welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဒီပဲယင်း ဖြစ်စဉ်ကကဲ့သို့ရာဇာလီအစ္စမေး(လ်)ကို မျော်သလို မမျော်မိကြဖို့ 

Friday, May 29, 2009

မနက် ဖန် ဒီပဲယင်းနှစ်ပတ်လည် နေ့ နော် - အန်တီစု က အာရုတော်ဝင်ဆေးရုံတက်ရစဉ် က ပြောဖူးတယ်
ဒီပဲယင်းမှာဝါးရင်းဒုတ်နဲ့ ရိုက်တဲ့သူတွေကိုအရေးမယူပဲ နဲ့  ကျမဆေးရုံတက်နေရလို့ ကလေးတွေ က
ပန်းစည်းကိုင်ပြီး ဆုတောင်း နေတာ ဖမ်းရဲရင်ဖမ်း လိုက် ပါ
--ဆိုပြီး ကျမတို့ ကို အကာအကွယ်ပေးခဲ့ တယ် ။
ခေါင်းဆောင် ကို ဘယ်သူတွေအကာအကွယ်ပေးမလဲ?

ဒီကိစ္စ ကို ကျမ ကိုဆောင်းပါးရေးတင် ပါ အမ ဆိုပြီး ပြည်ပရောက် NLD မြို့ နယ် လူငယ် တစ်ယောက် က
ပြောဖူးတယ် ခုလည်းပါတီလူငယ်တစ်ချို့ က အာရှတော်ဝင် မှာလှုပ်၇ှားခဲ့တဲ့အဆင့်တောင်မရောက်ဘူးအမ
ရေ နည်းနည်းပါးပါး ရေးပါဦးဆို လို့  ကျမ တစ်နာ၇ီအတွင်းသတိရသလောက် ရေးချလိုက်ပါတယ်။
ကျမကလည်းစာရေးသာမကောင်းတာ ရေးလိုက်ပြီဆိုရင် အားမနာလျှာမကျိုး ရေးတက်တဲ့အကျင့်ရှိလေ
တော့ မရေးရင်လည်းမရေးတာကောင်းတယ် ရေးမယ် ဆိုရင်တော့ ---ဒီလိုပဲပေါ့

ဒီပဲယင်း ဖြစ် ပြီဆိုတာနဲ့  ကျမ ညတွင်းချင်း သမိုင်း ဘုရားလမ်း အဆောင်ကနေ မြို့ ထဲ က ရဲဘော်တွေဆီ
ပြေးထွက်ခဲ့တယ် တို့ တစ်တွေဘာလုပ် ကြမလဲပေါ့ ။ ပါတီမှာ သိတ် တက်ကြွပြီးအရည်အသွေးရှိတဲ့လူငယ်
တွေကို ၂၀၀၂ နှစ်ကုန် ကျမ ထောင် က ထွက်တော့ ရင်းနှီးခွင့်ရပြီး စုစည်းမိခဲ့ကြတယ် ။ သူတို့ တွေ ကျမ
ထက် ပညာတက်တယ် အတွေးအခေါ်ကျမထက် ရှေ့ကိုသွားနေတယ် တကယ့်ကို အမြင်ကျယ်တဲ့ လူငယ်
တွေပါ ။အတွေ့အကြုံနဲ့ ကျော်ဖြတ်မှု များတဲ့ကျမ ကို သူတို့  ဦးဆောင်ခွင့် အမြဲလို ပေးခဲ့ကြတယ် ။ အဲဒီ့လူ
ငယ်အားလုံးဟာ မြို့ နယ်ခေါင်းဆောင်တွေကြည့်ပါ ။

ဒီတော့ ဒီအင်အားရှိတယ်ပေါ့ - တို့ တစ်တွေထွက်တိုက်မှရမယ် ဆိုတာ တစ်ပြိုင်နက် တွေးမိ ခံစားမိပြီး
မနက် ကို တစ်နေရာမှာ မီတင်ခေါ်လိုက် ကြတယ် အဲဒီ့မှာကျမတို့ ခြေလှမ်းတွေကို တွန့် သွားစေမဲ့ ကိစ္စ
ရပ်တစ်ခု လူငယ်ထုထဲကို တစ်ယောက်က ပစ်သွင်းလိုက်တယ် ဘာလဲဆိုတော့ - ၂၀၀၃ ဇွန် ၆ရက်နေ့ 
ကို ရာဇာလီအစ္စမေး မြန်မာပြည်ကိုလာမယ်
အန်တီတို့ တို့ ကို ရိုက်နှက်ဖမ်းဆီးထားတဲ့ကိစ္စ ဖြေရှင်းမှာ
အသေအချာပဲ လူငယ်တွေကျွံလို့ မှားသွားရင် အင်တာနေရှင်နယ် က ၀င်မဲ့ကိစ္စ ထိခိုက်သွားမယ် ရာဇာလီ
ကိုစောင့်ပါဦးတဲ့ အဲလိုတားတဲ့သူက စေတနာပါပါတယ် ခုထောင်ထဲ ရောက်နေလို့ သူ့ နာမည်တော့
မဖေါ်ပြတော့ပါဘူး သူလည်းထင်ခဲ့မိတာကိုး

ဒီလို ဒါ့ကြောင့် ရယ် ကျမတို့ ခေါင်းဆောင်အရိုက်အနှက်ခံ အလုပ်ကြံ ခံရတဲ့ကိစ္စအပေါ်မှာ အင်တာနေ
ရှင်နယ် ကိုစောင့်ခဲ့လို့ အလွဲကြီးလွဲခဲ့ဖူးပါတယ် ။အဲဒီ့လူငယ်တွေ မတိုက်ရဲပါဘူးကွာ လို့ မပြောနဲ့ ခု သူတို့ 
အားလုံးနီးပါး နှစ်နှစ်ဆယ်ကျော် ထောင်ကျသွားခဲ့ကြပါပြီ ။


ရာဇာလီကို ဇွန် ၆ ဘာများလုပ်ပေးမလဲ စောင့် တာ ၂၀၀၃ ဇွန် ၆ သာကျော်သွားတယ် --

"ရာဇာအစ္စမေး(လ်)ရန်ကုန်ရောက်နေပြီ

ရာဇာလီအစ္စမေး(လ်) ဘန်ကောက်ရောက် နေပြီ

ရာဇာလီအစ္စမေး(လ်) အမေရိကရောက်နေပြီ
ဆိုပြီး ထောင်ထဲ ကနေ မျော်နေကြ ကြားနေကြရပုံ (ပြီးတော့ ဘာမှမဟုတ်တာကို) ဟာသနှောပြီး
ကိုမင်းကိုနိုင်ပြောသလိုပါပဲ

ကျမတို့ လည်း သွေးပူနေတုန်း အင်အားကို အင်တာနေရှင်နယ်အားမျော် ပြီးထိမ်းလိုက်မိလို့  ဒီပဲယင်း
ကိစ္စ ဘာမှဖြစ်မလာခဲ့ရပါဘူး ။ လူငယ်ဆိုတော့ နည်းလမ်းရှာပြီးတော်လှန်ဖို့ ပဲ စဉ်းစားခဲ့ကြ တာပေါ့။
တို့ လူငယ်တွေဘာလုပ်ကြမလဲ စည်းဝေးလိုက်တော့ သန်းရွှေကိုစာပို့ မယ် ပါတီလူငယ်တွေရသလောက်
စုပြီးလက်မှတ်ထိုးမယ် ဆိုတဲ့ဆုံးဖြတ်ချက် ကျတယ် ။

ကျမသတိထားမိသလောက်တော့ ဒီလောက်ခက်ခဲကြပ်တည်းနေတဲ့အချိန်မှာ ကျမတို့ ပါတီလူငယ်
အင်အားသာ လမ်းမပေါ် ဘုရားပေါ်လက်ဖက်ရည်ဆိုင်တွေမှစုဖွဲ့ မှု ရှိခဲ့တာပါ ။
သန်းရွှေဆီစာပို့ ရတဲ့အခက်အခဲကို ခု အမေရိကရောက်နေတဲ့ ကမာရွတ်လူငယ်တာဝန်ခံတစ်ဦးဖြစ်တဲ့
ကိုစိုးသန်း ဆိုမေ့နိုင်မှာမဟုတ်ပါဘူး။ကျမကမှတ်ပုံတင်မရှိဘူး သူ့ မှတ်ပုံတင် နဲ့စာတိုက်ကြီးမှာနှစ်ယောက်
Register လုပ်ရတာရင်ထဲမှာတော့တဒိတ်ဒိတ်ရယ်နဲ့  အဲဒီအချိန် မှာ ထောင်ထွက် နှစ်ယောက်ဖြစ်တဲ့
ကိုစိုးသန်းနဲ့ ကျမ ဟာ ကံမကောင်းရင် ဒီနေရာကနေပဲ ထောင်ထဲပြန်ဝင်ရမယ် ဆိုတာ နားလည်ပြီး
သားပါ။ စာတိုက်ဝန်ထမ်း က စာကိုယူပြီး ချက်ချင်း Register မလုပ် ပေးပဲစောင့်ခိုင်းပြီး အထဲဝင်
သွားတော့ ကျမ ခေါင်းနည်းနည်းကြီးသွားပါတယ် စိုးသန်းစိတ်ထဲ မှာလည်း ကျမလောက် မဖြစ်ရင်
တောင် စိုးရိမ်မှုတော့ ရှိနေမှာပါ ။ ဒါဟာ ဒီပဲယင်းဖြစ် ဖြစ် ပြီးချင်း ပါတီလူငယ် တွေရဲ့ပထမဆုံး
လှုပ်ရှားမှုစလိုက်တာပါ လူငယ်တွေက ထင်တာထက် စည်းရုံးကြပါတယ် ရန်ကုန်တတိုင်းလုံးအပြင်
ဧရာဝတီ။ပဲခူး တို့ ကပါ ဆက်သွယ်လာပြီး ကုလသမဂ္ဂအတွင်းရေးမှုး မစ္စတာကိုဖီအာနန် ဆီစာပို့ 
တယ် ။ အာစီအမ် အဖွဲ့ ကိုစာပို့ တယ် ။ အေပတ် အစည်းအဝေးကိုစာပို့ တယ် ။

သာမာန် စာမဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည် ကိုဒီပဲယင်း မှာလုပ်ကြံမှုကိုအရေးယူပေးဖို့ တင်ပြတဲ့
လူငယ်ထုလက်မှတ်တွေနဲ့ စာတွေပါ ။ ဒီလှုပ်၇ှားမှုတွေအားလုံးအတွက် အများဆုံးတာဝန်ယူဆောင်ရွက်ခဲ့
သူတွေထဲမှာ ခုထောင် ၂၀ နှစ်နဲ့အထက် ကျနေတဲ့ ကိုသူရိန်အောင် နဲ့ကိုကျော်ကျော် ပါ ဒါ့အပြင် ပါတီလူငယ်
အဟောင်းထဲက ရံရွှေလည်းတက်တက်ကြွကြွ ပါဝင်ဦးဆောင်ခဲ့ပါတယ် ။

ဒီလိုအမြဲတစေ လှုပ်ရှားမှု အတွက်ပြင်ဆင်နေတဲ့ လူငယ်တွေ ရဲ့နှလုံးသားထဲကို ဒေါ်အောင်ဆန်းစုကြည်
အာရှတော်ဝင်ဆေးရုံတက်ရတဲ့သတင်းဆိုးဝင်လာပါတော့တယ် အားလုံးလိုလိုမျက်ရည်တွေစို့ လို့  ရယ်ပေါ့ ။
ကျမချက်ချင်းအာရှတော်ဝင် ဆေးရုံကိုပြေးတော့ ဟုတ်နေပါသည်။ဒေါက်တာတင်မျိုးဝင်း အန်တီ့ကိုခွဲစိတ်ပြီး
Major Operation ဖြစ်ပြီး သုံးနာရီလောက်ခွဲစိတ်လိုက်ရတယ် ဆိုတဲ့အကြောင်း သတင်းစာရှင်းလင်းဖို့ 
ဆင်းလာချိန်မှာ ကျမနဲ့အတူလူငယ်အနည်းငယ် သာရှိတာ ကျမရင် ထဲအတော်နာကျင်သွားခဲ့ပါတယ် ။
(အာရှတော်ဝင်ဆေးရုံရှေ့မှာ အန်တီ့အမှာစကား ဒေါက်တာမှတဆင့်)

ကိုယ့်ခေါင်းဆောင်တစ်ယောက်လုံးခွဲစိတ်နေရချိန်မှာပါတီ က ရန်ကုန်တတိုင်းလုံးတော့အနည်းဆုံးရှိနေသင့်
ပါတယ် ။ ထားပါတော့ သတင်းအဆက်ပြတ်တယ်ပဲ ဒါပေမဲ့  နောက်နေ့ နောက်နေ့ တွေမှာရော--------?
ဒါ့ကြောင့် ကျမ တို့  အာလိန်ငါးဆင့် ဘုရားမှာ မီတင်ထိုင်ပြီး ဆန္ဒပြ ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ဆန္ဒပြတယ်
ဆိုတာဒီမိုကရေစီရဲ့ လေးနက်တဲ့အနှစ်သာရတစ်ခုပါ ။အန်တီဆေးရုံတက်ရတဲ့အတွက် အန်တီ့အတွက်
ဆုတောင်းနေတယ် ဆိုပြီး မြို့ နယ်လူငယ်တာဝန်ခံ ၂၀ နီးပါးဟာ မြေကြီးမှာ တင်ပလ္လင်ခွေ ထိုင်ပြီး
Silence Strike လုပ်ခဲ့ကြပါတယ။

အဲဒီမှာ ပါတီရဲ့တိုင်းတာဝန်ခံဆရာဝန်တစ်ယောက်ရောက်လာပြီး ကျမ ကို တားပါတယ်။ဒီ့အပြင် အောက်ဗမာ
ပြည်လူငယ်တာဝန်ခံအဟောင်း ကိုခင်ထွန်း ဆိုသူ (စစ်အုပ်စုကိုကျနော်တို့ အစိုးရပါလို့ အင်တာဗျူးလုပ်သွားခဲ့တဲ့)
က ကျမ ကို ပါတီ က အရေးယူရလိမ့်မယ် လုပ်ပိုင်ခွင့်မရှိပဲလုပ် လို့ ဆိုပြီး “ဆန္ဒပြတာပဲ လုပ်ပိုင်ခွင့်လိုသေးလားရှင်”

အဲဒီ့မှာ တစ်ချို့  ရုံးဝန်ထမ်းသဖွယ် ပါင်္တီ မှာရှိနေသူတွေ နောက်ဆုတ်သွားပါတယ်။ လူငယ်အမျိုးသမီး
အသစ်တစ်ချို့ ကျမ ကိုအတိုက်အခံလုပ်လာပါတယ် အန်တီကခွဲစိတ်ထားတဲ့ဒဏ်ရာကြီးနဲ့ ကို အန်တီပို ပြီး
စိတ်ထိခိုက်အောင်ကျမ်းမာရေးထိခိုက်အောင်မလုပ်သင့်ဘူးဆိုတဲ့အသံတွေ မျိုးစုံထွက်လာပါတယ် ။

(ကလေးတွေကိုတော့ နိုင်ငံရေးနားမလည်လို့ ပဲလေလို့ ကျမနားလည်ပေးပြီး) အရေးယူမယ်ဆိုတဲ့ လူငယ်
ခေါင်းဆောင် နာမည်ခံသူတွေ ကိုတော့ကျမ ဂရုကိုမစိုက် ခဲ့ပါဘူး “ပြီးမှပါတီက ထုတ်ထုတ်လေ ခုပွဲဖြစ်
အောင်လုပ်မယ်” ဆိုတဲ့စိတ်ပိုင်းဖြတ်ပြီး အာရှတော်ဝင်ရှေ့ ကဆန္ဒပြ မှု ကို ဆက်လုပ်ခဲ့ကြပါတယ် ။

အာဏာပိုင်တွေဘာလုပ်ရမှန်းမသိပါဘူး ။ဒေါက်တာတင်မျိုးဝင်းကိုညှိပါတယ် မလုပ်ကြဖို့ ပေါ့ ဆရာက
အန်တီ့သဘောထားမေးတော့ ကလေးတွေခုလို ဆုတောင်းဆန္ဒပြုနေတာ အန်တီထောက်ခံတယ်
ပြောပစ်လိုက်ပါတယ် ။ကျမတို့လည်းတနေ့ ထက်တနေ့ အဆင့်တိုးပြီး မတ်တပ်ရပ် အန်တီ့ ဓါတ်ပုံကိုင်
စာတန်းတွေရေးပြီး ကိုင်တာမျိုးတွေတိုးလုပ်လာခဲ့ပါတယ်။

အင်အားတွေလည်းတနေ့ ထက်တနေ့ ပိုပို တိုးလာခဲ့ပါတယ် ကျမတို့ ဆုတောင်းရာမှာကိုင်ထားတဲ့ပန်း
တွေကိုဒေါက်တာတင်မျိုးဝင်းက လာယူသွားပြီး အန်တီ့ဆီပို့ ပါတယ် အန်တီက ကျမတို့ နဲ့ အတူရောက်
လာတဲ့ပရိတ်သတ်ကိုမုန့် တွေ ပြန်ပို့ ပေးပါတယ် ။

အာရှတော်ဝင်ဆေးရုံ ရှေ့ လမ်းမက ကားတန်းတွေ ကကျမတို့ ကိုအားပေးခဲ့ကြတယ် တစ်ချို့ အစိုးရ
အရာရှိအရာခံတွေရဲ့ထောက်ခံမှုတောင်ကျမတို့ ရခဲ့ ပါတယ်။ ဒါကို လန့် ဖြန့် နေတဲ့အာဏာပိုင်တွေက
အချုပ်ကားကို မလှမ်းမကမ်းမှာရပ်ပြီး ဖမ်းမယ် ဆီးမယ်ခြိမ်းခြောက် လူစုခွဲခိုင်း ဆေးရုံပေါ်မှာရှိတဲ့
အန်တီကတဆင့်တားမြစ်ခိုင်းတာလုပ်တဲ့အခါ
“ဒီပဲယင်းမှာဝါးရင်းဒုတ်နဲ့ ရိုက်တဲ့သူတွေကိုအရေးမယူပဲ နဲ့  ကျမဆေးရုံတက်နေရလို့ ကလေးတွေ
က ပန်းစည်းကိုင်ပြီး ဆုတောင်း နေတာ ဖမ်းရဲရင်ဖမ်း လိုက် ပါ”
လို့ အန်တီ ပြောတဲ့အခါ ထောက်လှန်း
ရေးတွန့် သွားတော့တာပါပဲ။

ကျမတို့ ရဲ့တာဝန်ယူမှုတာဝန်ခံမှုကို ဒေါက်တာတင်မျိုးဝင်းရော ဒေါ်အောင်ဆန်းစုကြည်ပါ ရပ်တည်ပေး
ခဲ့ကြတာနမူနာ တစ်ခုအနေနဲ့ ကျမတင်ပြတာပါ။ကျမတို့ တတွေပြည်ပကနေ အလကားတွန်းအားပေး
ပြီးအော်နေတာ မဟုတ်ပါဘူး ကျမ တို့ ကျော်ဖြတ် ခဲ့ ကျမ တို့  ကိုယ်တိုင် ဦးစီးဦးဆောင်လုပ်ပြီး ထောင်
နှုတ်ခမ်းတွေ နင်း ခဲ့တဲ့အတွေ့ အကြုံတွေ အရ စည်းလုံးခြင်းရဲ့အင်အားရယ် နောက်ပြီး သိတ်တွေးတက်
်ကြောင်တက်တဲ့သူတွေကြောင့် ရာဇာလီအစ္စမေး(လ်) ကိုမျော်သလို မျိုးနောက်ကျခဲ့ရတာတွေရှိသလို
ပါတီထဲ က ဓါးလှံတွေ နေရာမတ်သူတွေ ရဲ့ ထိမ်းချုပ်မှုအောက်မှာ ကျမတို့ ပန်းတိုင်နဲ့ ရည်ရွယ်ချက်
ပျောက်သွားလို့ မဖြစ်ပါဘူး။

နောက် ထပ်တစ်ခုပြောချင် တာက ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်ကိုသိတ်ယုံတယ်သိတ်ကိုအားကိုး
တယ် လူငယ်ကို ဘယ်တော့ မှမကျွံ နဲ့မပြောဘူး စေတနာမှန်ရင် ညွှန်ကြားချက်
တောင်းစရာတောင်မလိုဘူးဆိုတာ ၁၉၉၆ ဒီဇင်ဘာလ ၄ ရက်နေ့  က ပါတီရုံးမှာ လူငယ်အားလုံးကို
စုရုံးစေပြီးပြောခဲ့တယ် ပြောဖြစ် တဲ့အကြေင်းရင်းကလည်း ၁၉၉၆ ကျောင်းသားဆန္ဒပြမှုမှာပါတီလူငယ်
ကျမတို့ အနေဲ့ ပါဝင်သင့်မသင့် ညွှန်ကြားချက်တောင်းမိလို့  “အလုပ်မလုပ်ချင်ရင်ညွှန်ကြားချက်ကို
တောင်းကြတယ်” “ ဗိုလ်ချုပ်တို့ လက်ထက် က လူမိုက်အလိုရှိတယ်”
ဆိုတာ ကိုသာဓက
ပြပြီးပြောခဲ့တယ် လူမိုက်ဆိုတာ တိုင်းပြည်အတွက် မိုက်မိုက်မဲမဲ အသက်ပေး ရဲတာမျိုး ကိုဆိုလိုတာပါ ။

ဒါကြောင့် ပါတီလူငယ်ကောကျောင်းသားလူငယ်တွေကိုပါ လူငယ်ဘ၀ဟာရဲရင့်ဖို့  တက်
ကုန်လွှင့်ဖို့ အသင့်ဆုံးအချိန်ပါ ။ကျမတို့ လည်း မိုက်မိုက်မဲမဲတက်ကုန်လွှင့် ခဲ့ကြတာပါပဲ အပြင်ကနေရေး
ပြောနေလို့  မင်းတို့ လာလုပ်ပါလား ပြောရင် ဆောရီးပါ ကျမ တို့  ကျောင်းသားဘ၀ ပြောက်ကျား နည်း
ပါတီဝင်ဘ၀ မှာလည်း အဟိံသ နည်း တွေ လုပ်ခဲ့ပြီးပြီ ထောင်ကျတာနဲ့အချုပ် ဘ၀တွေ အကြိမ်ကြိမ် ရှိပြီး
နေလို့  မျိုးဆက်သစ်တွေကိုလည်း တိုက်တွန်းတယ် အားပေးတယ် လုပ်သင့်တဲ့ပုံစံတွေ ပြောပြပါတယ်။

ဆရာတော့မဟုတ်ခေါင်းဆောင်းလည်းမဟုတ်ပါဘူး ကျမတို့ ကိုယ်တိုင်လည်းတာဝန် လုံးဝမကြေသေးဘူး
ဆိုတာသိနေပါတယ် ။ဒါကြောင့် မျိုးဆက်သစ်တွေကိုပဲ ကျမ တို့ အားကိုးပါရစေ ရဲရင့်တက်ကြွပြတ်သား
ထက်မြတ်ကြပါ ထောင်ဆိုတာ မင်းဆိုးမင်းညစ်အုပ်ချုပ်တဲ့တိုင်းပြည်မှာ သူရဲကောင်းတွေရဲ့ပြတိုက်ပါပဲ။
ရာဇာလီကိုမျော်သလို ဘန်ကီမိုး တို့ အိုဘားမား တို့ ကိုမမျော် ပါနဲ့  ခေတ်တခေတ်မှာ သူရဲကောင်း
တစ်ယောက်ပဲ ထွက် တဲ့ကျမတို့ တိုင်းပြည်ရဲ့ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် မနက်ဖန်
ဒီပဲယင်း(၃၀) ကို ပြန်လည်စိန်ခေါ်တဲ့အနေနဲ့  တစ်နိုင်ငံလုံး စုရုံးကြပါ။အန်တီကလေ လူငယ်တွေ
ဘာများလုပ်နေလဲ ညမအိပ်နိုင်ပဲတွေးနေတာ သူမျော်လင့်တာ အနာဂတ်ကို ပိုင်တဲ့ လူငယ်တွေရဲ့
ကြွေးကျော်သံ နဲ့  အာဏာရှင် ကို ဖြုတ် မဲ့ လူငယ်ထု လက် ပဲ -- ဒီနှစ်ဟာ ကျမတို့ အတွက် စနစ်ပြောင်း
တော်လှန်ရေးအပြီးသတ်ရမဲ့နှစ် ဖြစ်မှာအသေအချာပါ ။

အာရှတော်ဝင် ရှေ့ ဆန္ဒပြမှုကို တာဝန်ယူရေးသားပါသည်
မေအိခင်(လယ်ဝေး)

မေ ၂၈ သတင်းစာရှင်းလင်း စဉ်

Thursday, May 28, 2009

ရှဗရွမ် ကော်ပိုရေးရှင်း Chevron ၏ ရင်းနှီးလုပ်ကိုင်နေမှုသည် ရက်စက်ဖိနှိပ်သည့် နအဖ စစ်အစိုးရအား ဘဏ္ဍာရေးအရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း

မြန်မာနိုင်ငံ တောင်ပိုင်းရှိ ရတနာ ဓာတ်ငွေ့နှင့် ပိုက်လိုင်း လုပ်ငန်းများတွင် စွမ်းအင်ကုမ္ပဏီကြီး ရှဗရွမ် ကော်ပိုရေးရှင်း Chevron ၏ ရင်းနှီးလုပ်ကိုင်နေမှုသည် ရက်စက်ဖိနှိပ်သည့် နအဖ စစ်အစိုးရအား ဘဏ္ဍာရေးအရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂကြီးတခုက ပြောသည်။

အမေရိကန်နှင့် ကနေဒါအခြေစိုက် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ တခုဖြစ်သော International Brotherhood of Teamsters – IBT ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ရက်စက်စွာ ဖိနှိပ်လေ့ရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုကိုလည်း စနစ်တကျ ကျူးလွန်နေသော စစ်အစိုးရအတွက် နိုင်ငံခြားငွေ အများဆုံး ရရှိစေသည့် ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ကြောင်း IBT က ဆိုသည်။

ရှဗရွမ် ကော်ပိုရေးရှင်းအနေဖြင့် ရင်းနှီးမြှုပ်နှံရန် မလုပ်သင့်သော နိုင်ငံများအဖြစ် မည်သည့် အချက်အလက်များကို အခြေခံပြီး မည်သို့ တိုင်းတာသတ်မှတ်သည်ကို ရှင်းလင်းစွာ ထုတ်ပြန်ပေးရန် သမဂ္ဂ၏ တောင်းဆိုချက်ကို ကော်ပိုရေးရှင်း၏ ရှယ်ယာ ပိုင်ရှင်များ နှစ်ပတ်လည် အစည်းအဝေး၌ ဆွေးနွေး၍ မဲပေးကြရာ မဲအားလုံး၏ ၂၅ ရာခိုင်နှုန်း ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလုပ်သမားသမဂ္ဂကြီး၏ ဘဏ္ဍာရေးဆိုင်ရာ အတွင်းရေးမှူး C. Thomas Keegel က “ဥပဒေကြောင်း၊ ငွေကြေးအရ၊ နိုင်ငံရေးအရ ကြီးမားတဲ့ စိန်ခေါ်မှုတွေအကြားက မြန်မာနိုင်ငံမှာ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေကို ရှဗရွမ်က ဘယ်လို ဆုံးဖြတ် လုပ်ကိုင်နေတယ်ဆိုတာကို အစုပိုင်ရှင်တွေက အလေးထားလာကြတာတွေ့ရလို့ ကျေနပ်အားရပါတယ်” ဟု ပြောသည်။

ရတနာ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှတဆင့် ရှဗရွမ်နှင့် တွဲဖက်လုပ်ကိုင်နေသည့် စစ်အစိုးရသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြေညာချက်ထဲတွင် ဆိုထားသည်။

ရှဗရွမ်အနေဖြင့် ဤကဲ့သို့ နိုင်ငံရေးအရ သတိထားရမည့် အနေအထားတွင် ရင်းနှီးမြှုပ်နှံမှု ပြုသင့်၊ မသင့် ကိစ္စမျိုးကို မည်သို့ စုံစမ်းအကဲဖြတ်သနည်းဟုလည်း မေးခွန်းထုတ်လိုက်သည်။

၁၉ဝ၃ ခုတွင် ဖွဲ့စည်းခဲ့သည့် International Brotherhood of Teamsters ဟုခေါ်သည့် နိုင်ငံတကာအလုပ်သမားသမဂ္ဂကြီး တွင် အဖွဲ့ဝင် အလုပ်သမား ၁ သန်းခွဲခန့် ရှိသည်။

ရှဗရွမ်ကော်ပိုရေးရှင်း Chevron Corporation သည် ကမ္ဘာ့ စတုတ္တမြောက် စွမ်းအင်ကုမ္ပဏီကြီးဖြစ်ပြီး အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မှ San Ramon မြို့၌ ဗဟိုဌာနချုပ်ဖွင့်ထားသည်။ နိုင်ငံပေါင်း ၁၈ဝ ကျော်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သန့်စင်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်။
မဇ္ဈိမသတင်း မှ ကူးယူ သည်။

လူအခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၁ ကို ချိုးဖောက်ပြန်တယ်

မင်းဆိုးမင်းညစ်ဒဏ်ကြံ့ကြံ့ခံ အံတုနေရတဲ့မြန်မာပြည်ရဲ့တစ်ခုတည်းသောပါတီ အမျိုးသားဒီမိုကရေစီ

Wednesday, May 27, 2009





သဘာပတိမိန့် ခွန်း ( မေ-၂၇)

ပါတီဌါနချုပ် မှ ယနေ့  ရွှေးကောက်ပွဲနှစ်ပတ်လည် ကြေညာချက်


ရွှေးကောက်ပွဲနှစ်ပတ်လည်နေ့ မဲဆောက်တွင် ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်ရေး ဆန္ဒပြ

မေ (၂၇) မှာပြည့်သူ့ ပါတီ ပြည်သူ့ ကိုယ်စားလှယ် တွေ ကိုပြည်သူက တစ်ခဲနက် မဲပေးခဲ့ ကြတယ်

Tuesday, May 26, 2009



အနီရောင် - ရဲစိတ်ရဲမာန် ထက်သန်သည့် နိုးကြားတက်ကြွအဓိပါယ်
ကြယ်ဖြူ - နယ်ချဲ့နဲ့ ဖက်စစ်ဆန့် ကျင် သည့် အဓိပါယ်
ရွှေဝါခွပ်ဒေါင်း - ကျောင်းသားတို့ ရဲ့ ဒီမိုကရေစီတိုက်ပွဲ လက္ခာဏာ

ပါတီရုံးချုပ်တွင် သတင်းထောက်များ နှင့် အကျဉ်းထောင် မတရားရုံး အခြေအနေ မေးမြန်းစဉ်

Monday, May 25, 2009




ပါတီ ကြေညာချက် (၂၅-၅-၂၀၀၉)

ကျောင်းသားကျောင်းသူများသို့ လျို့ ဆော်ပန်ကြားချက် (ဗကသ)

သောင်းရင်းကမ်းနဖူးမှကြွေးကျော်သံ

Sunday, May 24, 2009




Posted by shwenanda at ထံမှ ဗွီဒီယိုဖိုင် ကူးယူသည်။

ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှအဖွဲ့ ဝင်များအပါအ၀င် ဒီမိုကရေစီအင်အားစုများ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ လူငယ်တာဝန်ထမ်းဆောင်ခဲ့သူများ မြန်မာ့ဒီမိုကရေစီအရေး အားပေး
ထောက်ခံသော နိုင်ငံခြားသားများ မှ
“ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေး ဒို့ အရေး ”
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဒို့ အရေး”
“စစ်အစိုးရ ပြုတ်ကျရေး ဒို့ အရေး ”
“ ဒီမိုကရေစီ ရရှိရေး ဒို့ အရေး”
ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်
Free Aung San Suu Kyi ဟု

ကြွေကြော်သံများ တိုင်၍ မြ၀တီတံတားထိပ်မှ ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းနဘေးအထိ လမ်းလျောက်ကြွေးကျော်ဆန္ဒပြခဲ့ကြပါသည်၊ ဆန္ဒပြကြွေးကြော်သံများ ပြုလုပ်ချိန်
တွင် မြ၀တီမြို့ မှ ပြည်သူလူထုမှ မြစ်ကမ်းနဘေးသို့ စုရုံးရောက်ရှိလာပြီး လာရောက်အားပေးကြောင်း တွေ့ ရှိရပါ
သည်၊ မိနစ်အတန်ကြာသည့်အခါမှ ယိုးဒယားစစ်တပ်မှအေးဆေးစွာပြန်လှန်ကြရန်ပြောလာသဖြင့်ထိုင်းနိုင်ငံဘက်သို
့ပြန်လှည့်ပြီးကြွေးကျော်သံများတိုင်၍ချီတက်ခဲ့ကြသည်။

မြ၀တီ ကမ်းနှဖူး မှဆန္ဒပြပွဲ နှင့် အတူ မဲဆောက် အသံ

Saturday, May 23, 2009



တကယ်လုပ်ရင် ဖြစ်ပါတယ်ဆန္ဒပြသူတွေကိုမဲဆောက်မှာနေရေးကြပ်အောင်လုပ်တယ်
အေးအေးဆေးဆေး မနေချင်ကြဖူးလို့  ပြစ်တင် ကောင်း ပြစ်တင် လိမ့်မယ် အေးအေး
ဆေးဆေး နေချင်ရင် ကတော့ အသူရကယ် တွေရဲ့ နေ့ တစ်ဝက် ဘ၀ ကိုသွားပါလို
့ကျမပြောချင်ပါတယ်။ တိုင်းပြည်မှာ ဒီလောက်ဆိုးရွားတဲ့ အကြပ်အတည်း ကျမတို
ပါတီရဲ့ အသက်သွေးကြောကိစ္စ ဒါ့ထက်လူထုခေါင်းဆောင်ဟာ အင်မတန်မှာ ညစ်ညမ်း
တဲ့ အင်းစိန်ထောင် လူရှင်တွေရဲ့သင်္ချိုင်း မှာသွားနေ သွားအိပ် သွားစားရတာ ဒါကို
မခံနိုင်ဘူးငါတို့ အန်တီ့ လူဟေ့ အန်တီ့အတွက် တို့ ဆန္ဒတွေပြကြမယ် ပြရတယ် ဆိုတာ -
ဘယ်လောက်များနစ်နာသွားကြလို့ လဲ ပေးဆပ်လိုက်ကြရလို့ လဲ? တစ်ချို့ များ ငါတို့ 
အနေကြပ်အောင်မလုပ်ကြပါနဲ့ ပြောရင် ကျမ က ကော်ဆဲလိုက်တော့မယ် *****
**** ဒီမိုကရေစီအင်အားစုနဲ့ ဝေးတဲ့  နေရာသွားကြပါ နိုင်ငံရေးတော်လှန်ရေးမလုပ်
ကြပါနဲ့ လို့  --- တောင်းပန်ပါတယ် လို့ လည်း ဆဲပြောလေးပြောလိုက်ချင်ပါတယ်။

ခု ဆန္ဒပြတာယိုးဒယားဆိုတဲ့ နိုင်ငံရပ်ခြားပါ တစ်ချို့ ထောက်ပြသလို မဲဆောက် က
ကန့် သတ်နယ်မြေ ။ ခရိုင်ကတိုက်ရိုက် အုပ်ချုပ်တဲ့အတွက် အန္တယ်များတယ်ဆိုတာမျိုး
အရင်အခြေအနေတွေ အပေါ်မှာ ဆိတ်ဆိတ် နေပေးလို့ ရပေမဲ့ ခု အခြေအနေ နဲ့ 
တော်လှန်ရေး ထမင်းဟင်း အများဆုံး စားသူများ ဆိတ်ဆိတ် နေ သင့်သလား?
ဘယ်နေရာ ဘယ်ပုံစံမျိုးမဆို နဲ့  စစ်အုပ်စု ကို ဆန့် ကျင်နေသင့်သလဲ?
အင်တာနက်ပေါ်ကပဲ သတင်းတွေ ဖလှယ် တကယ့်နိုင်ငံရေးသမားကြီးတွေ သဖွယ်
ဟန်လုပ်နေရင်တော့ ပြည့်သူ့ အတွက် နိုင်ငံတကာ ကထောက်ပံ့ငွေတွေ ပြည်သူ
ကိုယ်စား တာဝန်ခံတောင်းစားထားသမျှ ပြည်သူထံပြန်အမ်းကြဖို့ ပါပဲ -

ဒီအချိန်မှာ ကျမ ညီညွတ်ရေးစကားပဲပြောချင်တယ် -- ဒါ့ ကြောင့် စစ်အုပ်စုကို
ဆန့် ကျင်တာဆိုဘယ်နေရာဘယ်ဒေသကနေ ဘယ်သူ ဘာလုပ်လုပ်
(အမှန်တကယ်လုပ်) သူ တွေကိုကျမထောက်ခံတယ်။
တိုင်းပြည်အတွက်အသက်ပေးမယ်ဆိုသူများ အေးအေးဆေးဆေး နေ ချင်တာ
လောက်လေးတော့ပေးဆပ်ကြပါ။

အကယ်၍ မနက်ဖန် အန်တီ့ကို အမိန့် ချခဲ့ရင်

ပါတီလူငယ် အသံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ထုကိုယ်စား လူငယ်လုပ်ငန်းများဖော်ဆောင်ရေးမှသဘောထား
ရက်စွဲ ၂၂.၅.၂၀၀၉
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံ ၀န်းအတွင်းသို့ အမေရိကန်နိုင်ငံသားဝင်ရောက်မှုနှင့်
ပတ်သတ်ပြီးစစ်အာဏာရှင်အစိုးရမှ ဒေါ်အောင်ဆန်စုကြည်အားအင်းစိန်ထောင်သို့ပို့ကာ ပုဒ်မ-၂၂အရ
တရားစွဲဆိုပြီးထောင်အတွင်းအကျဉ်းချရန် ဖန်တီးလုပ်ဆောင်နေမှုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊
စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနှင့် လုံးဝသွေဖီနေသော လုပ်ရပ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တကွဒေါ်ခင်ခင်ဝင်း၊မ၀င်းပပနှင့်အမေရိကန်နိုင်ငံသားတို့အားနိုင်ငံတကာ
သံရုံးများပြည်တွင်းပြည်ပသတင်းထောက်များနှင့်အများပြည်သူရှေ့မှောက်တွင် လွတ်လပ်စွာတရားစီရင်ခြင်း
ပြုရန်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျရောက်နေစဉ်ကာလအတွင်းအမေရိကန်နိုင်သား
ခြံတွင်းဝင်ရောက်သွားနိုင်မှုနှင့်ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးအားတာဝန်ယူထားသော အာဏာပိုင်အဖွဲ့စည်းတွင်သာ အပြည့်အ၀တာဝန်ရှိသည်။
သို့ပါသောကြောင့် ဒေါ်အောင်ဆန်းစုကြည်တွင် လုံးဝအပြစ်မရှိကြောင်းသိသာထင်ရှားပါသဖြင့် ပုဒ်မ ၂၂ အရ
တရားစွဲဆိုထားမှုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်လုပ်ငန်းအဖွဲ့မှ လုံးဝကန့်ကွက် ရှုတ်ချ ပါကြောင်းသဘောထားထုတ်ပြန်လိုက်သည်။

ရက်စွဲ ၂၂.၅.၂၀၀၉
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန်ထောင်အတွင်းသို့ပို့ဆောင်ချုပ်နှောင်၍တရားစွဲဆိုနေမှု
နှင့်ပါတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟန်းမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့မှသဘောထားထုတ်ပြန်
ကြေငြာချက် ။
၁ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်ခြံဝင်းအတွင်းသို့အမေရိကန်နိုင်ငံသားဝင်ရောက်
မှုနှင့် ပတ်သက်ပြီးအာဏာပိုင်တို့မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလူသားချင်းစာနာ
ထောက်ထားမှု ကင်းမဲ့စွာဖြင့် အင်းစိန်ထောင်တွင် အကျဉ်းချကာပုဒ်မ-၂၂ ဖြင့်တရားစွဲဆိုနေမှုမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ပေါ်ပေါက်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်
စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနှင့် လုံးဝသွေဖယ်နေသောလုပ်ရပ်ဖြစ်သည်။

၂။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျရောက်နေစဉ်ကာလအတွင်းအမေရိကန် နိုင်ငံသား
တစ်ယောက်အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်၏ခြံဝန်းအတွင်းသို့ ရောက်ရှိသည်အထိဝင်ရောက်
သွားနိုင်မှုမှာ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အပြည့်အ၀တာဝန်ယူထားပါသည်ဆိုသော
အာဏာပိုင်အဖွဲ့အစည်းများတွင်သာ တာဝန်အပြည့်အ၀ ရှိပါသည်။
သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်တွင် လုံးဝအပြစ်မရှိပါသောကြောင့်အာဏာပိုင်တို့မှ ပုဒ်မ-၂၂ ဖြင့်
ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုနေမှုအားကန့်ကွက်ရှုတ်ချပါကြောင်းနှင့်ဒေါ်အောင်ဆန်းစုကြည်အား
အင်းစိန်ထောင်အတွင်းသို့ပို့ဆောင်ချုပ်နှောင်ထားမှုအားအမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးပါရန်သဘောထားထုတ်
ပြန်လိုက်သည်။
ဗဟန်းမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့
ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ထုသဘောထား

ရက်စွဲ ၂၂.၅.၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေအထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား
နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၂၂အရ
အင်းစိန်အကျဉ်းထောင်တွင်အာဏာပိုင်များမှ ရုံးတင်စစ်ဆေးပြီး ထပ်မံအကျဉ်းချရန် လုပ်ဆောင်နေခြင်းသည်
ဥပဒေပြဌန်းချက်များ စီရင်ထုံးများနှင့်ညီညွတ်ခြင်းမရှိသည့်အပြင် တရားစီရင်ဆုံးဖြတ်ရာ တရားခွင်သည်လည်း
အခင်းဖြစ်ပွားရာ နယ်မြေ၏ တရားရုံးတွင် မဟုတ်ပဲအာဏာပိုင်များ၏အလိုကျဖြစ်သော အင်းစိန်အကျဉ်းထောင်
အတွင်း၌တရားစီရင်ခြင်းသည် အများပြည်သူရှေ့မှောက်လွတ်လပ်မျှတသည့်တရားစီရင်မှုမျိုးမဟုတ်ပါသဖြင့်
လုံးဝကန့်ကွက်ကြောင်းဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်ထုတစ်ရပ်လုံး၏သဘောထားကို
ထုတ်ပြန်လိုက်သည်။
ဆက်လက်၍ အများပြည်သူရှေ့မှောက်တွင် လွတ်လပ်မျှတသည့်တရားစီရင်မှုမျိုးဖြစ်သည့် (Open Court)ကို အာဏာပိုင်များမှချက်ချင်းလုပ်ဆောင်ပေးပါရန် အတိအလင်း တောင်းဆိုလိုက်သည်။

တိုင်းအကူအညီပေးရေးအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဧရာဝတီတိုင်း

လူထုခေါင်းဆောင် နှင့် အင်းစိန်ထောင်တွင်း မတရားရုံး

Wednesday, May 20, 2009




အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ (၂၀)ရက် နေ့ ကြေညာချက်

မဲဆောက် မှာဘာလုပ်နေကြလဲ

Tuesday, May 19, 2009


ဘယ်နေရာကဘယ်လိုတိုက်ရတိုက်ရ ပါဝင်တက်တဲ့ ခွန်မြင့်ထွန်း ဦးချစ်တင် နဲ့ အတူ အင်္ဂလန်မှ ဦးနွယ်အောင်

ဆန္ဒပြ ဖို့  လိုအပ်တယ် မဲဆောက် က နိုင်ငံရေးရဲ့အဓိက ဆုံရပ်ဖြစ်နေတယ် ဆိုတာ ဒီဆွေးနွေးပွဲမှာပြောခဲ့တယ်

ဒေါက်တာစင်သီတာမောင် လည်း မပျက်မကွက် အန်တီ့ အတွက် အမေရိကန် ကို ပရက်ရှာပေးနေလေရဲ့

ကျောင်းသူကျောင်းသားလေးတွေဒေါ်အောင်ဆန်းစုကြည်အတွက်ခုလိုမေတ္တာပို့ ဆုတောင်းနေကြတော့
တစ်ချို့ လူငယ်တွေရဲ့မျက်လုံးမှာမျက်ရည်တွေစို့ လို့ အမျိုးသမီးတစ်ဦးဆိုမျက်စိမှိတ်ဆုတောင်းရင်း
မျက်ရည်တွေစီးကျနေလေရဲ့ 

ထိုင်းနိုင်ငံ မှာ တော်လှန်ရေးအင်အားစုတွေအများဆုံးရှိတာပါ အင်တာနက် ကွန်ပျူတာ တွေ အများဆုံးသုံး
နိုင်ကြပါတယ် ဒါလည်း ကိုယ့်ခွန်အားနဲ့ ရှာဖွေ ထားတာ မရှိသလောက်ပါ ရှိခဲ့ရင် လည်းတစ်ဦးနှစ်ဦးပေါ့
ဘယ်ကရလဲ မေးရင် တော်လှန်ရေးကို လုပ်နေတယ် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီနဲ့ လူ့ အခွင့်
အရေးကိုလုပ်နေတယ်ဆိုတဲ့ အတွက် ဒီမိုကရေစီ နိုင်ငံကြီးတွေ ကနေဆင့်ကဲရောက်ရှိလာတာပါ ။
ကျမကိုယ်တိုင်ပေါ့ ထမင်းစားသမျှ ဒေါ်အောင်ဆန်းစုကြည် ကျေးဇူး တွေကြောင့်ပါ တော်လှန်ရေးထဲပါတယ်
ထောင်ကျခဲ့တယ် ဆိုတာတွေ အတွက် တော်လှန်ရေးဆက်လုပ်နိုင်ဖို့ အတွက် ရနေရှိနေတဲ့အထောက်အပံ့
တွေပေါ့။ ကျမ ဘာကိုပြောချင် တာလဲဆိုရင် တော့ လက်ရှိအခြေအနေဟာ အိမ်ခေါင်မိုး မီးတောက်
လောင်နေတဲ့အခြေအနေပါ လူထုခေါင်းဆောင် ပါတီခေါင်းဆောင် လူငယ်ခေါင်းဆောင် တတိုင်းပြည်လုံး
တင်မက ကမ္ဘာက ပါ ဒီမိုကရေစီခေါင်းဆောင် လို့ အသိအမှတ်ပြုထားတဲ့ကျမတို့ ခေါင်းဆောင်ကို တရားခံ
လို့  စွပ်ဆွဲပြီး ရုံးတင်စစ်နေချိန်မှာ ပြည်တွင်းကထောင်နှုတ်ခမ်းနင်းနေရသလို ထိုင်းနိုင်ငံ မဲဆောက်ကလည်း
အွန်လိုင်းပေါ်က ချက်တင်တွေနဲ့ မပြီးပြတ်ပဲ ကိုယ် အစွန်းဆုံးအထိ လုပ်ပေးနိုင်သလောက် မဟုတ်ပဲ
အားကုန် တွန်းကြရအောင် နိုင်ငံတစ်ကာကို ဆန္ဒပြ ဟေ့ လို့ အတိုက်တွန်းဆုံးက မဲဆောက် အင်အားစုပါ
မဲဆောက် မှာကြတော့ ထိုင်းအစိုးရက ဆန္ဒပြတာမကြိုက် လို့ တဲ့ ဖြစ်မှဖြစ်ရပလေ ဘယ်အစိုးရ ကဆန္ဒပြ
တာကြိုက်ပါသလဲ - သီးခြားအုပ်ချုပ်တဲ့ခရိုင်မို့ တဲ့ -- အင်းစိန်မြို့ နယ် ကတော့ ??????
ဒီတော့ကျမတိုက်တွန်းပါတယ် နိုင်ငံရဲ့ အဆိုးဆုံး အမြင့်မားဆုံးတိုက်ပွဲ တိုက်ရမဲ့အချိန်ဟာဒီအချိန်ပါ
အစိုးရဖွဲ့ ထားသူများလည်းကြေညာချက်လေးနဲ့  တပ်ပေါင်းစုအသီးသီးလည်းကြေညာချက်လေးနဲ့ 
မြန်မာပြည်အရေး ဒီအတိုင်းလက်နှေးနေလို့ ကတော့ ဒေါ်လာစားများအကြိုက် ရှည်လျားလိုက်မည့်ကာလ
ပေမို့  ဘယ်သူမရဲ-ရဲ တို့ တတွေရဲရင့်ကြပါစို့  ခေါင်းဆောင်ဆိုသူများ ဘာလုပ်နေသည်ကို သမိုင်းက
သက်သေတည်ပါလိမ့်မယ် ။

မနက်ဖန် ရုံးချိန်းကို ထောင်ရှေ့မှာအင်အားသောင်းချီ၍ စုရုံးမည်

၂၀ ရက် နေ့ မှာ ၁၈ ရက် နေ့ ထက် သုံးဆ များလာမဲ့ လူထု ပါတီဝင် ကျောင်းသားတွေစုရုံးကြ
နေရာဒေသအသီးသီးကပါတီဝင်များ မိမိ ခေါင်းဆောင် ဘ၀ မိမိ ပါတီရဲ့အသက် ကို ကာကွယ်ကြ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တိုင်း စုရုံးကြ စုရပ်တစ်ခုသတ်မှတ်ပြီးဒေသဆိုင်ရာနယ်တွေမှာစုကြ
သံဃာတော်များကိုတစ်ပါတည်းပင့်ဖိတ်လာကြပါ ။ထောင်အနောက်ရွာမပရိယတ္တိမှရဟန်းငယ်များကိုပင့်ဖိတ်ကြ

မနက် ဖန် အင်္ဂါနေ့  အန်တီ့ မွေးနေ့  ဆုတောင်းနဲ့ အတူ အန်တီ့ ကိုပြန်ရအောင် တိုက်ယူကြဒီ့ထက်အင်အားပိုဖြည့်ကြ

Monday, May 18, 2009



ယခု အင်းစိန်ထောင်ဝန်းကျင် အခြေအနေ

Sunday, May 17, 2009

အင်းစိန် ကားလမ်းမမှာ ကားပေါ်က လူတွေကို တယောက်ချင်းစီစစ်နေတယ်။သွားချင်ကြတဲ့ သူများကို ညွန်ကြားပေးပါ။ပြောပြပေးပါ။ အင်းစိန်ထောင် အ၀င်ပေါက်များမှာ ပေါက်တောဝ တမှတ်တိုင်ကျော် ဆရာတော်ကြီးမှတ်တိုင်မှ ၀င်လို၇ပါတယ်နောက်တနေရာက မြို့သစ်ဈေးဘက်မှ တဆင့် မဟာမြိုင် ရုပ်ရှင်ရုံဘက်ခြမ်းမှ အင်းစိန်ထောင်ရှေ့သို့ ထွက်လို့ရပါတယ်ဗျို့ကကက
ဖော့ကန် အောင်ဆန်းဘက်ကပိတ်ထားတယ် အင်းစိန်ဂုံးတံတားကနေ စပြီး ထောင်ထိပိတ်တယ် လိုင်းကားလည်းသွားမရ ဆိုက်ကား လည်းမရ သံဆူးကြိုးတုန်းတွေပိတ်ထားတယ် ဖော့ကန် အောင်ဆန်းဘက်ကပိတ်ထားတယ် အင်းစိန်ဂုံးတံတားကနေ စပြီး ထောင်ထိ ပိတ်တယ် လိုင်းကားလည်းသွားမရ ဆိုက်ကားလည်းမရ သံဆူးကြိုးတုန်းတွေပိတ်ထားတယ်..

လမ်းကြိုလမ်းကြားတွေလည်း ပိတ်ထားတယ် အရပ်ဝတ်ရဲတွေနဲ့ စွမ်းအားရှင်တွေကတော့ ရှိနေပေမယ့် လာကြည့်တဲ့လူတွေလည်း ပိတ်ထားတဲ့နေရာကနေ လှမ်းကြည့်နေကြရပါတယ်။ အင်းစိန်ဈေးထဲကို ၀င်လို့ မရပါ။
မီးပွိုင့်ကနေ ပိတ်ထားပါတယ်။ ယခုအခါမှာ အင်းစိန်ထောင်အတွင်းသို့  ရှေ့ နေ (၄) ဦးနဲ့  အမေရိကန်သံရုံးမှသူများ ၀င်ရောက်သွားပါပြီ။ စောင့်ကြည့်နေကြသူများ ဆက်လက်ရှိနေကြပါတယ်။
ပြည်သူလူထုအပြင် ကျောင်းသားများနဲ့  သံဃာတော်များပါ အင်းစိန်ထောင်ဈေးဘက်နေရာတွေမှာ ရောက်ရှိနေကြပါတယ်။ဒီ့အတွက် ကျန်သော ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို့ 
အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်
ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို့  အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်။

ထောင်ဝန်ထမ်းတွေက ဒေါ်စုကြည် လို လာခေါ်ပါတယ်။ ဒေါ်စုကြည် ရုံးထုတ်ရင် ထွက်ခဲ့ပါလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ပြန်ပြင်ခေါ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်မှ ထွက်နိင်မယ်လို့ ဆိုတဲ့အတွက် အခြေအတင်ဖြစ်နေကြောင်း သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို အတင်းအကြပ် ရုံးထုတ်ရန် ကြိုးပန်းနေကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ သတ္တိရှိစွာဖြင့် ကုလား ထိုင် ပေါ်တွင် ထိုင်နေပြီး လာခေါ်သော ထောင်ဝန်ထမ်းများကို မလိုက် ဟု ရာဇသံပေးလိုက်ကြောင်း သိရပါတယ်။ အင်းစိန် ထောင်ရှေ့ ရောက်နေကြသူများအနက်မှ လူငယ် (၃၀) ကျော် ထောင်ဗူးဝဘက်သို့  ချဉ်းကပ်သွားပါတယ်။ လုံထိန်းများမှ ရှေ့ က ပိတ်ဆို့ ထားပါတယ်။ အခြားသောပြည်သူများလည်း ၀ိုင်းရံထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်စုကြည် ဟု ခေါ်ဆိုမှုကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုသည် ယခုအခါ ထောင်ဝန်ထမ်းများဘက်မှ ဒေါ်အောင်ဆန်းစုကြည်ဟု အလျှော့ပေး ခေါ်ဆိုခြင်းကြောင့် ယခုအခါ အထူတရားရုံးအတွင်း အမှုစစစ်ပါတော့မည်။

ထောင် အာဏာ ပိုင်များက အင်စိန်ထောင် ထဲ မှာထောင်ထဲမှာ ထောင်သားတွေအားလုံး ကို အလုပ်မချပဲ ပုံစံထိုင်ခိုင်းထားတယ်။ ထောင်ထဲမှာ ဆူမဲ့ နေအထား ကိုရောက်နေပြီ။ အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ယနေ့နံနက်က ရဲက ဖမ်းသွားသည်။

ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် အထူး တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု ရန်ကုန်မှလာသော အေဂျင်စီ သတင်းများအရ သိရသည်။
Posted in ရန်ကုန်သတင်း

နည်းလမ်းပေါင်းစုံနှင့်တိုက်ပွဲဝင်ရန်

Statement by ABMA 88G ABFSU

လူထုခေါင်းဆောင်အားရုံးတင်စစ်ဆေးထောင်ပို့ ခြင်းအပေါ်မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှရှုံ့ ချ

နအဖရဲ့  လုပ်ကြံဇတ်လမ်းကို တာဝန်သိ ပြည်သူတစ်ဦးက စတင် ထုတ်ဖေါ် ပြောဆိုပါပြီ။

မေလ (၂) ရက်နေ့က မြန်မာနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ တဆင့်ရောက် ရှိလာပြီး ဟိုတယ်မှာတည်းတယ်။ နောက်နေ့ ညနေပိုင်းမှာ အင်းယားကန်အတွင်းမှ ရေးကူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဘက်ကို ကူးခတ်သွားတာ ဖြစ်တယ်လို့  နအဖအင်တာနက် စာမျက်နှာကနေတစ်ဆင့် သတင်းလွှင်ခဲ့တဲ့ နအဖရဲ့  ဂျွန်ဝီလီယံယက်တောရဲ့  ဇတ်လမ်းဟာ လုပ်ကြံဇတ်လမ်းသာ ဖြစ်ပါတယ်။

ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ် (Asthma) ရောဂါဝေဒနာရှင်တစ်ဦး ဖြစ်တယ်ဆိုတာ သူရဲ့  ဇနီးဖြစ်သူက ပြောပြထားပါတယ်။ ထို့ အပြင် ဂျွန်ဝီလီယံယက်တောဟာ ကြောက်တတ်သူဖြစ်ကြောင်းကိုလည်း ပြောပြထားပါတယ်။ နအဖဘက်က ပြောသလို ၅ လီတာဆန့် ရေဗူး အကူအညီယူပြီး ရေကူးသွားတယ်ဆိုတာဟာ အကြောင်းပြဖန်တီးမှုသာ ဖြစ်ပါတယ်။ ဒီလို ၅ လီတာဆန့် ရေဗူးနဲ့  ရေကူးသွားတယ်ဆိုတဲ့ နအဖဘက်က သတင်းကြားရတဲ့ သူ့ ရဲ့  ဇနီးကတောင် ပြောတာက - ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ်ရောဂါတင်မကဖူး ဆီးချိုရောဂါပါ ဖြစ်နေတာ၊ ဒါကြောင့် သူဘယ်လိုလုပ်ပြီး ရေကူးသွားနိုင်တယ်ဆိုတာ အံ့သြတယ်လို့  မယုံကြည်တဲ့ စကားပြောပါတယ်။ သူရဲ့ အနီးကပ်ဆုံး ဇနီးဖြစ်သူရဲ့ ပြောပြချက်ပေါ်မှာ မူတည်ရင် ဂျွန်ဝီလီယံယက်တောဟာ ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာအရေရော ဘယ်လိုနည်းနဲ့ မှ ညအမှောင်ထဲမှာ အင်းယားကန်ထဲမှာ ရေကူးပြီးသွားတယ်ဆိုတာ မဖြစ်နိုင်ပါဖူး။

ဒါဆိုရင် ဂျွန်ဝီလီယံယက်တော ရေကူးဝင်တာ မဟုတ်ရင် နအဖတွေ ဖန်တီးလုပ်ကြံတဲ့ဇတ်လမ်းဟာ အစကတည်းက မမှန်ဖူးဆိုတာပါဘဲ။ နအဖဘက်က အစီအစဉ်ကျကျ အကွက်ကျကျ ဖန်တီးပြီး ဒီဇတ်လမ်းကို ထွင်တာဆိုတာ အမှန်အတိုင်း ထွက်ပေါ်လာဖို့  လိုနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုလိမ်ပြီး ထောင်သွင်းအကျဉ်းချဖို့  လုပ်တဲ့ နအဖတို့ ရဲ့  လုပ်ရပ်ကို ပြည်သူတွေ မခံမရပ်နိုင် ဖြစ်နေကြပါပြီ။ ဒီလို မခံမရပ်နိုင်ဖြစ်နေကြတဲ့ ပြည်သူတွေထဲက အဖြစ်အပျက်အမှန်ကို ဖေါ်ထုတ်ပေးကြဖို့  လုပ်လာကြမယ်ဆိုတာ မလွှဲမသွေပါဘဲ။

နအဖက ဂျွန်ဝီလီယံယက်တောကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေလ (၁၄) ရက်နေ့ က အင်းစိန်ထောင်အတွင်း ခေါ်ဆောင်သွားကာ မတရား အမှုဆင်ပြီး အမှုစွဲဆိုကာ ပြန်မလွှတ်သေးဘဲ ထိန်းသိမ်းထားမှုသတင်းကို ကြားကြရတဲ့ ရန်ကုန်မြို့ က ပြည်သူလူထုတွေထဲက ထူးထူးခြားခြား ပြည်သူတစ်ဦးက သူကိုယ်တိုင် ကြုံတွေ့ သိခဲ့ရတဲ့ အဖြစ်အပျက်ကို အဆက်သွယ် စတင်လုပ်လာပါတယ်။

ဒီလို ဆက်သွယ်လာခဲ့တဲ့သူကတော့ ရန်ကုန်မြို့ က တက္ကစီကားမောင်းသူတစ်ဦး ဖြစ်ပါတယ်။ စစချင်း ဆက်သွယ်လာတဲ့အချိန်မှာ သူ့ အနေနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ပတ်သက်တာ သူပြောပြချင်ပါတယ်။ ဒီအတွက် သူဘယ်နေရာက စောင့်ဆိုင်းနေမှာ ဖြစ်ကြောင်းနဲ့  စိတ်ချယုံကြည်စွာ လာရောက်ဆက်သွယ်ပါလို့ ပြောပြီး၊ လာတဲ့အခါမှာ သွားရောက်တွေ့ ဆုံဆက်သွယ်ခဲ့ပါတယ်။

မေလ (၂) ရက်နေ့ မှာ သူနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ဘယ်လိုတွေ့ ဆုံပြီး ဘယ်နေရာဒေသကို ပို့ ဆောင်ပေးခဲ့ရတယ်ဆိုတာကို ပြောပြတဲ့အခါမှာ - သူ့ ရဲ့  တက္ကစီကားကို ဂျွန်ဝီလီယမ်ယက်တောက လေဆိပ်ကနေ ငှားရမ်းစီးလာခဲ့ကြောင်း၊ သူ့ အနေနဲ့  အမည်ကို ထိုအချိန်က မသိသော်လည်း ယခုအခါမှ သိသွားရတာ သတင်းတွေထဲမှာ ပုံပါလာတာကြောင့် သူ့ ပို့ ပေးခဲ့ရသူဟာ ဂျွန်ဝီလီယံယက်တောဖြစ်နေတာ သိရကြောင်းနဲ့  အခုလို ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်တာ သိရတဲ့အတွက် မခံမရပ်နိုင်ဖြစ်ကာ အသိပေးလိုတဲ့အတွက် အခုလို အရဲစွန့် ပြီး ပြောရတာဖြစ်ကြောင်း ပြောပြပါတယ်။

အဆိုပါ တက္ကစီကားမောင်းသူဟာ သူရဲ့ ပြောပြချက်တွေကို လုံးဝ အသံသွင်းတာ မလုပ်ဖို့  အစကတည်းက မှာထားခဲ့ပေမယ့် အခုကိစ္စဟာ အရေးကြီးတဲ့ ပြောဆိုချက်ဖြစ်နေတာကြောင့် သူရဲ့ ပြောကြားချက်နောက်ပိုင်းတွေကို အမှီရအောင် သေချာအောင် မေးမြန်းပြီး ဖုန်းကင်မရာကနေ တစ်ဆင့် မှတ်ခဲ့ရပါတယ်။ ခိုင်လုံသောသက်သေတစ်ခုအနေနဲ့  ရရှိနိုင်အောင် လုပ်ခဲ့ရပေမယ့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရတဲ့ကြောင့် အဆိုပါ တက္ကစီသမားရဲ့  ရုပ်ပုံအပြည့်နဲ့  ကားနံပါတ်တွေကိုတော့ ဖေါ်ပြပေးမှာ မဟုတ်ပါဖူး။ ထို့ အတူ တွေ့ ဆုံခဲ့ရတဲ့သူတွေ ဘယ်သူတွေလည်းဆိုတာကို ယခုအချိန်မှာ လျှို့ ဝှက်ထားပေးပါတယ်။

သူ့ ရဲ့ ကားကို လေဆိပ်ကနေ စီနင်းလိုက်ပါလာပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ကို ပို့ ပေးခဲ့ရကြောင်း၊ ဂျွန်ဝီလီယံယက်တောဟာ အန်တီစုအိမ်ရှေ့ ရောက်တဲ့အခါမှာ ခြံဂိတ်ဝမှာ စောင့်နေတဲ့ လုံခြုံရေးအစောင့်တွေကို ကဒ်ပြားအနီရောင်တစ်ခုထုတ်ပြတာ သူမြင်ရကြောင်း၊ အဲ့ဒီအခါမှာ လုံခြုံရေးတွေ ကိုယ်တိုင် အထဲကို ခေါ်သွင်းသွားတာကို သူမြင်ခဲ့ရတာကို ပြောပြပါတယ်။ သူ့ အနေနဲ့  အဲ့ဒီအချိန်က ရိုးရိုးသာမန်ဘဲ အောင်းမေ့ပြီး ဒီအဖြစ်အပျက်ကို အလေးအနက် မထားခဲ့မိကြောင်း ပြောပြပါတယ်။
နစ်နေမန်း ထံမှ

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမူ့  တိုက်တွန်းနှိုးဆော်ချက်၊(FTUB)

၈၈ ကျောင်းသားခေါင်းဆောင် တပ်ဦးမှဦးဆောင်ခဲ့သည့်  ကိုမိုးသီး ၏ လူထုတိုက်ပွဲ လုပ်ငန်းစဉ်

မိုးသီးဇွန်

လူထုတိုက်ပွဲလုပ်ငန်းစဉ် -


မေး- ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်ရှိပါသလား
အဖြေ- လုံးဝမရှိပါ။

ဝီလီယံယက်တော က ၂၀၀၈ ခုနစ် မှာ ဒေါ်စုအိမ်ထဲကို တိတ်တဆိတ် ခိုးဝင်ခဲ့ဘူးတယ်။
သူကို ဒေါ်စုကလက်မခံ ။ ပြန်ဖို့ ပြောတယ်။ နောက်တနေ့ မှာ ဒေါ်စုကဒေါက်တာ တင်မျိုးဝင်းကို နအဖ ကို သတင်းပို့ ခိုင်းတယ်။ ဒေါက်တာတင်မျိုးဝင်းက နအဖ ကိုသတင်းပို့ တယ်။ ဒါကို သိရက်နဲ့  နအဖ
က ၀ီလီယံယက်တော ကို ဗီဇာ ကန့် သတ်စီစစ်ခြင်းမပြုပဲ ၂၀၀၉ခုနစ် မေမှာ ထပ်မံပေးတယ်။ ။ နအဖ ဟာ သိရက်နဲ့  ယက်တော ကို ထပ်မံ ၀င်ခွင့်ပေးခဲ့တယ်။ ဘာဖြစ်လို့  သိရက်နဲ့ ယက်တောကို ၀င်ခွင့်ပေးခဲ့ပါသလဲ။
အဓိပါယ်ကတော့ရှင်းနေပါတယ်။ ဒေါ်စုကိုထပ်ဖမ်းခြင်လို့ အမူဆင်လိုက်ခြင်းသာဖြစ်ပါတယ်။

မေး-စစ်အစိုးရတွေက ဒီလို မျိုးအရင်က လုပ်ခဲ့ဘူးလား

ဖြေ- မဆလ အစိုးရ လက်ထက်တုံးကလည်း ဒီလိုမျိုးလုပ်ကြံမှုတွေရှိခဲ့ဘူးပါတယ်။
ဒီလုပ်ရပ်ဟာ ၈၈ တုံးက ကျောင်းသားတွေကို သေနပ်နဲ့ ပြစ်သတ်ပြီး မူခင်းဆရာဝန်ကြီး ဦဘချွန်း ကို ချွတ်ထက်တဲ့အရာနဲ့  သေတာပါလို့  ဖိအားပေးပြီး ထုတ်ပြန်ချက်ရေးခိုင်းတာမျိုးဖြစ်နေတယ်။ ဒီတုံးက
ဆရာဝန်ကြီးဦးဘချွန်းက ဒါဟာ ချွတ်ထက်တဲ့ဒဏ်ရာနဲ့ သေတာမဟုတ် သေနပ်ဒဏ်ရာနဲ့ သေတာပါလို့  အမှန်တရားအတိုင်းထွက်ဆိုပေးခဲ့တဲ့အတွက် မဆလ အစိုးရရဲ့  လိမ်ညာ မှု အစီအစဉ်ကြီးဗူးပေါ်သလိုပေါ်ခဲ့ဘူးတယ်။


မေး-ဒီလုပ်ရပ်တွေကို ဘယ်သူလုပ်တာပါလဲ
ဖြေ- ဒါဟာ သန်းရွှေ လက်ချက်ပါ။ သန်းရွှေ ဟာ တာဝန်အရှိဆုံးရာဇ၀တ်ကောင်သာဖြစ်ပါတယ်။


မေး- သန်းရွှေ ဘာလိုခြင်တာလဲ
အဖြေ- အာဏာနဲ့ ငွေ ဖြစ်ပါတယ်။ သန်းရွှေက သူနောက်ကြောင်း အေးခြင်တယ်။ သူသေသွားရင် တောင် သူ့ သားသမီးတွေဟာ
နေ၀င်း တို့ စောမောင်တို့ လို ဖြစ်ရပ်မျိုးကြုံမှာသူစိုးရိမ် နေတယ်။ သူပိုင်ဆိုင်မှုတွေ သူသားသမီးတွေရဲ့ ပိုင်ဆိုင်မှုနဲ့ စီးပွားရေးတွေကို လုံခြုံ စိတ်ချခြင်တယ်။ လက်တွေ့မှာ လုံခြုံမှုမရှိတာကို သူသိတယ်။ သူ မိသားစု လုံခြုံရေးနဲ့  အကျိုးစီးပွားတွေကို အန္တရယ်ပေးနိင်တာက တပ်မတော်ထဲကပဲဆိုတာကို သူသိနေတယ်။ သွေးပျက်နေတယ်။ ဒါကြောင့်ခဲတလုံးနဲ့ ငှက်သုံးကောင်ကို ပြစ်ဖို့ သူကြံနေခြင်းဖြစ်ပါတယ်။

ပထမငှက် ကတော့ ဒေါ်စု နဲ့ ဒီချုပ်ကို ပြစ်တယ်။ ဒုတိယ ငှက်ကတော့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ တွေကို ဖြစ်ပါတယ်။ တတိယကတော့ တပ်မတော်သားတွေကို သတိပေးတာဖြစ်ပါတယ်။ ဒါကြောင့် သူက- ၂၀၁၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိင်ရအောင် ပါတီ ၃ ခုကို သာရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်အောင်
လုပ်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ မှာဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမဲ့ပါတီတွေကတော့

၁- သန်းရွှေ ပါတီ
၂- တစည
၃- ပါတီအသေးအမွား များ သာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ သူနိင်ရင် ၊ အားလုံးကိုနိင်ပြီလို့ သူယူဆထားတယ်။ ဒါကလည်းမှန်သင့်သလောက်မှန်နေတယ်။ ဒီလို နိုင်ဖို့ အတွက် ရန်တွေကို ခုထဲက စတင်ရှင်းလင်းလာရခြင်းဖြစ်ပါတယ်။

၁- ဒေါ်စု ကို ရှင်းခြင်နေတယ်။
၂- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို လုံးဝ ပျက်သွားအောင်လုပ်မယ်။
၃- တိုင်းရင်းသားအဖွဲ့ တွေကို နယ်ခြားစောင့်တပ် အဖြစ်ဖွဲ့ စည်းပြီး သူရဲ့ လက်အောက်ကို ရောက်လာအောင် စတင် လုပ်ဆောင်လာမယ်။

မေး-၀ီလီယံယက်တော ဆိုတာဘယ်သူလဲ

သူက အမေရိကန်လူမျိုးပါ။ အသက် ၅၂ နစ်။ ဗီယက်နမ်စစ်ပြန်။ ကလေး ၆ ယောက်ဖခင်။
စိတ်ပညာဆိုင်ရာ ပါရဂူ ဘွဲ့ ကို တက်နေတဲ့ကျောင်းသားတဦးဖြစ်တယ်။ သူက အမေရီကန်
ပြည်ထောင်စု ၊ မက်ဇိုရီပြည်နယ်မှာနေတယ်။ မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှုနဲ့  ဒေါ်အောင်ဆန်းစုကြည် မတရားသဖြင့်အဖမ်းခံနေရတာကိုစာနာသူဖြစ်တယ်။ သူက မြန်မာ ပြည်နဲ့ ပတ်သက်တဲ့စာအုပ်ကိုရေးနေတယ်။ အမေရိကန်
နဲ့ အနောက်တိုင်းသားတွေကခံစားချက်လွယ်ကြတယ်။ မတရားမှုတွေကို တွေ့ ရင် ခံစားချက်အလွယ်တကူဖြစ်လေ့ရှိတယ်။
ဒီတော့သူက ခုလို စွန့် စားပြီးဒေါ်စုကိုလာတွေ့တာ အားပေးတာသာဖြစ်နိင်တယ်။
အမေရိကန်မှာသူလို လူမျိုး တွေအလွန်ပေါပါတယ်။ ခပ်ရှင်းရှင်းပြောရရင်တော့ ငကြောင်တဦးသာဖြစ်မယ်။ ဒါကိုနအဖ က ပုံကြီးချဲ့ ပြီး နိင်ငံတော်လုံခြုံရေးကို အန္တရယ်ပြုနိင်တဲ့သူလို့ တံဆပ်တပ်နေခြင်းသာဖြစ်တယ်။


မေး-ဒေါ်အောင်ဆန်းစုကြည်ကိုသန်းရွှေ ကဘာလုပ်လာမလည်း

အခုဒေါ်စုကို ပုဒ်မ ၂၂ နဲ့ တရားစွဲထားတယ်။ ပုဒ်မ ၂၂ ဆိုတာက နိင်ငံတော် လုံခြုံရေးကို
ထိခိုက်သူများ အန္တရယ်မှာ ကာကွယ်သည့် ဥပဒေဖြစ်တယ်။ ဒီဥပဒေအရ ဒေါ်စုကို ထောင်ဒဏ် ၅ နစ် အထိချနိင်ပါတယ်။ ဒေါ်စုကို ထောင်ချလာနိင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ချလိုက်တယ်ဆိုတဲ့အဓိပါယ်ကတော့ လူတွေအားလုံးရဲ့ မျှော်လင့်ချက်နဲ့ အနာဂတ် ပျော်ရွင်မှုတွေကို ထောင်ချ လိုက်တာဖျက်ဆီးလိုက်တာသာဖြစ်တယ်။ တရားမျှတမှုနဲ့  ဒီမိုကရေစီကို ဆိတ်သုဉ်းစေလိုက်တာ ဖြစ်ပါတယ်။


မေး-ငါဒို့ ဘာလုပ်ကြမလဲ
ဖြေ- ငါဒို့  သုံးခုလုပ်ရမယ်။

၁- ဒေါ်စု မတရားသဖြင့် အမူဆင် ပြီးအဖမ်းခံရတာကို လူထု သိအောင် ပြောပြရမယ်။
( စာဝေမယ်။ စာဖြန့် မယ်။ အီးမေးလ်တွေက နေ ဖြစ်ရပ်မှန်တွေကို ထုတ်ပြန်နေရမယ်။ )

၂- ဒေါ်အောင်ဆန်းစုကြည်ကို မတရားရုံးတင်ပြီဆိုတာ နဲ့  ပထမအဆင့်အနေနဲ့  နအဖ ကားတွေကိုမီးရှို့ ရမယ်။ မီးပွိုင့်တွေကို ဖျက်ဆီးပြစ်ရမယ်။ နအဖ ကုန်တိုက်၊ ဟော်တယ် နဲ့  ဈေးဆိုင်တွေရဲ့ မှန်တွေကို ရိုက်ခွဲ ပြစ်ရမယ်။ မီးရှို့ လို့ ရရင်မီးရှို့ ရမယ်။


၃- တပြည်လုံး အထွေထွေသပိတ်ကြီးကိုဆင်နွဲရမယ်။ အထွေထွေသပိတ်ကြီး တနိင်ငံလုံးမှာ တပြိုင်နက်ထည်းဆင်နွဲရမယ်။

ကားလမ်းတွေကို ပိတ်ဆို့ရမယ်။ရထားလမ်းတွေကိုဖြတ်တောက်ရမယ်။ မှတ်ချက်- တယ်လီဖုန်းနဲ့  ဆက်သွယ်ရေးလမ်း တွေကို မဖြတ်ရဘူး။ မဖျက်ဆီးရဘူး။ မိမိ ဒေသအတွင်းရှိ နအဖ ၊ ကြံဖွတ်နဲ့ စွမ်းအားရှင်တွေကို ၈၈ တုံးက လူထုတွေလိုလုံထိမ်းတွေကို ပြစ်မှတ်ထားတိုက်ခိုက်ရမယ်။ သူတို့ အိမ်တွေကိုတိုက်ခိုက်ရမယ်။

မေး- နိင်ငံတကာရောက်မြန်မာတွေ ဘာလုပ်ကြမလဲ

ဖြေ- နအဖ သံရုံးတွေရှေ့ မှာ ဆန္ဒပြရမယ်။ ရုံးမတက်နိင်အောင် နည်းမျိုးစုံနဲ့ နှောက်ယှက် ရမယ်။
စကာင်္ပူ၊ဂျပန်၊ ထိုင်းနဲ့  နိင်ငံတကာ ရောက် နအဖ ဆွေမျိုးတွေ ကို နည်းမျိုးစုံနဲ့ တိုက်ခိုက်ရမယ်။

မေး- ဘာတွေကိုကြွေးကြော်ကြမလဲ

• ကြွေးကြော်သံတွေကတော့ - ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွတ်
• သန်းရွှေ - နှုတ်ထွက်ပေး
• အတုယောင်ရွေးကောက်ပွဲ- အလိုမရှိ။
• ကြားဖြတ်အစိုးရကို ဖွဲ့ စည်းကြ။


မိုးသီးဇွန်

McCully condemns detention of Aung San Suu Kyi

Thursday, May 14, 2009

beehive.govt.nz
The official website of the New Zealand governmentMurray McCully

15 May, 2009
McCully condemns detention of Aung San Suu Kyi

Foreign Minister Murray McCully today condemned the apparent imprisonment of Burmese pro-democracy leader and Nobel Laureate Aung San Suu Kyi.

"This is totally unacceptable. The only thing Aung San Suu Kyi is guilty of is standing up for the rights of the Burmese people in the face of appalling repression," Mr McCully said.

"Reports from Burma say Aung San Suu Kyi, who has been under home detention for many years, was taken from her house yesterday to a Rangoon prison.

"The reports say the arrest came after unauthorised visits by supporters, and that Aung San Suu Kyi is likely to stand trial for breaches of detention conditions. She could face a substantial prison term if found guilty.

"This action is yet another setback for Burma, and throws more doubt over the credibility of the planned 2010 elections.

"The Burmese government must release Aung San Suu Kyi immediately, and take meaningful steps towards the restoration of democracy," Mr McCully said.

* Murray McCully
* Foreign Affairs

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်။ ၈/၀၅/၀၉




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကြေညာချက်။ ၈/၀၅/၀၉

ရက်စွဲ - ၁၄၊ မေ၊ ၂ဝဝ၉ ခုနှစ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်သည်
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပါသည်။ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက်
မူလကနဦးစတင်ကြိုးပမ်းခဲ့သူဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရေးကိုအစဉ်တစိုက်ကြိုးပမ်းနေ
သူဖြစ်ပါသည်။
နိုင်ငံရေးအရ အပေးအယူပြုလုပ်သည့်ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသူ ဖြစ်ပါသည်။ကုလသမဂ္ဂ အပါအဝင်
နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများ
အားလုံးပူးပေါင်းပါဝင်လုပ်ဆောင်ကြရန်တွေ့ဆုံဆွေးနွေးရေးမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
ကို တည်ဆောက်ရန်အတွက် တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။

သို့ပါလျက် အာဏာပိုင်တို့က နေအိမ်အတွင်း ထိန်းသိမ်းထားခြင်းမှ အပြီးအပြတ်လွတ်ရက်စေ့ခါနီးနေ
သော ဒေါ်အောင်ဆန်းစုကြည် အား မည်သည့်ပြစ်မှုကိုမျှ ကျူးလွန်ရခြင်း မရှိပါဘဲ နိုင်ငံတော် အား
နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ
နောက်ဆုံးအင်းစိန်ထောင်အတွင်းရှိ လုံးချင်း အိမ်တအိမ်၌ ထားရှိသည်ဟု ကြားသိရပါသည်။

ယင်းအမှုကို ၂ဝဝ၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ပါသည်။ထို့ကဲ့သို့ တရားစွဲ
ဆိုခြင်းမှာမလုပ်သင့်၊ မလုပ်ထိုက်သောကြောင့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်
ကြောင်းကြေညာလိုက်သည်။

၁၄ ရက်၊ မေလ ၂ဝဝ၉ ခုနှစ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး
ဆုံးဖြတ်ချက်အရ -

(ဗဟိုအလုပ်အမှုဆောင်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

ငြိမ်မခံ နဲ့ တော်လှန်ကြပါ စုပေါင်းအားနဲ့  အန်တီ့ ဘ၀ နဲ့အသက်ကိုကာကွယ်ကြပါ

Wednesday, May 13, 2009

ငြိမ်မခံ နဲ့ တော်လှန်ကြပါ စုပေါင်းအားနဲ့  အန်တီ့ ဘ၀ နဲ့အသက်ကိုကာကွယ်ကြပါ

အန်တီစု ကို ယနေ့  နံက်(၁၀) နာရီ အင်းစိန်ထောင်ဝန်းထဲမှာ ရုံးထုတ်စစ်ဆေးနေသည်။
ရှေ့နေ ဦးဥာဏ်ဝင်း နှင့် ဦးကြည်ဝင်း တို့ ကရှေ့နေလိုက်မည်ဖြစ်သည်။။
(နိုင်ငံတော် အား လျို့ ဝှက် နှောက်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တယယ်မှ ကာကွယ်သည့်)
ပုဒ်မ၂၂ နှင့် တရားစွဲ ထားသည်။။
ရဲဘော်အပေါင်းတို့  ငါတို့ သည် ၈၈ ကစ ဒီမိုကရေစီအရေးအတွက် ဘ၀ တွေ ပေးစတေးခဲ့
သည်။ငါတို့ ထက် ပို ၍ အဆ ရာပေါင်း ထောင်ပေါင်း များစွာသော ဘ၀နှင့်အသက် ပေး ပြီး
တိုင်းပြည်လွတ်လပ်ရေးတည်ဆောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသမီး ပြည့်သူ့ ရဲ့ နှလုံးသဲပွက်
အား စစ်အုပ်စု အသေသတ်ဖို့ ကြံစေနေပြီ အကျယ်ချုပ်နှင့် နှစ်ပေါင်းများစွာ နေအိမ်တွင်ထား၍
အားမရ သူတို့  ၏ ရွေးကောက်ပွဲ အား အတင်းအဓမ္မ ပြီးမြောက်စေဖို့  လူထုခေါင်းဆောင်ကို
ထောင်ထမင်းကျွေးဖို့ ကြံစီဆောင်ရွက်လိုက်ပြီ ငါတို့  နိုင်ငံတစ်ကာကိုအားကိုးလို့ မရအိမ်နီးချင်း
တွေကလည်းသူတို့ အကျိုးစီးပွါးပဲ ကြည့်သည်ကိုယ့်ခေါင်းဆောင် ကိုယ်တွေရှေ့ကမားမား ရပ်ပြီး
စစ်အုပ်စု၏ ရက်စက်စွာ လုပ်ကြံအရေးယူမှုခံနေရပေပြီ -စုပေါင်းအားနှင့် အန်တီ့ကို ကယ်ပါ ။

လူငယ်များ အနာဂတ်က မင်းတို့ တွေရဲ့ လက်ထဲမှာရှိတာမို့  ပြတ်ပြတ်ရဲရဲ အင်းစိန်ထောင် ဆီ
ချီတက် ကြ ၀ိုင်းကြ အန်တီ့ကို ပြန်လည်တောင်းဆိုကြပါ ။

အစဉ်အလာရှိခဲ့သည့် ကျောင်းသားတွေ ပါတီလူငယ်တွေ အမျိုးသမီး အဖွဲ့ တွေ ရဲ့အင်အား ကို
ငါတို့ ယုံကြည်မျော်လင့်နေပါသည် ။ ရင်ထဲက ငါတို့ ၏ပူဆွေးသောကသည် မကြာမှီစစ်အုပ်စုထံ
တစ်ဖန် တန်ပြန်စေရမည် ။

မည်သို့ ပင် တိုင်းပြည်အတွက် ပြည်သူအတွက်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် ဆိုးရွားသောအခြေအနေ စိုက်ရောက်နေစေကာမူ လောဘတက်နေသောငမိုက်သားများက

အာဏာရှင်စိတ်ဓါတ်တွေမပေါ်ပေါက်ရန် ဘယ်လိုလုပ်မလဲ ? (နိုင်ငံရေးသမား ကမ်းနားသစ်ပင်မှ)

မည်သို့ ပင် တိုင်းပြည်အတွက် ပြည်သူအတွက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်
စိုးရွားသော အခြေအနေ စိုက်ရောက်နေစေကာမူ လောဘတက်နေသော ငမိုက်သားများက
အာဏာကို သဲသဲ မဲမဲ ဆုတ်ကိုင်ထားကြသည်။ ဤသို့ နှယ် အ၀ိဇ္ဇာ ကို ၀ိဇ္ဇာ ထင်ပြီးအမှောင်
ကိုဇွတ်တိုးမည့် အာဏာရှင်စရိုက်ဆိုးကိုလည်း လူတစ်စု ကိုင်ဆုတ်ထားချင်ကြဆဲရှိနေပေသည်။
ဤအကျင့်စိုးတွေမြန်မာတွေ တော်တော်များများမှာ ကူးဆက်နေပေပြီ ထိုကဲ့သို့  အကျင့်ပျက်ရန်
လည်း ဗိုလ်နေ၀င်း မှ ရိုက်သွင်းခဲ့သည်မဟုတ်ပါပေလော -မ ဆ လ လက်ထက်မှ ယနေ့ ထိ
ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေး အထိ ပါလာမြဲပါ ကမ္ဘာပေါ်မှာ အင်မတန်မှဆိုးရွားတဲ့ 
အာဏာရှင် တွေကိုကြည့်ပါ ဥပမာ (၁) သန်းရွှေ (မြန်မာနိုင်ငံမှ)
(၂) ဟူဂျင်တောင်း (တရုတ်နိုင်ငံ)
(၃) ကင်ကျုံအီး (မြောက်ကိုရီးယား)
(၄) ရောဘတ်မူကာဘီ (ဇင်ဘာဗွေ )
(၅) အိုမာအေဘားမား (ဆူဒန်)
(၆) ကာဒါဖီ (လစ်ဗျား)
(၇) ဘုရင် အက်ဒူလာ (ဆော်ရီအာရေးဗီးယား) အီရန်
စသည့် စသည့်နိုင်ငံများမှာ အာဏာရှင်တွေ သက်စိုးရှည်နေကြပါတယ်။ဒီလို အာဏာရှင်တွေသက်စိုး
ရှည်စေမဲ့ အဓိက သော့ချက် က ဘာလဲ? လို့ မေးရင် အများစု က အာဏာဟာမက်လောက်စရာ
စည်းစိမ်ဥစ္စာ သြဇာနဲ့ ကြွယ်ဝမှုတွေကြောင့်သူတို့ တွေဟာလက်နက်တွေအဲဒီစည်းစိမ်တွေနဲ့ပဲပြည်သူ
ကိုခြိမ်းခြောက်ပြီး အပိုင်စီးထား ကြလို့ သူတို့ အာဏာကိုထိပါးရင် သတ်ပစ်ဖြတ်ပစ် ထောင်ထဲသွင်း
ပစ်လို့ ပြည်သူတွေ က အကြောက်တရားကြီးလာပြီးဝိုင်းဝန်းမတော်လှန်နိုင်ကြတာလို့  ရိုးရိုးလေးပဲ
ဖြေပါလိမ့် မယ် ။
ဒီအဖြေမမှားပေ မဲ့ အဓိက ထဲမှာမပါသေးပါဘူး ။ အာဏာရှင်စိတ်တွေဖြစ်ပွါးရတာ အာဏာရှင်တွေ
နှစ်ရှည်လများ အာဏာကိုသိမ်းပိုက်ထားနိုင်တာ နောက်လိုက်တွေကြောင့် ပါဦးဆောင်သူအကြီးအကဲ
ရဲ့ အနားမှာ ကပ်နေတဲ့အကြီးအကဲ ယုံကြည်ရတဲ့သူသာ လောဘ သမား ဖြစ်ခဲ့ရင် အဲဒီ့အကြီးအကဲ
ဟာ အာဏာကို မက်မောတက်ဖို့ ဖက်ထဲပါသွားပါပြီဦးဆောင်သူအကြီးအကဲကိုအမှန်ကိုအမှန်မဝေဖန်
အကြီးအကဲအကြိုက် မြှောက်လိုက်ပင့်လိုက် ချီးမွှမ်းလိုက်တာတွေဟာ ချီးမွှမ်းမထိုက်တဲ့ကိစ္စဆိုရင်ဖြင့်
အဲဒီ့အကြီးအကဲ လမ်းစလွှဲပြီသာမှတ်ပါ ။

ဆင်ခြင်ထုံတရားနဲ့ မဝေဖန်မသုံးသပ် နိုင်တဲ့ အကြီးအကဲ များဆိုရင် အာဏာ ရဲ့ အရသာနွံထဲက
ဆွဲတင်လို့ ကိုမရနိုင်တော့ပါဘူး။ဒါ့ကြောင့်အာဏာရှင်တိုင်းရဲ့သမိုင်းကိုကြည့်ရင်ဖိလစ်ပိုင်ကရားမို့ (စ်)
လိုနောက်လိုက်များပေါ်ထွက်လာရင်ဖြင့် အာဏာရှင်သမိုင်းဇာတ်သိမ်းပိုင်းရောက်ရမှာပါ ။

အဲ စကားပုံတွေထဲကလိုခွေးပြောတဲ့စကားကျားမိုက်ကယုံ လို့ ကျားမိုက် ဒုက္ခတွေ့ တာမျိုး ။
ခြင်္သေ့မင်မှန်ကြည့်တဲ့ ဥပမာမျိုး
အာဏာရှင်တွေ များများပြောပြကြ နောက်လိုက်တွေကလည်း မိမိ သိထားတဲ့အမှန်တရားကို မြှောက်
လိုက်ပင့်လိုက် မှကြိုက်တက်တဲ့အာဏာရှင်တို့ ရဲ့ အဇ္ဇတ္တ ကိုပြုပြင်ပြောင်းလဲအောင် နေအိမ်တွေ မှာ
ရုံးတွေမှာသင်းဖွဲ့ တွေမှာ ကအစ အကြီးအကဲအကြိုက် မလိုက်တက်ကြရင်ဖြင့် သင့်ရင်သင့်တယ်
မသင့်ရင်မသင့်ဘူး အမှန်ကိုအမှန်အတိုင်း တင်ပြရဲကြရင်ဖြင့်အာဏာရှင်စိတ်ဓါတ်တွေ တစ်စ တစ်စ
လျော့ပါးလာ နိုင်တာအသေအချာပါပဲ --

မေအိခင်(လယ်ဝေး)

အမှတ်တရအနေနဲ့ ခြသေ့င်္ပုံပြင်လေးတင်ပြလိုက်ပါတယ် ။

ကေသရာဇာ ခြသေ့င်္မင်းဟာ သိတ်အရုတ်ဆိုးလှပါတယ် ဒါပေမဲ့သူကတော့
သူ့ ကိုယ်သူ ရုတ်ဆိုးလှတယ်လို့ မယုံကြည်ပါဘူး။ မှန်တွေ မကောင်းလို့
သာသူရုတ်ဆိုးနေတာပဲလို့ မှန်တွေကိုအပြစ်တင်လေ့ရှိတယ်။တရက်မှာတော့
ခြသေ့င်္မင်းဟာ အကောင်းဆုံးမှန်တစ်ချက်ပါလာပြီး ဆက်သရမယ်လို့ ထုတ်
ပြန်လိုက်တယ်။ဒီတော့ တိရိစ္ဆန် အားလုံးဟာသူဆက်တဲ့မှန်ကအကောင်းဆုံး
ငါဆက်သတဲ့မှန်က အကောင်းဆုံးဖြစ်တယ်လို့ ငြင်းမဆုံး ဖြစ်ကုန်ကြတော့
တယ်။ဒါပေမဲ့ မှန်တွေကောင်းလေလေ ခြသေ့င်္မင်းရဲ့ ရုတ်ဆိုးလှတဲ့ မျက်နှာ
ဟာမှန်ကြည့်လိုက်တိုင်းပေါ်လေလေဖြစ်နေပါတော့တယ်။ ဒီတော့ခြသေ့င်္မင်း
ဟာစိတ်ဆိုးဒေါ်သဖြစ်ကာမှန်ဆက်သလာတဲ့ တိရိစ္ဆန်တွေကို ကြီးလေးတဲ့
အပြစ်ဒဏ်တွေချမှတ်ပါတော့တယ်။
မြေခွေးဟာခြသေ့င့်္မင်းရဲ့စိတ်ဆန္ဒကိုသိနေပါတယ်။ဒါနဲ့အလွန်လှပတဲ့မျက်နှာပုံ
တစ်ခုကိုဆွဲကာ ဖန်ချပ်ထဲမှာစီချယ်ထားပြီး မှန်တစ်ချက်ကိုပြုလုပ်ပါတယ်။။
အဲဒီ့မှန်ကိုခြသေ့င်္မင်းထံဆက်သလိုက်ပါတယ်။ခြသေ့င်္မင်းဟာမြေခွေးဆက်သ
လိုက်တဲ့မှန်ကိုယူပြီးကြည့်လိုက်တော့မှန်ထဲမှာအလွန်လှပတဲ့ခြသေ့င်္မျက်နှာပုံ
ကိုတွေ့လိုက်ရလို့ သိတ်ဝမ်းသာလာကာ ရယ်မောသဘောကျသွားပါလေရော့။
တဆက်တည်း ဒီမှန်ကမှအကောင်းဆုံးမှန်ကွ ဟုဆိုပြီးမြေခွေးကိုဆုလဒ်တွေ
ချီးမြှင့်လိုက်လို့  မြေခွေးလည်းဆုလဒ်တွေရသွားသတဲ့။။
(ပန်းကံ့ကော်အလုပ်သမားအဖွဲ့ မှကူးယူဖေါ်ပြသည်)

လူထုခေါင်းဆောင်၏ ကျမ်းမာရေးနှင့်ပတ်သတ်၍ ပါတီ ဌါနချုပ် ၏ကြေညာချက်

Tuesday, May 12, 2009

လုံခြုံရေးတာဝန် ပျက်ကွက် မှု ဖမ်းဆီးထိမ်းသိမ်းထားသူအား မတရား တရားစွဲရန် ကြိုးစား မှု (အသရေဖျက်မှု) နှင့် သန်းရွှေ သိန်းစိန် အား တရားစွဲ မည်

Monday, May 11, 2009

မနေ့ က ည က ရှေ့နေတွေ တရားရုံး တရားရေးဝန်ထမ်းတွေ ကို စည်းဝေးပြီး ဥပဒေ ရဲ့လုပ်ထုံး
လုပ်နည်းတွေ ကို စစ်အုပ်စု က ဥပဒေ၀န်ထမ်းတွေကို ညွှန်ကြားနေတာ စစ်အုပ်စု ရုပ်မြင်သံကြား
မှာကျမတွေ့ လိုက်ရတယ် ဥပဒေ ၀န်ထမ်းတွေ ကတစ်ချို့ ကလည်းမျက်နှာပျက်ပျက်နဲ့ နာခံနေကြ
သလို တစ်ချို့ ကလည်းပြုံးစေ့စေ့ပေါ့  အင်း စစ်အုပ်စုအလိုကျတစ်ချို့ ကတော့ အားတက်သရော
မျက်နှကြောတွေနဲ့ တွေ့ ရပါတယ် မိကျောင်းမင်းရေခင်းပြဆိုသလို ပေါ့ ရှင် ၀န်ကြီးချုပ် သိန်းစိန်
ဥပဒေ စာဘယ်လောက်သင်ဖူး တယ်တော့ မသိပါ ဥပဒေ အထက် မှာ အာဏာရှိနေသည်ဆိုတာ
ကိုတော့ အထင်အရှားပြသနေပါတယ်။

ခုတလောမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို နည်းပေါင်းစုံနဲ့  အသက်ရှင်ရပ်တည်
နေမှု ကို ထိပါးနေပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းဟာ ကျမတို့ ပါတီဝင် လူငယ်တွေ
အတွက်မစိမ်းပါဘူး။ အင်းယျားကန် နဲ့ကပ်နေတယ်ဆိုပေမဲ့ အမြဲတစေကင်းလှည့်လှေတွေ လှည့်
ကျွန်းတွေမှာ မှန်ဘီလူးတွေကင်မရာတွေတပ်ဆင်ထားတာ အားလုံးသိပါတယ်။ အန်တီကိုယ်တိုင်
ကလည်း ကျမ်းမာရေးအတွက် ညနေစောင်း ၄၅ မိနစ် ခြံတွင်းလမ်းလျောက်ရုံကလွဲပြီး စာအုပ်နဲ့ 
အလုပ်နဲ့ မပြတ်တဲ့ခေါင်းဆောင်တစ်ယောက်ပါ ။အင်းယျားကန်ကိုတောင် သူမ မျှော်ကြည့်အားရှာ
မှာမဟုတ်ပါဘူး ။

ကျမတို့ ခေါင်းဆောင်ရဲ့စိတ်နေစိတ်ထားမှာလည်း ရှုပ်ရှုပ်ရှပ်ရှပ် လုပ်တက်တဲ့အကျင့်ကိုမရှိပါဘူး။
လေးနက်တည်ကြည်တဲ့ အမျိုးကောင်းသမီးတစ်ယောက်ဆိုတာ ကမ္ဘာကသိပါတယ်။

စစ်အုပ်စုဟာ ၂၀၁၀ ကို အပြတ်အသတ်နိုင်အောင်လုပ်ချင်တာကတစ်ကြောင်းလူထုခေါင်းဆောင်
ကို လွှတ်ရတော့မဲ့အချိန်အခါ နီးကပ်လာတာကတစ်ကြောင်း NLD ပါတီရဲ့အဓိကတောင်းဆိုချက်
ဟာဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ကို လွှတ်ရမှာဖြစ်တာကတစ်ကြောင်း မို့  ရမယ်ရှာအမှုဆင်
ဖို့ ကြိုးစား နေတာ ဖြစ်တယ် ဆိုတ ထမင်းစားပြီး ကြီးတဲ့သူ မြန်မာပြည်သူတိုင်းသိကြပါတယ်

ဒါ့အပြင် အန်တီ့အသက်ကိုစောင့်ရှောက်နေတဲ့ ကျမတို့ အင်မတန်မှ ချစ်ခင်လေးစား အားထား
နေရတဲ့ဒေါက်တာတင်မျိုးဝင်း ကိုပါ ဖမ်းဆီး လိုက်တာဟာ လူ့ အခွင့်အရေးကို ဗြောင်ဗြောင်
တင်းတင်းကြီးချိုးဖောက် ပြလိုက်တာပါပဲ ။

အန်တီ့ကျမ်းမာရေးအတွက် ပူဆွေးနေကြရသလို ဆရာ့ ကိုလည်း မတရားညှင်းဆဲ စစ်ဆေးနေ
မှာ ကျမတို့  အင်မတန်စိုးရိမ်နေပါတယ် ။ ၁၉၈၉ ANTI LABOUR STRIKE တုန်းကဆရာ
ကိုထောင်တွင်းမှာညှင်းဆဲ ပြခဲ့တာ တွေ ကျမ တို့ မေ့ လို့ မရသေးပါဘူး ။ ဆရာဟာ မျက်
လုံးနှစ်လုံး လုံး ဖွင့် မရအောင်ဖူးယောင်တဲ့အထိ အရိုက်အနှက်ခံခဲ့ ရဖူးသူပါ ။ လူနေမှုဘဝ
အဆင့်အတန်းမြင့်မားပေမဲ့ ဆင်းရဲဒုက္ခကြီးတဲ့ထောင်ဒဏ် အာဏာပါးကွက် သားတွေရဲ့မတရား
ညှင်းဆဲတဲ့ဒဏ်တွေ ပြင်းပြင်းထန်ထန်ခံခဲ့ရဖူးသူပါ ။

ဒေါက်တာတင်မျိုးဝင်းကိုတောင် ဒီလိုရိုက်တယ်တွေ့ လားဆိုပြီး ထောင်ထဲကသီးသန့် တိုက်ခန်း
တွေရှေ့မှာပညာဂုဏ် နဲ့  သမားဂုဏ်ကို မထောက်ထား ဆော်ကားမော်ကားပြုမူတာတွေလည်း
ဆရာခံခဲ့ ရသူပါ။

အမှန်တရားနဲ့  လူသားတွေ ကိုစေတနာထားတက်တဲ့  ဆရာ ရဲ့  ရပ်တည်မှုနဲ့  စစ်အုပ်စုရဲ့
ထောင်နှုတ်ခမ်း နား ဓါးသွားပေါ်ကနေလူထုခေါင်းဆောင်ကိုစောင့်ရှောက်ခွင့်ရယူရင်းဒီမိုကရေစီ
နိုင်ငံတော်ဖြစ်ဖို့ ကြီးမြတ်တဲ့ပါရမီကိုဖြည့်နေရသူပါ ။

အချိန်မရွေးဖမ်းဆီးထိမ်းသိမ်း နိုင်တယ် ဆိုတာလည်းဆရာနားလည်ထားပေမဲ့မတရားတဲ့ဥပဒေ
တွေ နဲ့တရားဆွဲဖို့  ပြင်ဆင်နေပြီး ဥပဒေပညာရှင်တွေကို ဥပဒေနားမလည်းတဲ့ ပါးကွက်သား
တွေ က သင်တန်း ပေးသလို ပုံစံချနေတာတော့ န အ ဖ ကို တစိုက်မတ်မတ်တိုက်လာတဲ့
တော်လှန်ရေးအင်အားစုတွေ အနေနဲ့  စစ်အုပ်စု ဘာလုပ် မယ် ဆိုတာကြိုသိတယ်ဆိုရင်ဖြင့်
ရပ်တန်းက ရပ်ပြီး ဆရာတင်မျိုးဝင်း နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပါ ။

မလွှတ်ပေးပဲဆက်ထားရင်တော့ ကမ္ဘာခုံရုံးမှာ လုံခြုံရေးတာဝန်ပျက်ကွက်မှု ဖမ်းဆီးထိမ်းသိမ်း
ထားသူအား မတရား တရားစွဲရန်ကြိုးစား မှု (အသရေဖျက်မှု) နှင့် သန်းရွှေ သိန်းစိန်
အား တရားစွဲ မှာဖြစ်တဲ့အကြောင်း သတိပေးလိုက်ပါတယ် ။
ပြည်သူ နဲ့ သံဃာ အမျိုး ဘာသာ သာသနာကိုဆော်ကားရုံမက မြန်မာလူဂုဏ်သိက္ခါ ကို
ချတဲ့ စစ်အုပ်စု အား အမြစ်ပြတ်ခြေမှုန်းကြပါစို့  ။

NDF ၏ နှစ် (၃၃)နှစ် ပြည့်

Sunday, May 10, 2009



၁၉၇၆ မေ လ (၁၀) ရက်နေ့ တွင် ဖွဲ့ စည်းတည်ထောင်ခဲ့သော မ ဒ တ ၏ တည်ထောင်ခြင်း
နှစ်(၃၀) ပြည့် အား ယနေ့  နံန့က်တွင် ထိုင်းနိုင်ငံ တစ်နေရာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။။
စတင်တည်ထောင်ခဲ့သည့်ဥက္ကဌ မန်းဘစံ၏ မူမှာ ဖယ်ဒရယ်စနစ် ကိုသာ ဦးတည်ခဲ့သဖြင့် ယခုချိန်
ထိ မ ဒ တ ၏ ရည်ရွယ်ချက် နှင့် ဦးတည်ချက် မှာ မှန်ကန်လျှက်ပင် ရှိပေသည်။ ထို့ အပြင်
မ ဒ တ မှမွေးဖွါးပေး တည်ဆောက်ပေးခဲ့သည်တော်လှန်ရေးအင်အားစု မြောက်များစွာသည်လည်း
ယနေ့ အချိန်ထိ ရည်ရွယ်ချက် တခုတည်းအပေါ်မှာပင် ခိုင်ခိုင် မတ်မတ် ရပ်တည်ပြီး အာဏာရှင်
အားဆက်လက်၍ တိုက်ပွဲ ၀င်နေဆဲ ဖြစ်သည် ။။အခမ်းအနားတွင် NCUB /MPU/NLD(LA)
DPNS/DAB/FTUB/KNU/BPPU/NCGUB နှင့် တိုင်းရင်းသားပေါင်းစုံ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ မှ အထွေထွေအတွင်းရေးမှုးဦးသိန်းဦး
မှ NDF သည် NLD ကဲ့သို့ ပင် ဖြစ်သည် တိုက်ပွဲအားအဆုံးသတ်မတိုက်နိုင်သေးသော်ငြားလည်း
တော်လှန်ရေးအင်အားစု များ၏အင်အားအဖြစ် တော်လှန်ရေး ခရီးပေါ်တွင်ခိုင်ခိုင်မာမာရပ်တည်ပေး
နေသောအဖွဲ့ ကြီးဖြစ်သည်ဟု တင်ပြသွားသည်။ NDF ၏ကျေးဇူးတရားသည် မိမိတို့ တော်လှန်ရေး
အင်အားစုများအတွက် ဆပ်မကုန်သော် ကျေးဇူးတရားဖြစ်ပါပေသည်။။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေချို့ယွင်း

Saturday, May 9, 2009

မြန်မာနိုင်ငံ မှ အတိုက်အခံခေါင်းဆောင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာကျန်းမာရေး အခြေအနေချို့ယွင်း
နေကြောင်း သူမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) မှ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်း
က အေအက်ဖ်ပီသတင်းဌာနကိုပြောကြား လိုက်ပါတယ်။သူမဟာ သွေးပေါင်ချိန်ကျဆင်းနေပြီးအစားမစားနိုင်ပဲ ခန္ဓာကိုယ်ရေဓါတ်ခန်းခြောက်တဲ့ ဝေဒနာကိုလည်း ခံစားနေရတယ်လို့ဆိုပါတယ်။နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ဒေါ်အောင်ဆန်း
စုကြည် ရဲ့ ဆရာဝန် ဟာ သောကြာနေ့က သွားရောက်ခဲ့ပြီး သူမသွေးကြောထဲကို အကြောဆေးများသွင်းပေးခဲ့ရတယ်၊သူမဟာ ရေဓါတ်ခန်းခြောက်တဲ့ ဝေဒနာ ခံစားနေရတာကို သူမရဲ့ အနီးကပ်ပြုစုသူကိုတိုင်တွေ့ခဲ့ရတာပါ ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပါတ်သက်ပြီး များစွာ စိုးရိမ်မကင်း ဖြစ်မိတယ်လို့ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်း ကပဲဆက်ပြောပါတယ်။
အနီးကပ်ပြုစုခွင့်ရခဲ့တဲ့ သူနာပြုဆရာမ မပြုံးမိုးအိ ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်မှာ သောကြာနေ့ နေ့လည်က ၃ နာရီကြာနေခွင့်ရခဲ့ပြီး နောက်တကြိမ်ဆေးပုလင်း လဲလှယ်ရမယ့် စနေနေ့ မှာ ထပ်မံသွားရောက်ခွင့်ရဖို့တောင်းခံထားဆဲဖြစ်ပါတယ်။
အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိသားစု ဆရာဝန်ဟာ ကြာသပတေးနေ့ က သူမကို ပုံမှန် ဆေးစစ်မှုများပြုလုပ်ခဲ့ပြီး အပြန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဘာကြောင့် ဒီလို ဖမ်းဆီးခံခဲ့ရတယ်ဆိုတာတော့မသိရသေးပါဘူး။
မြန်မာအစိုးရဖက်က အမည်မဖေါ်လိုတဲ့သတင်းရပ်ကွက် အဆိုအရ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းဟာ ပုံမှန်ဆေးစစ်ချက်များရယူဖို့အတွက် အိမ်အပြင်မှာ နာရီပေါင်း အတော်ကြာစောင့်ဆိုင်း နေခဲ့ရတယ်လို့ ဆိုပါတယ်။အဆိုပါအရာရှိများရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ ကလည်း နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းထဲကို အနောက် နိုင်ငံ သား တယောက် အင်းလျားကန်ဖက်က ရေကူးပြီး ကျူးကျော်ဝင်ရောက်မှု့တခု ဖြစ်ခဲ့လို့ အဲဒီ အမေရိကန်နိုင်ငံသား ကို ဖမ်းဆီးအရေးယူခဲ့ရ တယ်လို့လဲပြောပါတယ်။
နိုင်ငံပိုင်မြန်မာ့ ရုပ်မြင်သံကြားဌာနရဲ့ အဆိုအရ အဲဒီနိုင်ငံခြားသားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ ၂ ရက်ကြာနေထိုင်ခဲ့ပြီး အရုဏ်တက်ချိန် သူထွက်ခွာတဲ့ အချိန်ကျ မှ ရေကန်စပ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
http://www.canada.com/Health/Myanmar+good+health+party+spokesman/1578627/story.html


http://www.owaynews.org/?p=801
--
Your sincerely

ရက်မြတ် ကဆုန် (ကဆုန်လပြည့်)

Friday, May 8, 2009

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။ သုမေဓါ ဘဝ
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ ( ဘီစီ ၆၂၃ )
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈ )
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ ( ဘီစီ ၅၈၇ )
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ ( ဘီစီ ၅၄၃ )

ဤနေ့ ဤရက်သည် ဗုဒ္ဓဘာသာဝင် တို့ ၏ အလွန်အင်မတန်မှ တန်ဖိုးကြီးမြတ်လှသော ရက်မြတ် ကဆုန်
ဖြစ်ပေသည် ။ ကဆုန်လပြည့်နေ့  ကို ငယ်စဉ်က ညောင်ရေးသွန်း ပွဲ တော်စည်စည်ကားကားရှိလှသဖြင့်
မိမိ ၏ ဇာတိဖြစ်သော လယ်ဝေး မြို့ ကို သတိရ လွမ်းဆွတ်မိသည်မှလွဲ၍ သာမာန် ဥပုဒ် ကျောင်း သွား
ကြသည် လောက် ကိုသာ ထင်မှတ်ခဲ့သည့် အရွယ်ရင့်လာသော အခါ ဤ မျှ မြင့်မြတ်လှသော နေ့ ရက်
သည် ကျမ တို့  ဗုဒ္ဓဘာသာဝင်များအဖို့  တရားထူးတရားမြတ် များနှင့် မွေ့ လျော်၍ နေသင့်ပေသည်။။
လူ နတ် ဗြဟ္မာ သတ္တ၀ါ တို့ အား အလင်းပြပေးခဲ့သည့် ဘုရား ရှင်၏ တိုက်ဆိုင်လှသော် ရက် မြတ်များ
တွင် ကဆုန်လပြည့် နှင့် ၀ါဆို လပြည့်သည် အင်မတန် မှမြင့်မြတ် လှပေသည် ။
လောဘ ဒေါသ မောဟ တွေ ထူပြော လှသည့် ဟောဒီ့လောကကြီး အား ချွန်း နှင့်တူသည့် ငါးပါးသီလ
နှင့် မဂ္ဂင် ၇ှစ်ပါးကို ညွှန်ကြားပေးခဲ့မှုမှာ အင်မတန်မှအဖိုးမဖြတ်နိုင်သော တန်ဖိုးဖြစ်ပေသည်။အကယ်၍သာ
ဘုရားရှင်၏တရားတော်များမရှိခဲ့ပါမူဤလောကသည် သည့်ထက်မက သောကတွေ နှင့်ကြေမွနေကြမည်မှာ
အမှန်ပင်ဖြစ်ပေသည် ။ သို့ အတွက်ကြောင့် ဘုရားရှင် ၏ကျေးဇူးသည် ပထမ ဗုဒ္ဓဘာသာဝင် တစ်ယောက်
ဖြစ်ခွင့်ရခဲ့သည့် မိဖ နှစ်ပါးသည်ဒုတိယ ထေရ၀ါဒ ၏ အနှစ် များအား လက်တွေ့ ကျသော ဘုရားရှင်၏
အဘိဓမ္မာတရားများနှင့် ညွှန် ကြားသင်ပြခဲ့သော ဆရာတော် ဦးတိလောက ဘိဝံသ(ရွာမပရိယတ္တိ)ဆရာ
တော်အား တတိယ ကျမ ဦးချ ရိုကျိုးရှစ်ခိုး လိုက်ပါသည် ။။ မြတ်သော်ဤ ရက်ဤအခါတွင် ကျမ တရား
နှင့်မမွေ့ လျော် ၀ိပသနာ ကိုအားမထုတ်နေနိုင်သော်လည်း တရားသော် လောကအလုပ်နှင့် စိတ်ကောင်း
နှင့်ယှဉ်သော ၀ိတက် ၀ိစာရ တို့ အတူ လူဟု တွင်သော် လူဆန်သည့် လူဖြစ်ရန် ကြိုးစား နေပါသည် ။။

ဗုဒ္ဓသာသနံစီရံတိဌတု

အန်တီ့ အိမ် နှင့် နိုင်ငံခြားသားအဖမ်းခံရသည်ဆိုသည့်နေရာ (လိမ်လည်မှုအားသုံးသပ်နိုင်ရန်)

Thursday, May 7, 2009

အိန္ဒိယဖက်ခြမ်း မှ FTUB ၏ မေဒေး နေ့ အခမ်းအနား

US man arrested near Aung San Suu Kyi home





US man arrested near Suu Kyi home


Aung San Suu Kyi has been held under house arrest for more than 13 of the past 19 years [AFP]

An American man has been arrested in Myanmar for allegedly entering the home of Aung San Suu Kyi, the country's detained opposition leader.
The man, identified as John William Yeattaw, reportedly swam across the Inya Lake in the former capital Yangon, and spent two days hiding in the opposition leader's compound.
He was fished out of the lake by police early on Wednesday as he attempted to swim back from the opposition leader's lakeside home, the Myanma Ahlin newspaper reported.
The report gave no details of his motives.
It is thought to be the first time anyone has successfully sneaked into Aung San Suu Kyi's compound or swam across the lake in an attempt to get there.
More than 20 police entered Suu Kyi's compound on Thursday morning, according to neighbours who spoke on condition of anonymity.
The house is monitored by heavy security with checkpoints and barbed-wire barricades, but police rarely enter the actual compound where she has been kept under house arrest for more than 13 of the past 19 years.
She is not allowed visitors, apart from her

စစ်အုပ်စု သတင်းစာက ဤ သို့ ဖေါ်ပြသည်


စစ်အုပ်စု သတင်းစာက ဤ သို့ ဖေါ်ပြသည်
ဤ သို့ ဆိုလျှင် ကျမ တို့  ခေါင်းဆောင်၏ လုံခြုံ ရေး ကို အင်မတန် မှ
စိုးရိမ်ဖွယ်ရာဖြစ်သည် ။ တိုင်းပြည်တည်ဆောက်ရေးကို ကြီးကြီးကျယ်ကျယ်လုပ်
နေသည်ဟု ကမ္ဘာ ကိုကြွားလုံးထုပ် နေသော စစ်အုပ်စု ဤကိစ္စအား ဖန်တီးသည်
လားဟု ပင် သံသယ ၀င်မိပါသည် ။။မည်သို့ ပင်ဆိုစေကာမူ နိုင်ငံခြားသား ဤ
သို့ ဆောင်ရွက်ခြင်းကလည်း ကျမတို့ ခေါင်းဆောင် ကိုယ်တိုင် လက်ခံ နိုင်မည်
မဟုတ် ခေါင်းဆောင်၏စိတ်ဓါတ်ကို ကျမ တို့  သိပါသည် ။ ဒေါ်အောင်ဆန်းစုကြည်
အား ဖမ်းဆီးထိမ်းသိမ်း ထားသော်ငြားလည်း ဒေါ်အောင်ဆန်းစုကြည် ၏ ဘ၀နှင့်
အသက်၏ လုံခြုံရေးကို လက်လွှတ်စံပါယ် ထားသည် ။ ထို့ အပြင် ထိုကိစ္စမျိုးရှိခဲ့ 
သည်ဟု အကြောင်းပြ၍ ကျမ တို့ ခေါင်းဆောင် ကို အချိန်မရွေး လုပ်ကြံနိုင်သည်
ကို ပြည်သူတို့ သတိပြုမိဖို့ လိုသည်။။ ခေါင်းဆောင်ကို ၀ိုင်းဝန်းစောင့်ေ၇ှာက် ကြပါ။

ကိုအောင်ဒင် အဖေ ကွယ်လွန်ခြင်း အတွက် ၀မ်းနည်းကြောင်း မှတ်တမ်းတင်ခြင်း

Wednesday, May 6, 2009


ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ မှ ကိုအောင်ဒင် ၏ ဖခင်ကွယ်လွန်ခြင်းအတွက်
ဝမ်းနည်းကြောင်းမှတ်တမ်းတင်အပ်ပါသည် ။ အမိအဖ များနှင့်ဝေးကွာနေရသော တော်လှန်ရေး
အင်အားစုများအားလုံးအတွက် မိမိ ခံစားချက် နှင့်ထပ်တူထပ်မျှ ကြေကွဲ ရပါကြောင်း

နိုင်ငံရေးသမား ကမ်းနားသစ်ပင်

မခံချင်စိတ်ကြောင့် နိုင်ငံရေးလုပ်သည် ။ မတရားတာကို လက်ပိုက်ကြည့်မနေနိုင် ၍
နိုင်ငံရေးလုပ်သည်ခေတ်သမိုင်း၏ရေစီးတွင် ကိုယ့်သက်တန်းနှင့် အံဝင်ဂွင်ကျဖြစ်၍
ကိုယ်ကိုယ်တိုင်လည်း လူဆန်ချင် ၍နိုင်ငံရေးဝင်လုပ်သည်။ နိုင်ငံရေးကိုဝါသနာပါ ၍
လုပ်သည်။ မျိုးရိုးစဉ်ဆက်မှ ရည်ရွယ်ချက်ကြီးကြီး နှင့်ယုံကြည်ရာဝါဒကို မျိုးစေ့ချ၍
နိုင်ငံရေးလုပ်သည်/အာဏာရှင်တို့ ၏စရိုက်ဆိုးကို မျက်မြင် ကိုယ်တွေ့ခံစားတွေ့ ရှိခဲ့
ရ၍ အာဏာရှင် မကျမချင်း နိုင်ငံရေးဝန်းထဲမှ နေ၍ တော်လှန်ရေးမှ နိုင်ငံရေး
အသွင် ဖြစ်မှန်းမသိဖြစ်တည် ခဲ့ရသည့် နိုင်ငံ ရေးလုပ်သူ အားလုံး အားလုံးနှင့် အတူ
ခေါင်းဆောင် မှု နေရာရရှိနေသူများ အထူး သတိထား ဖွယ်ရာ နိုင်ငံရေးသမား
ကမ်းနားသစ်ပင် ဆိုသည်မှာ မမေ့သင့် မမေ့အပ်ရာပါ ။။

ဗိုလ်ချုပ်သန်းရွှေ အာဏာယစ်မူးနေသည်မှာ လူတိုင်း အော့နှလုံးနာစရာ ဖြစ်နေကြ
သည်။။ သူကတော့နာမည်ပျက်ပြီးပြီ အဖက်ဆယ်စရာ မရှိပေ။
သူ့ မြေးမွေးကင်းစ ကလေးငယ် ကိုပင် အလေးပြုခံ သည့် ခုံတွင် တင်ပလ္လင်ခွေ
ထိုင်ခိုင်း စေခဲ့သည်မှာ ခါးမခိုင် အသိမနိုင်သေး သည့် သူ့ မျိုးဆက်အား အာဏာရူး
တက်ရန်မကောင်းသည့်အကျင့်စရိုက်များ သွတ်သွင်းပေးနေခြင်းပင်ဖြစ်သည်။။

ခေတ်သမိုင်း နှင့် ယှဉ်၍တွေးမည်ဆိုလျှင် အာဏာရှင် ကို တိုက်ရင်း အာဏာရှင်
စိတ်ဓါတ်ဖြစ်သွားသော သူများ နိုင်ငံတစ်ချို့ တွေ တွေဒု နဲ့ ဒေးတွေ့ နိုင်ပါ သည်။

ဒီအတုတွေယူသင့်သေးသလား စဉ်းစားသင့်ကြပါပြီ ။ အာဏာ ဟူသည့်ဝေါဟာရသည်
အင်မတန်ကြောက်လန့် စရာကောင်းသည် ။။

အာဏာပါးကွက်သားအမိန့် အာဏာ အာဏာရှင်အာဏာရူး ဘယ်မှာ ကောင်းမည်နည်း ။။
ကမ္ဘာလောကကြီးက မတရားမှုဟူသမျှကို ပြေလည်အောင် မဖြေရှင်းနိုင်သေး သည်
သာရှိမည် ထင်ရှားအောင်တော့ မီးမောင်းထိုးပြနိုင်ကြသည် ။။

ပညာဟူသည်မြတ်ရွှေအိုးဥစ္စာဟူသည်မျက်လည့်မျိုး ဆိုရိုး၇ှိသကဲ့သို့ အာဏာသည်ဥစ္စာ
နှင့်တူပေသည် ပညာဆိုသည်မှာ PHD ဘွဲ့  Dr ဘွဲ့ ကို မှမဟုတ် အသိပညာ အလိမ္မာနှင့်
ဆင်ခြင်ထုံတရား ပင် ဖြစ်ပေသည်။

ဥစ္စာနှင့်တူသောအာဏာကိုခိုင်မာအောင်တည်ဆောက်ချင်လျှင်ပင် မြင့်မြတ်သောအသိပညာ
နှင့်ယှဉ်သည့် ဥာဏ်နှင့်ယှဉ်ခြင်းသည်သာလျှင် သာမာန်ထက်ရှည်လျှားမည့် သြဇာတစ်ခု
တည်ထားပြုနိုင်ပေလိမ့်မည်။

သို့ သော် နိုင်ငံရေးအာဏာဟူသည်ကား ကြာကြာထား၍ မသင့်သော နေရာပင်ဖြစ်သည်။

ထို့ ကြောင့် စနစ်မှန်ဖြစ်သည့် ဒီမိုကရေစီ သည်သာလျှင် အာဏာရူးခြင်း ကိုဖြေရှင်းပေးနိုင်သော
အကောင်းဆုံးစနစ် တစ်ခု ဖြစ်သည် ။

လက်တွေ့ စစ်အာဏာသိမ်းပြီးမြန်မာပြည်၏နှစ်နှစ်ဆယ်ခရီးသည်ထင်ရှားသောသာဓက ဖြစ်သည်။

သို့ အတွက်ကြောင့်

အာဏာရှင်စိတ်ဓါတ်တွေမပေါ်ပေါက်ရန် ဘယ်လိုလုပ်မလဲ ?

ခေါင်းဆောင်ကိုချစ်လျှင် ?

ယုံကြည်ချက် နဲ့  ဂုဏ်သိက္ခါ ?

သိက္ခါ နှင့်ရိက္ခါ ?

နောက်လိုက်ကောင်း ၏ တန်ဖိုး ?
တို့ ကို ဆက်လက် တင်ပြသွားပါမည်။

ဇွန် (၆) အလုပ်သမားအရေးအခင်း

Sunday, May 3, 2009

၁၉၇၄ ဇွန်လ အလုပ်သမား အရေးအခင်း နှင့် ကျောင်းသားများ’
အောင်ဝေး
မေ ၂၊ ၂၀၀၉
တော်လှန်ရေးကောင်စီ လက်အောက် ၁၉၇၀ ပြည့်လွန် မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး၊ ဥပဒေတွင်း ဒီမိုကရေစီ လှုပ်ရှားမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာခဲ့ပါတယ်။ မဆလခေတ်မှာ ပထမဆုံး ပြင်းပြင်းထန်ထန် နဲ့ ထင်ထင်ရှားရှား ဖြစ်ခဲ့တဲ့ လူထုတိုက်ပွဲကတော့ ၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမား အရေးအခင်းပါပဲ။


မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) တဖြစ်လဲ တော်လှန်ရေးကောင်စီ စစ်အစိုးရဟာ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထဲမှာ သူတို့ စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ပြုလုပ်ပါတယ်။

ဒီပွဲမှာ မဆလဟာ နိုင်ငံရေး နားမလည်တဲ့ အနုပညာသည်တွေ၊ တတ်သိပညာရှင်တွေကို ခုတုံးလုပ် အသုံးချပြီး လူထုလည်ပင်း ဓားထောက်ကာ သူတို့ဥပဒေကို တဖက်သတ် အတည်ပြုလိုက်ကြပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးမှာ ပြည်သူလူထု ဆန္ဒအမှန် မဟုတ်တဲ့ ၁၉၇၄ စစ်တပ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပေါ်ထွက်လာခဲ့တာပါပဲ။

အဲဒီအခြေအနေမှာ တတိုင်းတပြည်လုံး၊ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဘ၀ အထွေထွေဟာ အတော့်ကို ချွတ်ချုံကျနေခဲ့ပါပြီ။ ဆင်းရဲ ကျပ်တည်းတဲ့ ဒဏ်ကို အောက်ခြေလူထုက အလူးအလဲ ခံနေရတဲ့ အချိန်ပါ။ အထူးသဖြင့် မြို့နေ အလုပ်သမားတွေရဲ့ ဘဝဟာ ရင်နင့်စရာ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင် တိုးနေရပါပြီ။

အဲဒီလို လူထုရဲ့ အထွေထွေ အကျပ်အတည်း ကြားမှာပဲ ၁၉၇၄ ခုနှစ် မတ်လထဲမှာ ရန်ကုန် ဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ် RASU (ယခု ရန်ကုန်တက္ကသိုလ်) အနီးမှာ ရှိတဲ့ ကမာရွတ် ရဲစခန်း မီးရှို့မှု ပေါ်ပေါက်လာခဲ့ပါတယ်။

အဖြစ်အပျက်ကတော့ အဆောင်နေ ကျောင်းသားတဦးကို ခါးပိုက်နှိုက်နဲ့ မှားပြီး ရဲက ဖမ်းလိုက်တာက စတာပါ။ ကမာရွတ် ရဲစခန်းမှာ ရဲတွေက အဲဒီကျောင်းသားကို ရိုက်နှက် စစ်ဆေးကြတယ်။ ဒါကို ကျောင်းသားထုကြီးက မခံမရပ်နိုင် ဖြစ်ပြီး ကမာရွတ်ရဲစခန်းကို ဝိုင်း၊ ရိုက်နှက် စစ်ဆေးတဲ့ ရဲတွေကို ဖော်ထုတ် အရေးယူပေးဖို့ တောင်းဆို ဆန္ဒပြကြပါတယ်။

စခန်းမှူး နဲ့ အာဏာပိုင်တွေဘက်က အရေးယူ ဆောင်ရွက်ပေးမှု မရှိတဲ့အပြင် ကျောင်းသားတွေ အပေါ် မချေမငံ ဆက်ဆံတဲ့အတွက် ကျောင်းသားထုကြီးက ကမာရွတ်ရဲစခန်းကို မီးရှို့ ဖျက်ဆီးပစ်လိုက်ကြပါတော့တယ်။

ကမာရွတ်ရဲစခန်း မီးရှို့မှု ဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး၊ ၁၉၇၄ ခုနှစ် မေလ နဲ့ ဇွန်လတွေ အတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အလုပ်သမားတွေရဲ့ အုံကြွမှုကြီးတွေ ဆက်တိုက် ပေါ်ပေါက်လာပါတော့တယ်။

အစောဆုံး ပေါ်ထွက်လာတဲ့ အလုပ်သမားထု ဆန္ဒပြပွဲတွေကတော့ ၁၉၇၄ ခုနှစ် မတ်လ ပလိပ် ချည်မျှင် နဲ့ အထည်စက်ရုံ၊ ဧပြီလ မန္တလေးမြို့က အစိုးရပိုင် သစ်စက်တွေမှာ ဖြစ်ပါတယ်။

မေလထဲ ရောက်တော့ ၁၃ ရက်နေ့ မြစ်ငယ် မီးရထား တွဲပြင်စက်ရုံ နဲ့ ရွာသစ်ကြီး ချည်မျှင် နဲ့ အထည်စက်ရုံ၊ မေလ ၁၇ ရက် မိတ္ထီလာ ဆည်မြောင်း ဦးစီးဌာန စက်မှုလုပ်ငန်း၊ မေလ ၁၈ ရက် မန္တလေး ကုန်းလမ်း ပို့ဆောင်ရေး ကုန်စည်ဌာနခွဲ အဲဒီ နေရာ အသီးသီးမှာ အလုပ်သမား သပိတ်တွေ ဆက်တိုက် ပေါ်ထွက်လာပါတယ်။

၁၉၇၄ ခုနှစ် ဇွန်လထဲမှာ မြစ်ငယ် မီးရထား စက်ခေါင်းရုံက စလိုက်တဲ့ အလုပ်သမား သပိတ်ဟာ တနိုင်ငံလုံးကို ပျံ့နှံ့ ကူးစက်သွားပြီး နိုင်ငံလုံးဆိုင်ရာ အထွေထွေ အလုပ်သမား သပိတ်ကြီး အဖြစ် ရောက်ရှိသွားခဲ့ပါတယ်။

မန္တလေး၊ မြစ်ငယ် အစ ချောက်၊ ရေနံချောင်း၊ စစ်ကိုင်း အလယ် ရန်ကုန်၊ သံလျင် အဆုံး တပြည်လုံးက စက်ရုံ အလုပ်ရုံပေါင်း ၁၂၈ ခု သပိတ်မှောက် ဆန္ဒပြခဲ့ကြတဲ့ တိုက်ပွဲပါပဲ။

ဇွန်လ ၆ ရက် ရန်ကုန် အလုပ်သမား တိုက်ပွဲမှာ အလုပ်သမားတွေဘက်က အလုပ်သမားထုနဲ့ ပြည်သူ တရပ်လုံးအတွက် ကုန်ဈေးနှုန်း ကျဆင်းရေး၊ ဆန် လုံလောက်စွာ ရရှိရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး၊ နေစရာ အိမ်ခန်း ရရှိရေး၊ လစာ တိုးမြှင့်ရေး စတဲ့ အလုပ်သမား အခွင့်အရေးတွေကိုပဲ တရားဝင် တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။

အလုပ်သမားတွေဟာ မဆလ စစ်တပ်ဆီက အာဏာကို လုနေတာ မဟုတ်ဘူး ဆိုတဲ့ အချက်ကို အလုပ်သမား ခေါင်းဆောင်တွေက အစိုးရကို ရှင်းပြခဲ့ကြတယ်။

ဒါပေမဲ့ မဆလ စစ်အုပ်စုက အလုပ်သမား သပိတ်ကြီးကို လက်နက်နဲ့ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ ရန်ကုန်မြို့ သမိုင်း ချည်မျှင် နဲ့ အထည်စက်ရုံက အလုပ်သမားတွေ၊ ဆင်မလိုက် သင်္ဘောကျင်းက အလုပ်သမားတွေ အများအပြား သေကြေ ဒဏ်ရာရခဲ့ကြပါတယ်။

ဒီတိုက်ပွဲမှာ အလုပ်သမား ခေါင်းဆောင် ၁၄၇ ဦး ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ အပြစ်ပေးခံခဲ့ရပါတယ်။ အလုပ်သမား တော်တော်များများလည်း အလုတ်ဖြုတ်ခံကြရပါတယ်။

မဆလ အစိုးရဟာ အလုပ်သမား သပိတ်ကို ကွန်မန်ဒိုတပ်တွေ သုံးပြီး နှိမ်နင်းခဲ့တာပါ။ စားစရာ ဆန် တောင်းနေတဲ့ အလုပ်သမားတွေကို စစ်တပ်က ကဲ ဟေ့ မင်းတို့ ဆန်တော့ မရဘူး၊ ကျည်ဆံပဲရမယ် ဆိုပြီး ပစ်ခတ် ချေမှုန်း၊ ဘက်နက် လှံစွပ်နဲ့ အတင်း တက်ထိုးခဲ့တဲ့ ဖြစ်ရပ်ပါ။

ဇွန်လ ၆ ရက်၊ ဇွန်လ ၇ ရက် အလုပ်သမားသပိတ်ကို ပစ်ခတ် ဖြိုခွဲနေတဲ့ မောင်းပြန် သေနတ်သံတွေ၊ ပေါက်ကွဲသံတွေကို တက္ကသိုလ်နယ်မြေထဲကလည်း အတိုင်းသား ကြားနေခဲ့ရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံနေရတဲ့ အလုပ်သမားတွေထဲမှာ ကျောင်းသား မိဘတချို့လည်း ပါပါတယ်။

အလုပ်သမားတွေ ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေပါပဲ။ ပြည်သူရဲ့ ဒုက္ခကို ဘယ်တုန်းကမှ မျက်ကွယ်ပြုရိုး ထုံးစံ မရှိတဲ့ ကျောင်းသားတွေဟာ သွေးမြေ အကျခံပြီး တိုက်ပွဲဝင်နေတဲ့ အလုပ်သမားတွေကို ကူညီဖို့ ခွပ်ဒေါင်းအလံကို လွှင့်ထူလိုက်ကြပါတယ်။

တက္ကသိုလ် ကျောင်းသားတွေ လမ်းမပေါ် ထွက်လာပြီး မဆလ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ တခဲနက် ကြွေးကြော်လိုက်ကြပါပြီ။

မဆလ အစိုးရဟာ အလုပ်သမား တိုက်ပွဲထဲကို ကျောင်းသားတွေ ပူးပေါင်း ပါဝင်လာပြီ ဆိုတာနဲ့ ချက်ချင်း ဆိုသလို တက္ကသိုလ် ကောလိပ်တွေကို ရက် အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီး အဆောင်နေ ကျောင်းသားတွေကို အမိန့်နဲ့ တက္ကသိုလ်နယ်မြေထဲကနေ ထွက်ခွာခိုင်းပါတော့တယ်။

အလုပ်သမား တိုက်ပွဲတွေကတော့ ချက်ချင်း သွေးအေးမသွားဘဲ ဇွန်လ ၁၀ ရက် အမှတ် ၃ သစ်စက်၊ ဇူလိုင် ၁ ရက် ကြို့ကုန်း ဘီပီအိုင် စက်ရုံတို့မှာ ဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။

၁၉၇၄ ဇွန်လ ၆ ရက် အလုပ်သမားလှုပ်ရှားမှု တိုက်ပွဲ ချေမှုန်းခံခဲ့ရပေမယ့် အလုပ်သမားထုနဲ့ ပြည်သူ တရပ်လုံးရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေကတော့ ကြံ့ကြံ့ခံနေဆဲပါပဲ။ ။

ကိုအောင်ဝေး

မေး(လ်) ပို့ ပေးသော Green Leave အားကျေးဇူးတင်ပါသည်။။

ထိုင်းနိုင်ငံဘန်ကောက် တွင်ကျင်းပသည့်ရွှေ့ပြောင်းမြန်မာတို့ ရဲ့ မေဒေးပွဲ



ထိုင်းလွှတ်တော်ရုံးရှေ့မှ ထိုင်းအစိုးရအိမ်တော်ရှေ့သို့  အလုပ်သမားအခွင့်အရေးများတောင်းဆိုသည့်
လမ်းလျောက်ဆန္ဒပြပွဲတွင် ထိုင်းအလုပ်သမားသမဂ္ဂများ နှင့်အတူ ရွှေ့ပြောင်းကရင်အလုပ်သမားသမဂ္ဂ
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ဆင်နွဲခဲ့ကြသည့် မေဒေးနေ့  အထိမ်းအမှတ် ဖြစ်သည်။။

ဂျပန်တွင်ကျင်းပခဲ့သောမေဒေးနေ့ အခမ်းအနား

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဆုံးဖြတ်ချက်အားပြည်တွင်း တော်လှန်ရေးအဖွဲ့ အစည်းများမှထောက်ခံ

Friday, May 1, 2009


မြန်မာနိုင်ငံတွင်းမှာအလုပ်သမားအစုအဖွဲ့ ၏ မေဒေး နေ့ ကြေညာချက်

မြန်မာပြည်သူများကျင်းပသည့်မေဒေးနေ့ အခမ်းအနား


ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း မှ မေဒေး နေ့  အခမ်းအနားသို့ 








ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်း မှ အလုပ်သမားအားဆုချီးမြှင့်စဉ်









မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်(FTUB)မှ အမျိုးသမီးခေါင်းဆောင် မထွေးငယ် အလုပ်သမားအားဆုချီးမြှင့်စဉ်


ရွှေ့ပြောင်းအလုပ်သမားရခိုင်တိုင်းရင်းသူလေးများမှာရခိုင်ရိုးရာအက နှင့် ကြွရောက်လာသောအလုပ်သမားများအား ဖြေဖျော်

မေဒေး နေ့ အားဂုဏ်ပြုသောအားဖြင့် ရောက်ရှိလာသော အလုပ်သမားများတော်လှန်ရေးအင်အားစုများ
အား အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ဖြစ်ပေါ်လာပုံ ကို FTUB မှ အတွင်းရေးမှု ဦးမင်းလွင် နှင့်
JACBA မှ ဥက္ကဌ ဦးမိုးကြိုး တို့ မှ ရှင်းလင်းတင်ပြပြီး အလုပ်သမားနှစ်ဦးမှ အလုပ်သမားများ ခံစာချက်
နှင့် ကိုယ့်အခွင့်အရေးရှိတာကို နာလည်ကြရန် စုပေါင်းတိုက်ပွဲ ၀င်ရန် တိုက်တွန်းပြောကြားသွားပြီး
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း မှ အလုပ်သမားများ ရွှေ့ ပြောင်းလုပ်ရသည့် ဘဝ
အခြေခံ ဘယ်ကဖြစ်ပေါ်လာရသည် ထိုထဲ မှ ရွှေ့ ပြောင်းလုပ်နေရသော ဘ၀ တွင် မည်သို့ သင်္ခန်းစာ
ယူခဲ့သင့်သည် ..တို့ ကိုဟောပြောသွားပါသည်။။ ထို့ နောက် မြန်မာနိုင်ငံရှေ့နေများကောင်စီ မှ
အလုပ်သမားရေးနှင့်ဆိုင်သော ပဟေဌိ မေးခွန်းများမေးပြီး ဖြေဆိုနိုင်သူများအား ဆုချီးမြှင့် ခဲ့ ကြသည်။။
ထို့ နောက် မေဒေးနေ့  မှရရှိသော ရလဒ် ဖြစ်သည့်  ၈ နာရီနား ၈နာရီပျော် ၈နာရီ လုပ် ကို
တစ်ပြိုင် နက်ကြွေးကျော်ခဲ့ကြပါသည်။။