welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

စစ်အုပ်စု မိုက်ဇာတ်ခင်းနေပုံကတော့ ဗုဒ္ဓဘာသာတိုင်းပြည်မှာ လူသတ်လက်နက်ကြီး သယ်ဆောင်ဖို့  တဲ့ 

Tuesday, June 30, 2009

စစ်အုပ်စုကိုပြည်သူတွေအချိန်မှီ၇ှင်းလင်းနိုင်မှ တို့ တိုင်းပြည်စစ်တလင်းဘ၀က ကင်းမယ်


* ဂျပန်နိုင်ငံထုတ် THE DAILY YOMIURIသတင်းစာတွင် မြောက်ကိုရီးယားမှ တာဝေးပစ်ဒုံးပျံ ပြုလုပ်ရာတွင်ထဲ့သွင်းအသုံးပြုသော သံလိုက်တိုင်းကရိယာကို မြန်မာသို့တင်ပို့သူ Lee Kyoung Ho(41)နှစ်၊ Miaki Katsuki (75)နှစ်၊ Yasuhiko Muto(57)နှစ် တို့ကို ဂျပန်ရဲမှထိမ်းသိမ်းလိုက်ပါတယ်။
* ထိုတာဝေးပစ်ဒုံပျံတွင်အသုံးပြုရသော သံလိုက်တိုင်းကရိယာများကို မြောက်ကိုရီးယား Pyongyang's Worker' Party of Korea, Second Economic Committee မှ တိုက်ရိုက်ကိုင်တွယ်မှာယူကြောင်းသိရှိရပါသည်။
* ထိုတာဝေးပစ်ဒုံပျံတွင်အသုံးပြုရသော သံလိုက်တိုင်းကရိယာများကို မြန်မာစစ်အစိုးရမှ အသုံးပြုရန်ပြုလုပ်မှာကြားကြောင်း အတီအကျဖော်ပြပါရှိခဲ့ပါတယ်။ သတင်းအပြည့်အစုံကို အောက်ဖော်ပြပါ THE DAILY YOMIURI ဟုန်းပေ့စာမျက်နှာတွင် သွားရောက်ဖတ်ရှူ့နိုင်ပါတယ်။
* http://www.yomiuri.co.jp/dy/national/20090630TDY01304.htm



3 held over export bid of DPRK missile know-how to Myanmar

The Yomiuri Shimbun


YOKOHAMA--Kanagawa prefectural police arrested three people Monday over an attempt to illegally export to Myanmar a magnetic measuring device believed necessary for developing long-range ballistic missile systems on instructions from North Korea, the police said.

Arrested on suspicion of violating the Foreign Exchange and Foreign Trade Law were Lee Kyoung Ho, 41, of Itabashi Ward, Tokyo, president of trading firm Toko Boeki; Miaki Katsuki, 75, of Setagaya Ward, president of a manufacturing firm; and Yasuhiko Muto, 57, of Nerima Ward, president of an export agency.

The police initially thought the company was trying to export the device to North Korea itself via Myanmar, but they then found out the content of the order from a North Korea-aligned Hong Kong-based firm.

As the police now suspect the firm has exported other missile development-related equipment to Myanmar, they believe North Korea was attempting to promote the transfer of missile technologies, such as its Taepodong system, to Myanmar.

According to the police, the three conspired to export the magnetic measuring device to Myanmar via Malaysia around January 2009 at a price of about 7 million yen without seeking approval from the Economy, Trade and Industry Ministry.

Export of the device is restricted under the so-called Catch-all Control that prohibits exports of products that could be used for weapons of mass destruction.

Previously, around September 2008, the company had also tried to export the same instrument to Myanmar's Second Industry Ministry. Both attempts to export the device were aborted immediately before shipment when METI notified the company that it had failed to submit an export application.

According to investigation sources, the prefectural police have analyzed material they seized during a search of Toko Boeki in February this year.

The illegal export attempts to Myanmar were based on an order by the Beijing office of New East International Trading Ltd. based in Hong Kong around spring 2008. The firm is believed to be under the direct control of the Second Economic Committee of Pyongyang's Workers' Party of Korea. The committee is responsible for the party's military procurement.

The company's Pyongyang office has been included in a METI-announced blacklist of companies believed to have been involved in the development of weapons of mass destruction.

Diplomatic ties between Myanmar and North Korea were severed after a 1983 terrorist attack by North Korean agents in Yangon, but the two countries resumed ties in 2007. In 2004 a high-ranking U.S. government official revealed that North Korea had proposed the sale of missiles to Myanmar.
(Jun. 30, 2009)

* http://www.yomiuri.co.jp/dy/national/20090630TDY01304.htm
*

NLD(LA)JB Youth News & Information Channel
မေး(လ်)ပေးပို့ လာသူ NLD (JP) အားကျေးဇူးတင်ပါသည်။။

ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ (ဖတ်ဖြစ်အောင်ဖတ်ပါ )

Saturday, June 27, 2009

ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ ခင်ဗျား -

ယခုအခါ ဗုဒ္ဓဘာသာအများစု မှီတင်းနေထိုင်ရာ ပြည်ထောင်စုမြန်မာနိုင်ငံမှာ အာဏာရူး မိစ္ဆာစစ်ဘီလူးတို့သည် တိုင်းပြည်နဲ့လူမျိုး ဘာသာ သာသနာကို ဖျက်ဆီးနေကြသည်ကို အားလုံးသိနေ မြင်နေကြပြီးဖြစ်သည်။

ရှေ့ဆက်၍လည်း မြန်မာ့မြေပေါ်မှာ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာကို ချစ်ခင်မြတ်နိုး အလေးထား ကိုးကွယ်သူတို့ကို အမြစ်ပြတ်သုတ်သင်၍ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာ လုံးဝကွယ်ပျောက်အောင် အစီစဉ်ချ လုပ်ဆောင်နေကြပါသည်။

နအဖ ဗာလ လက်နက်အားကိုးဖြင့် မတရားလုယူထားသော အဓမ္မအာဏာအရသာကို နှစ်ပေါင်းများစွာ အဆပေါင်းများစွာ ယစ်မူး ရူးသွပ်နေကြသော မိစ္ဆာစစ်ဘီလူးတို့သည် အစီအစဉ်တကျ ကြံ့ဖွတ် စွမ်းအားရှင် မီးသတ် ရဲ လုံထိန်း စရဖ သတင်းပေး စစ်ခွေးများဖြင့် အဆင့်ဆင့် အကွက်ချကာ … တောင်ပေါ် မြေပြန့်မကျန် တိုင်းရင်းသားပြည်သူလူထုအားလုံးကို စည်းလုံးညီညွတ်အောင် ကြိုးပမ်းနိုင်စွမ်းရှိပြီး စစ်ကျွန်ဘ၀မှ တိုင်းပြည်လွတ် လပ်ရေးရအောင် ခေါင်းဆောင်နိုင်သော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံ၍ တိုင်းပြည်နဲ့ လူမျိုးကို စစ်ကျွန်အဖြစ်သွပ်သွင်းကာ ဘာသာသာသနာကို အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်ရန် လုပ်ဆောင်နေကြပါသည်။

ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ခင်ဗျား -

ယင်းကဲ့သို့ ဘုရားအဆုံးအမ တရားတော် (ဗုဒ္ဓသာသနာ၊ဗုဒ္ဓဓမ္မ) တို့ကို ယုတ်မာကောက်ကျစ်စွာ အစီအစဉ်ချ ဖျက်ဆီးနေသည်ကို ဗုဒ္ဓဘာသာဝင် ပြည်သူလူထုအနေဖြင့် ဘယ်သူဘာဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်စားရမှာ၊ ကိုယ်ပြောရင် ကိုယ်ခံရမှာ၊ ကိုယ့်ဖာသာ အေးအေး တိတ်တိတ်နေတာပဲ ကောင်းတယ်ဆိုပြီး ဒီအတိုင်း ကြည့်နေကြပါက (၀ိနည်းပိဋကတ် ကမ္မက္ခန္ဓကတို့၌ လာသော ယဿ နက္ခမတိ သော ဘာသေယျ = မကျေနပ်ပါက ပြောကြပါ၊ (နှုတ်ဖြင့် မပြောနိုင်လျှင် ကိုယ်ဖြင့်ဖြစ်စေ မကျေနပ်ကြောင်း သိစေနိုင်သည့် တနည်းနည်းဖြင့် ထုတ်ဖော်ရမည်) တသ္မာ တုဏှီ ဧ၀မေတံ ဓာရယာမိ = သင်တို့ တိတ်တိတ်နေနေကြတဲ့အတွက် သင်တို့ သဘောတူတယ်လို့ မှတ်လိုက်မယ်။ ) ဟူသော ဘုရားဟောအတိုင်း အလိုတူအလိုပါ စစ်မိစ္ဆာများ ဖြစ်သွားကြပါမည်။

ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ ခင်ဗျား -

ဗြဟ္မဏတိဿမိစ္ဆာသူပုန်တို့ရန်မှ ဗုဒ္ဓဘာသာ မပျောက်ပျက်အောင် မိမိတို့စွမ်းနိုင်သည့်နည်းတို့ဖြင့် ကာကွယ်စောင့်ရှောက်ခဲ့သော သီဟိုဠ်(သီရိလင်္ကာ) သံဃာတော်များ၊ မိစ္ဆာစစ်သွေးကြွ ကျေးကုလားတို့ရန်မှ ဗုဒ္ဓဘာသာ မပျောက်ပျက်အောင် တွန်းလှန်တိုက်ခိုက် ကာကွယ်စောင့်ရှောက်ခဲ့သော သီဟိုဠ်(သီရိလင်္ကာ) ဒုဋ္ဌဂါမဏိမင်း၊ အနော်ရထာဘုရင်၊ ကျန်စစ်သားမင်းတို့နှင့် တိုင်းပြည်နှင့် လူမျိုးဘာသာ သာသနာအတွက် အသက်ပေးလှူသွားခဲ့ကြသော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာ ဖြစ်ခွင့်ရနေ ကြသော ဗမာနိုင်ငံသားတိုင်းသည် အာဏာရူး စစ်ဘီလူး စစ်မိစ္ဆာများက ဗုဒ္ဓအဆုံးအမ (ဗုဒ္ဓသာသနာ) ကို ဖျက်ဆီးနေကြသည်ကို ကိုယ်နဲ့ မဆိုင်သလိုနေရင်း ဒီအတိုင်းကြည့်ကာ ဒို့ခေတ်ရောက်မှ ဘာသာ၊ သာသနာ နဲ့ လူမျိုးပါ အပျောက်ခံကြတော့မည်လော?

သားစဉ်မြေးဆက်အတွက်လည်း မျက်မှောက်မှာ စစ်ကျွန်ဘ၀ရောက်ကာ သံသရာမှာ အ၀ီစိရောက်မည့် ဆိုးမွေနှစ်များ ချန်ရစ်ထားကြတော့မည်လော?

စစ်မိစ္ဆာရန်ကို တွန်းလှန်တိုက်ဖျက်၍ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ကြမည်လော?

ကိုယ်တိုင် စဉ်းစားကြပါ၊ စဉ်းစားပြီး ဆုံးဖြတ်ကြပါ။

အညံ့ခံပြီး ဆိုးမွေချန်မယ်ဆိုရင်တော့ အဲဒီလို အန္ဓ ဗာလတို့အတွက် သူ့တွင်း သူဖောက် အ၀ီစိရောက်မှာမို့ ပြောစရာစကား မရှိတော့ပါ။

တွန်းလှန်တိုက်ဖျက် ကာကွယ်စောင့်ရှောက်မယ်ဆိုရင် ပါရမီမြောက်သည့် ကုသိုလ်အောင်ပွဲဆင်နွဲနိုင်သည်ထိ တိုက်ပွဲဝင်ကြရန် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်ပါသည်။

ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ ခင်ဗျား -

တိုက်ပွဲဝင်ကြရန် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်ခြင်းသည်

၁။ သက်ရှိသတ္တ၀ါဖြစ်ခြင်း၊

၂။ သက်ရှိသတ္တ၀ါဟု အမှတ်ရှိခြင်း၊

၃။ သေစေလိုသော စိတ်ရှိခြင်း၊

၎။ သတ်ရန် ကြိုးစားအားထုတ်ခြင်း၊

၅။ ထို့ကြောင့် သေခြင်းဟူသော အင်္ဂါငါးပါးနှင့် ပြည်စုံပါက ကံမြောက်သော ပါဏာတိပါတကံ ကျူးလွန်ရန် မဟုတ်။ သောတာပန်အရိယာဖြစ်သော ဘုရင်ဗိမ္ဗိသာရ၏ စစ်သည်တော်များနှင့် ဒုဋ္ဌဂါမဏိမင်းကြီးတို့ကဲ့သို့ ဘာသာတရားနှင့် ဘုရားသာသနာတော်၏ အန္တရာယ်ကို ကာကွယ်ရေးနဲ့ မိစ္ဆာဒိဋ္ဌိစစ်ရန်ကို တော်လှန်ရေးစိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ရန် ဖြစ်သည်။

ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ ခင်ဗျား -

ယခု အသင်တို့ ကိုးကွယ်နေကြသော ဗုဒ္ဓသာသနာကို တည်ထောင်ခဲ့သူ ရဟန်းဂေါတမသည် ဘ၀ပေါင်းများစွာ အကျင့်ပေါင်းများစွာကို ဖြည့်ကျင့်ပြီးမှ ဗုဒ္ဓ (ဘုရား) အဖြစ် ရောက်ခဲ့ခြင်းဖြစ်ရာ ထိုဗုဒ္ဓသာသနာ မကွယ်ပျောက်ရေးအတွက် ကိုယ့်အသက်ကို စွန့်လွှတ်လှူဒါန်းခြင်းဟူသော ဒါနဥပပါရမီဖြည့်ဆည်းပြီး ကြိုးစားကြရန် အထူး လိုအပ်နေပါပြီ။

ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အပေါင်းတို့ ခင်ဗျား -

စရိယာပိဋကတ် အကိတ္တိဝဂ် သသပဏ္ဍိတစရိယ တွင် ဘုရားလောင်း ယုန်မင်းသည် ဆာလောင်မွတ်သိတ်နေသော ပုဏ္ဏားတယောက်အတွက် မိမိရဲ့ ကိုယ် အသက်ကို မငဲ့ကွက်ပဲ မီးပုံထဲ ခုန်ဆင်းကာ ဒါနဥပပါရမီ ဖြည့်ခဲ့ပါသည်။

ဆာလောင်မွတ်သိတ်နေသော သန်းပေါင်းများစွာသော ပြည်သူတို့အတွက်နဲ့ ဇီဝိတပရစ္စာဂ (အသက်စွန့်မှု) ဒါနဥပပါရမီ ဖြည့်တော်မူခဲ့သည့် ဘုရားသာသနာတော် စစ်မိစ္ဆာရန်မှ မကွယ်ပျောက်ရေးအတွက် -

ကလျာဏနွယ်ဝင် ဗုဒ္ဓဘာသာ သူတော်စဉ်အားလုံးမှာ တာဝန်ရှိပါသောကြောင့် -

ဗုဒ္ဓမြတ်စွာသာသနာအတွက်မို့ ငါပါ အသက်ဆုံးစေမည်၊

နောက်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်၊

ဒို့လဲ ကြိုးစားမည် ဟု အဓိဋ္ဌာန်ပြုကာ တိုက်ပွဲဝင်ကြပါရန် တိုက်တွန်းနှိုးဆော် လက်တွဲခေါ်အပ်ပါသည်။

မြန်မာ့ဗုဒ္ဓသာသနာ ကာကွယ်ရေး စစ်သည်တော် (ပြည်တွင်းမှ မြန်မာဗုဒ္ဓဘာသာ သံဃာတော်တစ်ပါး) ။

__._,_.___
Messages in this topic (1) Reply (via web post) | Start a ne

မေး(လ်) ပေးပို့ လာသူအား အထူးကျေးဇူးတင်ပါသည် ။

7 July ၏ သူရဲကောင်း ဆလိုင်းတင်မောင်ဦးအား ဦးညွတ်ဂုဏ်ပြုပါ၏

Friday, June 26, 2009



ရင်ထဲကအမေ < ကောင်းကင်ကို ရဲ့ ကဗျာ လေးပါ>

Thursday, June 25, 2009

အမေဟာ…
ဝါးလုံးခေါင်းထက်တောင် ကျဉ်းတဲ့
စစ်ဖိနပ် အတွင်းမှာ
မရမက သာပေးရှာတဲ့ လမင်း။

အမေဟာ…
ဒဏ်ရာတွေကို ကြိုးအဖြစ်တပ်ပြီး
ကမ္ဘာတုန်အောင် မြည်တဲ့သီချင်း။

အမေနေပြခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့  သားတို့ သတ္တိတွေကို ဆူပွက်နေအောင် နှိုးထားတာ။
အမေပြောခဲ့တဲ့ စကားတွေနဲ့ သားတို့ သွေးတွေကို နီရဲနေအောင် ဆိုးထားတာ။

အမေ့ရင်ထဲက ကဗျာ တစ်ပုဒ်ဆွဲထုတ်
ဓားတစ်လက်လုပ်ပြီး
အဲဒီ့ မိစ္ဆာတောအုပ်ကို သားတို့ ခုတ်ကြမယ် အမေ။

သွေးဆာနေတဲ့ဘီလူးတွေက
စံမမီတဲ့ သူတို့ ဘဝလှေနံမှာ
အာဏာကို အောင်မြင်မှု အဖြစ် တရားသေ ဓားထစ်နေချိန်မှာ
အမေကတော့ ကရုဏာ နှလုံးသားနဲ့ 
ပြည်သူ့ ငိုသံကို နားစွင့်တယ်။

အမေဟာ တက္ကသိုလ်ရိပ်သာလမ်းထဲမှာ လှောင်ထားခံရတဲ့ ငှက်ကလေး တစ်ကောင်၊
ပျံခွင့်မရတဲ့ ငှက်အားလုံးတို့ ရဲ့ ခေါင်းဆောင်ပေါ့။
အမေက ပျံခွင့်မရပေမယ့် အမေ့နာမည်ကတော့ ဟိုး…ကောင်းကင်ဖျားမှာပျံနေတယ်။
အမေ့ နာမည်တစ်လုံးကို ပြည်သူတွေအတွက် အမေသုံးချင်နေမှာပဲနော်။

ပြည်သူ့ မေတ္တာတွေသာ ပန်းပွင့်လေးတွေဖြစ်မယ်ဆိုရင်
ပြည်သူတိုင်းက ပန်းပွင့်တစ်ပွင့်စီပေးလို့ 
အမေ့ ဘဝဥယျာဉ်မှာ ပန်းပွင့်လေးတွေနဲ့ ပြည့်နေလောက်ပြီ။
အဲဒီ့ ပန်းရနံ့ တွေပေါ့။
သူတို့ မလိုတမာစိတ်နဲ့ ဘယ်လိုဖုံးဖုံး
ကမ္ဘာတစ်ခုလုံး မွှေးနေတာ။

မိစ္ဆာတွေကတော့
သေနတ်ကို မလွှတ်တမ်းကိုင်ပြီး
မီးလောင်နေတဲ့ ကုလားထိုင်တွေပေါ် အတင်းတက်ထိုင်နေကြတယ် အမေ။
အဲဒီ့ မိစ္ဆာတွေပေါ့၊
သူရဲဘော ကြောင်လိုက်ကြတာ။
အမေ့ကို ရင်မဆိုင်ရဲလို့ ၊
အမေ့ကို မယှဉ်ပြိုင်ရဲလို့ 
အမေ့ကိုသီးခြား ခွဲထုတ်
အမေ့စာမျက်နှာတွေကို သမိုင်းထဲက အတင်းဆွဲစုတ်လည်း
အမေ့ ပုံရိပ်တွေက သားတို့ အသည်းထဲမှာ
စုတ်နဲ့ ထိုးထားသလို စွဲပြီးသား။

ဘယ်သူတွေ ဘယ်လို ပြောပါစေ
အမေဟာ အမေဖြစ်နေသေးသရွေ့ 
သားတို့ ချစ်နေမယ်။
ရင်ထဲမှာ အမေ အမြဲရှိနေမယ်။

ခုချိန်မှာတော့ အမေဟာ ….
ကျဆုံးခဲ့တဲ့ ရင်သွေးတွေအတွက်
အမေ့အိမ်လေးထဲမှာ တိတ်တိတ်ကလေး ငိုနေမလား။
ဒါမှမဟုတ် ဒုက္ခပင်လယ်ဝေနေတဲ့ ရင်သွေးတွေအတွက်
ဆုတောင်းမေတ္တာတေးသီချင်းတွေကို တိတ်တိတ်ကလေးဆိုနေမလား။

အမေ့ရဲ့  အကြင်နာလက်နဲ့ 
သားတို့ နေတဲ့ ပုခက်လေးကို
ညင်သာစွာ လွှဲပေးမယ့် နေ့ ရက်တွေကို မျှော်နေမယ်။

အမေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကောင်းကင်
အမေ မိုးမယ့် နေ့ တွေဆီကို သားတို့ အားလုံး ရောက်ချင်လှပြီ။
အမေဟာ ကျွန်တော်တို့ အားလုံး ရဲ့ မိခင်
အမေပျိုးမယ့် ဥယျာဉ်ကို သားတို့ အားလုံး ကြည့်ချင်လှပြီ။

ကောင်းကင်ကို


ပင်ပမ်းပြီး အနားယူမယ်ကြံတော့ ကဗျာဖတ်ဦးမှပါလေ ဆိုပြီး ကောင်းကင်ကို ဆီအလယ်သွားတယ်။
ကဗျာတွေ အားလုံးကောင်းပေမဲ့  ဝါးလုံးခေါင်း ထက်တောင် ကျဉ်းတဲ့ စစ်ဖိနပ် အတွင်းမှာ မရမက
သာပေးရှာတဲ့ လမင်း။ ဆိုတဲ့ စာသားဟာ ရင်ကို ပိုထိခိုက်တာကြောင့် ကူးယူတင်ပြလိုက်ပါတယ် ။
မောင်လေး ကောင်းကင်ကို ရေ ခွင့်တောင်မတောင်းခဲ့ဘူး ခွင့်ပြုပါနော့

ဂျပန် နိုင်ငံ မှ ဒေါ်အောင်ဆန်းစုကြည် အတွက် ကြီးမြတ်တဲ့ ဂုဏ်ထူးဆောင် ဆု

Tuesday, June 23, 2009


ဂျပန် နိုင်ငံ မှ ဒေါ်အောင်ဆန်းစုကြည် အတွက် ကြီးမြတ်တဲ့ ဂုဏ်ထူးဆောင် ဆု

ဂျပန်နိုင်ငံမှာ မြန်မာအရေးတက်ကြွစွာဆောင်ရွက် နေတဲ့ FTUB (Japan)ဥက္ကဌ
လည်းဖြစ်FTUBအမျိုးသမီးကော်မတီရဲ့အမှုဆောင်တစ်ဦးလည်းဖြစ်တဲ့ဒေါ်ခင်ဆွေအေးဖြစ်ပါ
တယ်။(အင်္ကျီအပြာ)
ဒေါ်ခင်ဆွေအေးဟာ မြန်မာ့အရေးနဲ့ ပတ်သတ်ရင်မည်သည့်နေရာကမဆိုတက်တက်ကြွကြွ
ဆောင်ရွက် နေသလို သူများတိုင်းပြည်မှာ ရှာဖွေ လုပ်ကိုင်ရင်း သူမစွမ်းနိုင်သလောက်
အခက်အခဲရှိသူတွေ ကိုကူညီနေ သူလည်းဖြစ်ပါတယ် ။ ဒီလို တိုင်တစ်ပါးကို ရောက်နေ
လင့်ကစား မြန်မာပြည်ဒီမိုကရေစီ အရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့  အမျိုး
သမီးတွေ ရှိနေသလို ပြည်ပ ကိုအကြောင်းအမျိုးမျိုး နဲ့ ထွက် သွားရတဲ့ တော်လှန်ရေး
အင်အားစု တွေ ကလည်း ဒေါ်ခင်ဆွေအေး တို့  တော်လှန်ရေး အင်အားစု တွေ အပေါ်
ပြန်လှည့်ကြည့် နေ ပြန်စောင့်ရှောက် နေသလို အား လုံးက ပြန်စောင့်ရှောက် ကြရင်
ဖြင့် ကျမ တို့ တစ်တွေ ရဲ့ နိုင်ငံရေးမှာ လာဝင်ရှုပ် နေတဲ့ NGO တွေ ကို ဂရုစိုက်
ဖို့  လို တော့ မယ် မထင် ပါဘူး ။ ခုလို အမျိုးသား ခေါင်းဆောင် လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ကို ဆုချီးမြှုင့်တဲ့  နေရာမှာ ဒေါ်ခင်ဆွေအေး ကိုတွေ့  ရတဲ့ 
အတွက် အများကြီး ဂုဏ်ယူဝမ်းမြှောက် မိပါကြောင်း တင်ပြ လိုက်ရပါတယ်။

မေအိခင်(လယ်ဝေး)

သူတော်ချင်းချင်းသတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ ဆိုသလို

သူတော်ချင်းချင်းသတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ ဆိုသလို သူတော်မဟုတ်
သူယုတ် တွေချင်းဟာလည်း ဆုံမိပေါင်းမိ ညီညွတ်မိ


ကျမခုတင်ပြချင်တာကတော့ ကမ္ဘာကြီးမှာ အတ္တတွေ မာန တွေအယူအဆ တွေနဲ့ အပြန်
အလှန်စိန်ခေါ်နေကြတဲ့ အပြင် အုပ်စုအင်အားတွေ ဖွဲ့ လို့  အယူအဆ တူတာခြင်းစုမိလို့ 
့အားပြိုင်တော့မဲ့အနေအထားမှာ ကျမတို့ မြန်မာပြည်သူတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေလို
တဲ့ ကမ္ဘာ့ပြည်သူတွေ ဟာ မြေဇာပင် တွေဖြစ်တော့မှာပါလား ပေါ့

ဒီအခြေအနေကိုတားဆီးနိုင်ဖို့ ကျမတို့ ပြည်သူတွေရဲ့အားဟာသိတ်ကိုအရေးပါလှပါတယ်။
သူတော်ချင်းချင်းသတင်းလွေ့ လွေ့  ပေါင်းဖက်တွေ့ စာဆိုရှိသလို အပြင်လောက မှာ
လည်းတကယ်ဖြစ်တည်နေတဲ့သဘောတရားတွေပါ။

သူတော်ချင်းချင်းသတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ ဆိုသလိုသူတော်မဟုတ်သူယုတ်တွေ
ချင်းဟာလည်း ဆုံမိပေါင်းမိ ညီညွတ်မိကြတာမဆန်းပါဘူး
။ ခုဆို စစ်အုပ်စုကို အားဖြည့်
ပေးဖို့  ကွန်မြူနစ် အမည်ခံ အာဏာရှင် တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီးက မြန်မာ
စစ်အုပ်စု က မောင်အေး ကိုဖိတ်ကြားပြီး ရက်စက်နည်းတွေခေါ်သင်ကြားပေးလိုက်သလို
မြောက်ကိုရီးယားလည်း ကရင်ပြည်သူချင်းအိုးမဲသုတ်တိုက်ခိုင်းနေတဲ့ နယ်စပ် တိုက်ပွဲဖြစ်
နေတာကို စစ်အုပ်စု အပေါ်ပံ့ပိုးဖို့ စစ်လက်နက် အပြည့် တင်ဆောင် ထား တဲ့ ကုန်တင်
သင်္ဘောနဲ့  အသင့်ရှိနေတဲ့အချိန် သီရိလင်္ကာအစိုးရကိုလည်းမြန်မာစစ်အုပ်စုက ဖိတ်ကြား
ပြီး တမီး(လ်) တွေကိုဘယ်လိုခြေမှုန်းသလဲဆိုတဲ့ နည်းဗျူဟာတွေခေါ်မေး ---

ဒီလိုဒီလို သူယုတ်တစု ပေါင်းစည်းနေမှုဟာ အမိမြန်မာပြည် စစ်အာဏာရှင် သက်စိုးရှည်
စေမဲ့ လောင်စာအားတွေ ဆိုတာ ကျမတို့ သတိထားမိနေပြီ ဒါကို ဒီအတိုင်းလွှတ်ထားရင်
အာဏာရှင်တွေ ရဲ့ပေါင်းစည်းမိမှုဟာ ခိုင်ခိုင်မာမာဖြစ်သွားပါလိမ့်မယ် ။ ပြည်သူတွေ
ဒီအခြေအနေအပေါ်မှာ အင်နဲ့ အားနဲ့ ဆန့် ကျင် နိုင်မှ သာလျှင် ကျမ တို့  တိုင်းပြည်
အာဏာရှုင်အမြစ်တွယ်ခြင်းက ကင်းလွှတ်နိုင်မှာပါ။

လက်ရှိ ကမ္ဘာမှာ အာဏာရူးသူတွေရဲ့ ဒဏ်ကို ခံနေကြရတဲ့ နိုင်ငံက အနည်းစုပါ။
နိုင်ငံအများစုဟာ ခေတ်အမြင် ခေတ်အတွေး တွေ မြင့်မားလာတာနဲ့ အမျှ ဒီမို ကရေစီနဲ့
လွတ်လပ်ခွင့် ကို တန်ဖိုး၇ှိမှန်သိလာကြပါတယ် ။
ဥပမာ လက်ရှိအခြေအနေတစ်ရပ် မှာအထင်အရှားမြင်သာတာ က အီရန် လူငယ်တွေပါပဲ
အီရန် နိုင်ငံဟာ ရေနံ အထွက်ကောင်းတာကြောင့် ချမ်းသာပေမဲ့  အီရန်တွေရဲ့ ဘ၀ဟာ
ရှေ့မရောက်ပဲ ရှေးရိုးဆွဲ ဘာသာရေးသမားတွေရဲ့အောက် မှာ အယူသည်းသည်းနဲ့  ထိမ်း
ချုပ်ခံထားရမှုများ ကြားက အီရန်လူငယ်တွေဖောက်ထွက်ချင်လာကြတယ် ဒါ့ကြောင့်
အသက်တွေအသေခံပြီး ရှေးရိုးဆွဲ သမတ္တ အပေါ် ဆန့် ကျင်ကြတယ် ဒါဟာအင်မတန်မှ
ဂုဏ်ယူစရာပါပဲ ။ ပြုပြင်ပြောင်းလဲရေးအတွက်အသေခံရဲ့တဲ့အီရန် လူငယ်တွေကိုဂုဏ်ပြု
ရမှာပါ။

မြန်မာစစ်အုပ်စုကတော့ ပဒေသရဇ် စနစ် ကိုပြန်သွားချင်ပြီး ဘုရင်ရူးရူးနေလေရဲ့ ဒီအခြေ
အနေကိုသုံးသပ်ရင် ဘာသာရေး အစွန်းရောက်သူတွေထက်ဆိုးတဲ့ အာဏာရူးခြင်းမျိုးပါပဲ။
ကျမတို့ ဗုဒ္ဓဘာသာမှာဘာသာတရားကိုသိတ်ကြည်ညိုလွန်းအားကြီးရင်တောထွက် ရဟန်း
ဝတ်သီလ ရှင် ၀တ်သွားကြတာပါပဲ ။

ဘုရားကျောင်းကန်တွေဆောက်လှူရေတွင်းပေါင်း ၇ှစ်သောင်းလေးထောင် ရေကန်ပေါင်း
ရှစ်သောင်းလေးထောင် လှူတဲ့ သီရိဓမ္မာသောက မင်းကြီးဟာ ပြည်သူချစ်တဲ့မင်းတစ်ပါးဖြစ်
ပါတယ် ။ဘုရားတရားကိုခုတုံးလုပ် ရောင်းစားနေတဲ့ ပြည်သူကိုသတ်တဲ့စစ်အုပ်စု နဲ့ဘယ်လို
မှယှဉ်ပြောသင့်တဲ့ပုဂိုလ် မဟုတ်ပါဘူး။ စစ်အုပ်စုဟာ အစ္စလမ်တိုင်းပြည်တွေ နဲ့ကွာတာက
တော့ ဘာ ဘာသာမှအစွန်းရောက် မဟုတ် ပဲ အာဏာအစွန်းရောက်တွေပါပဲ ။။

ဘယ်နိုင်ငံ နဲ့  ဘယ်အစိုးရ ကမှ ကိုယ့် တိုင်းပြည်ကို ချစ် တာမဟုတ် ပါဘူး ကိုယ့်တိုင်းပြည်
ကိုချစ် တာ တိုးတက် စေ့ ချင် တာ ကိုယ်တွေပဲ ဖြစ်ပါတယ် ပြည်သူတွေပဲဖြစ်ပါတယ် ။

အမေရိကန် ဟာလည်း ဒီမိုကရေစီစိုးမိုးဖို့  အင်္ဂလန် ဟာ လည်းဒီမိုကရေစီ စိုးမိုးဖို့ မြန်မာ
ပြည်သူကို ကူညီတာပဲဖြစ်ပါတယ် ။ ဒါပေမဲ့ သေချာတာတော့ ဒီမိုကရေစီ စနစ် ကို စွဲ ကိုင်
ထားတဲ့ အမေရိကန် ဟာ လမ်းမှန်နေတာပါပဲပြည်သူ အစိုးရဖြစ်တယ် အာဏာလွှဲပြောင်းတဲ့
နေရာမှာ ဘယ် လိုမှာ စစ်မက် မဖြစ်ပွါးခဲ့ဘူး အနိုင်ရပါတီကို ရှုံးတဲ့ပါ့တီ က ညှင်သာ စွာပဲ
အာဏာ လွှဲပေးခဲ့တယ် ဒီလို ပြည်သူ့  အစိုးရစနစ် ကို လက်ခံထားတဲ့အတွက် ပြည်သူကို
ဖိနှိပ်ထားချင်တဲ့ စစ်အုပ်စု ဟာ အမေရိကန် နဲ့ ရန်သူဖြစ်တာပါပဲ ။။

ခု လက်ရှိမှာတော့ ပြည်သူတွေကိုအာဏာ နဲ့ ဖိနှိပ်ထားချင်တဲ့ မြောက်ကိုရီးယားတရုတ်ရုရှား
တွေ နဲ့  သူယုတ်တွေ အချင်းချင်း ဆုံမိ ပေါင်းမိ ညီညွတ် မိကြတာ မဆန်းပေမဲ့  ကျမ တို
့ပြည်သူတွေ က ဒီ လို မဟာမိတ်ဆိုးတွေနဲ့ စစ်အုပ်စု ပေါင်းစည်းနေတာ ကို ခိုင်မာပြတ်သား
တဲ့  ဆန္ဒ တရားတွေ နဲ့ ဆန့် ကျင်ကန့် ကွက် ကြဖို့  သိတ်ကိုအရေးကြီးပါတယ် ။ အာဏာရှင်
ကို အာဏာရှင် နိုင်ငံက ကူညီ တာ ကျမတို့ ပြည်သူကို တိုင်းတစ်ပါးက လာကျူးကျော် တာပဲ
လို့ ပြောလို့ ရပါတယ် ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ ကို ဒီမိုကရေစီနိုင်ငံတွေက ပံ့ပိုးတာ
ဒီမိုကရေစီမျှဝေပေးတာ လို့  နားလည်ကြရင် ဖြင့် မြောက်ကိုရီးယားက ပြည်သူတွေ သတ်ဖို့ 
စစ်လက်နက် တွေ လာပို့ တာကိုလက်ခံတဲ့စစ်အုပ်စုနဲ့  အာဏာရှင်နိုင်ငံဆိုးတွေရဲ့လုပ်ရပ်ကို
ပြည်သူတွေ သတိထားမိဖို့  ဆန့် ကျင်နိုင်ဖို့ တင်ပြလိုက်ရပါတယ် ။။

မေအိခင်(လယ်ဝေး)

ဇွန် -၂၁ တွင် ပါဝင်ခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုယဉ်ထွေး ၏ တင်ပြချက်

Monday, June 22, 2009

ဇွန်လကျောင်းသားလှုပ်ရှားမူ့ မှ လူထုလှုပ်ရှားမူ့ သို့ 

Sunday, June 21, 2009

မတ်လကျောင်းသားလှုပ်ရှားမူ့ တွင် ကျောင်းသားများစွာ သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီး
ခံရခြင်းများဖြင့် ကျောင်းသားလှုပ်ရှားမူ့ အား စစ်အုပ်စုမှ ကျောင်းများပိတ်၍ ဖြိုခွင်း
နိုင်ခဲ့သော်လည်းရှစ်ဆယ့်ရှစ်ကျောင်းသား လှုပ်ရှားမူ့ သမိုင်းသည်စတင်ခဲ့ပေသည်၊

စစ်အုပ်စုသည် ကျောင်းများပိတ်၍ လူစုခွဲခြင်းနည်းလမ်းကို ကျင့်သုံးခဲ့သော်လည်း
ဇွန်လတွင် ပြန်လည် ဖွင့်ခဲ့သော်အခါ ကျွန်တော်တို့ သည်မနက်ကို ကျောင်းသွား
မည်၊ ကျောင်းတွင် ပုံမှန်ငြိမ်းချမ်းစွာဆန္ဒပြ မည်ဟုဆုံးဖြတ်ကာ စတင်၍ ရန်ကုန်
တက္ကသိုလ်နယ်မြေ ဘုမိနက်သန် အဓိပတိလမ်းမပေါ်ရှိ စာကြည့်တိုက်၊ RC ခန်းမ
နံရံများတွင် စာကပ်ခြင်းကိုစတင်ပြုလုပ်ခဲ့သည်၊

စာရွက်တွေ ဝေခဲ့သည်၊ ကျွန်တော်မှတ်မိသည့် စကားလုံးများတွင် “ ညီနောင်တို
့ခေတ်အဆက်ဆက် နေ၀င်းစစ်အုပ်စုကို ကျောင်းသားထုအပေါင်းမှ ဆန့် ကျင်ခဲ့
သည့် သမိုင်းအစဉ်အလာကိုညီနောင်တို့ ဆက်လက် လက်ဆင့်ကမ်းရန်နှိုးဆော်
ပါသည်၊ ” စသဖြင့် ကျောင်းသားထုကို စတင်၍ နှိုးဆော်ချက်များ၊ ကြေညာချက်
များဖြင့် ဇွန်လကျောင်းသားလှုပ်ရှားမူများသည် စတင်ခဲ့ရပေသည်။ ကျောင်းသား
များ ဂျပ်ဆင် ရှေ့ တွင် စတင်တရားဟောရာ ထိုအချိန် ပါချုပ်ဖြစ်သူ ဒေါက်တာ
ချစ်ဆွေ လာ၍ တားဆီးသော်လည်း ကျောင်းသားများမှ ပါချုပ်နှင့် ဆရာများအား
လာရောက်မတားဆီးရန် နှင့် ကျောင်းသားများ၏ အခြေအနေကို နားလည်၇န်
ပြန်လည်ရှင်းပြခဲ့၍ ပါချုပ်မှာလည်း ပြန်လှည့်သွားခဲ့သည်၊

တောင်ငူဆောင်ရှေ့ တွင်လည်း တရားပွဲများ စတင်ခဲ့သည်၊ ၁၅မိနစ်ခန့် ပြောကြား
ပြီး လူစုခွဲခဲ့သည်၊ ထိုအချိန်မှစတင်၍ နေ့ စဉ် တရားဟောစင်မြင့်သည် RC ခန်းမ
ရှေ့ ၊ အဓိပတိလမ်းမပေါ်တွင် စတင်ခဲ့သည်၊ နေ့ စဉ် မနက်ကျောင်းသို့ သွား၍ ၉း၀၀
နာရီခန့် တွင် တရားပွဲစတင်ခဲ့ပြီး ညနေ ၃ နာရီခန့် တွင် လူစုခွဲခဲ့သည်၊ ထိုအချိန်
ရန်ကုန်မြို့ ရှိ တက္ကသိုလ် ကောလိပ်များမှ ကျောင်းသား ကျောင်းသူများ သည်
ရန်ကုန်တက္ကသိုလ်ရှိ တရားဟောစင်မြင့်သို့  လာရောက်ပူးပေါင်းကာ သပိတ်စခန်း
အဖြစ် စတင်ရန် စီစဉ်ခဲ့သည်၊

အထက်တန်းကျောင်းများမှလည်း လာရောက်ပူးပေါင်းခဲ့၍ ရန်ကုန်တက္ကသိုလ် နယ်
မြေသည် ဘူမိနက်သန် ဒီမိုကရေစီတော်လှန်ရေး နှင့် ကျောင်းသားလှုပ်ရှားမူ့ ကို
မွေးဖွားပေးခဲ့ရာ ပင်ဖြစ်သည်၊ ကျောင်းသားများ၏ ဟစ်ကြွေးသံများသည် တကျောင်း
လုံး ပဲ့တင်သံများအထပ်ထပ်ဖြင့် တောက်ပနေပေသည်၊ ထိုအချိန်တွင် စစ်အာဏာရှင်
နေ၀င်းသည် အင်းလျှား ကန်ဘောင်စပ်တွင် နေထိုင်ရာ ရန်ကုန်တက္ကသိုလ်မှ
ကျောင်းသားများ၏ တောင်းဆိုသံများသည် နေ၀င်းအိမ်ထိကြားနိုင်လောက်မည်ထင်
သည်၊
ဒီမိုကရေစီရရှိရေး ဒို့ အရေး၊
မဆလ တပါတီအာဏာရှင်စနစ် ကျဆုံးပါစေ၊
ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေး ဒို့ အရေး၊
ကျောင်းသားသမဂ္ဂဖွဲ့ စည်းရေး ဒို့ အရေး၊ စသည့်ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ
ဆန္ဒပြခဲ့ပါသည်၊

စစ်အုပ်စုသည် နေ့ စဉ်ကျောင်းသားလှုပ်ရှားမူ့ များသည် ရန်ကုန်တက္ကသိုလ်နယ်
မြေရှိ သပိတ်စခန်းတွင် စုရုံးလာသည်ကို ကြောက်ရွှံလာ၍ ကျောင်းသားလှုပ်ရှား
မူ့ အား ဖြိုခွဲရန် နည်းလမ်းမှာ ကျောင်းများကို ပိတ်ရန်နှင့် အကြမ်းဖက်ဖြိုခွဲ ရန်
အတွက် စတင်ပြီး ၂၀ ၇က်နေ့ တွင် တနိုင်ငံလုံးရှိ တက္ကသိုလ်ကောလိပ်များ ကို
ပိတ်ပစ်လိုက်သည်။ ထိုအချိန်တွင် ကျောင်းသားများသည် ကျောင်းသားအရေးမှ
ဒီမိုကေ၇စီနှင့် လူ့ အခွင့်အရေးကို တောင်းဆိုလာသည်နှင့် ကျောင်းသားလှုပ်ရှား
မူ့ မှသည် လူထုလှုပ်ရှားမူ့  ဆီသို့ ဦးတည်၍ ကျောင်းများပိတ်လိုက်သည့်  အခါ
တွင် ရန်ကုန်နယ်မြေ တ၀ိုက်ရှိ နယ်ကျောင်းသားများနှင့်ရန်ကုန်ကျောင်းသားများ
သည် လှည်းတန်းမှ ဟံသာဝတီ နားတ၀ိုက်ထိ ချီတက်လှုပ်ရှားခဲ့သည်မှာရန်ကုန်
အင်းစိန် လမ်းမကြီးပြည့်နှက်သွားပေသည်၊ထိုအချိန်တွင်ဟံသာဝတီဆေးတက္ကသိုလ်
ကျောင်းအနီး နှင့် မြေနီကုန်းစမ်းချောင်းအထက်တန်းကျောင်းနား တွင် စစ်အုပ်စု၏
လက်ကိုင်ဒုတ် လုံထိန်းများသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော အထက်တန်း
ကျောင်းသားများအား ဘက်နက်များ နံပါတ်ဒုတ်များဖြင့် စတင်အကြမ်းဖက်တိုက်
ခိုက်လာရာ စမ်းချောင်း၊ မြေနီကုန်းတ၀ိုက်ရှိပြည်သူလူထုမှ ၀ိုင်းရံ၍ စစ်အုပ်စု၏
လက်ပါးစေများအား တန်ပြန်တိုက်ခိုက်ခဲ့သည့်အတွက် လုံထိန်းများ ထွက်ပြေးရ
ခဲ့ရသည်၊ အထက်တန်းကျောင်းသားကျောင်းသူများသည်လည်း ဒဏ်ရာများဖြင့်
သွေးမြေကျခဲ့ရသည်၊

ထိုအခြေအနေများအား ရန်ကုန်တက္ကသိုလ်နယ်မြေလှည်းတန်းအနီးရှိကျောင်းသား
များအား လိုက်လံ၍ စည်းရုံးသော်အခါ အပြင်ဆောင်ကျောင်းသားများနှင့် ပြည်သူ
လူထုမှ ၀ိုင်းရံ၍ ကမာရွတ်ရဲစခန်းမှ ရဲများ လုံထိန်းများမှ စတင်၍ ပစ်ခတ်ဖြိုခွင်း၍ အထက်တန်းကျောင်းသားတစ်ဦး သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ရာထိုကျောင်း
သားအလောင်းအား ပြည်သူလူထုသိရှိစေရန် ကားဖြင့် ရန်ကုန် အင်းစိန် လမ်းမ
တလျှောက်သို့ လှည့်လည်ပြသခဲ့ရာ ပြည်သူလူထုသည် ပိုမို၍ ဒေါသများ။ ခံပြင်း
စိတ်များ ပေါ်ထွက်ခဲ့ပြီး လူထုကြိးသည် လမ်းမပေါ်တွင် ပြည့်နှက်ခဲ့ပေသည်၊

အဆိုပါကျောင်းသားအလောင်းအား ရန်ကုန်စက်မူတက္ကသိုလ်နယ်မြေ သို့ သယ်ဆောင်
ခဲ့ရာပြည်သူလူထု မှ လက်တွေ့ သိရှိစေရန် ရန်ကုန်မြို့ တွင်းသို့ လှည့်လည်ပြသခဲ့သည်၊
ညပိုင်းတွင် စက်မူတက္ကသိုလ်ဝင်း၌ ကျောင်းသားအလောင်း အား ပြန်လည် ထားရာ
စစ်တပ်မှ လာရောက်သိမ်းဆည်းသွားသည်ဟုသိရှိရပါသည်၊

ဇွန်လကျောင်းသားလှုပ်ရှားမူ့ သည် ပြည်သူလူထုနှင့် ပေါင်းစည်းခဲ့သော လူထုလှုပ်ရှားမူ့ 
အဖြစ် စတင်နိုင်ခဲ့သည်၊ ထိုမှတဆင့် နိုင်ငံလုံးဆိုင်ရာ ၁၃၅၀ပြည့် ရှစ်လေးလုံး အရေး
တော်ပုံအဖြစ်သို့ ဦးတည်နိုင်ခဲ့ပေသည်၊

ကိုယဉ်ထွေး(ရန်ကုန်တက္ကသိုလ်)

ရွှေဂုံတိုင် ဗဟိုရုံးချုပ် တွင် အန်တီစုမွေးနေ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့  ကြေညာစာတမ်း











တိုင်းရင်းသားပေါင်းစုံ မှ ဤသို့ ကြွေးကျော်သံများဖြင့်မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကို ဂုဏ်ပြုခြင်း

Friday, June 19, 2009

ဤသို့ ကြွေးကျော်သံများဖြင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကိုဂုဏ်ပြုခဲ့

မြန်မာနိုင်ငံအမျိုးသမီးများနေ့ 



မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်တွင် ကျင်းပပြုလုပ်နေပုံ



မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်တွင်

၁) NLD ( L-A) အမျိုးသမီး အဖွဲ့ 
၂) BWU မြန်မာအမျိုးသမီးသမဂ္ဂ
၃) S-A-W အမျိုးသမီးအဖွဲ့ 
၎) ထားဝယ် အမျိုးသမီးသမဂ္ဂ
၅) FTUB အမျိုးသမီး
၆) ကယန်းအမျိုးသမီးအစည်းအရုံး
၇) အဝေးရောက်မွန်အမျိုးသမီးအစည်းအရုံး
၈) လူ့ ဘောင်သစ် အမျိုးသမီး
၉) ရောင်ခြည်ဦးအမျိုးသမီး
၁၀) မြိတ် အမျိုးသမီးသမဂ္ဂ
၁၁) ရခိုင်အမျိုးသမီးသမဂ္ဂ
၁၂) ဗမာနိင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(နိုင်ငံခြားရေးရာကော်မတီ)
၁၃) BPPU မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ အဖွဲ့ များ မှ အမျိုးသမီးထုကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ကျင်းပပြုလုပ်ခဲ့ကြသည်။

ဒီမိုကရေစီအင်အားစုများ ၊ အဖွဲ့ အစည်းအသီးသီးမှ ခေါင်းဆောင်များ စုစုပေါင်း အင်းအား ၃၀၀ ခန့် တက်ရောက်ကြပါသည်၊
အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးလွှတ်ရန်နှင့် စစ်အာဏာရှင်စနစ်ကျဆုံးရန်၊ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနေ့  ကျင်းပမည် ရန်သူကိုအမြှစ်ဖြုတ်လိုသူတိုင်းခေါင်းဆောင်ကိုကြည်ညိုသူတိုင်းကြွရောက်ချီးမြှင့်ကြပါရန်

Thursday, June 18, 2009



မွေးနေ့ မှသည် လွှတ်မြောက်ခြင်းဆီသို့ 



ခေတ်တစ်ခေတ်ရဲ့ အာဇာနည်

အာဇာနည်ဆိုတာ
တစ်ခေတ်မှာတစ်ယောက်
ထွန်းတောက်မြဲတဲ့
အောင်ဆန်းဇာနည် ပြည့်ဖခင် သမိုင်း
တစ်ချိန်က ကျောင်းသင်ခန်းစာ
ငါ သင်ခဲ့ရဖူးတယ်.........။
ခေတ်တစ်ခေတ်ရဲ့ အာဇာနည်
တစ်ယောက်ပြီးရင် တစ်ယောက်ပေါ်ထွန်း
ငြိမ်းချမ်းရေးမိခင် ဒေါ်အောင်ဆန်းစုကြည်
ငါတို့ ရဲ့  ဘ၀သင်ခန်းစာ
လက်တွေ့ ဖြစ်ရပ်တွေမှာ မြင်နေရတယ်.....။
ပြင်းပြတဲ့ နိုင်ငံချစ်စိတ်နဲ့ 
နက်ရှိုင်းတဲ့ သူ့ မေတ္တာတရား
သူ မတူတဲ့ ပေးဆပ်မှုတွေနဲ့ 
တိုင်းပြည်ဝန်ထမ်းရွက်ရင်း
ဆယ်စုနှစ်ကျော် အကျဉ်းစံပေမဲ့
ပျော့ကျမသွားတဲ့ စိတ်ဓါတ် နဲ့ 
ဖခင်တာဝန် ပခုံးပြောင်းထမ်းရွက်
သူရဲကောင်း တစ်ယောက်အဖြစ်
ကမ္ဘာမှာဝင့်ကြွား
လူမျိုးဂုဏ်ကို မြှင့်
သြော်.. ခေတ်တစ်ခေတ်ရဲ့ ဇာနည်ဘွားပေပဲ.....

( ငြိမ်းချမ်းရေးမိခင် ဒေါ်အောင်ဆန်းစုကြည်ဧ။် ၆၄ နှစ်ပြည့် မွေးနေ့ အမှတ်တရ)
ရည်မွန်ထိပ်ထား

မြန်မာနိုင်ငံအမျိုးသမီးများနေ့  ဇွန်လ ၁၉ ရက်နေ့ 

Monday, June 15, 2009

မြန်မာနိုင်ငံအမျိုးသမီးများနေ့  သည် ပူဇော်ထိုက်သူကိုပူဇော်သောသူတော်ကောင်းတို့ သာ
ကျင်းပရကောင်းမှန်သိသည် ကျေးဇူးတရားသိတက်သူတို့ ၏ ကျေးဇူးဆပ်ခြင်း ကိုဂုဏ်ပြုပါသည်။



မြန်မာပြည်သူလူထုတစ်ရပ်လုံး လေးစားဂုဏ်ယူရသောလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

အား ကမ္ဘာ့နိုင်ငံအသီးသီးမှ ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်၍၄င်း နိုဘယ်ငြိမ်းချမ်းရေးဆုအပါအ၀င်

ဆုများစွာချီးမြှင့်၍၄င်း ဂုဏ်ပြုခဲ့ကြသော်လည်း မြန်မာပြည်သူများအနေဖြင့်မိမိခေါင်းဆောင်ကိုမည်

ကဲ့သို့  ဂုဏ်ပြုချီးမြှင့်မှုများက်ုပြုလုပ်ခဲ့ပါသလဲ ဟုမေးခွန်းထုတ်မိပါက မိမိတို့ ကိုယ်တိုင်ပင်ပြန်လည်

အရှက်ရကြမည်ဖြစ်ပါသည်။ထို့ ကြောင့် မိမိတို့ ခေါင်းဆောင်ကိုလေးစာဂုဏ်ပြုသည့်အနေဖြင့်၎င်း

မြန်မာအမျိုးသမီးများ၏ စွမ်းရည်နှင့်သတ္တိကိုဖေါ်ညွှန်းသည့်အနေဖြင့်၎င်း လူထုခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ကြရန်

အကြောင်းပေါ်ပေါက်လာရပေသည်။

(ဆက်လက်ဖေါ်ပြပါဦးမည်)

စောကျော်ကျော်မင်း

၉.၆.၂၀၀၉ နေ.ကဂျပန်နိုင်ငံလွှတ်တော်မှာ လုပ်တဲ့ကြားနာပွဲနဲ. ဓါတ်ပုံပြပွဲ

Sunday, June 14, 2009


မြန်မာနိုင်ငံအမျိုးသမီးများနေ့  နီးပြီ

Friday, June 12, 2009


(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသော မြန်မာနိုင်ငံအမျိုးသမီးများနေ့)


လာမည့် ဇွန်လ ၁၉ ရက်နေ့ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူလူထုတရပ်လုံးရဲ့ မျှော်လင့်ခြင်းအလင်းတန်း။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ အဲဒီနေ့ကိုပဲ မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ၁၉၉၆ ခုနှစ်ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပခဲ့ပါတယ်။ ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ်သတ်မှတ် ကျင်းပခဲ့ပါသလဲ ဆိုရရင်တော့ အံ့ချီးမကုန်နိုင်ဖွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှုတွေကို တန်းစီချရေးပြရမှာပါပဲ။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ကျင်းပတဲ့အခါမှာ နအဖအနေနဲ့ တော်တော်လေး အထိနာခဲ့ပါတယ်။ အဲဒီနေ့ အတည်ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် သူတို့ကလဲ အားကျမခံ ရက်တရက်ကို သတ်မှတ်လိုက်ပါတယ်၊ ( အဲဒီရက်ကို သိပေမယ့် ပေထက်အက္ခရာ မတင်ချင်လို့ ထည့်မရေးပါဘူး) ဘယ်သူ့မွေးနေ့ ဘာရည်ရွယ်ချက် ရှိတယ်လို့တော့ သတင်းစာထဲ ရေးထားတာ မတွေ့မိပါဘူး။ ဒီလိုပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အမျိုးသမီးလုပ်ငန်းအဖွဲ့) ရှိတော့ သူတို့ကလဲ အားကျမခံ အမျိုးသမီးရေးရာတဲ့။ သူတို့ကမှ နောက်လိုက်အစစ်၊ သူများလုပ်မှ လိုက်လိုက်လုပ်၊ ပြီးတော့ အစိုးရတဲ့။ သူတို့မို့မရှက်။(ဒါတွေက ကြုံလို့ ထည့်ရေးလိုက်တာပါ။ )

ကျမပြောချင်တဲ့ အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ပြည်ပမှာ တခမ်းတနား ကျင်းပပေးနေသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လေးစားချစ်ခင်လို့ သူမရှိပဲ သူ့အတွက် မွေးနေ့ကျင်းပတာမို့ ဒီ့ထက် ပိုပြီးအဆင့်မြှင့်လို့ သူ့မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ်လဲ အသိအမှတ်ပြုပေးစေချင်တာပါ။ ကြီးမြတ်တဲ့ လူပုဂ္ဂိုလ်တွေကို အစွဲပြုပြီး သူတို့လိုစိတ်ဓါတ်၊ သူတို့လို စွမ်းဆောင်ရည်တွေ ဖြစ်ပေါ်လာစေဖို့၊ သူတို့ရဲ့ ၀ိဉာဉ်တွေ ပူးကပ်စေလိုမှုတွေနဲ့ နေ့ထူးနေ့မြတ် သတ်မှတ်ကြတာပဲ မဟုတ်လား။

ကျမတို့ငယ်ငယ်တုန်းက စာကျက်ခဲ့ကြသလိုပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်အကျိုးသယ်ပိုးမယ့် နိုင်ငံသားကောင်းမျိုးဆက်သစ်တွေ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ……ဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဥာဏ်ပညာ ထက်မြက်သော၊ စိတ်ဓါတ်ခိုင်မာတည်ကြည်သော၊ စွန့်လွှတ်စွန့်စားဝံ့သော၊ ရဲရင့်သော မြန်မာအမျိုးသမီးကောင်းများပေါ်ထွက်လာစေရန် ရည်သန်၍သော်၎င်း။ လူကို မတရား ဖမ်းဆီးချုပ်နှောင်ထားနိုင်ပေမယ့် စိတ်ဓါတ်လွတ်လပ်ရှင်သန်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အားကျအတုယူပြီး ဒေါ်အောင်ဆန်းစုကြည်လေးများ ပေါ်ထွက်လာစေရန် ရည်သန်၍ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အား မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပသည်မှာ ပထမအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန် ၁၉၉၆ ခုနှစ်မှ စတင်ခဲ့ပါသည်၊ … လို့ တချိန်ကျရင် ကျမတို့နိုင်ငံတော်သစ်ရဲ့ စာသင်ခန်းတွေထဲမှာ မလွဲမသွေစာအံသံတွေ ပေါ်လာစေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ
ဒီမိုကရေစီခေါင်းဆောင်…..
လူထုခေါင်းဆောင်….
အမျိုးသားခေါင်းဆောင်….
ဒီလိုဝိသေသတွေက လုပ်ယူလို့မရ။ ကိုယ်တိုင်လုပ်မှ ရရှိပါသည်။
စစ်အာဏာရှင်စနစ်ကတော့ သူတို့ရဲ့ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်းပြသနေခဲ့သည်မှာ အကြိမ်ပေါင်းများခဲ့ပြီ။သူတို့မှာ ဆွေးနွေးရန် စကားလုံးမရှိ၊ ဖိနှိပ်ရန် လက်နက်သာ ရှိသည်။ ဒုတိယ လွတ်မြောက်ရေး တိုက်ပွဲကား ပြည်သူတဦးချင်းစီရဲ့ ရှေ့ကိုရောက်ရှိနေလေပြီ။ လူတဦးချင်းစီအား စမ်းသပ်နေလေပြီ။ အာဇာနည်အစစ်တွေကို မွေးဖွားပေးရန် အမိမြန်မာပြည်ကြီးက တောင်းဆိုနေပြီ။ မည်သို့ဖြတ်သန်းကြမည်နည်း။ ဒီမိုကရေစီရရှိရန် ကြိုးပမ်းမှုများတွင် လူတိုင်း ပါဝင်ရန်မသေချာ၊ သို့သော် ဒီမိုကရေစီ ရရှိခဲ့လျှင်ဖြင့် လူတိုင်းခံစားနိုင်မှာ အသေအချာပင် မဟုတ်ပါလော……။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

နိုင်ငံတကာအစည်းအဝေးတွေမှာအရှက်မဲ့စွာ အမျိုးသားဂုဏ်သိက္ခါကိုထိခိုက်စေတဲ့ န အ ဖ

Thursday, June 11, 2009

ဘီဘီစီ (ညပိုင်းလေဒီယိုအစီအစဉ်)
၉-၆-၀၉

ဆွစ်ဇာလန် ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ညီလာခံကြီးမှာ အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးအရက ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေထဲက ပုဒ်မ(၃၅၉)ကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုလိုက်ပါ တယ်၊ ဒါအပြင် အဓမ္မလုပ်အားပေးခိုင်းစေမှူတွေရှိလို့ တိုင်တန်းသူတွေကိုလည်း ဖမ်းဆီး ထားရာကနေ ပြန်လွတ်ပေးဖို့တောင်းဆိုပါတယ်။ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ FTUB မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကတော့ မြန်မာစစ်အစိုးရဘက် ဒီလိုဆောင်ရွက်လာဖို့အရေးကြီးတဲ့လို့အခုလိုပြောပါတယ်။

ဦးမောင်မောင်။ ။ အခု ဒီဥပဒေသည် အဓမ္မလုပ်အားပေးကို ခွင့်ပြုနေခြင်းနဲ့တူနေသည်။ ဥပဒေကို ပြင်ပေးပါလို့ပြောထားတယ်။ ဒါပေမဲ့ တပြိုင်နက်တည်းမှာဘဲ သတ္တရာဇ် ၂၀၀၀ တုန်းကလို သဘောထားပေးထားတဲ့ အကယ်၍မလုပ်လို့ရှိရင် ကမ္ဘာ့ခုံရုံးကို ခေါ်သွားမယ်ဆိုတဲ့ ကိစ္စကို ပြန်လည်းပြီးတော့ ဒီနှစ်ဆုံးဖြတ်ချက်ထဲမှာ ထည့်ထားတဲ့ကိစ္စဖြစ်တော့ အကယ်၍ ပြု ပြင်ပြောင်းလဲမှုမရှိရင်တော့ ကမ္ဘာ့ခုံရုံးကိုသွားဖို့ဆိုတာကို တိုက်တွန်းဖို့က ကျနော်တို့ရဲ့တာဝန် ဖြစ်တယ်။
ဘီဘီစီ။ ။ ဦးမောင်မောင်ပြောသလိုဘဲ မြန်မာနိုင်ငံအတွင်းမှာ အဓမ္မစေခိုင်းမှုတွေကို ခံရတဲ့သူတွေကလည်း ဒီပုဒ်မကိုပြင်ဆင်ပေးဖို့ တောင်းဆိုနေကြပါတယ်။ အဲဒီပုဒ်မ ၃၅၉ ရဲ့ အ ဓိပ္ပါယ်ဖွင့်ဆိုချက်ကဘာလဲဆိုတာနဲ့ဒီတောင်းဆိုမှုထောက်ခံသူတွေရဲ့ အမြင်တွေကတော့ စံခ ဘူရီက ဘီဘီစီ သတင်းထောက် ဦးသန်းရှင်းပြထားပါတယ်။
ဦးသန်း။ ။ ပုဒ်မ (၃၅၉) ဆိုတာ အဓမ္မလုပ်အားပေးနဲ့ပတ်သက်တဲ့ စစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှာပါတဲ့ပုဒ်မကိုပြောတာပါ။ အဲဒီပုဒ်မရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အားမရလို့ ILO က အခုလို ပြန်လည်စဉ်းစားခိုင်းခဲ့တာဖြစ်ပါတယ်။ တခါ ILO ကတောင်းဆိုသလိုဘဲ အဓ မ္မစေခိုင်းခဲ့ရတဲ့ လယ်သမားတွေလည်း ဒီအဆိုကို ထောက်ခံတယ်လို့ အဲဒီဥပဒေကို သေချာ လေ့လာထားတဲ့ အဓမ္မစေခိုင်းခံရတဲ့ မကွေးလယ်သမားတစ်ဦးပြောတာက
လယ်သမား။ ။ နိုင်ငံတော်သည် ဥပဒေကျူးလွန်သည့် ပြစ်ဒဏ်ပေးခြင်းကိုခံရသဖြင့် အလုပ် ဒဏ်ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက်ဆောင်ရွက်ရန် နိုင်ငံတော်က ဥပ ဒေနှင့်အညီ တာဝန်ချထားခြင်းမှတပါး အဓမ္မစေခိုင်းခြင်းကိုတားမြစ်သည့်လိုဆိုတဲ့အခါကျ တော့ ILO အရာရှိရဲ့တောင်းဆိုမှုဟာလည်း လေးစားလောက်စရာကောင်းပါတယ်။ ဘာဖြစ်လို လဲဆိုတော့ အဓမ္မခိုင်းစေမှုတွေကို တိုးပွားလာနိုင်တဲ့အနေအထားမျိုးပါ။ ဒါကြောင့်မို့လို့ ILO အရာရှိအနေနဲ့ တောင်းဆိုတယ်။ ကျနော်တို့ တောင်းသူလယ်သမားတွေအနေနဲ့ ၀မ်းမြောက် ၀မ်းသာကြိုဆိုတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်းဘဲ အပိုဒ် (၃၅၉) ကို ဖြေရှင်းပေးလိမ့် မယ်လို့ ဒီလိုဘဲ မျှော်လင့်ပါတယ်။
ဦးသန်း။ ။ တခါ အဓမ္မခိုင်းစေမှုအတွက် ILO ကိုတိုင်ကြားနိုင်အောင်စီစဉ်ပေးခဲ့တဲ့ မကွေး တိုင်း အောင်လံက ဦးဇော်ဌေးနဲ့ သူအမှုကိုလိုက်ပေးတဲ့ ရှေ့နေဦးဖိုဖြူအပါအ၀င် အဖမ်းခံရတဲ့ သူတွေကိုလည်း ပြန်လွှတ်ပေးဖို့ ILO က တောင်းဆို ထားပါတယ်။ ဦးဇော်ဌေးဆိုရင် နိုင်ငံ တော် လျှို့ဝှက်ချက်ဖော်ထုတ်မှု ပုဒ်မ ၃၁ ၅၁ နဲ့ ထောင်ဒဏ် (၁၀) နှစ် ချထားခဲ့ပါတယ်။ ဒါကို ပြန်လည်လွှတ်ပေးဖို့ အဓမ္မလုပ်အားပေးခိုင်းစေခဲ့ရတဲ့ လယ်သမားတွေက တောင်းဆိုနေပါ တယ်။


VOA သတင်း
10-6-09 (နံနက်ပိုင်းအစီစဉ်)

ILO အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးကျင်းပရာ မနေ့ကတော့ ကော်မတီအစည်းအဝေးတခုမှာ မြန်မာအရေးဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်ချ မယ်လည်းလုပ်ရော မြန်မာနိုင်ငံက ကိုယ်စားလှယ်က အစည်းအဝေးခန်းမကနေ ထွက်သွားခဲ့ တာကြောင့် ဆုံးဖြတ်ချက်ချဖို့ကို ဒီကနေ့ ရွှေဆိုင်းလိုက်ရပါတယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ ဘယ်လိုအကြောင်းအချက်တွေ ပါဝင်ဖို့ရှိပါသလဲ ကိုသားညွှန့်ဦး က အဲဒီအစည်းဝေးကို တက် ရောက်နေတဲ့ FTUB မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမောင် မောင် ဆက်သွယ်မေးမြန်းတော့ ဦးမောင်မောင်က အစည်းအဝေးအခြေအနေကို အခုစ ရှင်းပြပါတယ်ရှင့်။

ဦးမောင်မောင်။ ။ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းမှုပေါ့ အလုပ်သမားသမဂ္ဂအနေနဲ့ ကတော့ အဓိကတော့ အဲဒါဖြစ်တာပေါ့။ ဒါပေမဲ့ အားလုံးကို ခြုံပြီးတော့ကော့ပြောကြတာပေါ့။ လွတ်လပ်စွာအသင်းပင်းဖွဲ့စည်းရေးဥပဒေတွေကို ပြင်ဆင်ဖို့ပြောကြတယ်။ အဲဒါပါမယ်လို့ ထင်တယ်။ ဒါကြောင့်လားတော့မသိဘူး။ သံအမတ်ကဆုံးဖြတ် ချက်ချကာနီးမှ မရှိဘူး။ ဒီနေ့ဆွေးနွေးတဲ့နေရာမှာတော့ Committee on the application of Standards ပေါ့ ILO ရဲ့ ကော်မတီတခုပေါ့နော် ကော်မတီမှာတော့ အလုပ်ရှင်လည်းပါတယ်။ အလုပ်သမားလည်း ပါတယ်။ အစိုးရ ကိုယ်စားလှယ်လည်းပါတယ်။ အပြန်အလှန် ဆွေးနွေးကြပြီးတဲ့အခါ ဆုံးဖြတ် ချက်ချဖို့ဘဲ။ ဥပမာ ဒီနေ့ဆိုရင် (၄) နိုင်ငံဆွေးနွေးတာပေါ့နော် နိုက်ဂျီးရီးယား၊ ချီလီ၊ တရုတ်၊ ဗမာ (၄) နိုင်ငံဆွေးနွေးတော့ ညနေပိုင်းကျတော့အား လုံးဆွေးနွေးပြီးပြီ ဆုံးဖြတ်ချက်ချမယ် ခဏနားမယ် ခဏနားပြီးရင် ဆုံးဖြတ်ချက်ပေးမယ်အချိန်မှာ ဆုံးဖြတ်ချက်ဖို့ပြန်ပြီး ပြန် ခေါ်တော့ (၅း၄၅) နာရီမှာ ပြန်ခေါ်တော့ နိုက်ဂျီးရီးယား အစိုးရလည်းရှိတယ်၊ ၊ ချီလီလည်း ရှိတယ်၊ တရုတ်လည်းရှိတယ်၊ ဗမာပြည်အလှည့်ကျတော့ ဗမာအစိုးရရှိလားတော့ မေးတော့ ဗမာအစိုးရမရှိရင်တော့ ဆုံးဖြတ်ချက်ကို ကြေညာလို့မရသေးဘူးပေါ့နော် ဆုံးဖြတ်ချက် တော့ရပြီးပြီ ကြေညာလို့မရသေးဘူး။ မနက်ဖြန် နံနက်(၁၀)နာရီပြန်ချိန်းထားတယ်။

ဦးသားညွှန့်ဦး။ ။ ဆုံးဖြတ်ချက်အလားအလာ ဘယ်လိုရှီနိုင်ပါလဲခင်ဗျား။

ဦးမောင်မောင်။ ။ ဆုံးဖြတ်ချက်အလားအလာကတော့ ပြုပြင်ပြောင်းလဲမှုက နည်း နေသေးတယ်။ အရှိန်လည်း မရှိသေးဘူး။ တကယ်ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် တကယ် ပြုပြင်ပြောင်းလဲမှုကိုလုပ်ပေးပါဆိုတဲ့အကြောင်းပြောတာလည်းကြာနေပြီးနော့် ဒါကြောင့် မို့လို့ လုပ်ပေးပါ။ နောက်တခါ အမြဲတမ်းပြောနေတာကတော့ အခြေခံဥပဒေသစ်လာပြီး အခြေခံ ဥပဒေသစ်လာပြီး အခြေခံဥပဒေသစ်ထဲကို ကြည့်လိုက်တော့လည်း ပုဒ်မ (၃၅၄) က လွတ်လပ်စွာ အသင်းအပင်းဖွဲ့ စည်းမှုကို ပိတ်ပင့်နေတဲ့အနေအထားရှိတယ်။ ဒါကိုတော့ ပြင်ပေးပါ ပါလာလိမ့်မယ်လို့လည်း ယူဆပါတယ်။

ကိုသားညွှန့်ဦး။ ။ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပါဆိုပြီး မြန်မာပြည်ထဲမှာလည်း ဒီထဲမှာ နိုင်ငံရေးအဖွဲ့ အစည်းတွေအထူးအဖြင် NLD ကလည်း ပြောနေတယ်။ အခုလို ILO ကပြောလာတဲ့အခါမှာ စစ်အစိုးရဘက်က သူတို့ ဥပဒေကို ပြန်လည်ပြင်ဆင် ပေးနိုင်မဲ့အလား အလာကောရှိနိုင်ပါသလား။

ဦးမောင်မောင်။ ။ ILO အဓိက ပြောတာကတော့ နှစ်ချက်ပေါ့နော်။ အဓမ္မလုပ်အားပေးခိုင်း စေမှုနဲ့ ပတ်သက်တဲ့အပိုဒ်နဲ့ နောက်တခါ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းမှုအပိုဒ် နှစ်ပိုဒ်ကို တိတိကျပြောတာဖြစ်တယ်။ NLD ပြောတာကတော့ တခုလုံးကို ခြုံးပြီးပြောတာဖြစ်တော့ နည်းနည်းတော့ကွာတယ်။ ပြင်မဲ့ပြင်ရင်တော့ ILO က ပြောတာကိုပြင်ပေးနိုင်တယ်လို ယူဆလို့ရတယ်။ သို့သော် မပြင်ပေးလို့ရှိရင်လည်း ILO အနေနဲ့ကတော့ ပြင်ပေးလို့ ပြောတဲ့အထဲမှာပြောရုံတောင်မကဘူး သက္တရာဇ် ၂၀၀၆ တုန်းကချထားတဲ့ အကယ်၍ ပြုပြင်ပြောင်းလဲမှုတကယ် မရှိသေးဘူးဆိုရင် ဗမာပြည်ရဲ့အမှုကို ကမ္ဘာခုံးရုံးကို ယူသွားဖို့ ICJ မှာသွားဖို့ အကြံဥာဏ်ယူဖို့ကိစ္စ လုပ်ဖို့ကို ဆွေးနွေးထားတာရှိတယ်။ အဲဒီကနေတဆင့် တခြားနေရာတွေကို ယူသွားလို့ရတယ်ဆိုတဲ့ကိစ္စရှိတယ်။ အဲဒီတော့ ကုလသမဂ္ဂထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ICJ ကို referral သွားဖို့ဆိုတာကို ပြန်ပြီးတော့ သက္တရာဇ် ၂၀၀၆ တုန်းက ဆုံး ဖြတ်ချက်ကိုပြန်လည်းပြီးအသက်သွင်းတယ်လို့ ကြေညာထားတဲ့အတွက်ကြောင့်မို့ မြန်မာ ပြည်က ဒါကို စဉ်းစားမယ်လို့ တော့ထင်ပါတယ်။

ဦးသားညွှန့်ဦး။ ။ မြန်မာအစိုးရဘက်က တက်လာတဲ့ကိုယ်စားလှယ်ကကော အခု ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီးတော့ဒီမတိုင်မီမှာ တခြားဘာတွေများ ချေပပြောဆိုတာ တွေများရှိပါသလဲခင်ဗျား။

ဦးမောင်မောင်။ ။ ပြောပါတယ်ခင်ဗျား။ အဓမ္မလုပ်အားပေးစေခိုင်းမှုနဲ့ ပတ်သက်ပြီး ဇွန်လ (၆) ရက်နေ့က ဆွေးနွေးတုန်းကလည်း ပြင်းပြင်းထန်ထန်သူတို့ဘယ်လို ဘယ်လိုပြုပြင်ပြောင်း လဲတွေလုပ်တယ်ဆိုတာကိုပြောတယ်။ ပြောပေမဲ့လည်းဒီဘက်က အားလုံးပေါ့နော် ကမ္ဘာ ပေါ်မှာရှိတဲ့ အလုပ်ရှင်တွေကော အလုပ်ရှင်ကိုယ်စားလှယ်တွေက အထူးသဖြင့် ပြောတာ ကတော့ အဓမ္မလုပ်အားပေးမှုရှိနေတာကို သက်သေတွေနဲ့လည်းရှိနေတယ်။ နိုင်ငံတနိုင်ငံ လုံးမှာရှိနေတယ်။ ဒီလိုအနေအထားမျိုးရှိနေတဲ့အချိန်မှာ မြန်မာပြည်မှာရင်းနှီးမြှပ်နှံမှု လာလုပ်ဖို့ တော်တော်ခက်ပါတယ်။ ဒါကြောင့်မို့ပြင်ပေးပါလို့ပြောတယ်လို့ သူတို့ကို ပြန်ပြော တာရှိတယ်။ ပြောတဲ့နေရာမှာလည်း ပြုပြင်ပြောင်းလဲမှုလုပ်တယ်ဆိုတာက ဥပဒေအကြောင်း အရာအရသော်လည်းကောင်း၊ လုပ်ငန်းအားဖြင့် သော်လည်းကောင်း နှစ်ခုလုံးလုပ်တာ တိတိ ကျကျမတွေ့ရသေးဘူးဆိုတဲ့ကိစ္စတွေကို သက်သေအထောက်အထားနဲ့ ပြန်ပြီးတော့ ဆွေးနွေးကြတယ်။ နောက်တခါ ဒီနေ့လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှုကိစ္စမှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါတယ်ပြောပေမဲ့ အားလုံးကတင်ပြတာကတော့ ၁၉၉၀ ခုနှစ် ကတည်းကဆွေးနွေး တဲ့ ကိစ္စတွေဖြစ်နေတဲ့အတွက်ကြောင့် ပြန်ပြီးတော့ယှဉ်ကြည့်မယ်ဆိုရင် ဘယ်လိုမှ တိုးတက်လာတာမရှိသေးဘူး။ အခြေခံဥပဒေရရင် ပြင်မယ် ပြင်မယ်ဆိုပြီး ပြော နေတာလည်းကြာလှပြီ။ အခြေခံဥပဒေရောက်ရင်တောင်မှ တကယ်ယုံရပါမလားဆိုတာကို အလုပ်ရှင်က မေးသွားတာဖြစ်တယ်။ အလုပ်ရှင်တွေကိုယ်တိုင်ကိုကဘဲ မြန်မာပြည်ကပြော တာတွေကို သူတို့ ယုံကြည်မှုမရှိဘူးဆိုတာကို တွေ့ရတဲ့အတွက်ကြောင့် တော်တော်လေး မြန်မာပြည် အနေအထားတော်တော်ခက်တယ်။ ပြုပြင်ပြောင်းလဲမှုကို တော်တော်လေး လုပ်ယူရမယ်လို့ ကျနော် မြင်ပါတယ်။

ဦးသားညွှန့်ဦး။ ။ ဟုတ်ကဲ့ခင်ဗျား။ ဒီနေ့ဆုံးဖြတ်ချက်ချတဲ့နေ့ အချိန်မှာတောင်မှ သံအမတ်ကြီးက ထွက်သွားတဲ့ဆိုတော့ မနက်ဖြန်ကော သံအမတ်ကြီးလာပါမလား။ ဆုံးဖြတ်ချက်ချနိုင်ပါမှမလား။

ဦးမောင်မောင်။ ။ သူမလာရင်လည်း ဆုံးဖြတ်ချက်ချမယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဆွေးနွေးတဲ့အချိန်မှာတခုလုံးရှိထားပြီးပြီ။ သူဒီလို့ boycott လုပ်တယ်ဆိုတာဟာမျိုးကတော့ ကျနော်ထင်တယ် အင်မတန်အင်အား ကြီးတဲ့နိုင်ငံဆိုရင်တော့ ပြဿနာမရှိဘူးပေါ့၊ သို့သော်လည်း ကျနော်တို့နိုင်ငံအနေနဲ့ အင်အားလည်း သိပ်ကြီးတာ မဟုတ်တော့ ဆွေးနွေးတဲ့ အချိန်မှာ အားလုံးလည်းကျေကျေလည်လည် ပြေပြေလည်လည်ဆွေးနွေးထားတယ်ဆိုအ တွက်ကြောင့် ဆွေးနွေးတဲ့အချိန်မှာရော ဆုံးဖြတ်ချက်ချမဲ့အချိန်ထိလည်း သူတို့ရှိနေတယ် သိနေတယ်ဆိုတော့ ကျနော်ကတော့မနက်ဖြန်လာမယ်လို့တော့ထင်တယ်။ မလာသည့်တိုင် အောင်လည်း ဒါဟာဆက်လက်ပြီးတော့ ဆုံးဖြတ်ချက်က သွားလိမ်မယ်လို့တော့ ကျနော် ကတော့ တင်ပြချင်ပါတယ်။

ILO မှာအဆင့်အတန်းမရှိ ရန်ထောင်ခဲ့တဲ့  န အ ဖ ကိုယ်စားလှယ်များ ကိစ္စ

Wednesday, June 10, 2009




9 June 2009
U Maung Maung
General Secretary
Federation of Trade Unions Burma FTUB - ITUC



Thank you Chair.

In 2008, one able-bodied Burmese seaman died and another was seriously wounded in an accident and the Seamen’s Employment Control Division (SECD), the section of the juntas administration branch for seafarers from Burma, pressured the families of these seafarers not to contact the International Transport Federation (ITF) that covers seafarers around the world, or ask for compensation directly from the company, but to wait for compensation to be awarded in accordance with standards implemented by the SPDC.

This is not an isolated case. It is but one example of the methods used by the SPDC systematically to control Burmese workers and deprive them of their rights. In this case, the Seafarers Union of Burma, an affiliate of the ITF and the SIU has stepped in to assist the families.

The seafarers of Burma work through company contracts that provide less than 50% of the ITF standard pay. Should the seafarers receive more pay than the company contracts allow, the seafarers are required by the SECD to return the extra pay to the companies, or the SECD bans them for up to three years.

The FTUB member who worked on the “Global Mariner” education ship of the ITF has now become an ITF inspector in Houston, Texas, and is handling these cases on behalf of the SIU / ITF and their families. His greatest challenge in assisting the seafarers and their families comes not from the companies for which they worked, but from the SECD, or the SPDC, which controls the SECD.

In Burma, Freedom of Association and Freedom of Expression are strictly prohibited. Organizing of any kind, whether among workers or among public citizens, whether openly or behind closed doors, is quickly quashed through the SPDC’s extensive network of informers, the regular use of brute force, and the overt manipulation of the legal system using fabricated charges.

The shop floor workers in industrial zones of the textile and garment industries, work 8 hours a day, 5 days a week for the equivalent of 50 cents per day. Only with compulsory overtime and work on the weekends do they earn up to $1 a day. Even if the workers are able to earn that $1 per day, pay is frequently late. If workers try to organize to ask for their rightful pay collectively, once the dispute is over, the workers who take the initiative to organize are dismissed, although some alternative reason is found to justify their dismissal.

Workers in agriculture are often ordered to grow government project crops for example, bio fuel crops and sugarcane that do not benefit them. In the process, many are evicted from their land with no possibility to oppose this, in violation of the ratified C 11 on the Right of Association (Agriculture).

In 1988, when we began forming trade unions and participating in efforts to highlight the social and economic problems in Burma, we were dismissed from our jobs and attacked by the military regime and either forced to leave the country or face arrest. Our members have been persecuted and arrested by the regime, our families have been pressured and isolated by the SPDC and its thugs. At present there are 38 workers rights activists under detention – all with fabricated charges imposed after their arrests.

The SPDC’s pressure has made labor organizing in Burma quite impossible. The FTUB had to work 18 years in order to hold our first congress in March 2009. Why did it take us this long? Because the SPDC continues to enforce Orders 2/88 and 6/88, which, respectively, prohibit meetings of five or more persons and require the SPDC’s permission to form any type of organization. Our delegates arrested after our congress is proof of that. These Orders are clear violations of the SPDC’s obligations under its ILO treaty obligations.

Burma needs to comprehensively reform, both the constitution and legislation in order for workers rights to be protected. Not only must workers be guaranteed basic rights, such as Freedom of Association and Expression, but they must also be provided with education on their rights. The junta now has orchestrated voting for a workers representative. Having workers vote for a representative without knowing why they are voting, and that representative who does not understand his responsibilities, is not the way to introduce freedom of association or the means to develop independent trade unions.

Nor should it be allowed to be the way to avoid implementing the recommendations of the ILO, as the SPDC is doing.

As reported by the Committee of Experts, Section 354 of the junta’s new constitution, imposed under duress, will give rise to continued violations of freedom of association in both law and in practice. Section 354 is but one reason why the FTUB has rejected the SPDC’s constitution.

To support workers in Burma, we ask that the ILO in consultation with the Workers Group issue clear recommendations to the SPDC on steps it must take to meet its ILO treaty obligations, so that its legislation provides for Freedom of Association and is brought into compliance with international standards, and these steps are timebound. Enforcement actions must be prepared by the ILO to ensure no further delays by the junta.

We call for the full recognition of the FTUB as the legitimate trade union, working through peaceful and non-violent means inside Burma.

Before the junta imposes their constitution on the people in 2010, we call on the ILO and all of its members to do everything in their power to work with the ILO, particularly on the needed reviews of the junta’s constitution.

Thank you.

အကြိတ်အနယ် ဆွေးနွေးရသည့် ILO ညီလာခံမှ စစ်အုပ်စု၏ ရာဇ၀တ် မှု

Monday, June 8, 2009

မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ရပ်တန့်နိုင်ရေး သေချာစေရန်အတွက် နောင်နှစ်တွင် အတည်ဖြစ်တော့မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ပါ ချွတ်ယွင်းအားနည်းချက်များကို ဖြေရှင်းရန်နှင့် တည်ဆဲဥပဒေများကို ပြင်ဆင်ပေးပါရန် မြန်မာစစ်အစိုးရအား နိုင်ငံတကာ အလုပ်သမား စံညွှန်းများကော်မတီက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် တခုမှအပ ကျန်ပြည်နယ်နှင့် တိုင်း အားလုံးတွင် အဓမ္မလုပ်အားပေး ဆက်လက်ခိုင်းစေဆဲရှိကြောင်းနှင့် မြန်မာအာဏာပိုင်များအနေဖြင့် ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံရေး ဆန္ဒမရှိကြောင်းဖြင့် ၁၉၃ဝ အဓမ္မလုပ်အားပေး စာချုပ်ကို ရည်ညွှန်းကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ကျွမ်းကျင်မှုကော်မတီတရပ်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အဓမ္မလုပ်အားပေးကို ထိရောက်စွာ တားဆီးပိတ်ပင်နိုင်ရေးအတွက် တည်ဆဲဥပဒေများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်၊ အဆိုပါ ပိတ်ပင်တားဆီးမှုများကို လူသိရှင်ကြားကြေညာရန်နှင့် ချိုးဖောက်သူများကို အရေးယူ အပြစ်ပေးရန် အဆိုပါ ကော်မတီက မြန်မာအစိုးရကို ပြောဆိုလိုက်သည်။

အဆိုပါ ကော်မတီက မြန်မာစစ်အစိုးရ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို အဓိပ္ပာယ် ဖွင့်ဆိုပုံအပေါ် သဘောမတူဘဲ၊ အထူးသဖြင့် ‘အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်း’ ဆိုသည့် ပြဋ္ဌာန်းချက်စာပိုဒ်သည် အဓမ္မလုပ်အားပေး ခိုင်းစေနိုင်ရန် လမ်းဖွင့်ပေးထားသကဲ့သို့ ဖြစ်နေသည်ဟု ဆုံးဖြတ်သည်။

ထို့ပြင် ‘အဓမ္မခိုင်းစေခြင်း၊ အတင်းအကျပ် ခိုင်းစေခြင်းတို့ကို အခြေခံဥပဒေ ပြဋ္ဌာန်းချက်များက အတိအလင်း တားမြစ်ထားသည် ဆိုစေဦး၊ ဥပဒေတရပ်ရပ် ပြုလုပ်၍ ဤကိစ္စများကို ပြုလုပ်စေနိုင်သဖြင့် ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်များမှာ အလုပ်မဖြစ်နိုင်’ ဟု ကော်မတီ၏ ယင်း၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် စစ်အစိုးရကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သော ဆန္ဒခံယူပွဲတွင် ၉ဝ ရာခိုင်နှုန်းကျော်သော မဲပေးသူများက ထောက်ခံခဲ့ကြပြီးဖြစ်သည်ဟု ပြောဆိုကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) အပိုဒ် ၁၅ ပါ ပြဋ္ဌာန်းချက်ဖြစ်သော ‘နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်း ခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတပါး အဓမ္မခိုင်းစေခြင်းကို တားမြစ်သည်’ ဟူသော စာပိုဒ်ကို ရည်ညွှန်းကာ ကော်မတီ၏ အမြင်ကို ပြစ်တင်မောင်းမဲပြောဆိုလိုက်သည်။

ILO အဖွဲ့ကြီးက ဥပဒေပြင်ဆင်ရေးနှင့် ပြန်လည်ရုပ်သိမ်းပေးရေးအတွက် ချက်ချင်း အရေးယူဆောင်ရွက်ပါရန် တောင်းဆိုနေသော စာပိုဒ်များမှာလည်း အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ အပိုဒ် ၁၅ (ပုဒ်မ ၃၅၉) နှင့် ကျေးရွာများနှင့် မြို့များ ဥပဒေများတို့ပါ ပြဋ္ဌာန်းချက်များပင် ဖြစ်သည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC) က တင်ပြတိုင်တန်းခဲ့သော စာမျက်နှာ ၆ဝဝ ပါ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း အထောက်အထားများကို တုံ့ပြန်ဆောင်ရွက်ပေးသည့်အနေနှင့် မြန်မာစစ်အစိုးရသည် ထိုသို့ တင်ပြတိုင်တန်းလာသော ကိစ္စရပ်များကို ကိုင်တွယ်အရေးယူ ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့ပြီး၊ မြန်မာနိုင်ငံ အထွေထွေ အခြေအနေများနှင့် စပ်လျဉ်း၍ ယခင်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များကိုသာ ကြက်တူရွေးလို တစာစာ ရွတ်နေခဲ့သည်။ အစိုးရ၏ ရပ်တည်ချက်နှင့် စပ်လျဉ်း၍ထောက်ခံတင်ပြနိုင်သော သက်သေခံချက်များကိုလည်း တင်ပြနိုင်ခြင်း မရှိခဲ့ဟု ILO ကော်မတီက စွပ်စွဲပြောဆိုလိုက်သည်။

ITUC က တင်ပြခဲ့သော အထောက်အထားများတွင် ကရင်နှင့် ချင်းကျေးရွာများတွင် မြန်မာစစ်တပ်က တိုက်ရိုက် တောင်းဆိုခိုင်းစေသော အဓမ္မလုပ်အားပေး ဖြစ်ရပ်များနှင့် မြစ်ဝကျွန်းပေါ်ဒေသ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒေသများတွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ၌ အဓမ္မလုပ်အားပေးခိုင်းစေခြင်း ကိစ္စများ ပါဝင်သည်။

ဤသို့ အခွင့်အရေး ချိုးဖောက်မှုများအတွက် မှုခင်းအဖြစ်အပျက် ၃ ခုမှအပ မည်သည့် စစ်ဖက်ဝန်ထမ်းကိုမျှ တာဝန်ရှိကြောင်း အရေးယူခဲ့ခြင်းမျိုး မရှိဘဲ၊ အဆိုပါ ကိစ္စရပ် ၃ ခုတွင်လည်း လစာလျှော့ချခြင်း၊ ရာထူးတိုးမှုကို ရပ်ဆိုင်းထားခြင်း တို့ကိုသာ ပြုလုပ်ခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အတိုင်း သတိပေးခြင်း မပြုလုပ်ခဲ့ဟု ကော်မတီက ယင်း၏ တွေ့ရှိဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားသည့်အနေနှင့် မြန်မာစစ်အစိုးရကို သတိပေးပြောကြားခဲ့သည်။

သို့သော် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) တို့ကမူ မြန်မာစစ်အစိုးရဘက်မှ ဝင်ရောက်ကာကွယ် ပြောဆိုပေးခဲ့ကြပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က မြန်မာစစ်အစိုးရ၏ အဓမ္မ လုပ်အားပေးခိုင်းစေမှု ရပ်တန့်ရေးအတွက် ယနေ့အထိ အပြုသဘောဆောင်သော အောင်မြင်မှုများကိုသာ အဓိကထား ပြောဆိုလိုကြသည်။ စင်္ကာပူနိုင်ငံကမူ အဓမ္မ လုပ်အားပေး ခိုင်းစေမှုကိစ္စနှင့် ဆက်စပ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စရပ်ကို တင်ပြအရေးဆိုခဲ့ကြသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများကို ဝေဖန်ပြောကြားခဲ့သည်။

သူမ၏ နေအိမ်အကျယ်ချုပ် စည်းကမ်းချက်များကို ဖောက်ဖျက်သည်ဟူသော စွပ်စွဲချက်ဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အမှုဆိုင်နေရသည်။ အကဲခတ်နှင့် ဝေဖန်သူအများအပြားကမူ ဤစွပ်စွဲချက်များသည် နိုင်ငံရေးအရ စွဲဆိုချက်သက်သက်မျှသာ ဖြစ်သည်ဟု ယုံကြည်နေကြသည်။

ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ခံရသော ဝန်ကြီးချုပ်ဦးနု၏ လက်ထက်တွင် အာဆီယံအဖွဲ့ဝင် ဖီလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတို့ထက် အနှစ် ၅ဝ စော၍ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းစာချုပ်ကို ၁၉၅၅ ခုနှစ်က အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ၁၉၃ဝ ခုနှစ် စာချုပ်ကို အတည်မပြုရသေးသည့် နိုင်ငံများထဲတွင် အမေရိကန်၊ တရုတ်၊ ကနေဒါ ၃ နိုင်ငံ ပါဝင်သည်။

အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးသို့ မြန်မာနိုင်ငံ အခြေအနေအား လွှဲပြောင်းတိုင်တန်းရန် ကိစ္စကိုမူ ကော်မတီက ဆန့်ကျင်ရန် ဆုံးဖြတ်သည်။

ILO ညီလာခံမှမြန်မာစစ်အုပ်စု အပေါ် ဆုံးဖြတ်ချက် များ




စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ILO ညီလာခံ မှ တောင်းဆို

Sunday, June 7, 2009

ILOညီလာခံရဲ့မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ဆုံးဖြတ်ချက် ကို
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်အထွေထွေအတွင်းရေးမှုးဦးမောင်မောင်
နှင့် RFA ဆက်သွယ်မေးမြန်းချက်

ဦးတင်အောင်ခိုင် ။ ။ (၉၈)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားအဖွဲ့ ချုပ် ILO ညီလာခံကနေမြန်မာနိုငံနဲ့
ပတ်သတ်ပြီး အရေးယူဆောင်ရွက်မဲ့အစီအစဉ်တွေ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ် ဘာတွေများ
ဆုံးဖြတ်ချက်ချခဲ့ပါလဲ

ဦးမောင်မောင် ။ ။ ဆုံးဖြတ်ချက်ကတော့ တော်တော်ရှိတယ် ။အဓိကအချက်ကတော့သကရာဇ်
၂၀၀၀-၂၀၀၆ တုန်းက ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေရှိတယ်။
အဲဒီ့ဆုံးဖြတ်ချက်တွေအတိုင်းလိုက်နာမယ်လို့ပြောပြီးမလိုက်နာလိုေ၇ှ့ဆက်ပြီးဒါကိုမြန်မြန်ဆန်ဆန်
လုပ်ဖို့ ဆိုတာကို သဘောထားပေးတယ်။ သဘောထားပေးတဲ့နေရာမှာဆက်လက်ပြီးတော့ မလုပ်
ဆောင်နိုင်ရင် ဘာလုပ်မယ်ဆိုတဲ့ကိစ္စတွေ၇ှိတာပေါ့ နော် ။

ဥပမာ ICJ အပြည်ပြည်ဆိုင်ရာခုံရုံးပေါ့ ။ခုံရုံးကိုသွားပြီး မြန်မာပြည်က ချိုးဖောက်တာတွေကို ဆက်
လက် တင်ပြမယ်ဆိုတဲ့ကိစ္စရှိတယ်။ချက်ချင်းဖော်ဆောင်ရမဲ့လုပ်ငန်း အားလုံးကလုပ်ဖို့ ဆိုတဲ့ဟာကို
တင်ပြသွားတာရှိတယ်။

ဦးတင်အောင်ခိုင် ။ ။ချက်ချင်းလုပ်ဆောင်ရမဲ့လုပ်ငန်းဆိုတာဘယ်လို လုပ်ငန်းတွေလဲ ခင်ဗျား

ဦးမောင်မောင် ။။ ။။ အရေးကြီးဆုံး တချက်ကတော့ဘာလဲဆိုတော့ န အ ဖ ရဲ့ ၂၀၁၀
အတွက်ပြင်ဆင်နေတဲ့အခြေခံဥပဒေထဲမှာ ပုဒ်မ ၃၅၉ အပိုဒ် ၁၅ အခန်းခွဲ ၈ မှာပါတဲ့ ပြောဆိုချက်
တွေဟာ အဓမ္မလုပ်အားပေးမှုကိုအားပေးရာရောက်တဲ့အတွက်ကြောင့်ဒါကိုပြင်ဆင်ပေးပါ ဆိုတာ
ကို ILO ကတောင်းဆိုလိုက်တယ်(ဒီနှစ်ထဲမှာ)

ဦးတင်အောင်ခိုင်။ ။ ဒါဟာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ခိုင်းတာပေါ့လေ
အကယ်၍ မပြင်ဘူးဆိုရင် သူတို့ ဘာလုပ်မယ်ဆိုတာပါသေးလားခင်ဗျား။

ဦးမောင်မောင် ။။ ။ မပြင်ခဲ့ရင် ဘာလုပ်မယ်ဆိုတာမပါဘူး ဒါပေမဲ့ခုနကကျွန်နော်
တင်ပြခဲ့သလို သက္ကရာဇ် ၂၀၀၀-၂၀၀၆မှာ ချခဲ့တဲ့ဆုံးဖြတ်ချက်မှာရှိထားပြီးသားဟာ ဘာလဲဆို
ရင် လိုက်နာမှု မရှိခဲ့ဘူးဆိုရင်အပြည်ပြည်ဆိုင်ရာခုံရုံးကိုသွားပြီး ခုံရုံးကတဆင့် ဆက်လက်ပြီး
တော့ ရှေ့သွားမဲ့လုပ်ငန်းတွေကိုသူတို့ ပြောဆိုထားတယ်။အဲဒီ့ပြောဆိုထားတဲ့လုပ်ငန်းတွေဟာ
ဘာလဲဆိုရင် စီးပွါးရေးပတ်စို့ မှုတို့ ရင်းနှီးမြုတ်နှံမှုတွေရပ်ဆိုင်မှုအားလုံးကို အဲဒီ့ကတည်းက
ဆွေးနွေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့် အခုလိုပြင်ဆင်မှုမရှိဘူးဆိုရင် မကြာခင်မှာပဲ
နိုဝင်ဘာလ အုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှာတစ်ခါပြန်ပြီး သုံးသပ်တဲ့အခါ အဖြေကို
ကျနော်တို့ တွေ့ ရပါလိမ့် မယ်။

ဦးတင်အောင်ခိုင် ။။ ။ နောက်တစ်ခုက အခုအစည်းအဝေးမှာဒေါ်အောင်ဆန်းစုကြည်
ရဲ့အမှုကိစ္စ နဲ့ ပတ်သတ်ပြီးတော့တော်တော်လေးပြောဆိုကြတယ်လို့ ကြားရပါတယ်ခင်ဗျား။ အဲဒီ့
ကိစ္စနဲ့ပတ်သတ်ပြီးတော့ ဘာများဆုံးဖြတ်ချက်ချပါသလဲခင်ဗျား

ဦးမောင်မောင် ။ ။ ဆုံးဖြတ်ချက်မှတြော့ အခြေခံလူ့ အခွင့်အရေးချိုးဖောက်မှုဖြစ်တ
ဲ့နိုင်ငံရေးအကျဉ်းသားတွေကိုဖမ်းဆီးထားတဲ့ကိစ္စ အလုပ်သမားအခွင့်အရေးကို လုပ်ဆောင်တဲ့
သူတွေကိုဖမ်းဆီးထားတဲ့ကိစ္စ အထူးသဖြင့်ဒေါ်အောင်ဆန်ဒစုကြည်ဟာ ကျနော်တို့ ဗမာပြည် ပြည်လည်သင့်မြတ်ရေးမှာပြန်လည်ဖွံ့ဖြိုးရေးမှာမပါမဖြစ်တဲ့ပုဂိုလ်တစ်ဦးဖြစ်တဲ့အတွက်ကြောင့်
အဲဒီ့ပုဂိုလ်ဟာလွတ်ဖို့ လိုတယ်ဆိုတဲ့အနေအထားမျိုးကို ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ ချုပ်ကြီး
ကတောင်းဆိုထားတာဆုံးဖြတ်ချက်ထဲမှာပါ ပါတယ်ခင်ဗျား

ဦးတင်အောင်ခိုင်။ ။ဒီတောင်းဆိုချက်တွေနဲ့ပတ်သတ်ပြီးတော့စစ်အစိုးရဖက်က
နေပြီးဘယ်လိုများ တုန့် ပြန်ချက်တွေများလုပ်ပါသလဲ

ဦးမောင်မောင် ။ ။ ခါတိုင်းနှစ်တွေက ပြန်ပြီးတော့ငြင်းဆိုတာတို့ ဆွေးနွေးတာတို့ 
ရှိတယ်။ ဒီနှစ်တော့ ဘာမှပြောမသွားဘူး ဆုံးဖြတ်ချက်ကျတဲ့အချိန်မှာလည်း ဒီလိုပဲ အားလုံး
သဘောတူတယ်ငြိမ်ပြီးပြန်သွားတာပဲခင်ဗျ

ဦးတင်အောင်ခိုင် ။ ။ ဆုံးဖြတ်ချက်က အစည်းအဝေး သဘာပတိကကြေညာလိုက်
တာလားခင်ဗျ

ဦးမောင်မောင် ။။ ။။ ဟုတ်ပါတယ်ခင်ဗျာ ကျနော်တို့ အစည်းအဝေးစဖွင့်တယ် ကျနော်
တင်ပြကြတယ် နအဖ ကတင်ပြတယ် အလုပ်သမားကိုယ်စားလှယ်တင်ပြတယ် အလုပ်ရှင်
ကိုယ်စားလှယ်တင်ပြတယ် ပြီးတော့တခါပြန်ပြီးသုံးသပ်တယ်ပြီးတဲ့နောက်မှညြီလာခံ ဥက္ကဌက
နေပြီးတော့ သူတို့ အဖွဲ့ ငယ်လေးတစ်ခု နဲ့ဆွေးနွေးပြီးတော့ဆုံးဖြတ်ချက်ချတယ်။ ဆုံးဖြတ်ချက်
ချတဲ့အကြောင်းကိုလည်း ကြေညာတာက ဥက္ကဌက ပဲကြေညာသွားတာပါ။

ဦးတင်အောင်ခိုင် ။ ။ ဒီကြေညာချက်တွေဟာ စာနဲ့ပေ နဲ့ထွက်လာပါဦးမလားခင်ဗျာ

ဦးမောင်မောင် ။ ။ ကျနော်တို့ အင်္ဂါနေ့ လောက်ဆိုထွက်ပါပြီ

ဦးတင်အောင်ခိုင် ။ ။ ဟုတ်ကဲ့ ဒီအစည်းအဝေးပေါ်ကရလဒ်ပေါ်မှာ ဦးမောင်
မောင်အနေနဲ့ ဘာများသုံးသပ်ချင်ပါသလဲခင်ဗျာ
ဦးမောင်မောင် ။ ။ ကျနော်ကတော့ကြေနပ်အားရပါတယ် ကျနော်တို့  ၁၉၉၂လောက်
ကတည်းကတောက်လျောက်လုပ်လာခဲ့တဲ့ကိစ္စတွေမှာ အစဉ်တစိုက် ဖိအားပေးခဲ့ပြီးတော့ပြောင်း
လဲမှုအတွက် ။ အခြေခံအလုပ်သမားအခွင့်အရေးကိုချိုးဖောက်မှုအတွက် ကြိုးစား နေတာကို
ကျနော်တို့ တွေ့ ရတယ် ခုထက်ထိလည်း အားမလျော့သွားတဲ့အပြင် အခုလိုလာမဲ့ ၂၀၁၀ ရွေး
ကောက်ပွဲနဲ့ ပတ်သတ်တဲ့ အခြေခံဥပဒေကိုပြုပြင်ပြောင်းလဲဖို့ အတွက်စတင်ပြီးတော့ အပြည်
ပြည်ဆိုင်ရာအဖွဲ့ အစည်းတခုကနေ တိတိကျကျထောက်ပြပြီးတော့ ပြောတဲ့ကိစ္စ ကအင်မတန်
အားရှိတယ် ဒါကိုလည်းအခြားအပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းတွေမှာ ဖြစ်အောင်ဆက်လက်ပြီး
ကြိုးစားသွားမယ်လို့  ကျနော်ကပြောချင်ပါတယ် ။

ဦးတင်အောင်ခိုင် ။ ။ ကျေးဇူးတင်ပါတယ် ဦးမောင်မောင်ခင်ဗျား




စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ILO တိုက်တွနှ်း
VOA 07 June 2009

မြန်မာနိုင်ငံမှာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ခွင့်ပြုထားတဲ့ အခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်တွေနဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO က မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ အဆုံးသတ်ဖို့ မြန်မာစစ်အစိုးရရဲ့ ကြိုးပမ်းချက်တွေဟာ လုံလောက်မှု လုံးဝမရှိဘူးလို့ စနေနေ့က ဂျနီဗာမှာကျင်းပတဲ့ ILO အလုပ်သမား ကော်မတီ ဆွေးနွေးပွဲအတွင်း ILO အဖွဲ့ဝင်တွေက ပြောဆိုခဲ့ကြပါတယ်။
အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို တားမြစ်တဲ့ လက်ရှိတည်ဆဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရမယ်လို့ အလုပ်သမား ကော်မတီက ဆိုပါတယ်။ အခြေခံဥပဒေသစ် ၂၀၁၀ ခုနှစ်မှာ တရားဝင်ဖြစ်လာတဲ့အခါ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ခွင့်ပြုတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြဌာန်းချက်တွေကိုလည်း ပြင်ဆင်ရေးဆွဲဖို့ ILO က တောင်းဆိုပါတယ်။
အစိုးရ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကလေးငယ်တွေကို အတင်းအဓမ္မခိုင်းစေတာတွေ ရှိနေသလို အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေကို မြန်မာစစ်အစိုးရက ကျူးလွန်နေတဲ့အကြောင်း ILO က စွပ်စွဲထားတာဖြစ်ပါတယ်။

ILO က မြန်မာ စစ်အုပ်စု အပေါ်ဘယ်လိုဆုံးဖြတ်လဲ ? အားရစရာပါပဲ -အလုပ်သမားထုသာညီညာ ပြီး စုရုံးလိုက်ရင်

ILO tells Myanmar to stop forced labor
By Jonathan Lynn
June 6, 2009
GENEVA (Reuters) - The U.N. International Labour Organization told Myanmar on Saturday to end forced labor, saying the action it had taken so far was "totally inadequate."
But the ILO's committee on labor standards stopped short of referring Myanmar to the International Court of Justice, the top U.N. tribunal, as worker representatives demanded.
The ILO has been at odds with the former Burma for more than a decade over what it says is a widespread practice of forcing villagers to work on infrastructure projects or as porters for the army.
The committee said Myanmar's military government had taken some steps to tackle underage recruitment into the military, and to publicize a temporary complaints mechanism, which was extended for one year.
"The Committee was however of the view that these steps are totally inadequate," it said in the conclusions of its meeting.
The committee told the government it must amend both existing legislation and the new constitution to ban forced labor, publicize the ban, punish those who impose it, and stop harassing people who complain about it or those who help them.
Myanmar's ambassador in Geneva, Wunna Maung Lwin, told the committee: "Myanmar has shown its political will, and she has been and will be cooperating with the ILO in a constructive manner with a view to eradicating the practice of forced labor in the country."
But employers' and workers' representatives and Western governments at the ILO dismissed this.

FEW COMPLAINTS
A report by the ILO's liaison officer in Myanmar, Steve Marshall, said only 152 complaints of forced labor had been received under the mechanism agreed in 2007.
"The government continues to play the diplomatic game of doing just enough to create an appearance of cooperation ... No one in this room is fooled by that," said Edward Potter, who speaks for the employers' group on the committee.
Several workers' representatives called for disinvestment from Myanmar, which is rich in oil, gas, timber and gems, and was once a major rice producer.
But Myanmar drew support from China, which values Myanmar as a source of raw materials and route to the Indian Ocean, and from India, which has recently toned down criticism of its neighbor for fear of allowing Chinese influence to grow.
"We are glad to notice that ... the two sides have been conducting close cooperation, taking substantive actions with substantive achievements made," the Chinese representative said.
India also said Myanmar and the ILO had made tangible progress in tackling forced labor.
Myanmar also got backing from fellow members of the Southeast Asian grouping ASEAN.
Singapore urged it to redouble efforts to end forced labor, but criticized speakers who raised the case of Aung San Suu Kyi, the opposition leader currently on trial after years of house arrest, or referred to Myanmar as Burma.
(Editing by Kevin Liffey)

Myanmar criticised for "forced labour'
Sun, Jun 07, 2009
AsiaOne
GENEVA - INTERNATIONAL labour experts on Saturday called on the Myanmar government to amend a provision in the country's new constitution that could be interpreted as justifying forced labour.
A special session at the International Labour Organisation on the forced labour situation in Myanmar concluded that the steps taken by the ruling junta towards eradicating forced labour were 'totally inadequate.'
In a report presented at the meeting, the experts pointed to a provision in the new constitution referring to 'duties assigned thereupon by the State in accord with the law in the interests of the people.'
The experts expressed deep concern about a provision in the text of the Constitution that 'may be interpreted in such a way as to allow a generalised exaction of forced labour from the population.'
They called on the government to amend the new constitution, which is meant to take effect in 2010, to bring it into conformity with labour rules.
Myanmar's representative however said the government 'cannot accept criticism on our constitution process", which he said had been adopted by over 90 percent of voters.
ILO experts said that exploitation remained rampant in the Asian country, adding 'there is no genuine and sustained political will to end forced labour.' They also raised 'serious concern on the continued human rights violations in Myanmar and the detention of Aung San Suu Kyi' and other political prisoners.
Opposition leader Aung San Suu Kyi faces up to five years in jail on charges of having breached the conditions of her house arrest after an incident in which US national John Yettaw swam to her lakeside home in May.
The authorities in Myanmar accused Suu Kyi of covering up the American's presence and rebuked her for offering him food and shelter, allegations that have sparked international outrage.

ဇွန် (၆) မြင်ကွင်း ရင်တွင်းမှတ်တမ်း ’

Saturday, June 6, 2009

ဗမာပြည်အလုပ်သမားလူတန်းစားဟာ၊ ခေတ်မီအလုပ်သမားလူတန်းစားအဖြစ် စတင်ဖြစ်တည်လာစဉ်ကတည်းက၊ အလုပ်သမားလူတန်းစားရဲ့ သူရသတ္တိကို ပြသခဲ့တယ်။ နိုင်ငံရေးနိုးကြားမှုကို ပြသခဲ့ပါတယ်။

နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်မှာ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ နဲ့ ပြသခဲ့တယ်။ စက္ကူဖြူ စီမံကိန်းနဲ့ ကက်စဘီ အုပ်ချုပ်ရေးခေတ် တလျောက်မှာလဲ၊ ဘီအိုစီ အလုပ်သမားသပိတ်၊ ဒလသင်္ဘောကျင်းသပိတ်၊ အလုံသစ်စက်သပိတ် စတဲ့ သပိတ်တိုက်ပွဲတွေနဲ့ အင်္ဂလိပ်ကိုလိုနီ အစိုးရကို ဆန့်ကျင်ရင်း၊ ‘၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီး’ဆီအထိ ဦးတည်ခေါင်းဆောင် လှုပ်ရှားနိုင်ခဲ့ပါတယ်။

မဆလ ခေတ်ကို ရောက်တော့လဲ၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ မဆလတပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက် ပွဲဆင်ခဲ့ပါတယ်။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ၊ ဘယ်တော့မှ ဖျောက်ကွယ်ချန်လှပ်ထားလို့မရနိုင်တဲ့ အလုပ် သမား တိုက်ပွဲတခုကတော့၊ ၁၉၇၄ ခုနှစ် ဇွန် (၆) ရက် အလုပ်သမားသပိတ်ကြီးပဲ ဖြစ်ပါတယ်။

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’ လို့ မော်ကွန်းထိုးထားရမယ့် အလုပ်သမားသပိတ် တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။

ဒီ သပိတ်ကြီးကို မဆလစစ်အာဏာရှင်တွေဟာ ထုံးစံအတိုင်း အကြမ်းဖက်ဖြို ခွဲပြီး၊ နှိပ်ကွပ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် သွေးမြေကျရမှု တွေ ဖြစ်ခဲ့ရပါတယ်။ ဇွန် (၆) ရက်နေ့မှာပဲ ပထမဆုံးသွေးမြေ ကျခဲ့ရတဲ့နေရာကတော့၊ ရန်ကုန် သ မိုင်း ချည်စက်ရှေ့မှာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အဖြစ်အပျက်ကို ကိုယ်တွေ့ တွေ့ကြုံခဲ့ဖူးသူတယောက်အနေနဲ့ မြင်ရာ ဒေါင့်ကနေ လေးလေးနက်နက် မှတ်တမ်းတင် ဖေါ်ပြပါရစေ …

၁၉၇၄ ခုနှစ် ဇွန်လ (၆)ရက် …
မနက်မိုးလင်းလို့ စက်ရုံအလုပ်သမားကြီးတွေ အလုပ်ဆိုင်းအလိုက် အလုပ်ဝင်ကြချိန်သာသာလောက်မှာပဲ၊ ရန်ကုန် အင်းစိန်လမ်းမကြီးတလျောက် ကြွေးကြော်သံတွေ ပျံ့နှံ့ဝေစည် လာပါတယ်။
ဒို့အရေး - ဒို့အရေး …
ဆိုတဲ့ကြွေးကြော်သံတွေဟာ ပထမတော့ ခပ်ပါးပါး ခပ်သဲ့သဲ့လေးပါ ။ နောက်တော့ တစထက်တစ …
‘ ဆန်လုံလောက်စွာ ရ ရှိရေး - ဒို့အရေး ဒို့အရေး ...’
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ...’
‘ ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး ဒို့အရေး...’
‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’
ကြွေးကြော်သံတွေဟာ မုတ်သုန်အကြို မိုးသက်လေနဲ့အတူ လမ်းမကြီးတွေပေါ် ရပ်ကွက်တွေပေါ် ဝဲပျံလွင့်စင်နေပါ တယ်။

ကျနော်ဟာ အင်းစိန်မီးရထားစက်ခေါင်းရုံဖက်ဆီ ပြေးကြည့်မိပါတယ်။ အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေဟာ မိုး လုံးညံအောင် ထွက်ပေါ်လာနေပါတယ်။ အဲဒီကနေ အင်းစိန်လမ်းမကြီးပေါ် ပြန်တက်လာ၊ အင်းစိန်လမ်းမကြီးတ လျောက်အတိုင်း ကုန်ကြောင်းလျှောက်ပြီး ပြန်လာတော့၊ ခဝဲခြံမှတ်တိုင်ရှေ့တည့်တည့်က ၅ သုံးလုံး ရာဘာဖိနပ် စက် ရုံကြီးအတွင်းမှာလဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဒီစက်ရုံထဲမှာ ကျနော့် မိတ်ဆွေရင်းချာ အလုပ်သမားတချို့ ရှိနေ တဲ့အတွက် ခဏရပ်ကြည့်လိုက်မိပါတယ်။ မကြာခင် ကြွေးကြော်သံတွေ ထွက်လာပါတယ်။ ဆက်ပြီးထွက်လာတော သမိုင်းလမ်းဆုံက ဓါတု (၄) ၊ ဓါတု (၆) စက်ရုံတွေက ကြွေးကြော်သံတွေဟာလဲ ရှေ့ဆင့်နောက်ဆင့်ထွက်လာတာ ကြားရ ပြန်ပါတယ်။ ရှေ့ဆက်တက်လာတော့ ‘သမိုင်းချည်မျှင် နှင့် အထည်စက်ရုံ ’။
‘ ဆန်လုံလောက်စွာ ရ ရှိရေး - ဒို့အရေး ဒို့အရေး ’
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ’
‘ ကုန်ဈေးနှုန်းကျဆင်းရေး - ဒို့အရေး ဒို့အရေး ’
‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’
ကြွေးကြော်သံတွေဟာ စက်ရုံတွေအတွင်းကနေ ညီညီညာညာထွက်ပေါ်လာနေပါတယ်။ ပထမတော့ အတွင်းပိုင်း စက်ရုံတွေ အတွင်းကနေပဲ ထွက်ပေါ်လာနေတာပါ။

သမိုင်းချည်မျှင်နှင့်အထည်စက်ရုံ ကြီးရဲ့ တည်ဆောက်ထားပုံက၊ လမ်းမကြီးဖက် (ဆိုင်းဘုတ်ကြီးထူထားတဲ့ဖက်) မြေ ကွက်လပ်ကျယ်ကြီးပေါ်မှာ၊ ဂိတ်ပေါက် သံတံခါးကြီးနဲ့ အနီးမှာ တထပ်တိုက်အဆောက်အဦ ရှည်ကြီးတခု ရှိပါတယ်။ အဲဒီအဆောက်အဦမှာ ရုံးခန်းနဲ့ ငွေစာရင်းဌာနတို့ ဆိုတာတွေ ရှိပါတယ်။ တဆက်တည်းမှာ အလုပ်သမားကောင်စီ လို့ ဆိုင်းဘုတ်တပ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ အလုပ်သမားမင်းသားများရဲ့ အခန်းရှိပါ တယ်။ အဲဒါတွေပြီးတဲ့နောက်၊ သံတံခါးနဲ့ ထပ်ပြီးခြားထားတဲ့ ဝန်းပြင်ကျယ်ကြီးပေါ်မှာ ချည်မျှင်နဲ့အထည်စက်ရုံတွေ သူ့ရုံ နဲ့သူ အစီအရီ တန်းစီတည်ရှိနေပါတယ်။ ပထမဆုံး ကြွေးကြော်သံတွေ တိုင်နေ ထွက်နေတဲ့နေရာက အဲဒီအ တွင်း စက်ရုံတွေအတွင်းကပါ။ နောက် မကြာမီမှာပဲ အထဲက သပိတ်ခေါင်းဆောင်တချို့ ထွက်လာပြီး၊ လမ်းမကြီးဘေး က ဂိတ်ပေါက်ဝကြီးဆီ ရောက်လာတာတွေ့ရပါတယ်။

ဂိတ်ဝသံတံခါးဘေးမှာ စားပွဲခုံတလုံးကို ချလိုက်ပြီး၊ စားပွဲပေါ်တက်ပြီး မတ်တပ်ရပ်ကာ သပိတ်တရားကို ဟောကြပါ တယ်။

အလုပ်သမားထုတရပ်လုံး အလုပ်လုပ်နေကြရင်းက ထမင်းငတ်နေရတဲ့အကြောင်း၊ ဒါကြောင့် ဆန်လုံလောက်စွာ ရရှိဖို့ တောင်းဆိုနေရတာဖြစ်ကြောင်း၊ အလုပ်ခွင်ထဲမှာလဲ အာမခံချက်မဲ့လှတဲ့အခြေအနေကြောင့် လုပ်ခွင်သက်သာ ချောင်ချိရေးကို ဖန်တီးပေးဖို့ တောင်းဆိုနေရတာဖြစ်သလို၊ လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှု ဆိုတာနဲ့အတူ စက်ရုံအလုပ်ရုံ တွေထဲမှာလဲ အလုပ်သမားကောင်စီဆိုတာတွေ ပေါ်လာပြီး၊ ဒီအလုပ်သမားကောင်စီတွေဟာ အလုပ်သမားတွေအ တွက် ဘာမှလုပ်မပေးတဲ့အပြင် ဖိနှိပ်ဒုက္ခပေး ဗိုလ်ကျနေတဲ့အဖွဲ့အစည်းတရပ်အဖြစ်ပဲ လက်တွေ့ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ဒီအလုပ်သမားကောင်စီဆိုတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြရတာဖြစ် ကြောင်း ဟောကြ ပြောကြ ရှင်းပြကြပါတယ်။

လက်တွေ့ ဘဝထဲကလာတဲ့၊ လက်တွေ့ခံစားနေရတဲ့ အကျပ်အတည်းတွေကြောင့်၊ လက်တွေ့လိုအပ်ချက်အစစ်အမှန် ကို ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကြွေးကြော်သံတွေဟာ အင်မ တန်မှ တရားမျှတပြီး အင်မတန်မှ ကြောင်းကျိုးကျ တဲ့တောင်းဆိုချက်တွေလဲ ဖြစ်နေပါတယ်။

ကျနော်အပါအဝင်၊ ရပ်ကွက်တွေထဲက လာရောက်နားထောင်ကြသူ၊ ကြည့်ကြရှု့ကြ အားပေးကြသူတွေလဲ တဖြည်း ဖြည်းများလာပါတယ်။ တချို့ကလဲ သပိတ်မှောက်နေတဲ့ ဒီစက်ရုံထဲမှာ ကိုယ့်မိ ကိုယ့်ဖ ညီအကိုမောင်နှမ ဆွေမျိုးသား ချင်းတွေပါ ပါနေလို့ အခြေအနေလာကြည့်ကြသူမျိုးတွေလဲ ပါနေပါတယ်။

ဂိတ်ဝအတွင်းဖက် သံတံခါးကြီးဘေးမှာ တောင်းကြီးတလုံးကို ကပ်ချထားပြီး၊ သပိတ်ကို သပိတ်မှောက်တိုက်ပွဲဝင်နေ ကြတဲ့ အလုပ်သမားကြီးတွေကို အစာရေစာအဖြစ် လှူဒါန်းကူညီနိုင်ဖို့ မေတ္တာရပ်ခံစီစဉ်ထားတဲ့အတွက်၊ ဆေးလိပ်၊ ထမင်းထုပ်၊ မုန့်ပဲသရေစာတွေ လာရောက်ကူညီလှူဒါန်းကြတာလဲ တွေ့ရပါတယ်။ ကျနော်လဲ အိပ်ကပ်ထဲ ပါလာခဲ့တဲ့ ပိုက်ဆံလေးနဲ့ ဆေးပေါ့လိပ်တစီး၊ ငှက်ပျော နှစ်ဖီးဝယ်ပြီး သံတိုင်ကြားကနေ လက်လျှို ထည့်ဝင်လှူဒါန်းလိုက်ရပါ တယ်။ အလှူခံတောင်းကြီးဟာ တခဏတွင်းမှာပဲ အပြည့်အမောက်ဖြစ်ဖြစ်သွားတာ တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ သမိုင်းချည်စက်နဲ့ သိပ်မဝေးလှတဲ့ အုတ်ကျင်းဂုံနီစက်ရုံကြီးအတွင်းမှာလဲ အလုပ်သမားထုဟာ အလုပ် သမားသပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေကြပါပြီ။ ကြွေးကြော်သံတွေဟာ စက်ရုံတခုနဲ့ စက်ရုံတခု ဆက်နေပြီး၊ စည်စည် ညံအောင် လွှင့်ပျံ ဝေ့ဝဲနေပါတော့တယ်။ ဆင်မလိုက်သင်္ဘောကျင်းကလဲ သပိတ်မှောက်နေ သတဲ့၊ ဆပ်ပြာစက်ရုံက လဲ သပိတ်မှောက်နေ သတဲ့၊ သံမဏိစက်ရုံကလဲ သပိတ်မှောက်နေ သတဲ့… ဆိုတဲ့အသံတွေဟာလဲ နေရာပေါင်းစုံက နေ ပျံ့နှံ့ဝင်လာပါတယ်။

အဲဒီအချိန်မှာပဲ ရန်ကုန်မိုးလေး တဖြိုက်နှစ်ဖြိုက် ရွာကျလာပါတယ်။ ဇွန်လရဲ့ မိုးရေစက်တွေဟာ ခပ်ဖွဲဖွဲလေးပါပဲ။ သမိုင်းချည်စက်ရှေ့က လူအုပ်ကြီးဟာ လူစုကွဲ မသွားခဲ့ပါဘူး။ အင်းစိန်လမ်းမကြီးရဲ့ ဘေးတဖက်တချက်က ပလက်ဖေါင်းတွေပေါ်မှာ လူတွေတောင် တဖြည်းဖြည်း ပိုပိုများလာပါတယ်။

နေ့လည်လောက်မှာ စစ်ကားတွေ တန်းစီပြီး မြို့ထဲဖက်ကနေ ဝင်လာပါတယ်။ ဆယ်စီးလောက် ရှိပါတယ်။ နောက်ဆုံး ကားတွေပေါ်မှာ သံပေပါကြီးတွေရော သံဆူးကြိုးလိပ်တွေပါ ပါလာခဲ့ပါတယ်။ ကားတိုင်းပေါ်မှာ မျက်နှာထားတင်း တင်းနဲ့ လက်နက်အပြည့်အစုံ၊ အီကွေးမင့်အပြည့်အစုံနဲ့စစ်သားတွေ အပြည့်။ သေနတ်တွေမှာလဲ ဘက်နက်တွေ အဆင်သင့်တပ်ထားလို့။ တချို့က ခါးမှာ မျက်ရည်ယိုဗုံးတွေ အပြည့်ပတ်ထားလို့။ ရှေ့တန်းစစ်မျက်နှာမှာ ကတုတ် ကျင်းတခုခုကို အတင်းဝင်ရောက်သိမ်းဖို့ အသင့်ပြင်ဆင်လာခဲ့တဲ့ ပုံစံမျိုး။ စစ်သားတချို့က နောက်ဆုံးကား တွေပေါ် က ပေပါခွံကြီးတွေကို ကားအောက်ချလိုက်ပြီး ပေတရာလမ်းမကြီးပေါ်မှာ စစ်ကားတန်းကြီးရဲ့နောက် တန်းစီပြီး ထောင်ထားလိုက်ကြတယ်။ ရှေ့ကားပေါ်က စစ်သားတချို့လဲ ဆင်းလာပြီး စက်ရုံဂိတ်ဝအပေါက်နဲ့ ဝါးတရိုက်လောက် အကွာမှာပဲ ပေတရာလမ်းမကြီးပေါ် ကန့်လန့်ဖြတ်ပြီး မျဉ်းဖြူသုံးကြောင်းကို စည်းသားရေးဆွဲလိုက်ကြတယ်။ အဲဒီ မျဉ်းဖြူသုံးကြောင်းရဲ့ တလံကွာလောက်မှာ ဘက်နက်တပ် သေနတ်ကိုင်စစ်သားလေးယောက်ဟာ ရင်ဘောင်တန်းပြီး အသင့်အနေအထားနဲ့ မတ်တပ်ရပ်နေကြတယ်။ အဲဒီနောက်မှာ၊ တလံကွာလောက်ဆီမှာ၊ နောက်တတန်း နောက်တ တန်း ထပ်ပြီး ထပ်ပြီး မတ်တပ်ရပ်နေကြတယ်။ ဗိုလ်လုပ်တဲ့သူက ကားရှေ့ဘေးမှာမတ်တပ်ရပ်နေပြီး လက်ထဲမှာ စကားပြောစက်ကိုကိုင်ထားရင်း အဆက်မပြတ်မေးးလိုက် ဖြေလိုက် သတင်းအပို့အယူတွေ လုပ်နေတယ်။ ကားပေါ် မှာလဲ လက်နက်ကိုင်စစ်သားတွေက အပြည့်။

စက်ရုံ အလုပ်သမားကြီးတွေက အတွင်းစက်ရုံတွေထဲကနေ ကြွေးကြော်သံတွေ တိုင်နေကြသလို၊ ဂိတ်ဝကြီးအနီး အ ပြင်ဝင်းထဲကနေလဲ ကြွေးကြော်သံတွေ အတိုင်အဖေါက်ညီညီ အော်နေကြတယ်။ ဒီမြင်ကွင်းကို မြင်နေရတဲ့ ပြည်သူလူထုဟာ ရင်ထဲမှာ လှုပ်ရှားမှုမျိုးစုံနဲ့နိုးကြွနေပြီး သပိတ်မှောက်အလုပ်သမားကြီးတွေရဲ့ တိုက်ပွဲကို စိတ်ရောလူပါ အားပေးရင်း ရပ်ကြည့်နေမိကြတယ်။ စစ်တပ်ကတော့၊ မျဉ်းသားထားတဲ့ လမ်းမအတွင်း ဆင်းမလာနဲ့၊ လာတဲ့သူ ပစ်သတ်မယ် ထိုးသတ်မယ် ဆိုတဲ့အသွင်မျိုးနဲ့ ခပ်ထန်ထန်မျက်နှာကြောကို နှစ်ဆတိုးပြီး တင်းထားတယ်။ အဲဒီအချိန်မှာ ကျနော်လဲပဲ သပိတ်ကြီးကို ထောက်ခံသူတယောက်အဖြစ်၊ အားပေးသူတယောက်အဖြစ်၊ ပြည်သူပရိ သတ်ကြီးကြားမှာ ပါဝင်တည်ရှိ ရပ်ကြည့်ငေးမောနေမိတယ်။

ဂိတ်ဝတံခါးကြီးရှေ့ က ခုံပေါ်မှာ မတ်တပ်ရပ်ပြီး တရားဟောနေတဲ့ အလုပ်သမားခေါင်းဆောင်တဦးက ‘ကျနော်တို့ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြ သပိတ်မှောက်နေတာ ဖြစ်တယ်၊ ကျနော်တို့အလုပ်သမားတွေရဲ့ လိုလားချက်တွေကို တရားမျှတ စွာ တောင်းဆိုနေတာဖြစ်တယ်...’ဆိုတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို တခုချင်း ထပ်ပြီး ရှင်းပြနေတယ်။

အဲဒီအချိန်မှာ ဘတ်စ်ကားလိုင်းတွေလဲ ရပ်သွားလို့ ကုန်းကြောင်းလျှောက်ပြီး ပလက်ဖေါင်းအတိုင်း ပြန်လာကြရတဲ့၊ အင်းစိန်ဖက်ကနေ မြို့ထဲဖက်ဆီ ပြန်ကြရမယ့် ဝန်ထမ်းတွေ လက်လုပ်လက်စားတွေရော၊တိမွေးကုတက္ကသိုလ် စက်မှု တက္ကသိုလ်တို့ကနေ သမိုင်းအဆောင်တွေဆီ ပြန်ကြရမယ့် ကျောင်းသားကျောင်းသူတွေရော၊ ကမာရွတ်ဖက်ကနေ အင်းစိန်ဖက် သမိုင်းဖက်ပြန်ကြရမယ့် ဝန်ထမ်းတွေ ဈေးသည်တွေပါ ဒီနေရာရှေ့ရောက်လာကြတော့ ဒီလို မြင်ကွင်း ကြီးမျိုးကို မြင်လိုက်ကြရတော့ …

မတိုင်ပင်ရပဲနဲ့ ရပ်ကြည့်ပါဝင်လာကြသူတွေလဲ တဖြေးဖြေးများလာတယ်။ လူအုပ်ကြီးက ပိုပို များလာတယ်။ တချို့လဲ ဖြတ်သွားဖြတ်လာသဘော၊ တခဏ။ တချို့လဲ ဘာများ ဆက်ဖြစ်ကြဦးမလဲ စောင့်ကြည့်ချင်ကြတဲ့သဘော သိချင်ကြ တဲ့သဘော ခပ်ကြာကြာ။ တချို့ကတော့ အလုပ်သမားထုရဲ့ တိုက်ပွဲကြီးကို အားဖြည့်ပေးချင် အားရှိစေချင်တဲ့ စိတ် ပိုင်းဖြတ်မှုမျိုးနဲ့။ တချို့ကတော့ စစ်တပ်ကနေ ဒီ သပိတ်မှောက်အလုပ်သမားတွေကို အတင့်ရဲရဲ ဝင်ပြီး အကြမ်းမဖက် ဝံ့အောင် အကြမ်းမဖက်နိုင်အောင် အကာအကွယ်ပေးတဲ့သဘော စောင့်ကြည့်နေတဲ့သဘော သဘောထားအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရပ်ကြည့်နေကြပါတယ်။ လူထုပရိသတ်ကြီးဟာ တဖြေးဖြေး များများ လာနေတယ်။ သွားတဲ့သူသွား၊ လာတဲ့သူ လာနဲ့ လမ်းဟာ ပလက်ဖေါင်းဘေး နှစ်ဖက်နှစ်ချက်မှာတော့ ပွင့်နေသေးတယ်။ အလျဉ်မပျက် စီးမျော လှုပ်ရှားနေပါတယ်။ အဲဒါကို စစ်တပ်က ဘယ်လိုမြင်မိပြီး ဘယ်လိုသဘောပေါက်လိုက်တယ် မသိပါဘူး။ ဘာဒါဖက် က အပေါက်ကို သွားလို့ လာလို့ ဖြတ်သန်းလို့မရ အောင် ပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ အတွင်းပိုင်းက လူအုပ် ကြီးဟာ ရှိပြီးသားအတိုင်း၊ ကျောက်ချထားသလို အသေဖြစ်သွားရပါတော့တယ်။

ဘာဒါ မှတ်တိုင်အနားက တန်းစီးရပ်ထားတဲ့ စစ်ကားတန်းကြီးရဲ့အဆုံး၊ ဝါးနှစ်ရိုက်သာသာလောက်မှာ လှိုင်ရဲစခန်း ရှိ ပါတယ်။လမ်းမကြီးရဲ့ တဖက်ခြမ်းမှာတော့ စက်မှုရိပ်သာ နှစ်ထပ်တိုက်အဆောက်အဦးတွေ တန်းစီပြီး တည်ရှိနေ ပါတယ်။ အချိန်က တဖြေးဖြေးနဲ့ ညနေ သုံးနာရီ ကျော်လောက် ရှိလာပြီ။ ကြွေးကြော်သံတွေက ညံနေဆဲ။

အဲဒီအချိန်မှာ စကားပြောစက်ကို လက်ကမချ တမ်းကိုင်ပြီး စကားပြောနေတဲ့ စစ်ဗိုလ်က ဘယ်ကနေ ဘာအမိန့်ရ လိုက်သလဲ မသိပါဘူး။ တစုံတရာ လှမ်းပြောလိုက်တယ်။ မျက်ရည်ယိုဗုံးကိုင် စစ်သားတွေက မျက်ရည်ယိုဗုံးဝါဝါတွေ ကို ခါးကဖြုတ်ပြီး လက်ထဲကိုင်လိုက်ကြတာ သတိပြုလိုက်မိတယ်။ လူထုထဲမှာလဲ လှုပ်ကနဲ ဖြစ်သွားတယ်။ အဲဒီအ ချိန်မှာ လှိုင်ရဲစခန်းထဲက အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်တွေဟာ လက်တဖက်မှာ ဒိုင်းခြင်းကြား၊ လက်တဖက်မှာတုတ် တွေကို ကိုယ်စီကိုင်ပြီး ထွက်လာတာ ခပ်ပျပျ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီဖက်ခြမ်းက နီးရာလူတွေကို လူအုပ်ကြီးထဲကနေ ဖြတ်သန်းရင်း ဘယ်ညာရိုက်ပါတော့တယ်။ အဲဒီတော့ လူတွေဟာလဲ ရှောင်ကြတိမ်းကြ ပြန်ခုခံကာ ကွယ်ကြနဲ့ ဝုန်းကနဲ ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။

ရှေ့ဆုံးစစ်သားတွေဖက်က မျက်ရည်ယိုဗုံး နှစ်လုံး၊ လူအုပ်ကြီးဘက် ပြေးဝင်လာပါတယ်။ တရှူးရှူး မီးခိုးတွေနဲ့ မျက် ရည်ယိုဗုံးငွေ့ကြားမှာ လူထုပရိသတ်ကြီးဟာ ပလက်ဖေါင်းပေါ်ကနေ ပေတရာလမ်းမပေါ် ပြိုကျလာပါတယ်။ အဲဒီ အချိန်မှာ သေနတ်သံ နှစ်ချက် ထွက်လာတယ်။

‘ ပစ် ပြီ ဟေ့ ’ ဆိုတဲ့အသံ -
‘ ကျည် မပါဘူး ’ ဆိုတဲ့ အသံ -

နောက်တော့ တဒိုင်းဒိုင်းအသံတွေကြားမှာ …
‘ ဟ…ကျည် ပါတယ် ဟ... ရှေ့မှာ ထိသွားပြီ ...သွေးတွေနဲ့ မတွေ့ဘူးလား...’ ဆိုတဲ့အသံ
တွေနဲ့အတူ၊ စစ်တပ်ရဲ့ လူထုကြီးဆီကို ပေတရာလမ်းမတလျောက် တည့်တည့်ပစ်ခတ်နေသံတွေကြားမှာ ကျနော်လဲ ပလက်ဖေါင်းဘေး ခုန်ချဝပ်မှောက်လိုက်ရပါတယ်။ ဝပ်ရင်း မော့်ကြည့်လိုက်မိတော့ သွေးတွေနဲ့ ထိမှန်ထားတဲ့ လူတ ယောက်ကို လူသုံးလေးယောက်က အတင်းဝင်ဆွဲနေတာ မြင်လိုက်ရတယ်။ မကြာခင်မှာပဲ မျက်ရည်ယိုဗုံးက မီးခိုးငွေ့ တွေ ဟပ်မိပြီး၊ မျက်ရည်တွေ တွေတွေ တွေတွေ ထွက်ကျလာလို့ ခပ်ဝါးဝါးဖြစ်လာရာကနေ၊ စက်မှုရိပ်သာတွေဖက်ဆီ ဆုတ်ပြေးသွားရတဲ့ လူအုပ်ကြီးကြားထဲ ကျနော်လဲ ပါသွားရတော့တယ်။

အုတ်ကျင်းဖက်ခြမ်း ပလက်ဖေါင်းပေါ်က လူ အုပ်ကြီးကလဲ၊ လမ်းဘေးရှိ ဆောက်လက်စတိုက်တခုက ပုံထားတဲ့ အုတ်နီခဲတွေနဲ့ စစ်သားတွေဆီ ပြန်ပစ်ရင်း တရုန်းရုန်းဖြစ်သွားတယ်။ ချက်ချင်းဆိုသလိုပဲ၊ စစ်တပ်ရဲ့ လမ်းမတည့် တည့်တလျောက်ပစ်နေတဲ့ ကျည်ဆံတွေဟာလဲ လေးဘက်လေးတန်ဆီကို အဆက်မပြတ် လှမ်းပစ်တော့တာပါပဲ။ ရက်ရက်စက်စက်ကို လူအုပ်ကြီးတွေဆီ လှမ်းပစ်တော့တာပါပဲ။ ဒါကြောင့် လမ်းဘေးက အိမ်ပေါ်က ကြည့်နေကြသူ တွေဆီကိုပါ ဝင်မှန်ပါတယ်။ စက်မှုရိပ်သာ တိုက်တန်းတွေဖက်ဆီ အပြေးဆုတ်လာရတဲ့ ကျနော်တို့လူအုပ်ကြီးရဲ့ ခေါင်းတွေပေါ်မှာလဲ ကျည်ဆံတွေ တဝီဝီ ဖြတ်လာပါ တယ်။

မျက်ရည်ယိုဗုံးဒဏ်ကြောင့် မျက်လုံးတွေ နီ၊ မျက်ရည်တွေ ကျ ၊ စပ်ပူ စပ်လောင်ခံစားကြရရင်း၊ စက်မှုရိပ်သာက တိုက်ခန်းတွေထဲ ပြေးဝင်လာရပါတယ်။ ‘ရေပေးပါ … ရေလေး ပေးကြပါ ခင်ဗျာ...’ လို့ တောင်းသံတွေနဲ့အတူ၊ စေတ နာကြီးလှတဲ့ အိမ်ခန်းရှင်တွေက ရေအိုးတွေ ချပေးလို့၊ ကိုယ့်ပုဆိုး ကိုယ်ဆုတ်ဖြဲပြီး၊ အဝတ်စကို ရေထဲနှစ်၊ မျက်နှာ အုပ်သူ အုပ်ကြရ ၊ အိမ်ရှင်တွေက ချပေးတဲ့ မျက်နှာသုတ်ပုဝါ လက်ကိုင်ပုဝါအစတွေ ရေဆွတ်ပြီး မျက်နှာသုတ်ကြ မျက်နှာသစ်ကြနဲ့ တရုန်းရုန်းဖြစ်သွားရပါတယ်။ ကျနော်လဲ ပုဆိုးစုတ်စ ရေနှစ်ပြီး မျက်နှာကို ခဏခဏသုတ်ပေးနေရ တယ်။

ဒီနားမှာဆက်နေရင် ဒီဘက်တွေအထိ ဆက်တက်လာပြီးရှင်းရင်၊ အဖမ်းခံကြရနိုင်တာကြောင့် ခပ်သုတ်သုတ်ဆက် ထွက်လာခဲ့ကြတော့၊ ဒဏ်ရာရသူ နှစ်ဦးကို မနိုင့်တနိုင် ပွေ့ယူလာကြတဲ့လူအုပ်တအုပ်နဲ့ ကင်ပွန်းခြံ ကင်ပွန်းခြုံတွေ ကြား သွားတိုးပါတယ်။ ကျနော်တို့ပါ ဝိုင်းကူပြီးသယ်ပေးခဲ့ရပါတယ်။ တယောက်က ဒူးကို ထိမှန်ထားပြီး ခြေထောက် ကြီးဟာ လည်ထွက်နေပါတယ်။ သွေးတွေကလဲ ဒလဟော ထွက်လို့။ တယောက်က ပေါင်ရင်းမှာ မှန်ထားတာပါ။

သမိုင်းကောလိပ်ဖက်ဆီ ဆက်ထွက်လာခဲ့ကြပြီး ဒဏ်ရာရထားသူ နှစ်ဦးကို လမ်းဘေးမှာ ခဏချထားရင်း၊ အဲဒီတုန်း က ဘယ်ကထွက်လာမှန်းမသိရတဲ့ ပလကအလုပ်သမားကားကြီးတစီးကို လူအုပ်နဲ့ လက်ပြတားလိုက်ကြပြီး နီးရာ ဆေးရုံ ဆေးခန်းတခုခုကို ပို့ပေးပါလို့ အကူအညီတောင်းကာ ဝိုင်းပြီးတင်ပေးလိုက်ကြပါတယ်။ တဦးကတော့ ဒဏ်ရာ ရသူရဲ့ ညီတော်လို့၊ သူလိုက်သွားမယ်ဆိုပြီး ဒဏ်ရာရထားသူနဲ့အတူလိုက်သွားမှ ကျနော်တို့လဲ ရပ်ကွက်ထဲ ဟိုကွေ့ သည်ရှောင် ဝင်ရင်း လူစုခွဲပြီး ပြန်လာခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ ...
‘ ပုံ - သိန်းအောင်၊ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ’ ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ အမိန့်ကျေညာချက် အသံဟာလဲ နေရာအနှံ့ကနေ ထွက်ပေါ်လာနေပါတယ်။ မြန်မာ့အသံကနေ တဆင့်၊ ကားတွေပေါ်ကနေ တဆင့် လှည့်လည်အော်ဟစ်ကျေညာနေသံဟာ သပိတ်မှောက်အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေအကြားမှာ ပျာလောင် ခတ်မျှ ထွက်ပေါ်လာနေခဲ့ပါတယ်။
မရှေးမနှောင်းမှာပဲ ...
‘ပုံ - အေးကို ၊ တိုင်းမှူး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ’ဆိုတဲ့ ကျေညာသံလဲ ထွက်ပေါ်လာပြန်ပါတယ်။ စစ်မာန် စစ်သံ တင်းတင်းနဲ့ ကျေညာလိုက်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အသံဟာ စစ်ကားတွေပေါ်က တဆင့်၊ ပြည်သူလူထုကြီးကို အပေါ်စီးကနေ ချိမ်းခြောက်နေသလို ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ နိုင်ငံတော်မှာ ဆန်အလုံအလောက်ရှိတဲ့အကြောင်း၊ ဆန်ပြဿနာ တစုံတရာမရှိနိုင်တဲ့အကြောင်း ရှင်းလင်းပြေဆိုသံဟာ မြန်မာ့အသံကနေ ဆက်တိုက်လိုလို ထွက်ပေါ်လာနေခဲ့ပါ တယ်။

ညဖက်ရောက်တော့ သမိုင်းချည်စက်ရှေ့ဒီပစ်ခတ်မှု ကြီးကြောင့် သွေးမြေကျ ရတာမှာ သေကြေထိခိုက် ဒဏ်ရာရကြ ရသူတွေ မနည်းလှကြောင်း၊ ဟိုက သည်က ထပ်ပြီး ကြားရပါတယ်။ ကျနော့်ရှေ့မှာတင် မြင်လိုက်ရတာက လေး ယောက်တိတိ။ ကျနော်ကိုယ်တိုင် မမြင်လိုက်ရတဲ့ဘက်မှာက ဘယ်နှစ်ယောက် ရှိလေမလဲ မသိပါ။ ဒါ..ဇွန်လ(၆)ရက် သမိုင်းချည်စက်ရှေ့က ကျနော့်ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တကွက်ပါ ။ ဒီ သမိုင်းချည်စက်ရှေ့က သွေးမြေကျ ခဲ့ ရမှု အဖြစ်အပျက်ကြီးဟာ ‘၇၄ - ဇွန်(၆)အလုပ်သမားအရေးတော်ပုံကြီး’ ရဲ့ ဘယ်တော့မှ ဖျောက် ဖျက်ပစ်လို့မရနိုင် မယ့် ကနဦးအဖွင့်နိဒါန်းသဖွယ်လဲ ဖြစ်ခဲ့ပါတယ်။

ဇွန်လ(၆)ရက်အကျော် (ရ)ရက်နေ့အကူးမှာလဲ သမိုင်းချည်စက်ရှေ့က ပထမဆုံးသွေးမြေကျခဲ့ရရာ နေရာအနီးမှာပဲ နောက်ထပ်ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိပ်ကွပ်တာ ခံခဲ့ကြရပြန်ပြီး၊ ဆင်မလိုက်သင်္ဘောကျင်းသပိတ်ကိုလဲ အတင်းဝင်ရောက်ပစ်ခတ်ဖြိုခွဲပစ်လို့ သေဆုံးရတဲ့ အလုပ်သမားတွေ ရှိခဲ့ရပါတယ်။ စစ်တပ်နဲ့ဝင်ပြီး အတင်းဖမ်းဆီးခံ ကြရတာတွေကတော့၊ ဆန္ဒပြတဲ့ စက်ရုံအလုပ်ရုံ တိုင်းလိုလိုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အင်းစိန်မီးရထားစက်ခေါင်းရုံ၊ အုတ်ကျင်းဂုံနီစက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်း၊ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံနဲ့ သမိုင်းချည်စက်တို့က အလုပ် သမားတွေ အများဆုံးဖြစ်ခဲ့ပါတယ်။ အုတ်ကျင်းဂုံနီစက်ရုံက အဖမ်းအဆီးခံကြရသူတွေထဲမှာ ကျနော့်မိတ်ဆွေ စာရေး
ဆရာဖိုးကျော့ တို့လဲ ပါခဲ့ပါတယ်။

ပြည်သူလူထုကြီးရဲ့ (၉ဝ ဒဿမ ၁၉)ရာခိုင်နှုန်းကျော်က တခဲနက်ထောက်ခံဆန္ဒပြုထားကြတဲ့ ‘၁၉၇၄- ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေ’ ဆိုတာကြီးကို လူထုကြီးတရပ်လုံးရဲ့ အကျိုးပွားအတွက် အောင်မြင်စွာအကောင်အထည်ဖေါ် အတည်ပြု ပြဌာန်းနိုင်ပြီးပြီ လို့ မိုးတလုံးလေတလုံးလိမ်ညာကြွေးကြော်ဟစ်အော်ပြသနေဆဲ ကာလမှာပဲ၊ အသံတောင် မစဲသေးမီမှာပဲ၊ မဆလစစ်အစိုးရဟာ ဆန်တောင်းတဲ့အလုပ်သမားတွေကို ကျည်ဆံတွေပဲပေးပြီး၊ သူတို့ရဲ့ စစ်အာ ဏာရှင် ဘီလူးသရုပ်ကို အစွယ်တပြူးပြူးနဲ့ ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာမှ ကာလတခု ခြားပြီး၊ စက်ရုံ အလုပ်ရုံ ဝန် ထမ်းတိုင်းကို တလလျှင် လူတကိုယ် ဆန်(၅)ပြီ နှုန်း ထုတ်ပေးခဲ့ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကြီးရဲ့ အကျိုး ဆက်တခုလို့ပဲ ပြောရမှာပါ။ နောက်ပိုင်းတော့ ‘အလုပ်သမားကောင်စီ’ ဆိုတဲ့ နာမည်အစား၊ ‘အလုပ်သမားအစည်း အရုံး’ လို့ နာမည်အသစ်ပြောင်းပြီး သဏ္ဍာန်အရ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့ရပါတယ်။

ဂုဏ်ရောင်ပြောင်တဲ့၊ သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားရမယ့် ဒီ ‘ ဇွန် ၆၊ အလုပ်သမားအရေးတော်ပုံကြီး’ ဟာ ဗမာပြည်အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာသာမက၊ ဗမာပြည်စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာရော၊ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာပါ ထာဝရ မော်ကွန်းထူထားခဲ့ရပါ ပြီ။
အလုပ်သမားထုရဲ့ ၈ုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲဝင်စိတ်ဓါတ် - ထာဝရ ဂုဏ်ရောင် ပြောင်ပါစေ ...
ဇွန်(၆)စိတ်ဓါတ် အဓွန့်ရှည်ပါစေ ...

( ဝင်းတင့်ထွန်း )
ဇွန်လ၊ ၁၉၉၉

မှတ်ချက်။ ။ ဇွန်(၆)အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်၊ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ အခု ပြန်လည်ရှာဖွေကူးယူရိုက်နှိပ်ပေးလိုက်ရတာ ဖြစ်ပါတယ်။

မေး(လ်) ဖြင့်ပေးပို့ သူအားအထူးကျေးဇူးတင်ရှိပါသည်။

From ILO meeting

6 June 2009
U Maung Maung
General Secretary
Federation of Trade Unions Burma FTUB - ITUC



Thank you Chair.

The FTUB would like to take this opportunity to thank the ITUC, the ILO and the Liaison office for their the efforts to secure the immediate release of the 4 FTUB members arrested in Burma in April 2009. Although the efforts to secure those 4 individuals were successful, there are still six individuals in custody for their attempt to organize a May Day discussion, and 22 other workers rights activists are in prison serving long sentences for their efforts to secure rights for Burmese workers. Many of them have been transferred to locations far from their homes, making it difficult for their families to visit them while they are in prison.

For the FTUB and the people of Burma, our objective is eradicating the use of Forced Labor in Burma.

Forced Labor still continues in all parts of Burma. The perpetrators, the majority of whom are military personal, continue to abuse our citizens through forced labor, because there are no meaningful penalties.

Burma is ruled by a military junta and it is quite clear that forced labor is being utilized under the command of military officers. For those in the military, the most severe penalty for abuse of forced labor is the removal of one year of seniority. The result is that the value of using forced labor is greater than the threat of any possible punishment.

The rural population lives in fear that they will be taken by force to carry out the “ duties assigned by the state,” or that their land will be forcefully confiscated for “security issues.”

The number of reports to the Liaison office has increased – which show that more people have come to know that they have the right to intervene – that in spite of the unusual slowness of the SPDC, through many different approaches, many education and awareness programs have reached the people. These education programs need to be pushed through so that the majority of the population will understand their basic workers rights.

The successive juntas have always claimed that their lack of funds has hampered change in Burma.

This claim is clearly untrue. Since the March 2000 277th ILO Session, in which article 33 was exercised, and since the June 2000 session adopted a resolution in Burma, the junta -- shifted the capital of Burma to a isolated location complete with a new airport and re-enforced concrete buildings, -- brought a nuclear reactor from Russia for research purposes, -- sent over 300 military person to Russia for advanced physics and nuclear technology training, and -- opened up trade and technology exchange with North Korea. All of these projects were implemented with a budget that has never been seen by the public. The small part of the expended funds on these projects would have been more than enough to have been used for the “replacement of forced or unpaid labor, multiplier courses or legal education lectures.” And, as they do not have the political commitment, the junta still blames the world and refuse to use its own money on bettering the lives of the people.

It is evident that even under severe mismanagement of the economy in Burma, oil and gas revenues are more than enough for military developments but never used to solve the social and economic issues of the people. We want the multinational companies that work with the junta to understand the negative impacts of their work.

It has been a decade since Order 1/99 was issued by the Burmese Ministry of Home Affairs, which “directs the Chairmen of the Ward and Village Tract Peace and Development Councils and the responsible persons of the Department of General Administration and the Myanmar Police Force not to exercise powers under these provisions relating to requisition for personal service prescribed in the above-mentioned Towns Act, 1907 and the Village Act, 1907” and where (6) paragraph states “ Any person who fails to abide by this Order shall have action taken against him under the existing law.”

The junta has declared that their new constitution allows for Forced Labor under section 359 ( paragraph 15 of Chapter VII ). They will seek to implement their constitution through forced elections in 2010.

Before the junta forces their constitution on the people in 2010, we call on the ILO and all of its members, meaning every individual and organization represented in this room, to do everything in their power to push for change in Burma and a review of the Junta’s constitution.

We first participated at the ILC in 1992 and have seen at least three Labor Ministers change, but have seen no substantive changes for the people of Burma except in those areas that are accessible by monitors. Outside of those areas, we have seen no lessening of Forced Labor, particularly in the rural areas and the areas where the ethnic nationalities are the majority of the population.

The ILO has the power to push for positive change for the people of Burma. Before this constitution is put into place, we request that the ILO ask for an advisory opinion from the ICJ, as agreed at the 2006 March Governing Body.

This request from the ILO would not only send a strong message to the junta that their use of forced labor will not go unnoticed or unpunished, but it would also send a strong message to the many labor activists in Burma that the world is fighting with them for change in Burma. As the ICJ is a key part of the UN system, it will also help bring unity on Burma action within the various sectors of the UN. We ask for your support for our friends and colleagues fighting in Burma.

Thank you.


Intervention by FTUB ITUC
Special Sitting on Forced Labor ( No.29)
International Labor Conference. 6 June 2009