welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

န အ ဖ က ဆင်ဖြူတော်ပုံ ကို အသုံးချပြန်ပြီ

Thursday, September 24, 2009





ဒီ ပိုက်ဆံ ၅၀၀၀ ကျပ် ကတော့ စစ်အုပ်စု အောက်တိုဘာလ(၁) ရက် နေ့ မှာ စတင် အသုံးပြုမဲ့ ၅၀၀၀ ကျပ် ငွေစက္ကူသစ်
ဖြစ်ပါတယ် ။ ဒီကနေ့  န အ ဖ ပိုင် ရုပ်မြင်သံကြားကနေ ပြသ ပြီးကြေညာသွားတာပါ ကြေညာ တဲ့ နေရာမှာလည်းပြည်သူ
ကို ဘယ်လောက်ကြောက်နေလဲ ဆို တာ ထင်ရှားပါတယ် နဂိုသုံးစွဲ နေတဲ့ ငွေစက္ကူတွေ ကို ဆက်လက် သုံးဆွဲ ခွင့် ပြုမှာပါလို့ 
ပါ ထည့်သွင်းကြေညာသွားတာ ကျမ နားထောင်ရင်း ပြုံးမိပါတယ် ။ ငွေစက္ကူတွေ မတရားသိမ်း ခဲ့တဲ့ ၁၉၈၇ ကို ပြန်တွေးမိလို့ 
ပါ။ အင်း ပြည်သူလူထု ကတော့ ငွေရှာရခက် တဲ့ကြား က ငါးထောင်တန် တွေ ကိုင်ရဦးမယ် ဆိုတော့ လခ ထုတ်ရင် တစ်ရွက်
တည်း အိမ်အပြန်သယ်ဆောင်ရတာတွေ ဖြစ်ဦးမှာပါလား လို့ တွေးရင်း ပြည်သူအတွက် အာမခံ မှုရှိတဲ့ ငွေကြေးစနစ် ကိုရှိဖို့ မ
ကြိုးစားပဲ စက္ကူတွေ ထင်တိုင်း လှိမ့် ထုတ်နေသ၍ ကုန်ဈေးနှုန်း တွေ လည်း အဆမတန် တက်ဦးမှာပါပဲ ။

2 comments:

Unknown said...

I visit u blog ma may

ပြည်သူ said...

ဘိုနေဝင်းက ငွေစက္ကူတွေဖျက်သိမ်းပြီး တိုင်းပြည်ကို ဓမြတိုက်ခဲ့တယ်။ သန်းရွှေက သုညတွေအပိုတပ်ပြီး ဓမြတိုက်တာပဲ။ အတူတူနဲ့ အနူနူပဲ၊ ဘာမှမကွဲပြားဘူး။