖြစ်နေပါသည်။
(ဂျပန်ပြည်က စစ်အုပ်ချုပ်ရေးမျိုး၊ ဂျာမဏီက အကြမ်းဖက်နာဇီပါတီလိုဟာမျိုးတွေက ဖက်ဆစ်တွေကို မွေးထုတ်လိုက်တာပဲ။ မြန်မာပြည်မှာ စစ်သဘောဆောင်တဲ့ နိုင်ငံရေးပါတီ မရှိဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်သဘောဆောင်တဲ့ နိုင်ငံရေးပါတီ တွေကပဲ ဖက်ဆစ်ဝါဒကို မွေးထုတ်ပေးကြတာဖြစ်တယ်။ အထူးသဖြင့် ဖက်ဆစ်ဝါဒ မြန်မာပြည်မှာမပေါ်နိုင်အောင် နိုင်ငံရေး၊ စီးပွားရေးအရ အဘက်ဘက်က တားရလိမ့်မယ်။ ဖက်ဆစ်ဝါဒဆိုတာဘာလဲ၊ ငွေရှင်ကြေးရှင်ကြီးတွေနဲ့ ပူးပေါင်းပြီး တပည့် တပန်းတွေနဲ့ တိုင်းသူပြည်သားလူအများကို အကြမ်းပတမ်းဖိနှိပ်ပြီး အင်မတန်ကျဉ်းမြောင်းမှားယွင်းတဲ့ လူမျိုးရေးတရား လက်ကိုင်ထားတဲ့ ၀ါဒဟာ ဖက်ဆစ်ဝါဒပဲ။ အဲဒီတော့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမျိုးရေးကိစ္စတွေမှာ အရင်းရှင်အားကိုးနဲ့ အကြမ်းဖက်တဲ့ ဖက်ဆစ်တရားတွေ ပေါ်မလာအောင် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေလုပ်ကတည်းက စီမံထားရလိမ့်မယ်)
ဗိုလ်ချုပ်အောင်ဆန်းအမြင်ဖြင့် ကြည့်မည်ဆိုပါက ပြည်တွင်းပြည်ပအရင်းရှင်တစုနှင့်ပေါင်းပြီး မြန်မာပြည်သား တိုင်းရင်းသား များကို အဘက်ဘက်မှဖိနှိပ်နေသော ဗမာစစ်အုပ်စုသည် ဖက်ဆစ်ဖြစ်၏။
တိုင်းပြည်စည်းလုံးညီညွတ်ရေးကို ရယူရာတွင်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အခြေခံသော ညီညွတ်ရေးမျိုးကို ဗိုလ်ချုပ်အောင်ဆန်းက လိုလားပါသည်။ ရာထူးဝေစားသော ညီညွတ်ရေးမျိုးကို ဆန့်ကျင်ပါသည်။
(ငါတို့ချည်း တာဝန်ထမ်းဆောင်ရတယ်၊ ငါတို့ချည်း အလုပ်လုပ်ရတယ်၊ ဒါ့ကြောင့် ငါတို့ချည်း ရာထူးတွေယူမယ်၊ ဘယ်အစိုးရ တက်တက် ငါတို့ကို အာဏာခွဲပေးရမယ်ဆိုတဲ့ စိတ်ဓာတ်တွေကို ဖယ်ရှားပစ်ရမယ်။ လူထုကြီးကကျုပ်ကိုပေးတဲ့ လူထုခေါင်း ဆောင်ဆိုတဲ့ဂုဏ်ကို ၀န်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ်။ ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုံလောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်)
အတင်းအဓမ္မအာဏာယူထားသည့်ကိစ္စကို ဗိုလ်ချုပ်အောင်ဆန်း အင်မတန်စက်ဆုပ်ရွံရှာပါသည်။ လူထုက မကြည်ညိုသည့် တနေ့တွင် ရာထူးက ထွက်ပေးမည်ဟု မကြာခဏ ပြောကြားပါသည်။
(ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မ လုပ်ယူတာမဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ထောက်ခံမှုနဲ့ ကျုပ်တို့ အစိုးရဖြစ်နေတာ။ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့တနေ့မှာ ကျုပ်တို့လည်း မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါပဲ။ ကျုပ်တို့ဟာ ရာဇ၀င်မှာ အရေးခံရမယ့် လူစားမျိုးတွေလား၊ အဆဲခံရမယ့် လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်။ တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမျရှိသမျှ ကာလပတ်လုံး ဘယ်အစိုးရတက်တက်၊ ဘယ်အစိုးရကလုပ်လုပ် ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ကျုပ်ပြောချင်တယ်)
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့ ရန်ကုန်မြို့တော်ခန်းမ၌ ပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းပင် ဖြစ်ပါသည်။ ဤမိန့်ခွန်းပြောပြီး (၆) ရက်ကြာသောအခါ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်များ အကြမ်းဖက်သမားလက်ချက်ဖြင့် ကျဆုံးရပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းသည် ယခုခေတ်ကို ကြိုတင်ဟောလိုက်သည့် မိန့်ခွန်းကဲ့သို့ ဖြစ်နေပါသည်။ ပြည်သူလူထုထောက်ခံမှုမရဘဲ အစိုးရလုပ်နေသော ဗမာစစ်အုပ်စုသည် နိုင်ငံခြားကုမ္ပဏီနှင့်အစိုးရများကို အချိန်ရှိသရွေ့ မျက်နှာချိုသွေးနေရပါသည်။
စစ်တပ်ကို မိမိကိုယ်ကျိုးအတွက်၊ မိမိအာဏာတည်မြဲရေးအတွက် ထင်သလိုအသုံးချနေသည်မှာ ဗိုလ်နေ၀င်း၏ အကျင့်ပင်ဖြစ် သည်။ ကတိမတည်မှု၊ သစ္စာမရှိမှု၊ အနိုင်ကျင့်မှု၊ အကောက်ကြံမှု၊ တာဝန်မယူမှု၊ အလွဲသုံးစားလုပ်မှု၊ ဓားပြတိုက်လုယက်မှု၊ မဒိန်းကျင့်မှု စသည်တို့သည် ယနေ့တပ်မတော်၏ အသွင်လက္ခဏာများပင် ဖြစ်ပေတော့သည်။

ကြုံဖူးဆုံဖူးသမျှ အညတရများ

Wednesday, July 15, 2009

ကြုံဖူးဆုံဖူးသမျှ အညတရများ


(၁)
နာမည်ကမျိုးကျော်ဇင်

(၂)
မျိုးကျော်ဇင်ကို လူမတွေ့ဘူးခင် နာမည်သာကြားဘူးလိုက်မည်ဆိုပါက မျိုးကျော်ဇင်ဆိုသူသည်၊
ငယ်ငယ်ချောချော၊ လူရည်သန့်လေးဖြစ်မည်ဟု စိတ်၌ ထင်မှတ်ကြမည်အမှန်ပင်။ ကျွန်တော်လည်းထိုသို့
ထင် မှတ်ခဲ့ပါသည်။ မျိုးကျော်ဇင်သည် လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်
ဖြစ်သည်။ စာတလုံးမှမတတ်ပေ။
မှတ်မှတ်ရရထိုတနေ့အကြောင်းရေးချင်ပါသည်။ ၁၅.၅.၂၀၀၇ ရက်နေ့ကဖြစ်သည်။ အင်္ဂါနေ့
ကျွန် တော်တို့ကျိုက္ကဆံစစ်ကြောရေးစခန်းရောက်တော့ ကိုသန့်ဇင်မျိုး၊ ဦးတင်ယု၊ ကိုမျိုးကျော်ဇင်အပါအ
ဝင် လှိုင်သာယာ (၁၁)ယောက်အုပ်စု ကရောက်နှင့်နေပြီ။ ကျွန်တော်တို့အင်းစိန်အုပ်စုက (၂၉)ယောက်။
စုစုပေါင်းအယောက် (၄၀)။ ကျိုက္ကဆံ စစ်ကြောရေးစခန်းတွင်ကျတော်တို့အင်အားတောင့်တင်းသွားသည်။
(၃)
အဖမ်းခံရသူလူငယ်အများစုမှာ (၈၈) အရေးတော်ပုံကာလတွင် အင်မတန်ငယ်ရွယ်သူများဖြစ်
ကာ၊ ထိုကာလ၌ မျိုးကျော်ဇင်၏ အသက်မှာ သုံးလေးနှစ်ဝန်းကျင်ခန့်ပင်ရှိအုံးမည်ထင်သည်။ ထို့ကြောင့်
ယနေ့ ခေတ်ပေါ်ထွက်လာသောလူငယ်အများစုသည် တိုင်းပြည်၏အမှန်တကယ်ဆင်းရဲဒုက္ခရောက်နေသည့်
အခြေ အနေကို သိရှိနားလည်လာကြသည့်အတွက် အမှန်တရားဘက်က တတ်စွမ်းသရွေ့ ရပ်တည်ရမည်
ဆိုသော အသိစိတ်ကို အရင်းခံထား၍ ပေါ်ထွက်လာကြခြင်းသာဖြစ်ပေသည်။
(၄)
ကျိုက္ကဆံစစ်ကြောရေးစခန်းသို့ ကျွန်တော်တို့အုပ်စု (၂၉) ယောက်ရောက်ရှိသွားသောအချိန်တွင် ဖမ်းဆီး
ခံ လူအင်အားတောင့်တင်းလာသဖြင့်၊ အားလုံးစိတ်ဓာတ်များက တက်ကြွလန်းဆန်းနေကြလေသည်။ အဖမ်းခံရသည်ဟူသောအသိထက် မိမိတို့အဖမ်းခံရခြင်းကို ဘယ်လိုတုန့်ပြန်တိုက်ခိုက်ကြမည်ကိုသာကိုယ်စီ ကိုယ်စီအတွေးရောက်နေကြသည်။
ကျိုက္ကဆံစစ်ကြောရေးဂိတ်ဝ ၊ ပထမဆုံးအဆောင်အပေါ်ထပ်ကို ကျွန်တော်တို့ကို စစ်ကြောရေး
စခန်း တာဝန်ခံ ရဲအရာရှိတစ်ဦးမှ တက်ခိုင်းပါသည်။ ကျွန်တော်တို့အားလုံးအပေါ်ရောက်သောအခါ အဆိုပါ
တာဝန်ခံ က ၄င်း၏ တပည့်ရဲနှစ်ယောက်နှင့် ရောက်ရှိလာသည်။ စာအုပ်ဘောပင်တို့ကိုလည်း ကိုင်ဆောင်
လာကြသည်။
ကျွန်တော်တို့အားလုံးမတ်တပ်ရပ်နေကြသည်ကိုတွေ့သောအခါ၊ အဆိုပါ တာဝန်ခံက-
“မင်းတို့ဘာလုပ်နေကြတာလဲ။ အားလုံးထိုင်ကြ”
ဟုလေသံမာမာနှင့်ပြောပါသည်။ကျွန်တော်အပါအ၀င်အများစုမှာအာားလုံးထိုင်လိုက်ကြသော်လည်းမထိုင်သူ
တစ်ဦးရှိသည်။(လုံခြုံရေးအရနာမည်မသုံးခြင်းဖြစ်သည် ၄င်းတစ်ယောက်တည်းမိုးတိုးမတ်တပ်ဖြစ်နေသော်
လည်း၊ ဂရု မစိုက်။ ဘေးဘီကိုလည်းစိတ်မ၀င်စားဘဲ၊ ၄င်းက တာဝန်ခံရဲအရာရှိ ပြောသည့်လေသံထက်
မလျှော့ဘဲ-
“ ကျွန်တော်တို့ကို ဒါမျိုးထိုင်ခိုင်းလို့မရဘူး။ ကျွန်တော်တို့ ပြစ်မှုကျူးလွန်သူတွေမဟုတ်ဘူး။ ထောင်သားတွေမဟုတ်ဘူး။ လုံးဝမထိုင်နိုင်ဘူး။”ဟု မိမိကိုယ်ကိုယ်ယုံကြည်ချက်အပြည့်နှင့်ပြန်ပြောလိုက်ရာ-
ရဲအရာရှိဆိုသူ ၄င်း၏ လက်အောက်ငယ်သားများရှေ့တွင် ထိုကဲ့သို့ပြန်ပြောခြင်းခံရသဖြင့် အင်မတန်ဒေါသ
ထွက်သွားသည့်အပြင် မျက်နှာပြင်တစ်ခုလုံးလည်းနီရဲ၍ ချွေးစေးများပျံလျက်-
“အေး မင်းမထိုင်ချင်လည်း ဟေ့ကောင် မင်းဘေးထွက်ရပ်နေ။” ဟုအော်ငေါက်လေသည်။
မတ်တပ်ရပ်နေ သူက ခပ်တည်တည်ပင် ဘေးထွက်၍ ပုတင်းပေါက်နားတွင် လက်ပိုက်မတ်တပ်ရပ်နေ
လေသည်။
ကျွန်တော်တို့အားလုံးတိုင်ပင်ထားခြင်းမရှိဘဲတိုက်ပွဲစပြီဆိုသည်ကို ကိုယ်စီကိုယ်ငှသိလိုက်ကြပြီ
ဖြစ်သည်။ ထို့ကြောင့်အားလုံးမတ်တပ်ထရပ်ကြရန်ဟန်ပြင်လိုက်ကြသည်။တချို့ကလည်းနှုတ်မှ ရဲအရာရှိကို
တစ် ယောက်တစ်ပေါက်ပြောဆိုကြသည်။ လူငယ်တို့၏အင်အား စစ်ကြောရေးစခန်းတာဝန်ခံမခံနိုင်ပါ။၎င်း
ဖြေရှင်းရ တော့သည်။
“မင်းတို့ကိုငါကထိုင်ခိုင်းတယ်ဆိုတာ မင်းတို့ကိုအချုပ်သားတွေလို့သဘောထားလို့မဟုတ်ဘူး။ ငါလည်းမင်းတို့လိုပဲကြမ်းပြင်မှာထိုင်မှာပါ။ မင်းတို့ကိုထိုင်ခုံပေးဖို့အတွက်ငါတို့မှာ ထိုင်ခုံအလုံအလောက်မရှိ
ဘူး။ ဒါ့ကြောင့်မင်းတို့နာမည်တွေဘာတွေကိုစာရင်းယူနေတဲ့အချိန်မှာ မင်းတို့ မတ်တပ်ရပ်နေရရင်ညောင်း
မှာစိုး လို့ပါ။” ယခင်ပြောသည့်လေသံနှင့်တခြားစီ။ တော်တော်ပျော့ပြောင်းသွားသည်။ထို့နောက်
၎င်းကပင် မတ် တပ်ရပ်နေသူအား-
“လာပါကွာ။ ငါကမင်းကိုအချုပ်သားလိုသဘောထား ထိုင်ခိုင်းတာမဟုတ်ပါဘူး။ ငါတို့မင်းတို့
ကို ဒီကို ခဏရောက်လာတဲ့ဧည့်သည်တွေလိုသဘောထားပါတယ်” ဟုပြန်လည်ပြောဆိုလေသည်။
ထို့ကြောင့် အဆိုပါ မတ်တပ်ရပ်နေသူလည်းအားလုံးနှင့်အတူပြန်လာထိုင်လေသည်။
(၅)
ထို့နောက် သိပ်မကြာခင်မှာပင် တကယ့်စစ်ကြောရေးအဖွဲ့ရောက်လာပါတော့သည်။စစ်ကြောရေး
ကို ကျတော့ဘ၀တွင် နဖူးတွေ့ဒူးတွေ့ပထမဆုံးအကြိမ်တွေ့ခြင်းပင်ဖြစ်သည်။ သို့သော်မိမိလုပ်ခဲ့သည့်လုပ်
ရပ်များ နှင့်ပတ်သတ်၍ နဲနဲမှ မိမိကိုယ်ကိုယ်ကိုမိမိ သံသယမဖြစ်မိပါ။ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွား
ပျက်စီးရာပျက်စီး ကြောင်းကို ဘာတခုမှမလုပ်ခဲ့သည့်အတွက်ဖြစ်သည်။ စစ်မေးသမျှကို ရင်ဆိုင်ဖြေရှင်း
ရန်အသင့်ဖြစ်နေသည်။
ကျွန်တော်အားစစ်မေးနေသည့်အချိန်တွင် ကျွန်တော် နှင့် သုံးကိုက်ခန့်အကွာတွင် ပိန်ပိန်
ရှည်ရှည် အ သားမည်းမည်း၊ ကုလားလူငယ်လေးတစ်ယောက်ကို စစ်မေးနေသည်ကို မသိမသာနား
စွင့်မိသည်။
၎င်းအားစစ်မေးချက်များ နှင့် ၄င်းကပြန်လည်ဖြေဆိုချက်များသည် လုံးဝဥဿုံပြည့်စုံလုံ
လောက်သည့် အဖြေများမဟုတ်သော်လည်း ယနေ့တိုင်အောင် ကျွန်တော့ရင်ထဲတွင် စွဲမြဲမှတ်ထင်
နေပါတော့သည်။

အပိုင်း(၂) မျှော်

စောကျော်ကျော်မင်း
၁၆.၇.၂၀၀၉

မစ္စတာဘန်ကီမိုးအနေနဲ့ ပြန်ပြီးသုံးသပ်ကြည့်ဖို့ လိုနေပါပြီ

မစ္စတာဘန်ကီမိုးအနေနဲ
့လုံခြုံရေးကောင်စီကချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်အခြေခံကနေဆောင်ရွက်နေတာဟုတ်ရဲ့လား
ဆိုတာပြန်ပြီးသုံးသပ်ကြည့်ဖို့ လိုနေပါပြီ

ရဲဘော် တို့  သေသေချာချာဖတ်ပေးပါ ဥပဒေပညာရှင် တွေ ကဒီလိုပြောနိုင်နေပြီ
ကျမတို့  နှစ်နှစ်ဆယ် အသက်တွေဘ၀တွေပေးနေခဲ့ရတာ တွေအတွက် ဆုံးဖြတ်
ချက်ပြတ်သားစွာနဲ့ တိုက်ပွဲဝင်ကြရတော့မဲ့ အဆင့် ရောက်နေပါပြီ




မြန်မာပြည်သူလူထုကိုမထီမဲ့မြင်ပြုတဲ့ တစ်ဦးတည်းသော UN-GS

Tuesday, July 14, 2009

မြောက်ကုတ်မှာကြောက်တဲ့ တောင် က ဘန်ကီမိုး
သို့ 
မြန်မာပြည်သူလူထုကိုမထီမဲ့မြင်ပြုတဲ့ တစ်ဦးတည်းသော UN-GS


ငယ်ငယ်ကစကားနဲ့ ပြောမယ်မှားပါတယ် ဘန်ကီမိုးရယ် လို့ မှားပါတယ်ဆိုလို့ ကျမတို့ သိတ်ပြီး
မျော်လင့်ခဲ့တယ်လို့ မထင်လိုက်ပါနဲ့ ဘန်ကီမိုး မြန်မာပြည်သွားဖို့ လော်ဘီလုပ်နေကြကြောင်း
ကြားကတည်းကကျမတို့ က အကျိုးအမြတ်မရှိနိုင်လို့  မသွားသင့်သေးဖူးလို့ သုံးသပ်နေကြတာ
ပါ ။
အဲ သွားမယ်ဆိုတော့လည်း ပါဝါအရကုလသမဂ္ဂဆိုတာကိုလေးစားစွာနဲ့ ပဲ ယူအမ်ရဲ့ ဂုဏ်သိက္ခါ
လေးများ တက်လာနိုင်မလားဆိုပြီးကြိုဆိုလိုက်ပါတယ်။ကျမအစပျိုးပြောတဲ့ မှားပါတယ် ဘန်ကီ
မိုးရယ် ဆိုတဲ့ စကားဟာ ဦးနေဇော်နိုင်ပြောနည်းပြောရရင်တော့ ကျမမှားတာမဟုတ်ပါဘူး။။

ဘန်ကီမိုးမှားတာပါ ။

ဒါမှဟုတ်သိ သိ ကြီးနဲ့ လုပ်ခဲ့ရင်တော့ မြောက်ကုတ်မှာကြောက်နေသလား လို့ ကျမမေးချင်ပါ
တယ် မြောက် ဆိုလို့  အမရေစာလုံးပေါင်းမှားနေတယ် လို့  ဘလော့ကာရောင်းရင်းကအီးမေး
(လ်)ပို့ ပြီးမပြင်ခိုင်းခင်မှာ တိရိစ္ဆာန်မျောက် ကိုမဆိုလိုကြောင်း တိရိစ္ဆာန်တွေကြီးစိုးတဲ့ မြောက်
ကိုရီးယားကိုဆိုလိုကြောင်းဦးစွာပထမ ရှင်းထားပါမယ် ။

ကျမပွင့်ပွင့်လင်းလင်းဝေဖန်ပြောရရင်ဖြင့် မစ္စတာဘန်ကီမိုး ဟာ မြန်မာ့အရေးအတွက်မြန်မာပြည်
သွားတာထက် တောင်ကိုရီးယားအရေးကိုပိုတွေးပူပင်လို့ မြန်မာပြည်သွားခဲ့တာ ခုမှဘွင်းဘွင်းပေါ်
တာပါပဲ ။ ကုသမဂ္ဂအတွင်းရေးမှုးတစ်ယောက်ဖြစ်မဲ့ပုဂ္ဂိုလ်ဟာကမ္ဘာမှာတိုင်းပြည်ဘယ်လောက်က
တော့ ဒီမိုကရေစီစနစ် ဘယ်လောက်ကတော့ဒီမိုကရေစီအပြည့်အ၀မရှိသေးတဲ့လစ်ဘရယ် ဘယ်
လောက်ကတော့ကွန်မြူနစ်ဘယ်လောက်ကတော့ကွန်မြူနစ်အမည်ခံအာဏာရှင်နိုင်ငံဘယ်လောက်
ကတော့စစ်အာဏာ၇ှင်ဖက်စစ်စနစ် ဆိုတာ ထုံးလိုခြေ ရေလိုနှောက်ပြီး သိနေမှာပါ။ ဒါ့ကြောင့်
ကျမ ကို မြန်မာပြည်သူတစ်ယောက်ကမေးတယ် မကြီး ဘန်ကီမိုးက ၁၉၉၀ ရွေးကောက်ပွဲ ကို မ
သိခဲ့လို့ လား အိုက်တုန်းက သူဘယ်မှာလဲ တဲ့  -
ယဉ်ယဉ်ကျေးကျေးပဲ ကျမဖြေလိုက်ပါတယ် ----
---ထဲမှာမို့ လို့ နေမှာပေါ့။

မစ္စတာဘန်ကီမိုး ကျမတို့ မြန်မာပြည်သူတွေ ကို မထီမဲ့မြင်လုပ်တာ နှစ်ကြိမ် လုံးပါပဲနာဂစ်ဖြစ်စဉ်
ကလည်း ပြုံးပြုံးကြီးရွှေတိဂုံဘုရားကိုလက်အုပ်ချီမိုး နေတာ ပြည်သူတွေအတိဒုက္ခရောက်ချိန်မှာ
သူမျက်နှာခပ်ပြုံးပြုံးပါပဲခုဒုတိယအကြိမ်ကတော့ နိုင်ငံတစ်ခုလုံးရဲ့သမိုင်းကို လာခြေဖျက်သလိုပါပဲ
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီကို တွေ့ ဆုံချိန် ၂ မိနစ်ပေးတယ်ဆိုတာ စော်ကားတာပါပဲ သူ
တို့ ကိုရီးယားတွေမှာ ဘယ်လိုယဉ်ကျေးမှုရှိလဲမသိပေမဲ့  နိုင်ငံတစ်ကာ နဲ့ ပတ်သတ်တဲ့တာဝန်ကြီး
ကြီးယူထားသူတစ်ဦးဟာ ကြားဝင်ဆွေးနွေးမယ် ဆိုရင် ဗိုလ်ချုပ်မှုးကြီးစစ်အုပ်စု သန်းရွှေကို တစ်
နာရီတွေ့ ရင် ပြည့်သူ့ အာဏာအပ်နှင်းခံထားရတဲ့ ပြည်သူ့ ပါတီကို တစ်နာရီတွေ့ ရမ
ှာပါ ပြည်သူ့
့ကိုယ်စားပြုပါတီကို ၂မိနစ်တွေ့ ရင်စစ်အုပ်စုကိုလည်း ၂မိနစ်ပဲတွေ့ ပြီးပြန်သင့်ပါတယ် ။။

ဒါမှကြားဝင်ရာကျပေမပေါ့ ။ပါတီကတောင်းဆိုလို့ နောက်ထပ် ၁၀မိနစ် တွေ့ ချိန်ဟာလည်း တစ်
တိုင်းပြည်လုံးရဲ့ပြဿနာ လူထုခေါင်းဆောင်ရဲ့ သဘောထား ပါတီ၇ဲ့မူနဲ့ ဆုံးဖြတ်ချက် ကိုတောင်အ
ပြည့်မပြောနိုင်တော့ ဘာကို လာပြီးကြားဝင် ညှိနှိုင်းတယ်ဆိုတာစဉ်းစားလို့ ကိုမရပါဘူး။ စစ်အုပ်စု
နဲ့ ပဲ ညှိနှိုင်းမယ်ဆိုရင် ၂၀၁၀ ကို မျှမျှတတလုပ်ပါလို့  ဘန်ကီမိုးပြောစရာမလိုအောင် စစ်အုပ်စုက
မျှမျှတတ လုပ်ပါမယ် လို့  မုသာရေလဲသုံး ပြောနေတာ တကမ္ဘာလုံးက ကြားပြီးသားပါပဲ ။ လူထု
ခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ဖို့ ဆိုတာက လည်း ဒီနေ့  ကုလသမ၈္ဂဆိုင်ရာ
မြန်မာသံအမတ်ပြောသလို အကျဉ်းသားတွေ ကို လွှတ်မှာပါ ရာဇ၀တ်သားလွှတ်နီးတွေ နဲ့ နှစ်စေ့
နိုင်ငံရေးအကျဥ်းသားတစ်ချို့ ပါပဲ -စစ်အုပ်စု ဟာ ဒီအစဉ်အလာတွေကိုရိုးရာမပြတ် နိုင်ငံရေးအကြပ်
အတည်း ကိုအသုံးချနေကျပါ ။

ဒီတော့ မစ္စတာဘန်ကီမိုး ဟာ သူ့  နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားရဲ့  စိုးရိမ်သောကတွေကိုသာခေါင်း
ထဲ ထဲ့ပြီးမြန်မာနိုင်ငံထဲကိုဝင်သွားတယ်လို့ ကျမယူဆမိပါတယ် ။ဘာ့ကြောင့်လဲဆိုရင် တကမ္ဘာလုံး
ကသိနေတဲ့ နူးကလီးယားစမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယားကို အိမ်နီးချင်းနိုင်ငံအပြင် အဓိ
ကရန်သူတော်ဖြစ်နေတဲ့ တောင်ကိုရီးယားကိုခြိမ်းခြောက်နေလို့ ပါပဲ ဒီကြားထဲက မြောက်ကိုရီးယား
နဲ့  မြန်မာကလည်း လက်နက် အပေးအယူနဲ့ နူးကလီးယား ဒုံးကျည် ကိစ္စ မြေအောက်လိုဏ်ခေါင်း
ကိစ္စတွေ ပတ်သတ်လေနေတော့ဘယ်လိုမှ တောင်ကိုရီးယားဖွါး ဘန်ကီမိုး ဟာ မြန်မာ စစ်အုပ်စုရဲ့
အထင်အမြင်လွဲမှားမှုမခံ နိုင်တာ သူ့  နိုင်ငံအတွက်သူကာကွယ် တဲ့ ကစားနည်း နဲ့  မြောက်ကုတ်ခံ
ရမှာကြောက်လို့ အဂ္ဂမဟာနည်းဗျူဟာသုံးပြီးရန်လိုအားကြီးပြီးစစ်မက်ဖြစ်ရမှာဝန်မလေးတဲ့ မြောက်
ကိုရီးယားကို မင့်မဟာမိတ် ကိုငါ ဒီလိုရပ် ပေးတယ် ငါတို့ တောင်ကိုရီယားကို ရန်မစ ပါနဲ့ လို့ သွယ်
ဝိုက်သွားပြောခဲ့တဲ့ အဆင့်လောက်ပါပဲ

ကျမ တို့ က ဘယ်သူ့ ကိုယုံရမလဲ ဘာကိုမျော်လင့်ရမလဲ ဆိုတာ ရှင်းနေကြပါပြီ - ကိုယ့်ကိုကိုယ်ယုံ
ပြီး ကိုယ့်အားကိုယ်ကိုးကြရအောင်နိုင်ငံတစ်ကာတို့ ကုလသမဂ္ဂတို့ ဆိုတာစစ်အုပ်စုရဲ့ ပရိယယ်စက်
ကွင်းထဲ မှာ ၀ဲတလည်လည် ပါပဲ - နိုင်ငံတွင်း မှာစစ်အုပ်စုနဲ့ တွေ့ နေစကားပြောနေရင်ဖြင့်

မင်း --အဖေ နေကောင်းလား ဆိုတဲ့ 
ဘန်းစကား အဆင့် ထိုင်းလေဆိပ်ရောက်လည်းရောက်ကော စိတ်ပျက် မိပါရဲ့  ပြင်းထန်စွာ သတိပေး
တောင်းဆိုသည် ဆိုတာတွေ နဲ့  ကိုမင်းကိုနိုင်ရေ ရာဇာလီ ရာဇာလီ

ဂမ္ဘာရီ ဂမ္ဘာရီ

ပီနဲရိုး ပီနဲရိုး နဲ ့

ခုတော့ ဘန်ကီမိုး က စစ်အုပ်စုရွေးကောက်ပွဲ ကိုတောင် တရားမျှတအောင်လုပ်ပါဆိုပြီး စစ်အုပ်စုရဲ့
Rood Map (၇) ချက် နောက် ကုလသမဂ္ဂပါ တစ်ကောက်ကောက်လိုက်ရင် ကျမကတော့ကမ္ဘာ့သမိုင်း
မှာ တစ်ဦးတည်းသော ကုလ အထွေထွေအတွင်းရေးမှုးတစ်ယောက် အဲဒီ့ တစ်ယောက်ထဲ ရဲ့တာဝန်ပဲ
လို့  ယူဆပါတယ် ။ နောက်ထပ် ဘန်ကီမိုးကိုပြောချင်တာက မကူညီချင်နေပါ မနှောက်ယှက်စေ့ချင်ပါ
ဘူး ။ ၂၀၁၀ ကို ပြည်သူနဲ့  တော်လှန်ရေးအင်အားစု ကလက် မခံပါဘူး မတရားဆွဲခေါ် လုပ်နေတာပါ
လို့  ဒီလောက် အသေခံအဖမ်းခံ ဘ၀တွေ အပျက်ခံ ပြီး စစ်အုပ်စုကိုတော်လှန်လာတာ ဒီအဆင့်ရောက်
မှပဲ မစ္စတာ ဘန်ကီမိုးက စစ်အုပ်စုကို ဆက်လုပ်ရောင်းရင်းရေ မှန်မှန်ကန်ကန် လုပ်လို ပြောတာ ကုလ
သမဂ္ဂ တာဝန်တဲ့ လား -- သူခိုးတိုင်းက ခိုးတယ်ဆိုတာ လက်ပူးလက်ကြတ် မိတာတောင်ဝန်မခံပါဘူး
မှားတယ်လို့ တစ်ခါဝန်မခံဖူးတဲ့ စစ်အုပ်စု ကမှန်မှန်ကန်ကန် ဘာကိုလုပ်မှာတဲ့ တုံး

အထွေထွေအတွင်းရေးမှုးကြီးရေ --ဗိုလ်ကြီးလာမှပဲ ကျမတို့ ရွာလေးပြာကျတော့တယ် --လို့ 
ပြောရလောက်အောင် -- ပါပဲ

ဗိုလ်ချုပ်အောင်ဆန်း၏စကားများ

Monday, July 13, 2009


ဗိုလ်ချုပ်အောင်ဆန်း၏ စကားများ

“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ်
ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့
အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။
ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ
ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့
အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က
ဝတ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့
အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား
နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ
ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား
အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း
မှန်တယ်၊ မှားတယ် သိနိုင်မယ်။”

“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့
ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့
စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊
အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့
တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး
နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး
ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး
အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ
နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။
စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ
မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို
ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ
မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။
နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ
အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို
ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့
အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။
မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့
အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။
ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊
အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊
ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့
ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ
ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို
ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊
လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။
ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ်
လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့
စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊
ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။
တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊
အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့်
စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့်
တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။
စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန်
ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ
ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ
နောက်ဆုံးမှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ်
စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ
အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ
တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊
မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ
မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ
ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့
နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ
ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို
ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ
ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။
အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့
ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊
မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို
ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို
သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို
ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို
တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့
ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင်
ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့
ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ
အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ
ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့
ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း
ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့
ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို
တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ
မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ
နောက်ဆုံးစကားပဲ။”

စုထုတာ လေးမွေးနေ့ ဒါနအလှူ သာဓုခေါ်ဆိုနိုင်ကြရန်


သမီးငယ် စုထိတာ မနှစ်ကတက်ခဲ့ တဲ့  စော မူကြို မှာ သူမ လှူတမ်းနေပုံလေး

မိတ်ဆွေများကို ဒါန နဲ့ အတူ သမီးလေး အတွက် ချီးမြှောက် မှုလေး

ကျမရဲ့သမီးငယ်လေး မွေးနေ့ ပါ - ကြွရောက်ကြဖို့ ဖိတ်ကြားပါတယ်

Saturday, July 11, 2009




သမီးငယ်စုယဉ်မွန်ထွေးရဲ့ (၄) နှစ်ပြည့်မွေးနေ့  (၁၃-၇-၂၀၀၉)

ကျမသမီးကြီးရဲ့မွေးနေ့ ပါ -


11-7-2009 စနေနေ့  မွေးနေ့  မွေးရက် တစ်ထပ်တည်းကျတဲ့  သမီးကြီး ထက်ရည်မွန်အိ
ချမ်းမြေ့ပါစေ ပရ နဲ့ ယှဉ်တဲ့  ကောင်းကျိုးတွေ နဲ့  ပြည့်စုံပါစေ --

ကောင်းမှုကိုကိုး
ကောင်အောင်ကြိုး၍
ကောင်းကျိုးကိုယ်၌တည်စေမင်း

ကျမရင်သွေးလေးတွေဖြစ်တဲ့  ရည်မွန် နဲ့ ယဉ်မွန် ရဲ့မွေးလ ဂျူလိုင်

Thursday, July 9, 2009


သမီးကြီး ရည်မွန်ထိပ်ထား (၄)နှစ်သမီး နှဲ့ ကျမတို့ ခေါင်းဆောင်



ဂျူလိုင်မှာမွေးတဲ့ July Sister နှစ်ယောက် ပါ


စိမ့်စမ်းရေအေးသမီးလေးတွေ

စိမ့်စမ်းရေအေးသမီးလေး တွေ ကို ကျမ ဇူလိုင် လထဲမှာပဲ မွေးဖွါးခဲ့ပါတယ် သန်ဘက်ခါ
ဆိုကျမရဲ့ ချစ်သမီးကြီးထက်ရည်မွန်အိရဲ့မွေးနေ့ ပေါ့ -နောက်ထက် သန်ဖက်ခါဖြစ်တဲ့ 
၁၃-၇-၂၀၀၉ ရောက်ပြန်တော့ ချစ်သမီးငယ်လေးရဲ့မွေးနေ့ ရောက်ပြန်ရော နှစ်ယောက်
လုံးတစ်နေရာတည်းအတူရှိနေရင်ဖြင့်သူတို့ လေးတွေရဲ့မွေးနေ့ အလှူကိုတစ်ရက်တည်း
ကျမ ကုသိုလ်ပြုလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ သူတို့ ညီအမတွေအတူမရှိနိုင်ရှာကြ
ဘူးလေ----

၁၁-၇-၂၀၀၉ မှာ ကျရောက်မဲ့မွေးနေ့ ရှင်ကျမရဲ့သမီးကြီး အကြောင်းလေးစဉ်းစားတိုင်း
ကျမ ဂရုဏာပိုမိပါတယ် ။ မိဘတိုင်းကသားသမီးကိုချစ်တာဂရုဏာပိုတာချင်းအတူတူ
ကျမ သမီးကြီးရဲ့ ဘ၀ ကတော့ကျမတင်မက ကျမကိုချစ်တဲ့ရဲဘော်များကသိတ်သနား
ကြပါတယ်။သူများအမေနဲ့မတူတဲ့အမေ့ဗိုက်ထဲကိုသူဝင်လာတာကိုက ထောင်ဝင်စာ
တွေ့ ဖို့ အမိမဲ့(ဝေး)သမီးလေးဖြစ်ဖို့ မိခင်ရဲ့ ဂရက်တွေကြောင့်ကလေးဘ၀လေးနဲ့ အ
ချုပ်အနှောင်အထိမ်းသိမ်းခံရဖို့ များသိသိနဲ့  ဒီအမေကိုပါရမီဖြည့်ဖို့  အံတင်းပြီးဝင်လာ
ရော့သလား ကျမတွေးမိပါတယ် ။
ကျမ တို့ ပါတီမှာညီလာခံ လုပ်မယ်လို့ ကြေညာတဲ့ည ကကျမကို အင်းစိန်ရဲစခန်း က
ရဲကားနဲ့ထောက်လှန်းရေးတစ်ချို့ လာခေါ်ပါတယ် ။ကျမသမီးက ကျမ ဆီမှာမရှိဘူး
မွေးပြီကတည်းက ကျမအဒေါ်တော်သူကပဲ ခေါ်ထားပြီး ရွာရိုးကိုးပေါက်လျောက်သွား
ပြီး လူငယ်တွေကိုလှည့်စည်းရုံးနေတဲ့ကျမနဲ့ သူ့ မြေး ကိုစိတ်မချလို့ တဲ့လေ--

ဒါပေမဲ့ကျမ အချုပ်ကားပေါ်အတက်မှာပြီးခဲ့တဲ့ ဧပြီ လကအဖမ်းခံတဲ့ထဲပါတဲ့ ကျမညီမ
အငယ်ဆုံးရဲ့ ဂုတ်ပိုးပေါ်မှာကျမသမီးလေး က မေကြီး ကိုဖမ်းသွားပြန်ပြီလားလို့ မေး
တယ် ကျမ ညီမအငယ်ကတော့ ထုံးစံအတိုင်းအသံပြဲကြီးနဲ့ မကြီးဆိုပြီး အော်ငိုနေရှာ
တယ်ညီမလုပ်သူက ကလေးအိပ်ချိန်မို့ ပြန်လာအပို့ ကျမကို အချုပ်ကားပေါ်မှာသူတို့ 
တွေရုတ်တရက်တွေ့ လိုက်ရတာပါပဲ ။ကျမသတိထားမိတာ သမီးကြီးက ခပ်မာမာပဲ
အဲဒီ့တုန်းက မသိတက်သေးလို့ မာတာ ထင်ခဲ့တာ ဒါပေမဲ့  သူ့ အမေ ကျမအချုပ်က
လွှတ်ပြီး နောက်လပိုင်းအကြာမှာ ထောင် နှစ်ကြီးကျပြန်တော့လည်း ထောင်ဝင်စာခန်း
မှာကျမသမီးကြီး ငိုပြီးပြန်သွားတဲ့ရက် တစ်ခါမှ မကြုံဖူးမတွေ့ ဖူးခဲ့ပါဘူးဒါပေမဲ့ အမေ
ဖြစ်တဲ့ကျမ ကတော့ အမိန့် ချမဲ့  ရက် ရဲ့ ညကမက်တဲ့ အိပ်မက်မှာ ကျမသမီးကြီးကို
ကျမ ထမင်းခွံနေရင်း နေ့ ခင်းကြောင်တောင် ကိုလောကကြီးကအမှောင်ကျသွားပါ
ရောတဲ့ ကျမ က သမီးကော သမီး ဆိုလိုက်စမ်းတော့ ကလေးကဘယ်ဆီရောက်သွား
မှန်မသိပဲ ကျမ နဲ့ ကျမသမီးကြီး အိပ်မက်ထဲမှာ ကွဲသွားကြတာ -- မိုးလည်းလင် ၇ုံး
ထုတ်တော့ကျမထောင်(၇) နှစ် ပေါ့ အိပ်မက်ထဲမှာ နေကြတ် ပြီး မှောင်သွားသလို
ကျမသမီးကြီး ဘ၀ဟာလည်း အမိမဲ့သားရေနည်းငါး လို သူ့ အသိစိတ်နဲ့ 
သူကြီးပြင်းလာရပါတော့တယ် ။

မိခင်ကိုထောင်ဝင်စာမပျက်တန်းလာတွေ့ တိုင်းသူ့ အမူအယာသူ့ အသံသူစကားတွေ
က ကျမကိုပဲဆရာလုပ်တယ်မေမေလိမ်လိမ်မာမာနေနော်ထောင်ထဲမှာရန်မဖြစ် နဲ့ 
ဟို စစ်သားမိန်းမ ၀၀ကြီး တွေနဲ့လည်းမဖြစ်နဲ့ ဒီစစ်သားကြီးတွေ နဲ့လည်းရန်မဖြစ်နဲ့ 
တဲ့ ကျမ မှာရီ လိုက်ရတာသူပြောသလိုပဲ ကျမ က ဒေါသကြီးကြီးမဟုတ်လား ။ ကျမ
အမြဲအမှတ်ရနေတာထောင်ဝင်စာလာတွေ့ လို့ သံပရာသီး မပါရင် ကျမ မည်တွန်
တောက်တီးနေကျကို သူမှတ်မိတဲ့နေ့ ကစ ကျမ အတွက် သူကိုယ်တိုင်သံပရာသီး
ဝယ်လာကြောင်း ထောင်ဝင်စာခန်းဝင်တာနဲ့ အော်ဟစ်ပြောလေ့ရှိတာပါပဲ -အမေ
ကို သူဂရုစိုက်တယ်ဆိုတာငယ်ငယ်ထဲက ပြတက်တာလေးတွေပေါ့။

ကျမလည်းထောင်ကလွှတ်သူလည်းကြီးလာရော သမီးနဲ့ အမေ ဆက်ဆံရေးဟာ
ငယ်ငယ်ကဆရာလုပ်တာအကြောတင်းတာ သဘောတော်ကျနေတဲ့ကျမ သူ့ ပြော
ပေါက်တွေ ကို မကြိုက်ချင်တော့ပါဘူး ။သူသိသူတက် ပြောပုံက အမေရဲ့ နိုင်ငံရေး
နဲ့ အတွေးအခေါ်တွေကိုကအစသူဝင်ရောက်စွပ်ဖတ်လာပါတယ် ။ ကျမငယ်ငယ်
တုန်းက လက်ဝဲ ကိုအားကျပြီး လီနင် တို့ ဥက္ကဌမော် တို့  စကားတွေလျောက်ပြော
သလို သူကလည်း စာနဲ့ ပေနဲ့ ကျမ ကို ချတော့တာပါပဲ ။ ကျမ စိတ်တိုလွန်းရင် ထ
ထုပစ်ပါတယ် ။ အနာခံပြီး သူ့ အမြင် သူ့ အယူအဆဒါ-ဒါ ဆိုပြီးကျမကိုဘယ်တော့
မှသူ အလျော့ပေးလေ့မရှိတော့ ပါဘူး။

ကျမ သူကိုဆူပူသောင်းကျမ်းပြီးတဲ့ညတွေမှာလည်းကွန်ပျူတာထိုင်ချိန်များလို့ အပေါ်
ထပ်တက်မအိပ်နိုင်တဲ့ ကျမကို အိပ်နေတဲ့မို့ ယာကြီးနဲ့ အတူအမေရောမို့ ယာပါ မနိုင်
တနိုင်မပြီး ထောင်ပြီးသားခြင်ထောင်အုပ်ဆောင်းနဲ့ သူအုပ်ပေးလေ့ ရှိပါတယ်ကျမ
မသိဟန်ပဲနေခဲ့ပြီး အမေဆိုတဲ့ မာန နဲ့သူ့ ကိုသိတ်အလျော့မပေးခဲ့ပါဘူး။

သူ့ဖာသာကိုယ်ပိုင်တွေးပြီးရေးနေတာနဲ့ ကျမ အယူအဆ လွှဲတာများလာတော့ ကျမ
စိတ်ကိုကျမ သတိပြန်ချပ်ပြီး သူ့ ကိုလွတ်လွတ်လပ်လပ်တွေးရေး ပါလို့ ခွင့်ပြုလိုက်
ပါတယ် ။ အဲဒီက စ သူ ဘာလုပ်ရမယ် ဆိုတာ သူ့ ဖာသာဆုံးဖြတ်ရင်းနဲ့ ကပဲ ရက်တစ်
ရက် မှာ ကျမ သမီးကြီးကို သူတို့ ဖမ်းသွားပြီ တဲ့ ကျမ ချက်ချင်း ရင်ထဲ စူးသွားပါတယ်
နောက်ကျမ စိတ်ကိုကျမသတိထားလိုက်တဲ့အခါ ငါ့ရဲဘော်တွေ ငါ့ ခေါင်းဆောင်တွေ
ငါတို့ ကိုလေးစားပြီးငါတို့ လျောက်တဲ့လမ်းအတိုင်းနောက်ကလိုက်ခဲ့သူတွေ ထောင်ထဲ
မှာတစ်ပုံကြီးပဲ သူတို့  မိဘတွေကောဘယ်လိုခံစားရမလဲ တွေးပြီး ကိုယ့်သွေးသားဆို
တာပို လို့  ပေးဆပ်သင့်တာပေါ့ ဆိုတဲ့ ခံယူချက်နဲ့  သမီးကြီးဟာ သမီးဆိုတာထက် ရဲ
ဘော်သမီး အမေ့သမီးရဲဘော်လို့ တွေးပြီး ၁၅နှစ်မှာထောင်ထဲဝင်ဖူးတဲ့ကျမ နဲ့ ထပ်တူ
ကျမသမီးဟာလည်းပျိုမြစ်နုနယ်တဲ့ဒီလိုအရွယ်မှာပဲအဖမ်းခံလိုက်ရတာ -ကို တကယ်
ကိုပြန်တွေးတိုင်း ကြေကွဲကြေနပ် မှုများစွာနဲ့ ရယ်ပါ ။ သူတို့ ပြန်လွှတ်လိုက်ပြီ ဆိုပြန်
တဲ့အခါမှာလည်း ပိုမိုပြီးဝမ်းသာမိတာအလျဉ်းမရှိ သမီးအမေ့ရည်ရွယ်ချက်အတွက်
ပါရမီဖြည့်တက်ခဲ့တာကိုပဲ ၀မ်းသာဂုဏ်ယူရင်းဒီမိသားစုတွေပြန်ဆုံမဲ့ ဘ၀တနေ့ --
မြန်မာပြည်မှာသာရချင် မိပါတယ်။

ခုနေခါဖွင့်ပြောလို့ မရနိုင်သေးတဲ့ တချိန်ကြတော့သိမှာပါဆိုတဲ့  မေမေတို့ ရဲဘော်
တစ်ဦး သမီး နဲ့ မေမေ အတွက် စပ်ပေးခဲ့တဲ့ သီချင်းလေးဟာ ခု --သမီးနဲ့ မေမေ
အတွက် ထက် အချိန်မကျသေးလို့ မသိသေးသူတွေ --အတွက် ဖြစ်နေပြီသမီးရေ --
ပါရမီဖြည့်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ သမီးကြီးကို ဟော့ဒီ့ဝေးရပ်ကနေ
မေမေ ဆုတောင်းပေးလိုက်တယ် -သူတော်ကောင်းတွေ နဲ့သာပေါင်းဖေါ်ယှဉ်တွဲ
မှီဝဲနိုင်ပါစေ --

သမီးငယ်လေး စုယဉ်မွန်ထွေး အကြောင်းတော့ များများ မပြောသေးပါဘူး ငယ်လွန်း
ပေမဲ့  ဒို့ တာဝန်အရေးသုံးပါးကြားရင် မေမေ ချီးထုတ်တွေကြေညာနေတယ်နော်
ဆိုပြီး TV ပြေးပိတ် တာကစ သူလည်း အမေ့ဗီဇပြလာပါပြီ သမီးကြီး ထက်တော့ ပို
ဆိုးမဲ့ပုံပါပဲ သမီးကြီးက ငယ်ငယ်ကဆိုကြွေးတာစား ထားရာနေပါတယ် အငယ်လေး
ကတော့ မကြိုက်ရင် ပစ်လိုက်တဲ့အကျင့်နဲ့ တဇွတ်ထိုးလေးပါပဲ ။ သမီးတွေ ဘယ်လို
ဘယ်လောက်ပဲ ဆိုးပါစေ --အာဏာ၇ှင် အကျင့်ဆိုးတွေ မပါရင် ကျမ သူတို့ ကိုမွေး
ရကျိုးနပ်ပါတယ် ။

ဂျူလိုင်ညီအမအတွက်
မေမေ

၄၇ နှစ်ပြည့် ဆဲပင်းဂျူလိုင် အောက်မေ့ပွဲ အခမ်းအနား

Monday, July 6, 2009

ဒီအခမ်းအနား ကို စော ပညာသင်ကျောင်းက ဦးဆောင်ကျင်းပခဲ့ပြီးခေတ်အဆက်ဆက်
ကကျောင်းသားခေါင်းဆောင်တွေတက်ရောက်ကြပါတယ်။ ဇူလိုင် ၈ရက် မနက်မှာ ဒိုင်း
နမိုင်း နဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦး အဖြိုခံလိုက်ရသောလည်းယနေ့ထိ သမဂ္ဂ
စိတ်ဓါတ်တွေနဲ့  ကျောင်းသားတော်လှန်ရေးကအစ နိုင်ငံရေးတော်လှန်ရေးသမားဘဝ
ရောက်ခဲ့ကြပြီးကျောင်းသားစိတ်ဓါတ်တွေ ရှင်သန်နေဆဲ စဉ်ဆက်မပြတ် ဗမာနိုင်ငံလုံး
ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်ဆိုတာ ရှိနေဆဲ ကို မျိုးဆက်သစ် အခြေခံပညာ
သင်ကျောင်းသားလေးတွေကိုအဓိကရှင်းပြ ဟောပြောပြခဲ့တဲ့ ပွဲဖြစ်ပါတယ် ။

ကိုဂါမဏိဖြစ်ပါတယ် ၇၄ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်ပြီး ၆၂ ခုနှစ်
နေ၀င်းအာဏာမသိမ်းမှီ ၁၉၅၈ ထဲကအာဏာသိမ်းရန်ကြိုးစားမှုကိုကျောင်းသားထု
က ဘယ်လို ရဲရဲတောက်တော်လှန်ခဲ့တယ် ဆိုတာကစ ယနေ့ အခြေအနေထိ
တော်လှန်ရေးရဲ့တပ်ဦးက ကျောင်းသားတွေရဲ့ အသက်သွေးပေးဆပ်ခဲ့ရပုံကို ရှင်း
ပြနေတာဖြစ်ပါတယ် .


ဦးစိုးနေလင်းဖြစ်ပါတယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး
ခေတ်ပြိုင်ဂျာနယ်မှအယ်ဒီတာလုပ်ဖူးသူပါ အနုပညာရှင်တစ်ယောက်
မို့ ထင်တယ် သူ လာရောက်စကားပြော တဲ့အခါ ကျောင်းသားလူ
ငယ်တွေ ကိုပြောရမှာမို့ သူ ဒီ ၆၂ -ဆဲပင်းဂျူလိုင်နဲ့ပတ်သတ်ပြီး
ပြောတာပါလို့  ဆိုပါတယ် သူရဲ့ 7 -July အမှတ်တရကဗျာလေး
ကိုလည်းရွတ်ဆိုသွားပါတယ်

ကိုတင်အေး ဖြစ်ပါတယ် သူဟာ ၁၉၈၈ သြဂုတ် ၂၈ မှာဖွဲ့စည်းခဲ့တဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂရဲ့
အမှုဆောင် တစ်ယောက်ဖြစ်ပါတယ် ကျောင်းသားလူငယ်တွေမေးတဲ့
ကျောင်းသားသမဂ္ဂ ဘယ်လိုစပေါ်ပေါက်လာသလဲဆိုတာ နဲ့ ကျောင်း
သားသမဂ္ဂ ဘယ်နှစ်ခုနှစ်မှာစတည်ထောင်တဲ့ဆိုတာ ကို ၁၉၃၀က
စတဲ့  ရ -က -သ မှ ယနေ့  ကျော်ကိုကို တို့  ဦးဆောင်နေတဲ့ 
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်အထိ သမိုင်း
ကို ရှင်းပြသွားခဲ့ပါတယ် ။


အောင်ပွဲဆက်ဆက်ခံဦးမည် ဆိုတဲ့  ဗ က သ သီချင်းကို သီဆိုနေတဲ့  ကျောင်းသား
ကျောင်းသူတွေဖြစ်ပါတယ် .ဒီနေ့  7 july အခမ်းအနားရဲ့ထူးခြားချက်ကတော့ အ
ထက်တန်းနဲ့ အလယ်တန်းပညာ ကိုသင်ယူနေတဲ့ ကျောင်းသားကျောင်းသူတွေ က ဒီ
နေ့ ဖြစ်ပေါ်လာရမှုနဲ့ပတ်သတ်ပြီးလည်းကောင်း ကျောင်းသားသမဂ္ဂ နဲ့ပတ်သတ်လိုသူ
တို့ လေးတွေသိချင်သမျှအပြင် ဒီလောက်အဖွဲ့ တွေများပြီး ဘာလို့ စစ်အစိုးရကို မနိုင်
နိုင်သေးတာလဲ ဆိုတဲ့ကလေးငယ်တစ်ယောက်ရဲ့မေးခွန်းဟာအခမ်းအနားကို ပိုပြီး မြိုင်
သွားစေခဲ့ပါတယ် ၇၆ မှိုင်းရာပြည့်ကျောင်းသားဟောင်း ကိုငွေလင်း မှ လိမ္မာပါးနပ်စွာ
ဖြေကြားခဲ့သော်လည်း ဒေါက်တာလွဏ်းဆွေမှ အမှတ်အတိုင်းကွက်ကွက်ကွင်းကွင်းကြီး
ကိုဖြေပြလိုက်ပါတယ် ။ အဲဒါကတော့ လက်ရှိ တော်လှန်ရေးအစစ်အမှန်လုပ်နေသူတိုင်း
ခံစားနားလည်ထားတဲ့ ပရယ်ပိုဇယ်စက်ကွင်းအောက် ကနေလွှတ်ကင်းအောင် ကိုယ့်
ဖာသာကိုယ်ရပ်တည်ပြီးတော်လှန်ရေးလုပ်နိုင်ကာမှ အောင်မြင်မှုရနိုင်တော့မယ် ဆိုတဲ့
အယူအဆပါပဲ ။သူပြောတဲ့စကားလုံးတိုင်း ဟာ လက်ရှိဖြစ်တေဲ့ဖြစ်စဉ်ကိုအမှန်အတိုင်း
ပြောသွားတာပါ နိုင်ငံခြားရောက်နေတဲ့တော်လှန်ရေးသမားများရဲ့ ကူညီမှု ရဖို့ ဆိုတာ
ကလွဲရင်ပါ ။ကျမတို့ ဒါကို မျော်မှန်းလို့ ကိုမရတော့တဲ့ကိစ္စ ပါ တိုက်ဖိုးကားဖိုးတွေ
ကြေဖို့  နှစ် ၃၀ စောင့်ရပါလိမ့်မယ် - တော်လှန်ရေးကိုသူတောင်းစားပေးသလို အ
ကြွေတွေပဲစွန့် ကြဲနေလို့ ကတော့ NGO တွေ ဆက်ပြီးခေါင်းထောင်နေဦးမှာပါပဲ ။
ခြွင်းချက် တစ်ချို့ ဆို မှာ တစ်ရာနှုန်းလောက်သာ တော်လှန်ရေးအတွက် စဉ်းစား
ကြတာပါ ။ဒီတော့ ကျမ တို့  ကိုယ့်အားကိုယ်ကိုးဖို့ သိတ်ကို တကယ်ကိုအဟုတ်
ကိုလိုအပ်နေပါပြီ ။ ဆဲဗင်းဂျူလိုင်မှ ကျဆုံးသွားတဲ့ သူရဲကောင်းကြီးတွေ ကတော့
နှစ် ၄၇ မြောက်မှာ ဒီကလေးငယ်ရဲ့မေးခွန်းကိုကြားနိုင်ရင်ဖြင့် ----------

(ငါတို့ *******ကျောင်းသားပေါင်းစည်းလို့ ညီရမည်*****အမျိုးသားရေးဆို ကြိုဆိုလို့ ညီ
ဒီမိုကရေစီပညာရေးအတွက်ရည် တို့ သား တို့ သွေးစတေးလှုမည် *****ဟေး-ညီညီညာညာ
လွတ်လပ်ရေးထိမ်းသိမ်းမည် ** ဖက်စစ်ဝါဒီတိုက်ဖျက်မည် **
ဟေး--အောင်ပြီအောင်ပြီ **** ငြိမ်းချမ်းရေးထိမ်းသိမ်းမည် *** နယ်ချဲ့ ရန်ကိုတွန်းဖြိုမည်
ကျောင်းသားအသိနဲ့ကျောင်းသားအခွင့်တင်ပြမည် သွေးစည်းလို့ ပင်ရာဇ၀င်ခန်းဆက်ရှည်
ဗ က သ များအဖွဲ့ ချုပ်ဦးဆောင် အောင်ပွဲဆက်ဆက်ခံဖူးသည် )
ဟေး*******ညီညီညာညာ ငြိမ်းချမ်းရေးထိမ်းသိမ်းမည်ဖက်စစ်ဝါဒီတိုက်ဖျက်မည်
ဟေး*****အောင်ပြီအောင်ပြီ လွတ်လပ်ရေးထိမ်းသိမ်းမည် ****နယ်ချဲ့ရန်ကိုတွန်းဖြိုမည်
အမျိးသားအသိနဲ့ အမျိုးသားအခွင့်တင်ပြမည် ဗ က သ များအဖွဲ့ ချုပ်ဦးဆောင် အောင်ပွဲဆက်ဆက်ခံဦးမည်

7 JULY ရဲ့ သွေးမျက်ရည်သမိုင်း

စ-ဆုံးအချိန်ပေးပြီးဖတ်လိုက်ပါ သင့်သွေးတွေ ဆူပွက်လာလိမ့်မယ် ငါတို့ တော်လှန်ခဲ့တာ ဒီအကြွေးတွေပါတယ် နှလုံးသားရှိတဲ့သူဘယ်သူမှ မျက်ရည်မကျပဲမနေနိုင်တဲ့ ၆၂ ရဲ့ လူကိုခွေး
သတ်လေခြင်း ဆိုတဲ့ ဦးပုည ရဲ့စာချိုး လို လူဆန်တဲ့နှလုံးသား နဲ့  ကျောင်းတော်သားတွေ ကို လူမဆန်တဲ့ စစ်ခွေးတွေ
ရက်စက်ခဲ့ပုံသမိုင်းအစုံကို မျိုးဆက်သစ် မောင်တွေညီမတွေ ရေ သိသိ မသိသိ ထပ်ဖတ်ကြည့်ပါ ကြေကွဲစရာ သူရဲကောင်း
တွေရဲ့ ဘ၀ကို အတုယူရရင်ဖြင့် စဉ်ဆက်မပျက် ကျောင်းသားမျိုးဆက် ဟာ မဟုတ်ရင် မခံတက်ကြပေဘူး ။

မေအိခင်(လယ်ဝေး)












မျှဝေစဉ်းစား အဖြေထုတ်သူများ…

Saturday, July 4, 2009

မျှဝေစဉ်းစား အဖြေထုတ်သူများ…


ယနေ့ ၂၀၀၉ခုနှစ် ဇူလိုင်လ ၃ရက်နေ့မှာ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကိုရောက်ရှိနေပြီ (နအဖ)စစ်အုပ်စုခေါင်းဆောင် ဗိုလ်သန်းရွှေနဲ့ တွေ့ဆုံမယ်၊ အဖွဲချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲဝင် (၄)ဦးဖြစ်တဲ့ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးညွှန့်ဝေနဲ့ ဦးလှဖေတို့ကို တွေ့ဆုံမှာဖြစ်တယ်၊ နှစ်ရက်တာ ခရီးစဉ်မှာ မြန်မာပြည်သူများ မျှော်လင့် တောင်းတချက်တွေ ဖြည့်ဆီးနိုင်ဖို့ မဖြစ်နိုင်ပါဘူး၊ ကိုယ့် မြန်မာနိုင်ငံ အရေးက နိုင်ငံသား အားလုံးရဲ့ (အများစု) အရည်အချင်းနဲ့ ထိုက်တန်မှုပေါ် မူတည်နေပါတယ်၊ အတတ်နိုင်ဆုံး နိုင်ငံတစ်ကာ မိသားစုဝင်တွေ ကူညီပါဝင် ပေးနေကြပေမယ့် ကိုယ့်မြန်မာနိုင်ငံ အရေး ကိုယ်တိုင် ပါဝင် မလုပ်ဆောင်သ၍ မိဘပြည်သူအများစု တောင်းတလိုလားနေတဲ့ အနာဂတ် ဘ၀ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။

ဒီတော့ လူအချို့က ပြောလာတယ် - မေးလာကြတယ်၊ ကြပ်တည်းနေတဲ့ ဒီလိုအချိန်မှာ ကိုယ့်တာဝန်- မိသားစု တာဝန်တောင် ယူနိုင်ဖို့ အနိုင်နိုင်လုပ်နေရတာ ဘယ်ကလာပြီး ပတ်ဝန်းကျင်အကြောင်း၊ အများစု အတွက် စဉ်းစားနိုင်မယ့် အနေအထား ဘယ်ရှိနိုင်မလဲ၊ ဘယ်လိုလုပ် တိုင်းပြည် ကိစ္စ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ အရမ်းဝေနေကြပြီ၊ အဖမ်းခံ အနှိပ်စက်ခံရမှာ အလွန်ကြောက်နေကြတော့ တိုက်ပွဲဝင်ရဲတဲ့ ခေါင်းဆောင်နဲ နိုင်ငံတစ်ကာကိုဘဲ အားကိုးမှု ဖြစ်နေမှာဘဲ၊ ဒီထဲကနေထွက်ပြီး တွေးဖို့-လုပ်ဖို့ ဆိုတာသိပ်လွယ်မှာ မဟုတ်သလို၊ ဘယ်လိုလုပ်ရမှန်းလဲ မသိပါဘူး၊ ဦးဆောင်နိုင်သူတွေ လုပ်ပေးကြပါ ထိုင်စောင့်နေရင် ဒီမိုကရေစီ မရနိုင်သလို ထပြီးဝင်ရောက် ပါဝင် လုပ်ဆောင် လိုက်ရင်လဲ ကိုယ့်မိသားစု ပိုဒုက္ခဖြစ်သွားလိမ့်မယ် ဆိုတာလဲ တွေ့နေရတော့ ဘယ်လို လုပ်ရမလဲ။


အားလုံးကို တင်ပြချင်တာကတော့ ရောထွေးပြီး ခေါင်းရှုပ်သွားအောင် မတွေးသင့်ပါဘူး၊ တစ်ခုဆီကို ခွဲခြားစိတ်ဖြာ သုံးသပ် အဖြေထုတ် နိုင်ဖို့ ကြိုးပမ်းသင့်ပါတယ်၊ လက်ရှိ လူထုကြုံတွေနေရတာက သာမာန် စစ်အာဏာရှင် မဟုတ်ဘူး၊ တိုင်းရင်းသား မိဘပြည်သူတွေက (နအဖ)စစ်အုပ်စုကို ဘယ်လိုမှပြန်ပြီး မတွန်းလှန် မဆန့်ကျင်ရဲအောင် ဘာတွေလုပ်ထားရမလဲ၊ (နအဖ)စစ်အုပ်စုလုပ်ပေးထားတာကို ကျေးဇူးပါဘဲလို ပြောနေအောင် ကြောက်နေအောင် မတွေးနိုင်အောင် ဘယ်လိုလုပ်ရမလဲလို့ အချိန်ပြည့်တွေးပြီး ဖိနှိပ်နေတဲ့ စွမ်းဆောင်နေတဲ့ စစ်အာဏာရှင် ဗိုလ်သန်းရွှေဆိုတာကို ပြည်သူလူထုတစ်ရပ်လုံး အသိဖြစ်နေပါပြီ။

ခေတ္တနားပြီး အချိန်နည်းနည်းပေး မေးခွန်းထုတ်သင့်တယ်၊ လက်ရှိအခြေအနေအတိုင်း (ငါ) စာဖတ်သူ ဆက်ပြီးတော့ လုပ်ကိုင် နေထိုင် ရပ်တည်သွားမယ်၊ ကြိုးစား သွားမယ် ဆိုရင် အနာဂတ်မှာ အာမခံချက် ပြည်ဝတဲ့ လူသားတစ်ဦးရဲ့ပျော်ရွှင်ငြိမ်းချမ်း တိုးတက်သာယာတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်မလား၊ ပိုင်ဆိုင်နိုင်ဖို့ရာခိုင်နူန်းများလား၊ စာဖတ်သူရဲ့သားစဉ်မြေးဆက်ဘ၀တွေမှာ ယနေ့ကြုံတွေ့နေရတဲ့ အဖြစ်အပျက်ဆိုးတွေ ဆက်လက်မရှိဖို့၊ နည်းပါးသွားဖို့ ဘယ်လောက်အာမခံချက်ရှိလဲ၊ ဖြစ်သလို ကြုံသလို နေသွားကြဖို့ (ငါ)တို့တွေ လောကကို ရောက်လာတာလား။

မဟုတ်ပါဘူး ကြိုးစားမှု-ကြိုးပမ်းမှု မြန်မာနိုင်ငံသားတိုင်းလုပ်နေကြပေမယ့် နည်းလမ်းအမှန်ကိုရှာဖွေဖို့ အချိန်မပေးဘူး၊ ဖြတ်လမ်းနဲ့ ရုတ်တရက် ဖြေရှင်းနိုင်ဖို့၊ အချိန်တို ခံစားဖို့၊ ခဏတာ ပျော်ရွှင်မှုအတွက် ဦးစားပေး လှုပ်ရှားလုပ်ကိုင် ရပ်တည်နေရတာကို ၀မ်းနည်းစွာ တွေမြင် နေရတယ်။ နိုင်ငံခြား ထွက်ရင်ဘဲ ဒုက္ခတွေက လွှတ်မြောက်မယ် အောင်မြင်ကြီးပွား ချမ်းသာမယ် ဘ၀ တသက်တာ အတွက် ဖူလှုံနိုင်မယ့် ငွေအရင်းအနှီး ရရှိနိုင်မယ်လို့ စိတ်ကူးအမျိုးမျိုး ယဉ်နေကြပြီး၊ လက်တွေ့ကျကျ တွေးခေါ်ပြီး လူဘ၀နဲ နိုင်ငံသားတစ်ဦးရဲ့ တာဝန်ကိုယူဖို့ မေ့နေကြတယ်၊ မသိချင်ယောင်ဆောင်နေကြတာကို စိတ်မကောင်းခြင်းများစွာနဲ မြင်တွေ့ နေရပါတယ်။

ပြေလည်ချင်ရင်တော့ ပြေလည်နိုင်မယ့် နည်းလမ်း ရှာဖွေကြိုးပမ်းရသလို၊ အဖြေလိုချင်ရင်တော့ ကြိုးစားကြရမယ်၊ ဘယ်နေရာ ဘယ်အခြေအနေမှာဘဲဖြစ်ဖြစ် လူဘ၀ဆိုတာ သူများထုက်ထားတဲ့ ထွက်ပြီးသား အဖြေတွေကို ထိုင်ကူးချလို့ရတဲ့ အမျိုးမဟုတ်ပါဘူး၊ တစ်ဦးချင်းဆီရဲ့ဘ၀အဖြေကို တစ်ဦးချင်းဆီက ထုတ်နေရသလို၊ အများပြည်သူလူထုရဲ့ အဖြေကိုလဲ အားလုံးပူးပေါင်း ထုတ်ယူ ကြရမယ်ဆိုတာ သိဖို့နဲ အဖြေထုတ်ကြဖို့ အချိန်လွန်နေပြီလို့ တင်ပြချင်တယ်။

ယနေ့မှစာဖတ်သူတို့ မနှိုးထသေးဘူးဆိုရင် မြန်မာနိုင်ငံအနာဂတ်ဟာ အလွန်ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ဆိုးတွေနဲ ကြုံကြရအုံးမယ်၊ ဘာလိုလဲ… ပညာတတ်နည်းပါးလာပြီ၊ ထမင်းစားရဖို့ လူဘ၀ ဂုဏ်သိက္ခာနဲအခွင့်အရေးတွေကို ရောင်းစားနေကြပြီ၊ ဖောက်ပြန်ဖို့ မကြောက်ကြဘူး၊ အလွယ်ရမယ့် ဖြတ်လမ်းကိုအပြိုင်တိုးပြီး အကျင့်သိက္ခာနဲဝတ်တရား-တာဝန်တွေကို မေ့လျှော့ နေကြတယ်၊ ဒီလိုလူငယ် လူထုနဲမျိုးဆက် အနာဂတ်ဘာဖြစ်နိုင်လဲဆိုတာ ခလေး သွားမေးတောင် စဉ်းစားတတ်ရင် သိနေမှာပါ။

ဒါပေမယ့် နိုင်ငံသားတွေနဲ စာဖတ်သူကိုယ်တိုင် မိမိတာဝန် မိမိယူဖို့ တွန့်ဆုတ်နေမယ်ဆိုရင်…

ခိုင်မာရဲရင့်တဲ့စိတ်ဓါတ်-သတ္တိနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေနဲ အာဇာနည်အားလုံး အတွက် အလွန်ဝမ်းနည်း ရပါတယ်။

ဘလော့ကာ ဒီရေ ထံမှ မိမိ သဘောဆန္ဒနှင့် တိုက်ဆိုင်သဖြင့် လက်ဆင့်ကမ်းတင်ပြလိုက်ပါတယ်


မိုက်စံထိုက်